EIT Learning Campus
အနာဂတ်အတွက် ခြေလှမ်းအသစ်
19/09/2026
🌟 အင်္ဂလိပ်စာကို သိရုံမဟုတ်၊ အသုံးချတတ်ဖို့။
အင်္ဂလိပ်စာကို စတင်လေ့လာနေသူတွေအတွက် အရေးကြီးဆုံးက Vocabulary နဲ့ Grammar Rules တွေကို သိထားရုံသာမက Listening, Speaking, Reading နဲ့ Writing အခြေခံတွေကို မှန်မှန်တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။
EIT Learning Campus ရဲ့ Elementary (A1) အတန်းမှာ
Listening, Speaking, Reading & Writing — English 4 Skills ကို အခြေခံကနေ တစ်ဆင့်ချင်းစီ စနစ်တကျ လေ့ကျင့်သင်ယူနိုင်မှာဖြစ်ပါတယ်။
နေ့စဉ်အသုံးများတဲ့ အသုံးအနှုန်းတွေကို နားလည်လာဖို့၊ ရိုးရှင်းတဲ့ Conversation တွေမှာ ကိုယ်တိုင်ပြောဆိုနိုင်ဖို့နဲ့ အင်္ဂလိပ်စာကို ပိုမိုယုံကြည်မှုရှိရှိ အသုံးချနိုင်ဖို့ ရည်ရွယ်ထားတဲ့အတန်းဖြစ်ပါတယ်။
ဒီအတန်းက ဘယ်သူတွေအတွက် သင့်တော်လဲ?
▪️ Englishစာ အခြေခံကို စနစ်တကျ ပြန်တည်ဆောက်ချင်သူများ
▪️ Listening, Speaking, Reading & Writing 4 Skills ကို မျှတစွာလေ့လာချင်သူများ
▪️ Speaking ပိုင်းမှာ ယုံကြည်မှု ပိုရှိချင်သူများ
▪️ အခြေခံအဆင့်ကနေ တစ်ဆင့်ချင်း လေ့လာလိုသူများ
📅 Starting Date — 28.9.2026
Mon, Tue & Wed
📚 Section 1 — 9:00 AM to 10:30 AM
📚 Section 2 — 3:00 PM to 4:30 PM
⏳ Duration — 4 Months
💳 Course Fee — 70,000 Ks/month
📞 09 250 761 416
📍 Room (E5), Market Garden, Myeik
အင်္ဂလိပ်စာအခြေခံကို မှန်ကန်စွာတည်ဆောက်ပြီး တကယ်အသုံးချတတ်လာဖို့ EIT Learning Campus နဲ့အတူ စတင်လိုက်ပါ။ 🌱
သင်တန်းအပ်နှံရန်နှင့် အသေးစိတ်မေးမြန်းရန် Page Messenger သို့မဟုတ် 09 250 761 416 ကို ဆက်သွယ်နိုင်ပါတယ်။
11/09/2026
ကျောင်းပြီးတဲ့နောက် ရှေ့ဆက်မယ့်လမ်းအတွက် ကိုယ့်ကျွမ်းကျင်မှုကိုလည်း ပြင်ဆင်ထားပါ💻🌱**
ပညာရေးကို ဆက်လက်လေ့လာဖို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ဝင် ဖို့ပဲဖြစ်ဖြစ် ကွန်ပျူတာကို စနစ်တကျ အသုံးချနိုင်တာက ကိုယ့်အတွက် အသုံးဝင်တဲ့ အခြေခံတစ်ခုပါ။
✅ Assignment တစ်ခု ပြင်ဆင်တဲ့အချိန်၊
✅ အချက်အလက်တွေကို စာရင်းဇယားနဲ့ စုစည်းတဲ့အချိန်၊
✅ Email နဲ့ ဖိုင်ပို့တဲ့အချိန်၊
✅ ကိုယ့်အကြောင်းအရာကို Presentation နဲ့ ရှင်းပြတဲ့အချိန်တွေမှာ ဒီအခြေခံကျွမ်းကျင်မှုတွေကို အသုံးချရပါတယ်။
AI အပါအဝင် နည်းပညာတွေက အလုပ်များစွာကို ကူညီလုပ်ပေးနိုင်လာတဲ့အခါ ကိုယ်အသုံးပြုနေတဲ့ ဖိုင်နဲ့အချက်အလက်တွေကို နားလည်နိုင်ဖို့၊ လိုအပ်သလို ပြင်ဆင်နိုင်ဖို့နဲ့ ရလာတဲ့အကြောင်းအရာကို ကိုယ်တိုင်ရှင်းပြနိုင်ဖို့အတွက််လည်း အသုံးဝင်ပါတယ်။
ဒီလို ကျောင်းစာနဲ့ အလုပ်အတွက် အသုံးချနိုင်မယ့် ကွန်ပျူတာအခြေခံတွေကို စနစ်တကျ လေ့လာချင်သူတွေအတွက် EIT Learning Campus ရဲ့ IT Literacy အတန်းသစ် ကို စက်တင်ဘာ ၂၁ ရက်မှာ ဖွင့်လှစ်ပါမယ်။
ဒီအတန်းမှာ—
📝 Microsoft Word
စာရွက်စာတမ်းတွေကို ဖတ်ရလွယ်ပြီး စနစ်ကျအောင် ပြင်ဆင်အသုံးပြုခြင်း။
📊 Microsoft Excel
အချက်အလက်တွေကို စာရင်းဇယားနဲ့ စုစည်းခြင်း၊ အခြေခံတွက်ချက်မှုတွေ ပြုလုပ်ခြင်း။
☁️ Google Sheets
အွန်လိုင်းစာရင်းဇယားတွေ အသုံးပြုခြင်းနဲ့ အခြားသူများနှင့် မျှဝေခြင်း။
📧 Email
အကြောင်းအရာကို ရှင်းလင်းစွာရေးသားခြင်းနဲ့ ဖိုင်ပူးတွဲပို့ခြင်းတို့ကို စနစ်တကျ အသုံးပြုခြင်း။
🗣️ Microsoft PowerPoint နဲ့ Presentation Skills
အဓိကအချက်တွေကို Slide အဖြစ် စုစည်းပြင်ဆင်ပြီး နားလည်လွယ်အောင် တင်ပြခြင်းတို့ကို သင်ယူရမှာဖြစ်ပါတယ်။
🤖 AI အခြေခံမိတ်ဆက်
လေ့လာရေးနဲ့ နေ့စဉ်အလုပ်တွေမှာ AI ကို အကူအညီယူနိုင်ပုံ၊ မေးခွန်းပေးပုံ၊ ရလာတဲ့အဖြေတွေကို စစ်ဆေးအသုံးပြုပုံတို့ကို အခြေခံလေ့လာခြင်း။
ကွန်ပျူတာကို အခုမှစလေ့လာမယ့်သူတွေ၊ ကျောင်းပြီးလို့ နောက်တစ်ဆင့်အတွက် ပြင်ဆင်နေသူတွေနဲ့ လုပ်ငန်းခွင်အတွက် အခြေခံကျွမ်းကျင်မှု ဖြည့်ဆည်းချင်သူတွေ တက်ရောက်နိုင်ပါတယ်။
💻 သင်တန်းရှိ Laptop များကို အသုံးပြုပြီး လေ့ကျင့်နိုင်ပါတယ်။
📅 စတင်မည့်နေ့ — ၂၁ စက်တင်ဘာ ၂၀၂၆ (တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး)
🕔 ညနေ ၅:၀၀ မှ ၆:၃၀ အထိ
💰 သင်တန်းကြေး — ၁၂၀,၀၀၀ ကျပ်
🗓️ သင်တန်းကာလ - ၁လခွဲ
အတန်းအသေးစိတ်မေးမြန်းဖို့နဲ့ စာရင်းသွင်းဖို့ *Page Messenger မှာ “IT Literacy” လို့ ပို့ထားပေးပါ။
📞 09 250 761 416
📍 Room E5, Market Garden, မြိတ်မြို့
25/08/2026
AI ခေတ်မှာ Developer တွေ လိုသေးလို့လား? 🤔
AI ကို “Login Page တစ်ခု ရေးပေးပါ” လို့ပြောလိုက်ရင် စက္ကန့်ပိုင်းအတွင်း ဖန်တီးပေးနိုင်ပါတယ်။
ဒါပေမယ့်—
▸ User တွေရဲ့လိုအပ်ချက်ကို နားလည်ခြင်း
▸ Website Structure နဲ့ User Experience ကို စနစ်တကျတည်ဆောက်ခြင်း
▸ Error တက်လာရင် ဘာကြောင့်ဖြစ်တာလဲ
▸ AI က ရေးလိုက်တဲ Code က မှန်ကန်ပြီး လုံခြုံမှုရှိရဲ့လား
▸ လက်တွေ့ပြဿနာအတွက် ဘယ် Solution က အသင့်တော်ဆုံးဖြစ်မလဲ
ဆိုတာတွေကို နားလည်ပြီး နောက်ဆုံး ဆုံးဖြတ်ပေးရသူက Developer ပါ။
AI က Code ရေးခြင်း၊ Error ရှာဖွေခြင်းနဲ့ ဖြစ်နိုင်တဲ့ Solution တွေကို အကြံပြုခြင်းမှာ ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ထွက်လာတဲ့ရလဒ်ကို စစ်ဆေးပြီး Project ရဲ့ လိုအပ်ချက်နဲ့ကိုက်ညီအောင် ပြင်ဆင်အသုံးချရတာက Developer ရဲ့ တာဝန်ဖြစ်ပါတယ်။
ဒါကြောင့် AI ခေတ်မှာ Developer တွေ ပျောက်ကွယ်သွားတာမဟုတ်ပါဘူး။
Code ရေးပေးရုံကနေ လက်တွေ့ပြဿနာတွေကို နားလည်ပြီး AI ရဲ့အကူအညီနဲ့ ထိရောက်တဲ့ Solution တစ်ခု တည်ဆောက်ပေးနိုင်သူအဖြစ် Developer တွေရဲ့ အခန်းကဏ္ဍက ပြောင်းလဲလာတာပါ။
အခုမေးသင့်တာက “Developer တွေ လိုသေးလား?” ဆိုတာမဟုတ်တော့ဘဲ—
“AI နဲ့အတူ ထိရောက်စွာအလုပ်လုပ်နိုင်တဲ့ Developer ဖြစ်ဖို့ ဘာတွေသင်ယူထားရမလဲ?” ဆိုတာပဲဖြစ်ပါတယ်။ 🚀
📍 EIT Learning Campus
Room (E5), Market Garden, Myeik
📞 09 250 761 416
New Steps for Brighter Future.
19/08/2026
ထိုင်းနိုင်ငံမှာကျောင်းတက်ရင်း စစ်မှန်ခိုင်မာတဲ့ဘွဲ့ ရယူဖို့ 🎓
GED အောင်မြင်ပြီးနောက် တက္ကသိုလ်ပညာသင်နှစ် (၃) နှစ်တာကာလမှာ နောက်ဆုံးနှစ်ကို ထိုင်းနိုင်ငံမှာ တက်ရောက်ပြီး စစ်မှန်ခိုင်မာတဲ့ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ကို ရယူဖို့
DBU International College မှာ မြန်မာ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအတွက် 2+1 Program ကို သက်သာစွာ တက်ရောက်နိုင်ပါပြီ
✅2+1 Program ဆိုတာ
𝗗𝗵𝘂𝗿𝗮𝗸𝗶𝗷 𝗣𝘂𝗻𝗱𝗶𝘁 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 – 𝗗𝗣𝗨 ၏ နိုင်ငံတကာအဆင့်မီ ဘာသာရပ်များဖြစ်တဲ့
📚 B.Acc (Bachelor of Accounting)
📚 BBA (Accounting & Finance)
📚 BBA (Marketing & Branding in the Digital Era) ဘာသာရပ်များကို
မြန်မာပြည်တွင်းရှိ DBU International College မှာ (𝟮) 𝗬𝗲𝗮𝗿𝘀 ၊ ထိုင်းနိုင်ငံရှိ Dhurakij Pundit University မှာ (𝟭) 𝗬𝗲𝗮𝗿 တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။
---------------------------
DBU International College ရဲ့ 2+1 Program ကို တက်ရောက်ခြင်းက
🎓တက္ကသိုလ်သင်ရိုးညွှန်းတမ်းအပြည့်ကို စာသင်နှစ် (၃) နှစ်တာကာလနဲ့ ပြီးမြောက်အောင် တက်ရောက်နိုင်ခြင်း။
🎓နောက်ဆုံးနှစ်ကိုသာ ထိုင်းနိုင်ငံ 𝗗𝗵𝘂𝗿𝗮𝗸𝗶𝗷 𝗣𝘂𝗻𝗱𝗶𝘁 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 - 𝗗𝗣𝗨 တိုက်ရိုက် တက်ရောက်ရတဲ့အတွက် ကုန်ကျစရိတ် ထက်ဝက်မက သက်သာခြင်း။
🎓ထိုင်းနိုင်ငံရှိ နိုင်ငံတကာ ထိပ်တန်းကုမ္ပဏီကြီးများတွင် 𝗜𝗻𝘁𝗲𝗿𝗻𝘀𝗵𝗶𝗽 ဆင်းနိုင်ခြင်း။
🎓International Exchange များနဲ့ Competition များတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း။
🎓နိုင်ငံခြားမှာ ပညာသင်ကြားပြီး 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗘𝘅𝗽𝗼𝘀𝘂𝗿𝗲 ကို ရယူနိုင်ခြင်း။
🎓ပြည်တွင်း၊ ပြည်ပအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ မိမိ Network ချဲ့ထွင်နိုင်ခြင်း။
🎓ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ခြင်း။
---------------------------
2+1 Program ကို ဘယ်သူတွေတက်သင့်ပါသလဲ❓
🚩အထက်တန်းအောင်မြင်ပြီး ထားတဲ့ကျောင်းသား/ ကျောင်းသူများ။
🚩အထက်တန်းမပြီးသေးပေမယ့် နိုင်ငံတကာပညာရေးလမ်းကြောင်းကို အချိန်တိုတိုနဲ့ ပြီးမြောက်လိုသူများ။
🚩တက္ကသိုလ်သင်ရိုးညွှန်းတမ်းအပြည့် နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့ကို ရယူလိုသူများ။
🚩စရိတ်သက်သက်သာသာနဲ့ ပြည်ပမှာ ပညာရေးကို ဆက်လက်သင်ကြားလိုသူများတက်ရောက်နိုင်ပါတယ်
မြိတ်မြို့မှာဆိုရင် ကျွန်မတို့ EIT Learning Campus က DBU International College နဲ့ချိတ်ဆက်ထားတဲ့ တစ်ခုတည်းသော Learning Center ဖြစ်တာမလို့ စိတ်ဝင်စားတဲ့ ဖေဖေမေမေတို့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ မေးမြန်စုံစမ်းနိုင်ပါတယ်ရှင်
📞 09 250 761 416
📍 Room (E5), Market Garden, Myeik
19/08/2026
မြိတ်မြို့က လူငယ်များရဲ့ ပညာရေးအနာဂတ်ဖြောင့်ဖြူးဖို့
မြိတ်မြို့မှာ GED ဘာသာရပ် (၄)ခုလုံးကို In-Person တက်ရောက်နိုင်တဲ့တစ်ခုတည်းသော Learning Center ဖြစ်တဲ့ EIT Learning Campus မှာတက်ရောက်လေ့လာပြီး
GED ဖြေဆိုအောင်မြင်ပြီးပါက ကိုယ်ရည်မှန်းထားတဲ့ နိုင်ငံတွေရဲ့ တက္ကသိုလ်တွေမှာတက်ရောက်နိုင်တဲ့အပြင် EIT နဲ့ ချိတ်ဆက်ထားတဲ့ DBU International College မှာလည်းတက်ရောက်နိုင်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းပုဂ္ဂလိက တက္ကသိုလ်ကြီးဖြစ်တဲ့ Dhurakij Pundit University နဲ့ချိတ်ဆက်ထားတဲ့ DBU International College မှာ မြန်မာကျောင်းသားများအတွက် မြန်မာမှာ (၂) နှစ် ထိုင်းမှာ (၁) နှစ်တက်ရောက်နိုင်တဲ့ (2+1) Program တွေလည်းရှိပါတယ်
တက်ရောက်နိုင်မယ့် ဘာသာရပ်တွေကတော့
📊 စီးပွားရေးနှင့်စီမံခန့်ခွဲမှု ဘာသာရပ်များ
• ABE-UK (Level 2 to 6)
• BBA (Hons) Business Administration
• BBA (Hons) International Business Management
• BBA Marketing & Branding in Digital Era
💰စာရင်းကိုင်နှင့် ဘဏ္ဍာရေး
• B.Acc Accounting
• BBA (Accounting & Finance)
• BA (Hons) Accounting & Finance
💻 နည်းပညာနှင့် ကွန်ပျူတာ ဘာသာရပ်များ
• B.Sc Computer Science
• B.Tech Information System of Digital Business
🏨 ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဘာသာရပ်များ
• BBA Tourism Management
• BA Hotel & Culinary Business
🎨မီဒီယာ နှင့်ဆိုင်သော ဘာသာရပ်
• B.Com.Arts (Digital Content & Media Creation)
⚖️ဥပဒေဘာသာရပ်
• LL.B International Law တို့ကို တက်ရောက်နိုင်ပါတယ်
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်း၊ ကန်တော်ကြီးပန်းခြံမှာ ဖွင့်လှစ်ထားတဲ့ DBU International College ရဲ့ Campus အသစ် DBU Lakeview Tower ရဲ့ Theater နဲ့ စာသင်ခန်းပုံတွေကိုလည်း တင်ပြထားပါတယ်ရှင့်
မြိတ်မြို့က GED ဖြေဆိုအောင်မြင်ပြီးသူများနှင့် Grade 12 အောင်မြင်ပြီးသူများအနေနဲ့ EIT Learning Campus မှာ တက္ကသိုလ်ရွေးချယ်မှုနှင့်ပတ်သက်တာတွေကို လာရောက်ဆွေးနွေးတိုင်ပင်လို့ရပါတယ်ရှင့်
📞 09 250 761 416
📍 Room (E5), Market Garden, Myeik
19/08/2026
ထိုင်းနိုင်ငံရဲ့ အစဥ်အလာကြီးမားတဲ့ ပုဂ္ဂလိက တက္ကသိုလ်ကြီး Dhurakij Pundit University
မြိတ်မြို့က GED နဲ့ Grade 12 ပြီးထားတဲ့ လူငယ်တွေအတွက် ထိုင်းနိုင်ငံမှာ တက်ရောက်နိုင်တဲ့ Dhurakij Pundit University အကြောင်းကို ပြောပြချင်ပါတယ်ရှင် 🎓
• DPU ကို (၁၉၆၈) ခုနှစ်မှာ တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (၆၀) နီးပါးသက်တမ်းရှိတဲ့ ထိုင်းနိုင်ငံရဲ့ ရှေးအကျဆုံး ပုဂ္ဂလိက တက္ကသိုလ်ကြီး (၄) ခုထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
• ယူကေ အခြေစိုက် University of Sunderland နဲ့ချိတ်ဆက်ထားပြီး (၂၀၀၈) ခုနှစ်မှာ ပညာရေးအရည်အသွေး အကောင်းဆုံးဆု (ประเภทดีเลิศ) ကို ရရှိခဲ့ပြီး
ချူလာလောင်ကွန်း တက္ကသိုလ်(Chulalongkorn University)၊ ချင်းမိုင်တက္ကသိုလ်(Chinmaing University)တို့လို ထိပ်တန်း တက္ကသိုလ်များနဲ့အတူ ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။
"นักธุรกิจเป็นผู้สร้างชาติ“ စီးပွားရေးလုပ်ငန်းရှင်များသည် နိုင်ငံကို တည်ဆောက်သူများဖြစ်သည်” ဟူသော DPU တက္ကသိုလ်၏ ဆောင်ပုဒ်အတိုင်း
• Business Administration
• International Business
• Marketing
• Accounting
• Finance
• Digital Media
• Information Technology
• Hospitality & Tourism Management
• Communication Arts
• Engineering
• Law စတဲ့ဘာသာရပ်များကို ဖွင့်လှစ်သင်ကြားပေးနေပြီး ထိုင်းနိုင်ငံနှင့် နိုင်ငံတကာမှာ ထူးချွန်သော Professional များစွာကို မွေးထုတ်ပေးနေတဲ့ တက္ကသိုလ်ကြီးဖြစ်ပါတယ်။
📚Dhurakij Pundit University ဟာ မြန်မာနိုင်ငံမှာဆိုရင် DBU International College နဲ့ချိတ်ဆက်ထားတဲ့ ပထမဆုံး တက္ကသိုလ်ဖြစ်ပြီး GED, Grade 12 ပြီးမြောက်ပြီးတဲ့ လူငယ်များအတွက်
မြန်မာနိုင်ငံမှာ (၂) နှစ် + ထိုင်းနိုင်ငံမှာ (၁) နှစ် တက်ရောက်နိုင်တဲ့ (2+1) Program တွေကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။
မြိတ်မြို့မှာဆိုရင် ကျွန်မတို့ EIT Learning Campus က DBU International College နဲ့ချိတ်ဆက်ထားတဲ့ တစ်ခုတည်းသော Learning Center ဖြစ်တာမလို့ စိတ်ဝင်စားတဲ့ ဖေဖေမေမေတို့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ မေးမြန်စုံစမ်းနိုင်ပါတယ်ရှင်
📞 09 250 761 416
📍 Room (E5), Market Garden, Myeik
06/08/2026
🌟 A New Achievement Unlocked!
ကြိုးစားမှု၊ စိတ်အားထက်သန်မှုနဲ့ မလျှော့တဲ့စိတ်ဓာတ်တို့ရဲ့ ရလဒ်အဖြစ်
Aye Chan Moe ဟာ GED Exam ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါပြီ။
🎓ဒီအောင်မြင်မှုက ပညာရေးခရီးရဲ့ နောက်ထပ်အခွင့်အရေးအသစ်တွေဆီ သွားမယ့် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါ။
Congratulations on your achievement! 👏✨
29/07/2026
🌕 မြတ်ဗုဒ္ဓ၏ ဓမ္မစကြာတရားတော် စတင်ဟောကြားတော်မူသော ဝါဆိုလပြည့်နေ့ 🌕
ယနေ့ကျရောက်သော "ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)" မြတ်သော နေ့ထူးနေ့မြတ်တွင် EIT Learning Campus မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တကွ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ဘုရားရှင်၏ တရားတော်များကို နှလုံးသွင်းဆင်ခြင်ရင်း ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ကြပါစေ။ 🙏
#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့
22/07/2026
မြိတ်မြို့မှာ GED ကို အနီးကပ်သင်ယူချင်သူများအတွက် 🎓
GED ကို စတင်တက်ရောက်ချင်ပေမယ့် Online ကနေ စာလိုက်မမီမှာ၊ နားမလည်တာတွေ မေးမြန်းဖို့အဆင်မပြေမှာ စိတ်ပူနေပါသလား?
မြိတ်မြို့မှာ ကျောင်းသား/သူများအတွက် GED Foundation Class ကို on Campus အနီးကပ်တက်ရောက်နိုင်အောင် စီစဉ်ပေးထားပါတယ်။
EIT Learning Campus ရဲ့ သာချက်တွေကတော့—
✅ အချိန်တိုအတွင်း ထိရောက်စွာ သင်ယူနိုင်ခြင်း
GED ဘာသာရပ် (၄) မျိုးလုံးရဲ့ အခြေခံသဘောတရားတွေကို (၄) လမှ (၆) လအတွင်း နားလည်ကျွမ်းကျင်လာအောင် စနစ်တကျ သင်ကြားပေးမှာပါ။
✅ တစ်နေရာတည်းမှာ အစမှအဆုံး တက်ရောက်နိုင်ခြင်း
GED Foundation Class ပြီးဆုံးသွားတဲ့နောက် ဘာဆက်လုပ်ရမလဲဆိုပြီး လမ်းပျောက်နေစရာမလိုပါဘူး။
Foundation Class ကနေ GED Preparation Class ကို ဆက်လက်တက်ရောက်နိုင်ပြီး GED စာမေးပွဲဖြေဆိုဖို့ အဆင်သင့်ဖြစ်သည်အထိ တစ်နေရာတည်းမှာ ဆက်တိုက်ပြင်ဆင်နိုင်မှာပါ။
✅ ဆရာ/ဆရာမများမှ အနီးကပ်ဂရုစိုက် သင်ကြားပေးခြင်း
On campus အတန်းဖြစ်တာကြောင့် စာနားမလည်တာတွေကို ဆရာ/ဆရာမများထံ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။
ကျွမ်းကျင်တဲ့ ဆရာ/ဆရာမများက ကျောင်းသား/သူတစ်ဦးချင်းစီရဲ့ သင်ယူမှုအခြေအနေကို အနီးကပ်ဂရုစိုက်ပြီး စနစ်တကျ လမ်းညွှန်သင်ကြားပေးသွားမှာပါ။
GED ခရီးလမ်းကို မြိတ်မြို့မှာပဲ Foundation ကနေ စာမေးပွဲဖြေဆိုသည်အထိ စနစ်တကျ ပြင်ဆင်ချင်တယ်ဆိုရင် EIT Learning Campus ကို ဆက်သွယ်စုံစမ်းနိုင်ပါပြီ။
အတန်းအကြောင်း အသေးစိတ်မေးမြန်းရန်နှင့် အပ်နှံရန် 👇
📍 Room (E5), Market Garden, Myeik
☎️ 09 250 761 416
#မြိတ်မြို့
19/07/2026
၁၉ ဇူလိုင် — မမေ့နိုင်သောနေ့ 🕊️
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ စွန့်လွှတ်မှု၊ သတ္တိနှင့် တာဝန်ယူမှုတို့ကို အစဉ်အမြဲ အောက်မေ့တန်ဖိုးထားလျက်—
(၇၉) နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား EIT Learning Campus မှ လေးမြတ်စွာ ဂါရဝပြုအပ်ပါတယ်။
#အာဇာနည်နေ့ #တို့မမေ့
Category
Contact the business
Telephone
Address
Room E(5) Market Garden
Myeik
11141
Opening Hours
| Monday | 08:00 - 19:30 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 08:00 - 19:30 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when EIT Learning Campus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.