Laven Dar Learning Program

Laven Dar Learning Program

Share

LEARNING PROGRAM

25/04/2026

Batch 2 Programing for Kids

21/03/2026

ကျောင်းသား/သူများ အတွက် ရည်ရွယ် ပြီး ဖွင့်လှစ်မယ့် ပန်းချီတန်းခွဲကို April လတွင် စတင်ပါမည်.

Send a message to learn more

21/03/2026

Teacher Naw Naw@Tun Lin အတန်း‌လေးစနေပါပြီ။ April လတန်းခွဲသစ် အတွက် ကြိုတင် စာရင်းပေးနိုင်ပါပြီ>>>>

10/03/2026

ပန်းချီသင်တန်း
ကာတွန်း - တစ်တီတူးကိုယ်တိုင်သင်ကြားပေးတာ ဖြစ်ပါတယ်။
အသက် (၇) နှစ် နှင့် အထက်
သင်တန်းကာလ (၂ )လ

သင်တန်းချိန်ညနေ အဆင်မပြေသူများ သီးသန့် တန်းခွဲရှိပါတယ်။

ပန်းချီအနုပညာသည်---

၁)ဖန်တီးမှုစွမ်းရည် တိုးတက်စေသည်။

၂)ကိုယ်ပိုင်ခံစားချက် ဖော်ပြနိုင်စေသည်။

၃)စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေသည် စိတ်ဖိစီးမှုကို လျော့ချပေးပြီး စိတ်အေးချမ်းမှုရစေသည်။

၄)စဉ်းစားတွေးခေါ်နိုင်စွမ်း တိုးတက်စေသည်။ 💡

၅) ယဉ်ကျေးမှုများကို နားလည်စေသည်
အနုပညာမှတစ်ဆင့် မတူညီသော ယဉ်ကျေးမှုများနှင့် ရိုးရာများကို လေ့လာနိုင်သည်။

၆)ယုံကြည်မှု တိုးတက်စေသည်
ကိုယ်ဖန်တီးထားသော အနုပညာကို ပြသခြင်း၊ တင်ပြခြင်းတို့မှ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမိုတိုးတက်စေသည်။

၇)ဆက်သွယ်ပြောဆိုနိုင်စွမ်း တိုးတက်စေသည်
စကားလုံးများမလိုဘဲ အတွေးအမြင်များကို အနုပညာမှတစ်ဆင့် ဆက်သွယ်ဖော်ပြနိုင်သည်။

07/03/2026

Let's start for our future.

05/03/2026

ဒီနေ့ခေတ် ကလေးတွေအတွက် Programming ဆိုတာ စာသင်ခန်းထဲက ဘာသာရပ်တစ်ခုတင်မကဘဲ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ပုံဖော်ပေးနိုင်တဲ့ ဘာသာရပ် တစ်ခုဖြစ်ပါတယ်။

ဘာကြောင့် လေ့လာသင့်တာလဲ?

၁. တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးခြင်း 🎨
ဇာတ်ကောင်လေးတွေ ဘယ်လိုလှုပ်ရှားမလဲ၊ ဘာပြောမလဲဆိုတာကို ကလေးက စိတ်ကြိုက် ဆုံးဖြတ်ရတာဖြစ်လို့ သူတို့ရဲ့ Imagination က အကန့်အသတ်မရှိ ပွင့်လန်းလာမှာပါ။

၂. ပြဿနာဖြေရှင်းနိုင်တဲ့ စွမ်းရည် (Problem Solving) 🧩
Block လေးတွေ ဆက်လို့မရတဲ့အခါ ဒါမှမဟုတ် ဂိမ်းက အလုပ်မလုပ်တဲ့အခါ "ဘာကြောင့်လဲ" ဆိုတာကို ရှာဖွေရင်းနဲ့ အခက်အခဲတွေကို စိတ်ရှည်လက်ရှည် ဖြေရှင်းတတ်လာပါလိမ့်မယ်။

၃. Logic ကျကျ တွေးခေါ်တတ်ခြင်း 🧠
အဆင့်ဆင့် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အစီအစဉ်တကျ တွေးခေါ်မှုကို ငယ်ငယ်ကတည်းက အခြေခံကောင်း ရရှိစေပါတယ်။

ဘာတွေလိုမလဲ?
- ကွန်ပြူတာ (Laptop)
- အင်တာနက်
- ကွန်ပြူတာ အခြေခံ
- English အခြေခံ ဒါလေးတွေတော့ ပြင်ဆင်ထားရှိရပါမယ်။
အသက် (၇) နှစ်အထက် မည်သူမဆို တက်ရောက်နိုင်ပါတယ်။ Zoom Class ဖြစ်လို့ နေအိမ်ကနေ အလွယ်တကူ သင်ယူနိုင်ပါတယ်။

"Schedule"
Course duration - 2 months
Day - Saturday and Sunday
Time period - Section (A) 6:00 pm - 7:00 pm
-Section (B) 7:00 pm- 8:00 pm

#ကလေးများအတွက်ပရိုဂရမ်မင်း #စကရက်ခ် #တီထွင်ဖန်တီးမှု #မြန်မာကလေးငယ်များ #နည်းပညာအခြေခံ #ကလေးပညာရေး

20/02/2026

Mushroom

06/02/2026

Country Side

Want your school to be the top-listed School/college in Myitkyina?
Click here to claim your Sponsored Listing.

Website

Address


Myitkyina
01011