Little Kitchen

Little Kitchen

Share

Cooked with Love ♥️

06/09/2026

Little Kitchen ရဲ့ တနလ်ာနေ့အတွက် Today's special " ပုစွန်လုံးကြော် "

Monday Blue ဖြစ်နေတဲ့ စိတ်တွေကို Little Kitchen ရဲ့ ပုစွန်လုံးကြော် ကြွပ်ကြွပ်ရွရွလေးနဲ့ ဖြေဖျောက်လိုက်ရအောင်! 🥰🍟

Little Kitchen ရဲ့ တနလ်ာနေ့အတွက် အထူးမီနူး "ပုစွန်လုံးကြော်" လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေးလေး ရပါပြီခင်ဗျာ။ အပြင်ကကြွပ်ကြွပ်လေးနဲ့ အတွင်းက ထိထိမိမိအရသာအပြည့်အဝရရှိစေမှာမို့ တစ်လုပ်စားရုံနဲ့တင် စွဲလန်းသွားစေရမယ်.....

✨ မနက်ဖန်အတွက် အထူးအစီအစဉ်
✨ဦးဆုံး Order မှာယူသူ ၁၀ ဦး ကို ၁၀ ရာခိုင်နှုန်း (10% Discount) တောင် လျှော့ပေးသွားမှာမို့ အမြန်ဆုံး လက်ဦးမှုယူလိုက်တော့နော်!

🏃‍♂️ "Get it" - ခုပဲ မှာယူလိုက်ပါ။
📞 ဖုန်းနံပါတ် - 09-440-018-327
📍 ဆိုင်လိပ်စာ - မြို့လယ်ရပ်၊ ရှင်ဥပဂုတ္တဖောင်အနီး
#မိုးကုတ်မြို့

03/09/2026

တနဂ်နွေနေ့ နောက်ဆုံးထားစာရင်းပေးပြီး မှာယူထားလိုက်တော့နော် နောက်ကျရင်လူပြည့်သွားမယ်နော်...

🎒 ကျောင်းဖွင့်ပြီ! မနက်ခင်း ထမင်းဘူးပြင်ရတဲ့ သောကတွေကို Little Kitchen ဆီ လွှဲပေးလိုက်ပါ။

မနက်အစောကြီးထ၊ ဈေးပတ်၊ ဟင်းချက်ပြီး ကလေးထမင်းဘူး ပြင်ရတာ ဖေဖေမေမေတို့အတွက် တကယ့်ကို အချိန်ကုန် ပင်ပန်းရတဲ့ အလုပ်တစ်ခုဘဲ right?

ဒီကျောင်းဖွင့်ရာသီမှာ ရင်သွေးငယ်တွေရဲ့ နေ့လည်စာအတွက် Little Kitchen ရှိနေပါ​​ပြီဗျာ.. စီးပွားရေးထက် ကလေးလေးတွေနဲ့ ဖေဖေမေမေတို့ အဆင်ပြေစေဖို့ ကိုယ်တိုင် ချက်ကျွေးသလိုမျိုး အကောင်းဆုံး ဝန်ဆောင်မှုပေးသွားမှာပါ 💚

🔥 Little Kitchen ရဲ့ဝန်ဆောင်မှုကို ယူခြင်းဖြင့် ဖေဖေမေမေတို့ ရရှိမယ့် "တကယ့်အကျိုးကျေးဇူး (၄) ချက်"

၁။ နေ့လည်စာအချိန်မှီ ပို့ဆောင်ပေးခြင်း

ကျောင်းက နေ့လည် ထမင်းစားချိန် အမှီ ကလေးတွေလက်ထဲ အရောက် သေချာပို့ဆောင်ပေးမှာမို့လို့ ဖေဖေမေမေတို့ လုပ်ငန်းခွင်ထဲမှာ "ငါ့ကလေး ထမင်းငတ်နေမလား၊ အချိန်မှီစားရပါ့မလား" ဆိုပြီး ဘယ်တော့မှ နောက်ဆံတင်းစရာ မလိုတော့ပါဘူး။ သားသားမီးမီးလေးတွေ အာဟာရရှိရှိ စားနေရပြီမို့ မိဘတွေအနေနဲ့ အလုပ်ကို ကောင်းကောင်းမွန်မွန် အာရုံစိုက်နိုင်ပါပြီ။

၂။ ငွေကြေးကုန်ကျမှု သိသိသာသာ သက်သာခြင်း

အပြင်မှာ ဝယ်ကျွေးရင် — ကလေးကျောင်းမုန့်ဖိုး တစ်ရက် (၃,၀၀၀ မှ ၅,၀၀၀) ပေးရုံတင်မက၊ မိဘကိုယ်တိုင် ဈေးဝယ်ချက်ပြုတ်ရတဲ့ ဂတ်စ်ဖိုး၊ ဆီဖိုး၊ ဟင်းချက်စရိတ်တွေ ပေါင်းလိုက်ရင် တစ်လကို အနည်းဆုံး (၂) သိန်းထက်မက ကုန်ကျတတ်ပါတယ်။
Little Kitchen ဝန်ဆောင်မှုယူရင် — တစ်လစာ (၄ ပတ်) အတွက် ၁၆၀,၀၀၀ ကျပ် သာ ကျသင့်ပြီး တစ်ရက်စာ ပျမ်းမျှ (၈,၀၀၀) ဝန်းကျင်လေးနဲ့ ထမင်း၊ ဟင်း၊ အဆာပြေမုန့် (Snack) ရော၊ အသီး (သို့) ဖျော်ရည်တစ်မျိုးပါ ရရှိမှာမို့လို့ တကယ့်ကို တွက်ခြေကိုက်ပါတယ်။

၃။ အိပ်ရေးဝဝအိပ်ပြီး မနက်ခင်းအချိန်ပို ထွက်လာခြင်း

ထမင်းဘူးပြင်ဖို့ အစောကြီး ထစရာမလိုတော့ပါဘူး။ မနက်ခင်း ပြာယာခတ်ရတဲ့ အချိန်တွေကို လျှော့ချပြီး အိပ်ရေးဝဝအိပ်နိုင်မယ့်အပြင်၊ ကလေးကို ကျောင်းအမှီ စိတ်အေးလက်အေး ပြင်ဆင်ပေးဖို့ အချိန်ပိုတွေ ရရှိလာပါမယ်။

၄။ ကလေးကျန်းမာရေးအတွက် စိတ်ချရခြင်း

အိမ်ချက်လက်ရာအတိုင်း နေ့စဉ် သန့်ရှင်းလတ်ဆတ်ပြီး အာဟာရရှိ​ အောင်သေချာပြင်ဆင်ပေးမှာမို့လို့ ရေရှည်မှာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အများကြီး အထောက်အကူပြုမှာပါ။

🚨 [အထူးအသိပေးချက် - ကလေးအယောက်အရေအတွက် ကန့်သတ်ထားပါသည်]

Little Kitchen အနေနဲ့ ကလေးငယ်တစ်ဦးချင်းစီအတွက် အကောင်းဆုံးဖြစ်အောင် အသေးစိတ် ဂရုစိုက်ပြီး ပို့ဆောင်ပေးမှာမို့ တစ်ရက်ကို ကလေးအယောက် [15] သာ ကန့်သတ်ပြီး လက်ခံပေးသွားမှာဖြစ်ပါတယ်။
(လူဦးရေ ပြည့်သွားပါက စာရင်းပိတ်ပါမည်)

✨ Little Kitchen ရဲ့ စေတနာပါတဲ့ ဝန်ဆောင်မှုများ
။ ။ နေ့ချင်းချက်၊ နေ့ချင်းပို့စနစ်ဖြင့် စိတ်ချရအောင် ပြင်ဆင်ပါတယ်
။ ။ ကလေးငယ်များ မငြီးငွေ့စေဖို့ Menu ကို နေ့စဉ်အဆန်းပြောင်းလဲပေးပါတယ်။
။ ။ ထမင်းအပြင် ကလေးတို့အကြိုက် မုန့်အဆာပြေနှင့် လတ်ဆတ်တဲ့ သဘာဝအသီးဖျော်ရည် (သို့မဟုတ်) ရာသီပေါ်သစ်သီး နေ့တိုင်း တစ်မျိုး စုံလင်စွာ ထည့်ပေးပါတယ်။

💰 ဝန်ဆောင်မှုနှုန်းထားများ
၁ ရက်စာ စမ်းသပ်နှုန်း — ၁၀,၀၀၀ ကျပ်
၁ ပတ်စာ (၅ ရက်) — ၄၅,၀၀၀ ကျပ် (၅,၀၀၀ ကျပ် သက်သာ)
၁ လစာ (၄ ပတ်) — ၁၆၀,၀၀၀ ကျပ် (၄၀,၀၀၀ ကျပ်အထိ အထူးသက်သာ)
ကျောင်းဖွင့်ရက်တစ်လလုံး မိမိရင်သွေးလေး စိတ်ချရတဲ့ အာဟာရရရှိဖို့နဲ့ ဖေဖေမေမေတို့ရဲ့ နေရာလွတ် မဆုံးရှုံးရစေဖို့ အခုပဲ အမြန်ဆုံး လာရောက်စာရင်းသွင်းလိုက်ပါဦးရှင် 🥰
📱 Little Kitchen သို့ ဆက်သွယ်ရန် - [09 440 018 327]
#မိုးကုတ်မြို့

02/09/2026

ဗိုက်ဆာရင် “little kitchen” ကို သတိရလိုက်ပါ 🥢✨

ဒီနေ့ နေ့လယ်စာ ဘာစားရမလဲ စဉ်းစားရခက်နေလား?

ဒါဆိုရင်တော့ little kitchen က အသစ်မိတ်ဆက်ပေးလိုက်တဲ့ Best Pad Thai ရှိတယ်နော်။ အရသာကတော့ ရှယ်ပဲ။

🤤 ဘာလို့ မြည်းစမ်းကြည့်သင့်လဲ?

အဖတ်အိအိလေး ကို ငရုတ်သီးမှုန့်စပ်စပ်၊ မြေပဲထောင်းစိမ့်စိမ့်လေးနဲ့ တွဲဖက်ပေးထားပါတယ်။

သံပရာသီးလေးညှစ်၊ ပဲပင်ပေါက်လေးနဲ့ နယ်ဖတ်စားလိုက်ရင် ထိုင်းနိုင်ငံ ရောက်သွားသလို အရသာမျိုး။

တစ်ပွဲနဲ့တင် ဗိုက်ပြည့် Perfect ဘဲ ကျန်တာပြောစရာမလိုဘူး....

💰 ဈေးနှုန်း - ၁၂,၀၀၀ ကျပ် ပဲဆိုတော့ အရသာနဲ့တင် တန်နေပါပြီ။

"ရုံးသမားတွေ၊ အိမ်မှာပဲ အေးဆေးစားချင်သူတွေအတွက် အခုပဲ ဖုန်းဆက်လိုက်တော့နော်" 🥳

📞 အခုပဲ မှာယူရန်: 09 440 018 327
🏪 ဆိုင်အမည်: little kitchen

31/08/2026

မိုးရွာလည်း အပြင်မထွက်ဘဲ မနေကြမယ့်တူတူ
နွေးနွေးထွေးထွေးလေး ဝတ်ပြီး Little Kitchen ကြက်ကြော်ပူပူလေးသာ
လာစားလိုက်ကြတော့....အကောင်းဆုံးဘဲ ဟုတ်တယ်မလား😆😆

27/08/2026

ပုံမှန် စားနေကျ စားစရာတွေကို စားနေတုန်းပဲလား....
အရသာရှိပြီး သစ်ဆန်းတဲ့ စားစရာတွေကို ခုဘဲ စမ်းကြည့်ဖို့ Little Kitchen ကို လာခဲ့လိုက်တော့နော်...🤭🤭

ဆိုင်ဖွင့်ချိန် နံနက် 11 နာရီမှ ညနေ 6 နာရီအထိ...

ဆိုင်လိပ်စာလေးကတော့ မြို့လယ်ရပ် ရှင်ဥပဂုတ္တဖောင်အနီး

ကြိုတင်မှာယူချင်သူများအတွက်ကတော့
09 440018327 / 09 687755651 ကို ဆိုင်ဖွင့်ချိန်အတွင်း ဆက်သွယ်မှာယူနိုင်ပါပြီ....

17/07/2026

စားကောင်း၊ လိုင်းကောင်းနဲ့ နေရာအမိုက်စား ရှာနေတယ်ဆိုရင် Little Kitchen ရှိတယ်နော်! 🥰

မိုးကုတ်မြို့မှာ အရသာရှိတာလေးတွေလည်း စားချင်တယ်၊ Free Wi-Fi လည်း အလန်းစား သုံးချင်တယ်ဆိုရင်တော့ Little Kitchen ကိုသာ တန်းလာခဲ့လိုက်တော့။

သူငယ်ချင်းတွေနဲ့ပဲ ဆုံဆုံ၊ အလုပ်ကိစ္စပဲ ပြောပြော တိတ်ဆိတ်ပြီးအေးဆေးတဲ့ ပတ်ဝန်းကျင်လေးက အမြဲကြိုဆိုနေပါတယ်....😉

🎯 ဘာကြောင့် Little Kitchen ကို လာသင့်လဲ?

စားကောင်းတာရှာရင် လာခဲ့.....ဗိုက်ဆာလို့ပဲဖြစ်ဖြစ်၊ အပေါ့အပါး မြည်းစမ်းချင်လို့ပဲဖြစ်ဖြစ် ဆိုင်ရဲ့ Signature အစားအစာတွေနဲ့ အအေးစုံ က ရှာနေတဲ့ အရသာကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ 🍔🍹

လိုင်းကောင်းကောင်းနဲ့ အလုပ်လုပ်မလား......
ဆိုင်မှာ Free Wi-Fi ပေးထားလို့ အင်တာနက် အေးဆေးသုံးမလား၊ Social Media အမိုက်စား ပုံတွေတင်မလား အားလုံးအဆင်ပြေတယ်။ 💻

ဗိုက်လည်းဝ၊ အလုပ်လည်းပြီး၊ Vibe လည်း ယူလို့ရမယ့် Little Kitchen မှာ အခုပဲ ဆုံကြစို့။ 📍

03/07/2026

"Warning ⚠️ တစ်ခါစားပြီးတိုင်း 'နောက်ထပ် နောက်ထပ်' လို့ ပြောနေမိမယ်။ 🍗🤣"
မယုံရင် လာစားကြည့် 😎😎😎😎

28/06/2026

အရသာကတော့ စားဖူးသူတိုင်းသိတယ်
မသိရင်လည်း လာစားကြည့်ပါ ဘေးကလူတောင်မေ့သွားမယ် 🫢🫢🫢

27/06/2026

#ကြွပ်ယွမွ 🤤

23/06/2026

🤤🤤🤤

Little Kitchen

Category

Telephone

Website

Address


Mogok

Opening Hours

Monday 11:00 - 18:00
Tuesday 11:00 - 18:00
Wednesday 11:00 - 18:00
Thursday 11:00 - 18:00
Friday 11:00 - 18:00
Saturday 11:00 - 18:00
Sunday 11:00 - 18:00