Move with Iris

Move with Iris

Share

သင်မလုပ်နိုင်တာ သေချာပီလား ? Let’s try with Iris 💪🏼🏋️‍♀️

19/07/2026

ဒီည FOE Season 3 ရဲ့
Grand Finale ပွဲကြီးမှာ ဘယ်လို Game တွေဆော့ရမလဲ?
ဘယ်သူက EV ကားကြီး ရသွားမလဲ??
အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတဲ့ အမှတ်တရတွေပါ..
Video edit ရင်း ပြိုင်ပွဲတုန်းက အချိန်တွေနဲ့ အကုန်လုံးကို ပြန်လည် သတိရမိပါတယ်….
အကုန်လုံး ရန်တွေ ဖြစ်ခဲ့တယ်..
ငြင်းခုန်ခဲ့ကြတယ်..
အနိုင်ရလို့ ပျော်ခဲ့ကြသလို လုပ်နိုင်တာကို လုပ်ပြခွင့်မရလို့
ကိုယ့်ကိုယ်ကိုယ် အားမရလို့ ငိုခဲ့ကြတယ်…
ဒါတွေက Drama တွေ မဟုတ်ခဲ့သလို Scripts တွေလဲ မဟုတ်ခဲ့ဘူးဆိုတာ players 1 ယောက်ခြင်းစီက အသိဆုံးဖြစ်မှာပါ။
အကုန်လုံး အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။
အကုန်လုံး အရမ်းကိုတော်ကြပါတယ် 👏👏💗
အကုန်လုံးနဲ့လဲ အခွင့်ရရင် ပြန်လည်ဆုံတွေ့ချင်ပါတယ်။🥰

07/07/2026

ဒိုင်ပင်တွေထိုး လက်တွေပြဲပီး သဲအိတ်ဆက်မတော့
လက်ပြဲတဲ့ထဲကို သဲတွေဝင်ပီး နာတော့
ကိုထူးအောင်က ဆေး Team ခေါ်ပေးရမလား ပြောပေမယ့်
ကောင်လေးတွေကို အမီလိုက်နိုင်ဖို့
သဲအိတ် ၁ အိတ်ဆို ၁ အိတ် မြန်မြန်တင်မှရမယ်ဆိုတဲ့ စိတ်နဲ့
အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။
ကြိုးလွဲတာမှာ အမှားမရှိရင် ဒီထက်တော့ စံချိန်ပိုကောင်းခဲ့မှာပါ။
တကယ်ကိုအားကုန်သုံးခဲ့ရတဲ့ game ဖြစ်ခဲ့ပါတယ်။
14:39 secs နဲ့ ပီးခဲ့ပါတယ်။

15/06/2026

Obstacle Course (အတားအဆီးကျော်)
Record - 4 min 39secs နဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ငယ်ငယ်ထဲက Tv channel တွေမှာ ဒီလို games တွေလိုက်ရှာပီး ကြည့်ခဲ့တာ။
သူများတွေ ဆော့တာကြည့်ပီး ဆော့ချင်လိုက်တာ တွေးနေခဲ့တဲ့ ကောင်မလေးတစ်ယောက်..
တကယ် အပြင်မှာဆော့ရတော့ စိတ်လှုပ်ရှားခဲ့ပေမယ့်
အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။💪🏼👏

ဒီလို ဆော့နိုင်ဖို့ setting တွေကို နောက်ကွယ်က ပင်ပင်ပန်းပန်း ကြိုးစားဆင်ပေးခဲ့တဲ့ FOE စက်အဖွဲ့သားတွေ ကင်မရာမန်းတွေနဲ့ FOE အသင်းသားတွေကို အများကြီးကျေးဇူးတင်ပါတယ်ရှင်🥰

Photos from Move with Iris's post 11/06/2026

ပြိုင်ပွဲ မစခင်ထိ ရယ်ပြုံးပေမယ့် ..
ပြိုင်ပွဲကွင်းထဲရောက်တာနဲ့ အလိုလိုအကြောတင်းသွားတာက …
ပြိုင်ဘက်တွေကို လျော့မတွက်ပဲ ကိုယ်အကောင်းဆုံး လုပ်ပြချင်လို့ပါ 🥰✌️

အားပေးတဲ့သူတွေရော် ဝေဖန်အကြံပြုတဲ့သူတွေကိုရော်
FOE ကို အချိန်ပေးကြည့်ပေးတာနဲ့တင် ကျေးဇူးတင်ပါတယ်ရှင် 💗🥰

09/06/2026

Dodge Ball Game ရဲ့
Team Work နဲ့ကြိုးစားပီး အနိုင်ရခဲ့တဲ့
အပိုင်းလေးတစ်ခု 🥰💞
Good Job Team Black 👏👏

5 sec ကို ဘောလုံးကြီး ကိုင်ပီးပြေးနေကြတာထက်တစ်ယောက်နဲ့ တစ်ယောက် ဘောလုံး Pass လုပ်ပီး
အဖြူအသင်းက 6 ယောက် ကို 1 မိနစ်အတွင်း
ထုတ်နိုင်ခဲ့တယ်။ 👏

ဒီ strategy အတိုင်း အနီအသင်းကို ကစားခဲ့ပေမယ့်
ကိုကောင်းကြီး ပစ်လိုက်တဲ့ ဘောလုံးက ကိုဟင်နရီ ဖမ်းမိသွားတာကစတာပဲ 😂
ပစ်တဲ့သူက out လိုက်ရပီး အကုန်က ပျာသွားပီး strategy ပျက်ပြား အပိုင်း ၁ ဇာတ်သိမ်းပါပဲ😂😂
(အနီအသင်းက ကောင်းတာလဲပါပါတယ်)

ဘာပဲပြောပြော အကုန်အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။
လိုအပ်ချက်တွေကို သင်ခန်းစာယူပီး
နောက် Game တွေမှာ အကောင်းဆုံး ကြိုးစားပါ့မယ်။
တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်နေကြတာထက်
အမှားကို လက်ခံပီး သင်ခန်းစာရတယ်လို့ လက်ခံလိုက်ပါမယ်ရှင်။ 🥰

02/06/2026

FOE ကိုရှေ့မှာ ကြမ်းလာသမျှ
Flex Off challenge မှာမှ ..
တစ်ယောက်ထဲ ရှိုက်ကြီးတငင်ထိုင်ငိုခဲ့တော့ ..
တချို့က Screen Time ရအောင် တမင်ငိုတာလားတဲ့ 😂
ငိုချင်တဲ့အချိန် ကောက်ငိုရအောင်လဲ မင်းသမီးလဲမဟုတ်ဘူးလေနော် ..
ကိုယ်ဘယ်လောက်ကြိုးစားခဲ့လဲ ကိုယ်သာအသိဆုံးမို့လို့
မလုပ်နိုင်လို့မဟုတ်ပဲ ကိုယ်လုပ်နိုင်တာကို ချပြခွင့်မရလိုက်တော့ ရင်ထဲက စို့တက်လာပီး အရမ်းကို ယူကျုံးမရဝမ်းနည်းခဲ့တာပါ။
ကြမ်းမယ် ရမ်းမယ်ဆိုပီး လာပြိုင်တာ..
Flex Off Challenge မှာ
ငိုခဲ့ရမယ်လို့ ဘယ်လိုထင်မလဲနော် 😂😂
ဘာပဲဖြစ်ဖြစ် ကိုယ်နယ်ပယ်မဟုတ်ပေမယ့် အကောင်းဆုံးကြိုးစားခဲ့ပါတယ်။💪🏼👏🥰

30/05/2026

ပြိုင်ပွဲနားတဲ့ရက်လေးတွေမှာဆို
Hotel မှာ ခက်ခက်ခဲခဲ ကြက်သားပြုတ်စားပါတယ်😂
ပြိုင်ပွဲတစ်လျှောက်လုံး Inya Lake Hotel မှာ
နေဖို့ စီစဉ်ပေးတာဖြစ်တဲ့အတွက် အရမ်းအဆင်ပြေပါတယ်။မနက်စာကို လိုအပ်တဲ့အာဟာရတွေ အကုန်သေချာစားပီး
နေ့လည်ကိုတော့ အဆင်ပြေသလိုလေး ပြုတ်စားလိုက်
မှာစားလိုက်နဲ့ပဲ ဖြတ်သန်းရပါတယ်။
ကိုယ်နယ်မြေမဟုတ်တော့ အစပိုင်းမှာ
အခက်အခဲလေးတွေရှိပေမယ့်
ငါ လုပ်နိုင်ပါတယ်ဆိုတဲ့ စိတ်နဲ့ပဲ အကုန်ကျော်ဖြတ်ခဲ့ပါတယ်။🤗

ပြိုင်ပွဲကာလဆိုတော့ စိတ်ပန်း လူပန်းနဲ့
လှလဲ မလှနိုင်တော့ပါဘူး။😂
ရေအကူးလွန်ပီး မျက်နှာကလဲ နေလောင်အသားရေကမညီနဲ့
မိက်ကပ်တွေကလဲ လိမ်းရဆိုတော့
မနာလိုတဲ့ သူတွေ ပြောသလို ရုပ်ဆိုးလေးဖြစ်နေတာပေါ့😜

ပြိုင်ပွဲနားတဲ့ရက်လေးတွေမှာ ဖြတ်သန်းခဲ့တဲ့ အမှတ်တရလေးတွေပါ 🥰
မနက်ဖြန်မှာလဲ အပိုင်းသစ်လေး လွှင့်မှာမို့
ည 8 နာရီမှာ MRTV 4 ကနေ စောင့်ကြည့်ဖို့ မမေ့နဲ့နော် 💗

25/05/2026

ဒီအပတ်မှာ ပြိုင်ခဲ့ရတဲ့ challenge ကတော့
FOE မှာ ပထမဆုံး Challenge အသစ်ဖြစ်တဲ့
FOE checkers ပါ။
9 ယောက် 2 သင်းရှိပီး Games 9 ခုကို 1 ယောက်ချင်းယှဉ်ပြိုင်ရတာပါ ။
တစ်ဖက်တစ်သင်းက ကိုယ်နဲ့ပြိုင်မယ့်သူက
ယောင်္ကျားလေးရော် မိန်းကလေးဖြစ်နိုင်တော့
Games ရွေးချယ်ရာမှာ ပွတ်တိုက်မှုလေးတွေလဲ ရှိခဲ့ကြပါတယ် 😂😂
Group မှာဘယ်သူတွေနဲ့ အတူကျမလဲ?
ကိုယ်က ဘာ Game ကို ဘယ်သူနဲ့ဆော့ရမလဲ ကြိုမသိပဲ
စိတ်လှုပ်ရှားခဲ့ရတဲ့ Challenge 1 ခုဖြစ်ခဲ့ပါတယ်။
ကိုယ်မနိုင်ဘူးထင်တဲ့ Games တွေကို ထိုးကျွေးရင်း
ကိုယ်သေချာ အနိုင်ရမယ်ထင်တဲ့ Games တွေမှာရော်
အမှတ်တွေ ယူနိုင်ကြမှာလား ???
စိတ်ဝင်စားစရာကောင်းတဲ့ Games လေးဖြစ်ခဲ့ပါတယ်။
ညီမကို ရွေးလိုက်တဲ့ အသင်းအတွက်တော့
အမှတ်ရအောင် အကောင်းဆုံးကြိုးစားပေးသွားမှာပါ💪🏼

23/05/2026

အေးမြတ်က ဘယ်တစ်ယောက်လဲ ??
🫣💞
ခုနှစ်ကတော့ 2010လားမသိတော့ဘူး …
သတင်းစာထဲ ပါလာတဲ့ပုံလေး အမှတ်တရသိမ်းထားတာ
Memories မှာပြန်တက်လာလို့ 🥰🥰😍

💞

19/05/2026

2 မိနစ်ခွဲလောက်အလိုမှ 10 မှတ်ယူပီး
Team Work ညီညီ အမှားနည်းနည်းနဲ့ အကျိတ်အနယ်
အနီအသင်းကို သရေကျအောင်
ကြိုးစားခဲ့တဲ့ အခိုက်အတန့်လေး 😍👏👏
လူအင်အားအရ weak ပေမယ့်
အကုန်လုံး နားလည်မှုနဲ့ အကောင်းဆုံးကြိုးစားခဲ့ကြလို့
ဂုဏ်ယူပါတယ်။ 😍
နောက် challenge တွေမှာလဲ အကောင်းဆုံးကြိုးစားကြမယ်။ 💪🏼💪🏼

(ပီးခါနီး 1 min အလိုမှာ ကို Henry ထွက်လာနိုင်လို့ အမှတ်ရသွားတာ။ 👏👏)

ခါးနာတဲ့ အကိုကြီးကတော့ လူပဲ မဆော့ရတာပါ။
တစ်ကွင်းလုံးတော့ သူ့အသံပါတယ်😂
အဲ့တုန်းက သွေးပူတုန်း အပြင်က ဘာသံမှ မကြားဘူး😆
Confession မှာ မိက်ပျက်ဆွေပျက်ပဲ ရှယ်ဖြဲတာ😜
ဆော်တီးပါ ပြိုင်ပွဲမို့ပါ တခြားစိတ်မရှိပါ။😜😁

Category

Telephone

Website

Address


Myaing

Alerts

Be the first to know and let us send you an email when Move with Iris posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Myaing.