YMP Brand

YMP Brand

Share

ကျန်းမာရေးညီညွတ်ချင်သူများအတွက်သာ

25/11/2022

လူတိုင်း မျက်နှာအသားအရည်နဲ့အထိတွေ့ရဆုံး အရာဆို အဲ့ဒါက ခေါင်းအုံးပါပဲ ✨

❕ Acne-prone Skin မလို့ မျက်နှာသုတ်ပုဝါနဲ့ ခေါင်းအုံးစွပ် တပတ် နှစ်ကြိမ်လျှော်တယ် ဆို ... အိမ်က ခေါင်းအုံးကရော ဘယ်တုန်းက နောက်ဆုံး လဲထားတာလဲ ❔

_ _ _ _

ခေါင်းအုံးတခုက သုံးထားတဲ့ material ပေါ်မူတည်ပြီး အလွန်ဆုံး 2-5 နှစ်ဆို လဲပေးသင့်ပြီ လို့ အဆိုပြုကြပါတယ်။

_ _ _ _

☁️ ဘာကြောင့်လဲ ?

အိပ်နေရင်း သွားရည်တွေကျထားတာမျိုးရှိမယ်၊ ငိုရ ယိုရလို့ အဝါရောင်အကွက်လိုက် စွန်းနေတာတွေရှိမယ်၊ ဒီအကြောင်းရင်းတွေကြောင့် စိုထိုင်းဆနဲ့အတူ မှိုတက်တာမျိုးတွေရှိမယ်၊ နောက်ပြီး ဘယ်လိုပဲ နေထုတ်လှမ်းလှမ်း ... လဲမို့ ခေါင်းအုံးတွေမှာဆို ဖုန်တွေစုပြီး ဂျပ်ခဲကြီးဖြစ်လာတာမျိုးရှိမယ်၊ ဒီကနေ အသက်ရှူလမ်းကြောင်းကို ထိခိုက်တာမျိုးရှိနိုင်တယ်၊ သုံးတာကြာလာတာကြောင့် ပုံပျက်ပြီး Sleep Quality ကောင်းကောင်းမရတော့တာမျိုး၊ ဇက်နာတာ မျိုးတွေ ကြုံလာနိုင်တယ်။

_ _ _ _

💤 အသားအရည်နဲ့ ပတ်သက်လို့ကတော့ ခေါင်းအုံးစွပ်စွပ်အိပ်ကြတဲ့အတွက် အထိအခိုက် သိပ်မရှိဘူးဆို မလဲလို့လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် ကိုယ့်ခေါင်းအုံးက မှိုစော်နံနေပြီ၊ ဂျပ်ခဲကြီးဖြစ်နေပြီ၊ အဝါအကွက် အစွန်းတွေက မပျောက်တော့ဘူး၊ ပုံပျက်နေပြီ ဆိုရင်တော့ အသစ်တလုံး လဲသင့်ပြီ လို့ ဆိုနိုင်ပါတယ်။ ဖုန်တွေ၊ skin allergens တွေ စုပုံနေတဲ့ ခေါင်းအုံးမျိုးသုံးမိတဲ့အခါမှာလည်း Super Sensitive Skin ဆို ယားတာ၊ အဖုထတာမျိုး ကြုံရနိုင်ပါတယ်။

_ _ _ _

☁️ နောက်ပြီး Skincare တွေကို Skin က မစုပ်ယူခင် ခေါင်းအုံးက စုပ်သွားပြန်ရင်လည်း မတရားပြန်ပါဘူး 😾

အဲ့အတွက် Highly Recommend လုပ်ချင်တာကတော့ Silk Pillowcase တွေ သုံးပေးဖို့ပါပဲ။

အပိုမပြောဘူးနော် ... အိ Silk Pillowcase ပြောင်းသုံးပြီးကတည်းက Skin Dehydration မဖြစ်တော့သလောက်ပဲ။ နောက်ပြီး မနက်နိုးလာရင် ဆံပင်လည်း နဂိုကလောက် မငြိတော့ဘူး။ 😬✨

_ _ _ _

Key Takeaway : ကျန်းမာရေးရှူထောင့်ကနေ အဓိကကြည့်ပြီး၊ ကိုယ့်ခေါင်းအုံးက အသစ်လဲဖို့လိုနေရင် လဲပေးပါ။ မလဲဖြစ်ရင်တောင် နေပူလှန်းတာ၊ လျှော်တာမျိုးတွေလုပ်ပေးပါ။

⚠️ လဲမို့/ memory foam/ gel/ latex နဲ့လုပ်ထားတာတွေဆိုရင်တော့ အဝတ်လျှော်စက်နဲ့လျှော်လို့မရဘူးတဲ့။ ရတဲ့ဟာကျတော့ စက်နဲ့မွှေ့ရင် Tennis Ball လိုမျိုး တခုခုထည့်လျှော်ရတယ်တဲ့။ အိ အဲ့ဒါကို မသိဘဲ ဒီတိုင်းထည့်လျှော်ပစ်လိုက်တာ ခေါင်းအုံး တခြမ်းစောင်းသွားပြီမို့ ဒါကတော့ ရင်တွင်းဖြစ် reminder ပါ 🥴 မလျှော်ခင် Direction/ Instructions ကိုတော့ ဖတ်ဦးနော် !

အိမ်မှာတော့လေ လွန်ခဲ့တဲ့ နှစ် ၃၀ က ခေါင်းအုံးတို့ဘာတို့ ရှိနေတုန်းမို့ 🤣

ခုက ဆောင်းလည်းဝင်ပြီဆိုတော့ ဆက်မသုံးသင့်တော့တဲ့အနေအထားရှိနေရင် တိဂေဟာလေးတွေကို လှုလိုက်တာမျိုးလုပ်လို့ရပါတယ်။
_ _ _ _

စာဖတ်သူတွေရော ... ခေါင်းအုံးလဲတတ်တဲ့အကျင့်ရှိလား။ လဲဖြစ်ကြလား။

Website

Address


Mandale

Opening Hours

Monday 09:00 - 11:00
Tuesday 09:00 - 11:00
Wednesday 09:00 - 11:00
Thursday 09:00 - 11:00
Friday 09:00 - 11:00
Saturday 09:00 - 11:00
Sunday 09:00 - 11:00

Alerts

Be the first to know and let us send you an email when YMP Brand posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandale.