Agga Pyinoolwin

Agga Pyinoolwin

Share

“Agga Pyin Oo Lwin | Nature lover | Sharing the beauty of everyday life in Pyin Oo Lwin 🌿🏞️”

14/08/2026

📥 မေးမြန်းစုံစမ်း/ဘွတ်ကင်တင်ရန် -
• FB Page Messenger မှတဆင့် တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။
• ဖုန်းနံပါတ် - 09-443399238 / 09-443399239

Photos from Agga Pyinoolwin's post 07/08/2026

• ✨ Facilities ပြည့်စုံတဲ့ Tiny House လေးတွေမှာ သီးသန့်ဆန်ဆန် အနားယူရတဲ့ ရှားပါအတွေ့အကြုံ၊ ခမ်းနားကြီးကျယ်မှုထက် Privacy ရှိမှု၊ သဘာဝနဲ့ နီးစပ်မှု ကို အဓိကထားထားတာကြောင့် Daily Life ရဲ့ ပင်ပန်းမှုတွေကို ခဏမေ့ပြီး စိတ်အပန်းဖြေဖို့ အကောင်းဆုံး နေရာလေးတစ်ခုပါ။

• 🐾 Pet Friendly: အိမ်တစ်လုံးလျှင် Pet လေးတစ်ကောင် ခေါ်ဆောင်ခွင့်ရှိ တာကြောင့်ရက်ရှည် အနားယူသူများအတွက် အထူးသင့်တော်သောလေးပါ။

• 🌳 Environment: ကျယ်ဝန်းသော Public Area၊ သဘာဝ လေကောင်းလေသန့်နှင့် နွေးထွေးဖော်ရွေသော ဝန်ဆောင်မှုများနဲ့မြို့ပြရဲ့ Aircon လေအေးတွေကို ခဏစွန့်ပြီး သဘာဝရဲ့ အေးချမ်းမှုနဲ့ ရှားရှားပါးပါး Luxury အငွေ့အသက်လေးကို ခံစားဖို့ Agga POL သို့ လာရောက်ခဲ့ဖို့ ဖိတ်ခေါ်ပါရစေနော်။

• 📍 Location: ပြင်ဦးလွင်မြို့ထဲ၊ ကန်တော်ကြီးနဲ့ ကန်တော်လေး အနီးဆုံးမှာ ရှိပါတယ်။
လမ်းသာယာလမ်း၊ရကက၆၊ပြင်ဦးလွင်။

☎️ 09443399238/09443399239

Page messenger နှင့် viber (09443399239) မှလည်း booking တင်နိုင်ပါသည်။

Photos from Agga Pyinoolwin's post 28/07/2026

အစိမ်းရောင် သဘာဝတရားကိုလည်း မထိခိုက်စေဘဲ စိတ်အေးချမ်းမှုကို အပြည့်အဝပေးနိုင်မယ့်နေရာ... 🍃
အိမ်လေးတွေက သေးသေးလေး၊ ဒါပေမဲ့ ပေးနိုင်တဲ့ စိတ်ချမ်းသာမှုကတော့ အတိုင်းအဆမရှိပါဘူး။ ❤️

Agga The Tiny House ကို သဘာဝပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံး မထိခိုက်စေဘဲ အစိမ်းရောင်ဂေဟစနစ်နဲ့ တစ်သားတည်းဖြစ်အောင် ဖန်တီးပုံဖော်ထားပါတယ်။ ပြင်ဦးလွင်ရဲ့ သာယာလှပတဲ့ သစ်ပင်ရိပ်လေးတွေကြားထဲမှာ ဆောက်လုပ်ထားတဲ့ Tiny House လေးတွေက သင့်ကို Nature-Integrated Living Style ရဲ့ အနှစ်သာရကို အပြည့်အဝ ပေးပါလိမ့်မယ်။ 🌱✨

မနက်ခင်း ငှက်ကလေးတွေရဲ့ သာယာတဲ့အော်သံနဲ့ နိုးထရတာ၊ မြူနှင်းအေးအေးလေးတွေကြားထဲ ကော်ဖီပူပူလေးတစ်ခွက် သောက်ရင်း အနားယူရတာမျိုးက ဘယ်လောက်တောင် စိတ်အပန်းပြေဖို့ကောင်းလဲ။ ☕️⛅️

ချစ်ရသူတွေနဲ့အတူ အမှတ်တရ ခရီးစဉ်လေးတစ်ခု ဖန်တီးဖို့ သီးသန့်ဆိတ်ငြိမ်ပြီး Cute ဖြစ်တဲ့ နေရာလေး ရှာနေတယ်ဆိုရင် Agga The Tiny House က အကောင်းဆုံး ရွေးချယ်မှုပါပဲ။ 🏡✨✨

ပါဝင်သည့် ဝန်ဆောင်မှုနှင့် အကျိုးကျေးဇူးများ -

• သန့်ရှင်းသပ်ရပ်ပြီး သဘာဝဆန်သော Privacy ရှိသည့် အိမ်ငယ်လေးများ🏡
• အခမဲ့ အရသာရှိသော မနက်စာ 🍳
• အခမဲ့ မိုဘိုင်း အင်တာနက် (Free Wi-Fi) 📶
• ကျယ်ဝန်းပြီး စိတ်ချရသော ကားပါကင် 🅿️
• တောင်ပေါ် ရာသီဥတု၏ အေးမြဆိတ်ငြိမ်မှု 🌲

🎁 အထူးသတင်းကောင်း -
ရုံးဖွင့်ရက်များတွင် အေးဆေးသီးသန့် လာရောက်အပန်းဖြေချင်သူများအတွက် "Weekday Promotion" အစီအစဉ်လေးလည်း ရှိသေးတာမို့ အသက်သာဆုံး နှုန်းထားနဲ့ ဘွတ်ကင်တင်ထားလိုက်ပါနော်။ 🌟

🏕️ သဘာဝတရားကို ချစ်မြတ်နိုးပြီး အေးအေးချမ်းချမ်း အနားယူချင်သူများအတွက် Agga The Tiny House မှ အမြဲတမ်း နွေးထွေးစွာ ကြိုဆိုနေပါတယ်။

📥 မေးမြန်းစုံစမ်း/ဘွတ်ကင်တင်ရန် -

• Page Messenger မှတဆင့် တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။
• ဖုန်းနံပါတ် - 09-443399238 / 09-443399239

19/07/2026

Photos from Agga Pyinoolwin's post 11/07/2026

ပြင်ဦးလွင်မြို့ရဲ့ အေးချမ်းသာယာတဲ့ သဘာဝအလှတရားတွေကြားမှာ ထူးခြားဆန်းသစ်တဲ့ ပုံစံနဲ့ ဆောက်လုပ်ထားတဲ့ Agga POL (Agga The Tiny House) က ချစ်ရတဲ့သူတွေနဲ့အတူ အမှတ်တရပိတ်ရက်တွေကို ဖြတ်သန်းဖို့ အကောင်းဆုံးနေရာလေးတစ်ခုပါ။ 🏡✨

Agga POL မှာ ဘာတွေပါဝင်မလဲ?
✅ သီးသန့်ဆန်ပြီး သပ်ရပ်လှပတဲ့ Tiny House အိမ်လေးများ
✅ နံနက်ခင်းကို အားအင်ပြည့်ပြည့်နဲ့ စတင်နိုင်မယ့် Buffet Breakfast (ဘူဖေးမနက်စာ) 🍳☕️
✅ လျှပ်စစ်မီးအတွက် ပူပန်စရာမလိုဘဲ အဆင်ပြေစေမယ့် Solar Backup စနစ် ☀️
✅ ဓာတ်ပုံလှလှလေးတွေရိုက်ဖို့ ဓာတ်ဖမ်းချင်စရာ နေရာလေးများ
✅ အေးမြတဲ့ညချမ်းမှာ Garden ထဲ Projector နဲ့ စိတ်ကြိုက် သီချင်းအော်ဆိုနိုင်မယ့် Karaoke System 🎤🎶
✅ မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ ချစ်စရာ အိမ်မွေး Pet လေးတွေကိုပါ အတူခေါ်လာခွင့် (Pet-friendly) 🐾🐱🐶
✅ ဖော်ရွေပျူငှာတဲ့ ဝန်ဆောင်မှု

🎁 Special Promotion:
ရုံးပိတ်ရက်မဟုတ်တဲ့ Weekdays (တနင်္လာမှ ကြာသပတေးနေ့အထိ) လာရောက်တည်းခိုမယ့် ဧည့်သည်တော်များအတွက် ၁၀,၀၀၀ ကျပ် Discount အထူးပရိုမိုးရှင်း ရှိပါတယ်နော်။ 😍

Agga POL အခန်းလေးများသည် ဆန်းသစ်လှပသော Tiny House (အိမ်ငယ်လေးများ) ပုံစံ ဒီဇိုင်းဖော်ဆောင်ထားခြင်းဖြစ်ပါသဖြင့် နေရာအနေအထားအရ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကျန်းမာရေးမကောင်းသော သက်ကြီးရွယ်အို လူကြီးမိဘများ တည်းခိုရန် အဆင်မပြေမှုအချို့ ရှိနိုင်ပါသဖြင့် ကြိုတင်၍ မေတ္တာရပ်ခံ အသိပေးအပ်ပါတယ်။

ဒီပိတ်ရက်မှာ စိတ်အပန်းဖြေဖို့ ခုပဲ အခန်းလေးတွေ ကြိုတင် Booking လုပ်လိုက်ရအောင်နော်!
📥 For Booking: Direct Message (or)viber
📞 Phone: 09443399238/09443399239
📍 Location: Pyin Oo Lwin

08/07/2026

🍻✨ ဒီလိုညမျိုးမှာ သူငယ်ချင်းတွေနဲ့အတူ Outdoor Screen ကြီးနဲ့ ဘောလုံးပွဲကြည့်ရတာထက် ပိုမိုက်တာ ရှိဦးမလား ......

Photos from Agga Pyinoolwin's post 07/07/2026

အစိမ်းရောင် သဘာဝတရားကိုလည်း မထိခိုက်စေဘဲ စိတ်အေးချမ်းမှုကို အပြည့်အဝပေးနိုင်မယ့်နေရာ... 🍃
အိမ်လေးတွေက သေးသေးလေး၊ ဒါပေမဲ့ ပေးနိုင်တဲ့ စိတ်ချမ်းသာမှုကတော့ အတိုင်းအဆမရှိပါဘူး။
Agga The Tiny House ကို သဘာဝပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံး မထိခိုက်စေဘဲ အစိမ်းရောင်ဂေဟစနစ်နဲ့ တစ်သားတည်းဖြစ်အောင် ဖန်တီးပုံဖော်ထားပါတယ်။ သစ်ပင်ရိပ်လေးတွေကြားထဲမှာ ဆောက်လုပ်ထားတဲ့ Tiny House လေးတွေက သင့်ကို Nature-Integrated Living Style ရဲ့ အရသာကို အပြည့်အဝ ပေးပါလိမ့်မယ်။ 🌱✨
မနက်ခင်း ငှက်ကလေးတွေအော်သံနဲ့ နိုးထရတာ၊ မြူနှင်းတွေကြားထဲ ကော်ဖီပူပူလေးတစ်ခွက် သောက်ရတာမျိုးက ဘယ်လောက်တောင် စိတ်အပန်းပြေဖို့ကောင်းလဲ။ ☕️⛅️
🏕️ သဘာဝတရားကို ချစ်မြတ်နိုးပြီး အေးအေးချမ်းချမ်း အနားယူချင်သူတွေအတွက် Agga The Tiny House က အမြဲနွေးထွေးစွာ ကြိုဆိုနေပါတယ်။
📥 မေးမြန်းစုံစမ်းလိုပါက Page Messenger ကနေဖြစ်စေ၊ ဖုန်း [09443399238/09443399239] ကနေဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

Photos from Agga Pyinoolwin's post 28/06/2026

🌱🌕 Twilight Time ရဲ့ အလှဆုံးပုံရိပ်...

Photos from Agga Pyinoolwin's post 24/06/2026

Agga POL ကို သတိတရနဲ့ လာရောက်အားပေးကြတဲ့ ဧည့်သည်တော်တစ်ဦးချင်းစီကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ Agga မှာ တည်းခိုသူတိုင်းကို တန်ဖိုးထားရတဲ့ VIP ဧည့်သည်တော်တွေအဖြစ်သာ အမြဲတမ်း သတ်မှတ်ထားပါတယ်။ လာရောက်နားခိုကြတဲ့ ဧည့်ကောင်းဆောင်ကောင်းများအားလုံးကို နွေးထွေးလှိုက်လှဲစွာ ဧည့်ဝတ်ပြုခွင့်ရဖို့ Agga POL ရဲ့ Team တစ်ခုလုံးက အစဉ်အမြဲ အသင့်ရှိနေပါတယ်ရှင်။

Agga ကို ပိုမိုကောင်းမွန်လာစေဖို့ စေတနာရှေ့ထားပြီး အပြုသဘောနဲ့ လမ်းညွှန်အကြံပြုပေးကြတဲ့ ဧည့်သည်တော်များရဲ့ စကားသံများကိုလည်း အစဉ်အမြဲ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ရှိပါတယ်။ နောင်နောင်လည်း ဆက်လက်အကြံပြု ထောက်ပြပေးကြဖို့ လှိုက်လှဲစွာ တောင်းဆိုပါရစေ။
တစ်ချိန်တည်းမှာပဲ Agga ရဲ့ ထူးခြားတဲ့ အနှစ်သာရကို အပြည့်အဝခံစားနိုင်ဖို့နဲ့ အဆင်ပြေချောမွေ့စေဖို့အတွက် အောက်ပါအချက်လေးတွေကိုတော့ ပွင့်ပွင့်လင်းလင်း မျှဝေပါရစေ။ (ဒါလေးတွေကတော့ Agga POL ရဲ့ သဘာဝအတိုင်း တည်ရှိမှုနဲ့ အခြေခံမူဝါဒလေးတွေပါရှင့် 🙏)

Slowing Living အနှစ်သာရ နဲ့ သဘာဝကို တတ်နိုင်သမျှ မပြုပြင်ဘဲ အရှိအတိုင်း ထိန်းသိမ်းထားချင်တာကြောင့် ကွန်ကရစ်တွေကို မဖြစ်မနေလိုအပ်တဲ့ နေရာတွေမှာပဲ သုံးထားပြီး သဘာဝမြေကြီးအတိုင်းသာ ထားရှိပါတယ်။ ဒါကြောင့် အပင်တွေ၊ မြေကြီးတွေမှာ မှီတင်းနေထိုင်တဲ့ (လူကို အန္တရာယ်မပေးနိုင်တဲ့) ဇီဝသတ္တဝါ သေးသေးလေးတွေ ရှိတတ်ပါတယ်။ တကယ်တော့ သူတို့က ဒီနေရာရဲ့ မူလအိမ်ရှင်တွေဖြစ်ပြီး ကိုယ်တွေက သူတို့နယ်မြေကို လာရောက်ကျူးကျော် နားခိုတာဖြစ်လို့ တတ်နိုင်သမျှ သူတို့ကို မနှောင့်ယှက်ဘဲ အတူယှဉ်တွဲ နေထိုင်ခြင်းဖြင့် အဆင်ပြေဆုံးဖြစ်အောင် ဝန်ဆောင်မှု ပေးထားပါတယ်။

Agga POL ရဲ့ Team Members တွေကို အကြောင်းမဲ့ စော်ကားစွပ်စွဲတာ၊ အော်ဟစ်ကြိမ်းမောင်းတာမျိုးတွေကိုတော့ အားလုံးအတွက် ကောင်းမွန်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင် ဖြစ်စေဖို့ လုံးဝခွင့်ပြုမည်မဟုတ်ပါ။ တခြားအေးချမ်းစွာ တည်းခိုနေတဲ့ ဧည့်သည်တော်တွေရဲ့ အေးချမ်းမှုကို ထိခိုက်စေတဲ့ ပြုမူပြောဆိုမှုမျိုးတွေ ရှိလာရင်တော့ စိတ်မကောင်းစွာနဲ့ပဲ Guest Blacklist စနစ်ကို ကျင့်သုံးဖြစ်ပါတယ်။

Agga ကို ချစ်ခင်ပေးကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်အပန်းပြေ အေးချမ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

21/06/2026

# AggaPyinOoLwin

Telephone

Address


Near Gandamar Mying Garden And Circular Road၊ Lanthartar Street And Thitsar Street၊ Pyin Oo Lwin
Maymyo
095078195