Mingalar Muse
မူဆယ် မြို့သူ မြို့သားများအတွက် အကောင်းဆုံး အပန်းဖြေရာ နေရာ
19/01/2026
🎊🎉 Happy 10 Years Anniversary – Mingalar Muse 🎉🎊
📅 ၁၉ ဇန်နဝါရီ ၂၀၂၆ 🎈
ဒီနေ့ဟာ မင်္ဂလာမူဆယ် လမ်းလျှောက်ဈေးကြီးကို ဖွင့်လှစ်ခဲ့တာ(၁၀) နှစ်ပြည့် မြောက်တဲ့အမှတ်တရနေ့လေး ဖြစ်ပါတယ် ✨
မင်္ဂလာမူဆယ် လမ်းလျှောက်ဈေးဟာ
စျေးဝယ်စရာနေရာတစ်ခုသာမက 🛍️
မိသားစုများ အတူတူ လာရောက်လည်ပတ်နိုင်တဲ့နေရာ 👨👩👧👦
သူငယ်ချင်းတွေ ဆုံတွေ့နိုင်တဲ့နေရာ 🤝
လူငယ်တွေ အမှတ်တရတွေ ဖန်တီးနိုင်တဲ့နေရာ 📸✨အဖြစ် (၁၀) နှစ်တာကာလအတွင်းရပ်တည်လာနိုင်ခဲ့ပါတယ် 💛
ဒီလို ယနေ့အထိ ရပ်တည်လာနိုင်ခဲ့တာဟာလည်းဆိုင်ခန်းရှင်များနှင့်စဉ်ဆက်မပြတ် လာရောက်လည်ပတ်အားပေးခဲ့ကြသော ဧည့်သည်တော်များကြောင့်သာ ဖြစ်တဲ့အတွက် အထူးလေးစားစွာ ကျေးဇူးတင်ရှိပါတယ် 🙏🙏🙏
နောင်လာမည့် နှစ်များတွင်လည်း ✨
မင်္ဂလာမူဆယ် လမ်းလျှောက်ဈေးကို
ပိုမိုသန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင် 🌿
ပိုမိုအဆင်ပြေသော ဝန်ဆောင်မှုများဖြင့် 😊
လူတိုင်းအတွက် အမှတ်တရနေရာတစ်ခု ဖြစ်အောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါသည် 🌈
💫 မင်္ဂလာမူဆယ် လမ်းလျှောက်ဈေး
နောင်လာမည့် နှစ်များစွာအထိ
အောင်မြင်မှုများ၊ ပျော်ရွှင်မှုများနှင့်အတူ
လူတိုင်းရဲ့ အမှတ်တရနေရာတစ်ခု ဖြစ်အောင်အမြဲတမ်း ရပ်တည်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏✨
#မင်္ဂလာမူဆယ်လမ်းလျှောက်ဈေး
24/12/2025
မင်္ဂလာပါချစ်ဧည့်သည်တို့ရေ⛄
မကြာခင်နှစ်သစ်ကိုရောက်တော့မှာဆိုတော့ နှစ်သစ်ကိုကြိုဆိုဖို့အသင့်ဖြစ်နေပြီလား🤩
(31.12.2025)ရက်နေ့ မှာ မင်္ဂလာမူဆယ်ရဲ့ နှစ်သစ်ကိုကြိုဆိုမယ့် "Mingalar Muse Count Down" [Party]ပွဲတော်ကြီးကို ပျော်ရွှင်စရာဂိမ်းအစီအစဥ်တွေနဲ့အတူ တိုင်းရင်းသားတေးသံရှင်များ 🎤 DJ 🎧Dancer 💃🕺အဖွဲ့တွေနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပါတယ်[Party]
ချစ်ဧည့်သည်တို့လည်း မြူးကြွတဲ့သံစဥ်တွေနဲ့ နှစ်သစ်ကိုအတူတူကြိုဆိုကြရအောင် မင်္ဂလာမူဆယ်ကိုအရောက်လာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်🤗🤗🤗
ကျင်းပမည့်နေရာ - မင်္ဂလာကြယ်သစ်လမ်းနှင့်Car Parkingနေရာ
ကျင်းပမည့်နေ့ရက်- ၃၁.၁၂.၂၀၂၅
ကျင်းပမည့်အချိန် -ညနေ (၅)နာရီမှ(၁၂)နာရီအထိ
22/12/2025
မင်္ဂလာပါချစ်ဧည့်သည်တို့ရေ☃
မင်္ဂလာမူဆယ်မှာ နှစ်သစ်ကူး ပရိုမိုးရှင်း စျေးရောင်းပွဲကြီးကို(24.12.2025)ရက်နေ့မှ (2.1.2026)အထိ ဆိုင်ခန်းအမျိုးအစားစုံလင်စွာနဲ့ ရောင်းချပေးသွားမှာဖြစ်လို့လာရောက်အားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်🤗
မင်္ဂလာပါခင်ဗျာ...
မူဆယ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး(ခ)အောင်ဇော်မိုးထွန်း၏ ၂၀၂၁ခုနှစ်မှ ၂၀၂၅ခုနှစ်အထိ မူဆယ်ဗဟိုစီးပွားရေးဇုံစီမံကိန်းအတွင်းရှိ မင်္ဂလာမူဆယ်၌ ကျင်းပပြုလုပ်သည့်ပွဲတော်များတွင် ပါဝင်ဆင်နွှဲခဲ့သည့်မှတ်တမ်းများအား လေးစားစွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်🙏🙏🙏
27/10/2025
မင်္ဂလာပါချစ်ဧည့်သည်တို့ရေ...🤗
မင်္ဂလာမူဆယ်ရဲ့တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ကြီးကို( ၁.၁၁.၂၀၂၅)ရက်နေ့မှ (၅.၁၁.၂၀၂၅)ရက်နေ့အထိ( ၅)တိုင်တိုင်ကျင်းပ ပြုလုပ်မှာဖြစ်ပါတယ်နော်🤩
⭐အထူးအစီအစဥ်အနေနဲ့ တန်ဆောင်မုန်းလပြည့်နေ့ (၄.၁၁.၂၀၂၅)ရက်နေ့မှာ မူဆယ်မြို့ရဲ့ပထမဦးဆုံးကျင်းပမယ့် Miss Grand Muse & Nankham Runway Challence ပွဲတော်ကြီးကို မင်္ဂလာမူဆယ်မှာစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အကြောင်းကြိုတင်သတင်းကောင်းပါးလိုက်ပါရစေနော်🤗
ဆိုင်ခန်းစုံစမ်းရန်
Block-6 ,Unit-10, Mingalar Muse
03/10/2025
မင်္ဂလာပါချစ်ဧည့်သည်တို့ရေ...
နှစ်စဥ်ကျင်းပနေကျဖြစ်တဲ့ မင်္ဂလာမူဆယ်ရဲ့ သီတင်းကျွတ်စျေးရောင်းပွဲတော်ကြီးကတော့ ဒီနေ့မှာစတင်ပါပြီနော်🤩
(3.10.2025) ရက်နေ့ကနေ (7.10.2025)ရက်နေ့အထိ အဝတ်အထည်၊ဖိနပ်၊ အခြားလူသုံးကုန်ပစ္စည်းတွေကိုအရမ်းတန်တဲ့လျော့စျေးတွေနဲ့ ရောင်းချပေးသွားမှာမို့ လာရောက်အားပေးကြဖို့မမေ့နော်🤗
🎆(6.10.2025)ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ ညနေ(3:00)နာရီအချိန်မှာ စတုဒိသာအစီစဥ်နဲ့ ညနေ (6:00)နာရီအချိန်မှာတော့ ဆီမီးထွန်း၊ မီးပုံးပျံလွှတ်မယ့် အစီစဥ်တွေလည်းရှိသေးတာမို့ ချစ်ဧည့်သည်တို့အားလုံး ပါဝင်ဆင်နွှဲနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်🙏
#စျေးရောင်းပွဲတော် - (3.10.2025 - 7.10.2025)
#စတုဒိသာ - (6.10.2025)ညနေ (3:00)နာရီ
#ဆီမီးထွန်းပွဲ၊မီးပုံးပျံလွှတ် - (6.10.2025)ညနေ (6:00-8:00)နာရီ
ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ Mingalar Mandalay Ocean Super Center 🥳
Telephone
Website
Address
Muse Central Business District
Mu-Se
Alerts
Be the first to know and let us send you an email when Mingalar Muse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.