learnextech

learnextech

Share

learnextech is a computer training school in Monywa. You can expect top-notch computer training here.

MyMouse — bring the magic to your Magic Mouse 21/09/2026

Apple Magic Mouse အသုံးပြုသူများအတွက် MyMouse Application လာပါပြီ
Magic Mouse မှာ တခြား Mouse တွေနဲ့ မတူတာက အပေါ်မျက်နှာပြင်ဟာ Touch Surface ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Touch Screen လိုမျက်နှာပြင်ကို Scroll လုပ်တာ၊ ဘက်ညာ Swipe လုပ်ပြီး Safari နဲ့ တခြား Browsers တွေမှာ Back/Forward လုပ်တာနဲ့ Tap နှစ်ခါလုပ်ရင် Zoom လုပ်တာ ဒါတွေကို ပဲ လုပ်လို့ရပါတယ်။
Left Click, Right Click တွေအတွက် Magic mouse ရဲ့ ရှေ့ပိုင်းကို တခြား Mouse တွေလိုပဲ ဖိနှိပ်ရပါတယ်။
ဒီလိုနှိပ်တဲ့အခါ တခြား Mouse တွေထက် နည်းနည်းပိုပြီး အားစိုက်ရပါတယ်။ (Magic Mouse ကို အမြဲသုံးနေတဲ့သူတွေအနေနဲ့တော့ သတိထားမိတော့မှာ မဟုတ်ပေမယ့် အခုမှစပြီး Magic Mouse ကို သုံးမယ့်သူတွေအတွက်တော့ Comfortable မဖြစ်ပါဘူး။)

ဒါပေမယ့် MyMouse ကိုသုံးလိုက်မယ်ဆိုရင် Magic Mouse က ဒါတွေအားလုံးကို ဖြေရှင်းပေးနိုင်ပြီး ဒီထက်ပိုတဲ့ လုပ်ဆောင်ချက်တွေကိုလည်း လုပ်ဆောင်နိုင်လာမှာဖြစ်ပါတယ်။
ပထမဆုံး Left Click, Right Click နှိပ်ဖို့အတွက် လက်နဲ့ အားစိုက်ပြီး Click နှိပ်စရာမလိုတော့ပါဘူး။ Trackpad တွေမှာလို လက်နဲ့ တချက်ထိလိုက်တာနဲ့ Click အဖြစ်ပြောင်းလဲပေးမှာဖြစ်လို့ လက်ညောင်းစရာမလို၊ သက်သက်သာသာ အသုံးပြုရမှာဖြစ်ပြီး တိတ်တိတ်ဆိတ်ဆိတ် အလုပ်လုပ်ချင်သူတွေအတွက်လည်း ဘာ Click သံမှ မကြားရဘဲ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။
ဒီလို Trackpad လို Tap to Click ရလို့ မလိုအပ်ချက်မှာ လက်ကို Touch Area နဲ့ မထိအောင် မ ပြီး ထားစရာမလိုပါဘူး။ ပုံမှန် Mouse တွေသုံးသလို လက်ညှိုးနဲ့ လက်ခလည်ကို Magic Mouse ပေါ်မှာ တင်ထားနိုင်ပါတယ်။ MyMouse က Tap လုပ်တာလား၊ လက်တင်ထားတာလားဆိုတာ ခွဲခြားပေးနိုင်ပါတယ်။
Right Click လုပ်ဖို့အတွက် Magic Mouse ရဲ့ ရှေ့ညာဘက်ခြမ်းကို ထိရုံနဲ့ အသုံးပြုနိုင်ပါတယ်။ (MyMouse က Magic Mouse ကို Trackpad အဖြစ် ပြောင်းပေးတာမဟုတ်ပါဘူး။ Magic Mouse ပေါ်မှာ လက်နဲ့ လျှောက်ပွတ်ရုံနဲ့ Pointer က ရွေ့မှာမဟုတ်ပါဘူး။ ဒါပေမယ့် MyMouse က Magic Mouse ကို Trackpad နဲ့ ပေါင်းစပ်ထားသလို လုပ်ဆောင်ပေးမှာဖြစ်ပြီး ဒီထက်ပိုတဲ့ လုပ်ဆောင်ချက်တွေကိုလည်း လုပ်ဆောင်ပေးနိုင်ပါတယ်)

ဒါတွေတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ လက်နှစ်ချောင်းနဲ့ ထိရင် ဘာလုပ်မယ်၊ လက်သုံးချောင်းနဲ့ ထိရင် ဘာလုပ်မယ် စသည်ဖြင့် စိတ်ကြိုက် ပြင်ဆင်ထားနိုင်ပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ လက်နှစ်ချောင်းနဲ့ စုံထိလိုက်ရင် Mission Control ပြပေးတာပါ။ လက်နှစ်ချောင်းနဲ့ အောက်ကို ဆွဲချလိုက်ရင် Minimize ဖြစ်အောင်လုပ်ပြီး Ctrl + လက် ၁ ချောင်း ထိလိုက်ရင် လက်ရှိ Window ကို Hide လုပ်ပေးအောင် လုပ်ထားပါတယ်။ မိမိစိတ်ကြိုက် ချိန်ညှိနိုင်ပါတယ်။

လက်နှစ်ချောင်းနဲ့ ဘယ်ညာ Swipe လုပ်ရင် Full Screen Window (Space) တခုနဲ့ တခုပြောင်းပေးတာ စသည်ဖြင့် မိမိစိတ်ကြိုက် Tap, Double Taps, Tripple Taps, Swipe စတာတွေကို လက် ၁ ချောင်း၊ ၂ ချောင်း၊ ၃ ချောင်း အပြင် Command, Control, Shift စတဲ့ Modifier Keys တွေနဲ့လည်း တွဲဖက်ပြီး အသုံးပြုနိုင်ပါတယ်။ Application တခုချင်းစီကိုလည်း သီးသန့်စိတ်ကြိုက် သတ်မှတ်ထားနိုင်ပါတယ်။ ဥပမာ Application အားလုံးမှာ လက်နှစ်ချောင်းနဲ့ ဆွဲချလိုက်ရင် Minimize လုပ်ပေမယ့် Photoshop မှာ Brush Size ကို သေးအောင်လုပ်တာ စသည်ဖြင့် သတ်မှတ်ထားနိုင်ပါတယ်။

MyMouse ကို Photoshop, Illustractor စတဲ့ Application တွေမှာလည်း အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။ MyMouse မှာ လက်တချောင်းကို Mouse ပေါ်တင်ထားရုံနဲ့ Click and Drag (Left Click ကိုနှိပ်ထားပြီး ဆွဲတာမျိုး) လုပ်ဆောင်နိုင်ပါတယ်။ ဥပမာ Photoshop မှာ Brush နဲ့ ပုံဆွဲတာ၊ ပုံတွေကို Retouch လုပ်တဲ့နေရာတွေမှာ Mouse ပေါ် လက်တချောင်းတင်ထားရုံနဲ့ သက်သက်သာသာ လုပ်ဆောင်နိုင်မှာဖြစ်လို့ လက်ညှိုးညောင်းစရာ မလိုတော့ပါဘူး။

ဒီလိုမျိုး Feature တွေ အစုံပါဝင်တဲ့ MyMouse for Magic Mouse ကို ၁၄ ရက် အခမဲ့ အသုံးပြုနိုင်ပါပြီ။
အခမဲ့ ရယူဖို့ ဒီ Link https://mymouse.web.app ကနေ ဒေါင်းလုပ်ဆွဲပြီး ရယူနိုင်ပါတယ်။
၁၄ ရက် စမ်းသုံးကြည့်လို့ ကြိုက်သွားတယ်ဆိုရင် တသက်တာ License ကို Mac ၁ လုံးစာ အတွက် ၂၅၀၀၀ ကျပ်အစား Promotion ဈေး ၂၀၀၀၀ ကျပ်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။
ဒီ Link ကနေပြီး ဝယ်ယူမယ်ဆိုရင် MMQR နဲ့ တခါတည်း ငွေပေးချေ၊ ချက်ချင်း License code ကို ရယူနိုင်ပါတယ်။
https://premiumzay.com.mm/products/mymouse-magic-mouse-gesture-app-lifetime-license-yQTSVma1AoAzsPRoRQfG

MyMouse — bring the magic to your Magic Mouse MyMouse brings trackpad-style tap to click, silent right-click and customizable gestures to the Apple Magic Mouse on macOS.

MyMouse — bring the magic to your Magic Mouse 19/09/2026

Magic Mouse သုံးတဲ့သူတွေအတွက် အလန်းစား Application လေးတခု လာပါပြီ

MyMouse — bring the magic to your Magic Mouse MyMouse brings trackpad-style tap to click, silent right-click and customizable gestures to the Apple Magic Mouse on macOS.

30/03/2026

NexZay POS မှာ ပါဝင်တဲ့ Price List Feature

NexZay POS မှာ အသုံးပြုသူများအတွက် အရမ်းအသုံးဝင်မယ့် Price List Feature ပါဝင်ပါတယ်

အထူးသဖြင့် လက်လီရော လက်ကားပါ ရောင်းချတဲ့ လုပ်ငန်းတွေအတွက်ဒီ လုပ်ဆောင်ချက်က မရှိမဖြစ် လိုအပ်ပါတယ်
ပစ္စည်းတခုကို ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းချနိုင်ဖို့ မိမိစိတ်ကြိုက် ဈေးနှုန်းတွေ သတ်မှတ်ထားလို့ ရပါတယ်
ဥပမာ ကိုယ့်ဆိုင်ကို အမြဲအားပေးနေတဲ့ အမာခံ ဖောက်သည်တွေအတွက် အသက်သာဆုံးဈေးနှုန်း၊ မကြာခဏ အားပေးတတ်တဲ့ ဖောက်သည်တွေအတွက် ဈေးနှုန်းတမျိုး စသည်ဖြင့် ပစ္စည်းတမျိုးတည်းကို ဈေးအမျိုးမျိုး သတ်မှတ်ထားလို့ ရပါတယ်

နောက်ပြီး လာဝယ်တဲ့ သူပေါ်မူတည်ပြီး သီးသန့်ဈေးနဲ့ ရောင်းချပေးတာမျိုးလည်း သတ်မှတ်ထားလို့ရပါတယ်။ ဥပမာ အမြဲဝယ်နေကျ ဖောက်သည်မဟုတ်ပေမယ့် အထူးလျှော့ဈေးနဲ့ ပေးရမယ့်သူတွေ၊ လုပ်ငန်းတွေကို ဈေးနှုန်းသီးသန့် သတ်မှတ်ထားပြီးရောင်းချလို့ ရပါတယ်

နောက်တခုကတော့ ပစ္စည်းအရေအတွက် များများယူရင် လျှော့ပေးတာမျိုးတွေလည်း ပစ္စည်းတခုချင်းစီအလိုက် အရေအတွက် အနည်းအများအလိုက် မိမိစိတ်ကြိုက် သတ်မှတ်ထားလို့ ရပါတယ်
ဥပမာ ပစ္စည်း တခုရဲ့ ပုံမှန်ရောင်းဈေးက ၂၀၀၀ ကျပ် ကျမယ်။ ၁၀ ခုယူအထက်ယူရင်တော့ ၁၉၀၀ နဲ့ ရောင်းမယ်၊ အခု ၅၀ ကျော်သွားရင် ၁၇၀၀ နဲ့ ရောင်းမယ် စသည်ဖြင့် သတ်မှတ်ထားလို့ ရပါတယ်။
ပစ္စည်းတခုကို ပုံမှန်ဖောက်သည်မဟုတ်ရင် အများဈေးနဲ့ မရောင်းဘဲ ဝယ်နေကျ ဖောက်သည်တွေကိုမှ အများဈေးနဲ့ ရောင်းချချင်တယ်ဆိုရင်လည်း စိတ်ကြိုက် သတ်မှတ်ထားလို့ ရပါတယ်

ဒါ့အပြင် ပစ္စည်းတခုချင်းစီကို Package အမျိုးမျိုးခွဲပြီး ရောင်းချလို့ ရပါတယ်။ ဥပမာ် Yum Yum ခေါက်ဆွဲကို တထုတ်ချင်းရောင်းချနိုင်သလို ဖာလိုက်ဈေးသတ်မှတ်ပြီးလည်းရောင်းချနိုင်ပါတယ်။ ပါကင်လိုက်၊ ဘူးလိုက်၊ ဖာလိုက်ယူရင် တဈေး၊ တခုချင်းခွဲယူရင် တဈေး စသည်ဖြင့် မိမိလုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီမယ့် ဈေးအမျိုးမျိုးကို သတ်မှတ်ထားနိုင်ပါတယ်။

နောက်ပြီး မကြာခဏ ဈေးနှုန်းတွေ ပြောင်းနေရလို့လည်း ခေါင်းခြောက်စရာ မလိုပါဘူး။ NexZay POS မှာ ပစ္စည်းတွေကို အမျိုးအစားအလိုက်ဖြစ်စေ၊ ပစ္စည်းအားလုံးဖြစ်စေ၊ မိမိစိတ်ကြိုက် ပစ္စည်းတွေကိုချည်းဖြစ်စေ ဈေးနှုန်း ပြောင်းလဲ တခါတည်း ဈေးနှုန်းပြောင်းလဲ သတ်မှတ်နိုင်ပါတယ်။ ဥပမာ ပစ္စည်းအားလုံးကို ၅% ဈေးတက်မလား၊ ပစ္စည်းတခုစီမှာ ၁၀၀၀ စီ ဈေးတက်မလား မိမိစိတ်ကြိုက် ဈေးနှုန်းပြောင်းလဲ သတ်မှတ်လို့ရပါတယ်။ နောက်ပြီး ပြောင်းလဲထားတဲ့ ဈေးနှုန်းတွေရဲ့ History ကိုလည်း ပစ္စည်းတခုချင်းစီအလိုက် ပြန်ကြည့်နိုင်ပါတယ်။

သင့်လုပ်ငန်းကို မြန်မြန်ဆန်ဆန်လည်ပတ်ဖို့ NexZay POS ကို အခုပဲ အခမဲ့ စမ်းသပ် အသုံးပြုကြည့်လိုက်ပါ

NexZay POS by learnextech
ရွှေစည်းခုံဘုရားအနီး၊ ရုံးကြီးရပ်၊ မုံရွာမြို့။
09796722278

26/03/2026

NexZay POS ကို ဝယ်ယူရရှိနိုင်ပါပြီ

မင်္ဂလာပါ
NexZay ကနေ ကြိုဆိုပါတယ်

NexZay ဆိုတာ ဖုန်း၊ Tablet၊ ကွန်ပျူတာ စတာတွေနဲ့ အသုံးပြုလို့ရတဲ့ အရောင်း Software တခုပဲ ဖြစ်ပါတယ်

သင့်လုပ်ငန်းကို လူအနည်းငယ်နဲ့ လျင်မြန်တိကျစွာ လည်ပတ်နိုင်ဖို့၊ စာရင်းဇယားတွေအတွက် ခေါင်းရှုပ်စရာမလိုဘဲ လုပ်ငန်းတိုးတက်ဖို့ကိုပဲ အာရုံစိုက်နိုင်ဖို့ NexZay ကို အသုံးပြုနိုင်ပါတယ်

NexZay POS ကို မုန့်ဆိုင်၊ ကုန်စုံဆိုင်၊ အထည်ဆိုင်၊ ဖိနပ်ဆိုင် စတဲ့ လုပ်ငန်းတွေအပြင် ဈေးရောင်းတဲ့ ဆိုင်တိုင်းအတွက် အသုံးပြုနိုင်ပါတယ်
လက်လီတွေကို တိကျစွာ ရောင်းချနိုင်တဲ့အပြင် လက်ကားရောင်းချတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း သီးခြား Software ထပ်ဝယ်စရာမလိုဘဲ NexZay POS ကို အသုံးပြုနိုင်ပါတယ်

လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ အအေးဆိုင် စတဲ့ အစားအသောက်ရောင်းချတဲ့ ဆိုင်တွေအတွက်လည်း NexZay Restaurant POS ကို အသုံးပြုနိုင်ပါတယ်

NexZay POS မှာ လုပ်ငန်းတိုင်း အသုံးဝင်မယ့် Feature တွေအစုံအလင်ထည့်ပေးထားသလို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ အသုံးပြုနိုင်ပါတယ်
မြန်မာဘာသာနဲ့ အသုံးပြုရာမှာလည်း Notosan, Pyidaungsu စတဲ့ အများသုံးနေတဲ့ အခမဲ့ Font တွေကို အသုံးပြုထားတာမဟုတ်ဘဲ Premium Font သီးသန့်ကို အသုံးပြုပေးထားတာကြောင့် Application ထဲမှာရော ရောင်းချလိုက်တဲ့ အရောင်းဘောက်ချာတွေမှာပါ အများနဲ့ မတူတဲ့ ဒီဇိုင်းနဲ့ ရောင်းချနိုင်မှာဖြစ်ပါတယ်

အရောင်းဘောက်ချာထုတ်ရာမှာလည်း မိမိလုပ်ငန်းနဲ့ အဆင်ပြေမယ့် Bluetooth Thermal Printer, USB, LAN Thermal Printer, Laser Printer, Injet Printer အမျိုးမျိုးနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်
ဈေးနှုန်းသက်သာတဲ့ Thermal Paper တွေနဲ့ 58mm, 80mm Paper Size တွေကို အသုံးပြုနိုင်သလို Laser Printer တွေ အသုံးပြုပြီး A4, A5 Size ဘောက်ချာတွေကိုလည်း ထုတ်ပေးနိုင်ပါတယ်

NexZay POS ကို လစဉ်ကြေးနဲ့ ဝယ်ယူနိုင်သလို အရေအတွက် အကန့်အသတ်နဲ့ Lifetime လိုင်စင်ကိုလည်း လောလောဆယ် ရောင်းချပေးနေပါတယ်

သင့်လုပ်ငန်းမှာ စမ်းသပ်အသုံးပြုနိုင်ဖို့ NexZay POS ကို ရက် ၃၀ အခမဲ့ အသုံးပြုခွင့် ရယူနိုင်ပါပြီ
(အခမဲ့ အသုံးပြုနေစဉ်အတွင်းမှာလည်း လိုအပ်တဲ့ အကူအညီများကို ရယူနိုင်ပါတယ်)

NexZay POS by learnextech
09796722278
ရွှေစည်းခုံဘုရားအနီး၊ ရုံးကြီးရပ်၊ မုံရွာမြို့

14/08/2025

learnextech မှာ ကွန်ပျူတာသင်တန်းတွေအပြင် ကွန်ပျူတာနဲ့ပတ်သက်တဲ့ အခက်အခဲတွေအတွက် ကွန်ပျူတာပြုပြင်တဲ့ ဝန်ဆောင်မှု ရယူနိုင်ပြီးဖြစ်ပါတယ်

မကြာခင်မှာ စီးပွားရေးလုပ်ငန်းအားလုံးအတွက် Software မျိုးစုံကို ဝယ်ယူအသုံးပြုနိုင်တော့မှာပါ

07/03/2024

Laptop Keyboard က အလိုအလျောက်ရိုက်နေလို့ သုံးမရဖြစ်နေရင် learnextech က ဝန်ဆောင်မှုပေးနေတဲ FIXED by learnextech မှာ လာရောက်ပြုပြင်နိုင်ပါပြီ

Laptop Keyboard တွေက ကြာလာရင် နှိပ်မရတော့တာ၊ ကိုယ်က မနှိပ်ရဘဲ သူ့ဟာသူ လျှောက်ရိုက်နေတာတွေ မကြာခဏ ဖြစ်တတ်ပါတယ်

အဲ့လိုဖြစ်လာရင် ပြင်လို့ရတာရှားပြီး Keyboard အသစ်လဲပစ်ရတာ များပါတယ်။ External Keyboard နဲ့သုံးမယ်ဆိုရင်လည်း သူ့ဟာသူရိုက်နေတဲ့ Key တွေရှိနေရင် သုံးမရဖြစ်တတ်ပါတယ်။ Laptop Keyboard အသစ်ဝယ်လဲမယ်ဆိုရင်လည်း အနည်းဆုံး ၄၀၀၀၀ လောက်ကနေ ၈၀၀၀၀ ဝန်းကျင်ထိ ရှိတတ်တာကြောင့် ဝယ်လဲဖို့ အခက်အခဲဖြစ်နေရင် FIXED မှာ “External Keyboard နဲ့ အဆင်ပြေပြေသုံးနိုင်အောင်” လာရောက် ပြုပြင်နိုင်ပါတယ်

ဈေးနှုန်းသက်သာပြီး မြန်မြန်ဆန်ဆန်ပြင်ဆင်နိုင်တာကြောင့် Laptop Keyboard အသစ်မလဲလိုသူတွေအတွက် အဆင်ပြေစေမှာပါ

02/03/2024

ကွန်ပျူတာနဲ့ ပတ်သက်တဲ့ အခက်အခဲတွေရှိရင် learnextech က ဝန်ဆောင်မှုပေးနေတဲ့ FIXED by learnextech "ကွန်ပျူတာပြုပြင်ရေး" မှာ လာရောက်ပြင်ဆင်နိုင်ပါပြီ

ကွန်ပျူတာနဲ့ပတ်သက်တဲ့ အခက်အခဲတွေရှိနေရင်၊ ကွန်ပျူတာပျက်လို့ ပြင်ဆင်ချင်တယ်ဆိုရင် learnextech ကွန်ပျူတာသင်တန်းက ဝန်ဆောင်မှုပေးနေတဲ့ FIXED မှာ လာရောက်ပြင်ဆင်နိုင်ပါပြီ

FIXED by learnextech
ရွှေစည်းခုံဘုရားအနီး၊ ရုံးကြီးရပ်၊ မုံရွာမြို့
၀၉-၇၉၆၇၂၂၂၇၈

01/03/2024

ကွန်ပျူတာအခြေခံကို စနစ်တကျ လေ့လာသင်ယူလိုပါသလား

ကုမ္ပဏီကြီးတွေအများစုမှာ အသုံးပြုနေတဲ့ Microsoft 365 ကို လက်တွေ့အသုံးချ သင်ယူလိုပါသလား

Update အဖြစ်ဆုံး Word, Excel, PowerPoint, Teams စတာတွေကို အသုံးပြုပြီး သင်ကြားပေးနေတဲ့ learnextech ကွန်ပျူတာသင်တန်းမှာ ဈေးနှုန်းသက်သာစွာနဲ့ တက်ရောက်နိုင်ပါတယ်

ဒါ့အပြင် Microsoft 365 ကို အခြေခံသင်ကြားပေးမှာဖြစ်တာကြောင့် ကိုယ်ပိုင်နာမည်နဲ့ Microsoft 365 အကောင့်တခုကိုလည်း ပိုင်ဆိုင်ခွင့်ရရှိမှာပါ

Microsoft 365 Account မှာ Word, Excel, PowerPoint, Teams စတာတွေအပြင် တခြား Microsoft Application တွေကိုပါ တရားဝင်အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်

Online မှာ ဒေတာတွေသိမ်းဖို့ OneDrive 1TB ပါ ပါဝင်ပါတယ်။ ဒီအကောင့်ကို ဖုန်း၊ ကွန်ပျုတာ Tablet စတဲ့ Device 5 ခုမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်

ဒီလိုအားသာချက်တွေရှိတဲ့ learnextech ကွန်ပျူတာသင်တန်းမှာ ကွန်ပျူတာအခြေခံကို စတင်သင်ကြားလိုက်ပါ

သင်တန်းကြေး - ၈၀,၀၀၀ ကျပ်

learnextech Computer Training School
📍- ရွှေစည်းခုံဘုရားအနီး၊ ရုံးကြီးလမ်း၊ ရုံးကြီးရပ်၊ မုံရွာမြို့။
📱- 09796722278

01/03/2024

Advanced Excel Course (Online Class)

နွေနေပူပူမှာ အပြင်မထွက်ဘဲ အိမ်မှာနေရင်း Microsoft Excel ကို ကျွမ်းကျင်ပိုင်နိုင်သွားအောင် learnextech ရဲ့ Advanced Excel (Online Class) ကို တက်ရောက်သင်ယူလိုက်ပါ

ကွန်ပျူတာကို အသုံးပြုပြီး လုပ်ရတဲ့ လုပ်ငန်းခွင်တိုင်းမှာ မရှိမဖြစ် အရေးပါတဲ့ Microsoft Excel ကို ကျွမ်းကျင်ပိုင်နိုင်သွားအောင် Advanced သင်ခန်းစာများကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်

လက်တွေ့လုပ်ငန်းခွင်မှာ လုပ်ကိုင်နေရသလို သင်ခန်းစာများဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်

Microsoft Teams ကို အသုံးပြုပြီး Live သင်ကြားပေးသွားမှာဖြစ်လို့ မသိတာ၊ နားမလည်တာတွေကို တိုက်ရိုက်မေးမြန်းနိုင်မှာဖြစ်ပြီး သင်တန်းမှာ လာရောက်သင်ယူရသလိုမျိုး လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်

ဒီသင်တန်းကို တက်ရောက်သူတိုင်း မိမိကိုယ်ပိုင်နာမည်နဲ့ Microsoft 365 Licensed Account တခုစီရရှိမှာဖြစ်ပြီး Word, Excel, PowerPoint, Teams စတာတွေကို မိမိကိုယ်ပိုင်ကွန်ပျူတာ၊ ဖုန်း၊ Tablet တွေမှာ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်

သင်တန်းတက်ရောက်တဲ့အခါ သင်ခန်းစာတွေကို လက်တွေ့လေ့ကျင့်နိုင်ဖို့ ကွန်ပျူတာနဲ့ အင်တာနက်ရှိဖို့ လိုအပ်ပါတယ်

သင်တန်းကို ပြီးဆုံးအောင်တက်ပြီး လက်တွေ့လေ့ကျင့်ခန်းများကို ကျွမ်းကျင်ပြီးဆုံးအောင်လုပ်ဆောင်ပြီးပါက သင်တန်းဆင်းလက်မှတ်ကို ရယူနိုင်ပါတယ်

*** သင်တန်းတက်ရောက်ထားသူတိုင်း မကြာခင်မှာ အသုံးပြုနိုင်တော့မယ့် learnextech ရဲ့ Website မှာ သင်ခန်းစာများကို အချိန်မရွေး အခမဲ့ပြန်လည်လေ့လာနိုင်မှာဖြစ်ပါတယ် ***

သင်တန်းကြေး -
Online Class - ၈၀,၀၀၀ ကျပ် (မိမိကွန်ပျူတာနဲ့ အိမ်မှာနေရင်း သင်ယူနိုင်ပါမယ်)
Offline Class - ၉၉,၀၀၀ ကျပ် (သင်တန်းသို့ လာရောက်သင်ယူရပါမယ်)

📆 သင်တန်း စတင်မည့်ရက်
March 11, 2024

သင်တန်းချိန်
၂:၀၀ - ၃:၃၀ (ညနေ) (တနင်္လာမှ သောကြာထိ)
၆:၀၀ - ၇:၃၀ (ညနေ) (တနင်္လာမှ သောကြာထိ)
(မိမိနှစ်သက်ရာ သင်တန်းချိန်ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်)

learnextech
ကွန်ပျူတာသင်တန်း
📱၀၉-၇၉၆၇၂၂၂၇၈
✉️ [email protected]

28/02/2024

သင့်ကလေးကို ကွန်ပျူတာတွေနဲ့ မိတ်ဆက်ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီလား

ကွန်ပျူတာအခြေခံကို ငယ်စဉ်ကတည်းက စနစ်တကျ လေ့လာတတ်မြောက်စေချင်ပါသလား

learnextech ရဲ့ ကလေးများအတွက်အထူးသီးသန့် နွေရာသီကွန်ပျူတာသင်တန်းက ပညာသင်ကြားရေးကနေ လုပ်ငန်းခွင်အထိ မရှိမဖြစ် အရေးပါတဲ့ ကွန်ပျူတာတွေနဲ့ ရင်းနှီးကျွမ်းဝင်နေစေဖို့ ကူညီပေးနိုင်ပါတယ်

သင်တန်းစမည့်ရက် - မတ်လ ၁၁၊ ၂၀၂၄
သင်တန်းချိန် - ၉:၀၀ မှ ၁၀:၃၀ ထိ (Monday to Friday)
သင်တန်းကြေး - ၇၀၀၀၀ ကျပ်

"သင့်ကလေး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပါ"

learnextech ကွန်ပျူတာသင်တန်း

📍ရွှေစည်းခုံဘုရားအနီး၊ ရုံးကြီးရပ်၊ မုံရွာမြို့
📱၀၉-၇၉၆၇၂၂၂၇၈
📧 [email protected]

Telephone

Website

Address


Yonegyi Road, Yonegyi
Monywa

Alerts

Be the first to know and let us send you an email when learnextech posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Monywa.