My Home Preschool

My Home Preschool

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Home Preschool, School, Pyawbwe.

24/09/2026

ကလေးတွေ မူကြိုကျောင်း မသွားချင်ကြတာ ဘာကြောင့်လဲ။
သားသားမီးမီးလေးတွေ ကျောင်းမသွားချင်လို့ ဂျီကျတဲ့အခါ မိဘရောဆရာပါစိတ်မကောင်းဖြစ်ကြရပါတယ်။

မူကြိုကျောင်း မသွားချင်ရတဲ့ အဓိကအကြောင်းရင်းတွေက ဘာတွေဖြစ်မလဲဆိုတာရှာဖွေပြီး ဘယ်လိုလုပ်ပေးသင့်တယ်ဆိုတာ ဒီဆောင်းပါးလေးကနေတစ်ဆင့် မျှဝေလိုက်ပါတယ်။

၁။ ကလေး ၃ နှစ်နဲ့ ၄ နှစ်ကြား အရွယ်တွေမှာ အဖြစ်အများဆုံးကတော့ အိမ်နဲ့မခွဲချင်တာပါ။ ပထမရက်တွေမှာကတည်းက ငိုတဲ့ကလေးလေးတွေရှိသလို ကစားစရာသစ်၊ ဆရာမသစ်နဲ့ ပျော်ပြီး တပတ်
လောက်ကြာမှ ငိုတဲ့သူလည်းရှိပါတယ်။ အိမ်နဲ့ ခွဲရပြီဆိုပြီး စိုးရိမ်မှု၊ စိတ်ဖိစီးမှုဖြစ်လာတာပဲဖြစ်ပါတယ်။ ကျောင်းမှာတနေ့ကုန် အဆင်ပြေနေပြီး အိမ်ရောက်မှ ပေါက်ကွဲတတ်သူလေးတွေလည်းရှိပါသေးတယ်။ (ချမ်းမြေ့မေတ္တာမူကြိုက သားသားမီးမီးတို့တုန်းကရော ဘယ်လိုငိုခဲ့ကြလဲ😍)

၂။ နောက်တချက်ကတော့ အိမ်မှာဆိုရင် အရာရာ မိဘက ကူလုပ်ပေးပါတယ်။ ဒါပေမဲ့ မူကြိုမှာတော့..
- ကိုယ်တိုင်စားရမယ်
- ကိုယ်တိုင်အိမ်သာတက်ရမယ်
- အင်္ကျီ၊ဘောင်းဘီ၊ဖိနပ်ကိုယ်တိုင်ဝတ်/ချွတ်ရမယ်
- ကိုယ်ပိုင်ပစ္စည်းတွေ သိမ်းရမယ်
- အမြဲတမ်း အားလုံးနဲ့တန်းတူနေရမယ်
- စည်းကမ်းအတိုင်း လိုက်နာရမယ်
ဒါလေးတွေကိုအသားကျဖို့ အချိန်ယူရတဲ့အချိန်မှာ ကျောင်းမပျော်လာသေးပါဘူး။

၃။ ကလေးတိုင်း ဂျီကျတာက စိုးရိမ်စိတ်ကြောင့် မဟုတ်ပါဘူး။ တချို့က ပျင်းလာကြတာပါ။ ကလေးက "ကျောင်းက ပျင်းစရာကြီး၊ နေ့တိုင်း အတူတူပဲ" လို့ ထင်လာပြီးလည်း မပျော်တတ်ပါဘူး။

ဒါဆိုကျောင်းမသွားချင်တဲ့စိတ်လေး လျော့လာအောင်ဘယ်လိုလုပ်ပေးသင့်လဲ။
၁။ ကလေးဂျီကျတဲ့အခါ "ဘာလို့ မသွားချင်တာလဲ”လို့မေးမယ့်အစား “ ကလေးမသွားချင်တာဖေဖေသိတာပေါ့" “အင်းပေါ့ ကလေးကအိမ်မှာပဲ ဆော့ချင်နေသေးတာ” “ မေမေနဲ့ မခွဲချင်တာသိတာပေါ့” စသဖြင့် ကလေးရဲ့ခံစားချက်ကို အရင်ဆုံးလက်ခံပေးလိုက်ပါ။

၂။ကလေးစိတ်ကလေး လုံခြုံမှုရှိသွားအောင် ကျောပိုးအိတ်ထဲမှာ ဓာတ်ပုံလေးတွေ၊ အရုပ်လေးနဲ့အကြိုက်ဆုံးတစ်ခုခု ထည့်ပေးထားပါ။

၃။ မိဘတွေစိတ်ပူနေရင် ကလေးကလည်း စိတ်ဖိစီးပါတယ်။ ငိုတဲ့ကလေးတော်တော်များများမှာ မိဘတွေ ထွက်သွားပြီးမိနစ်ပိုင်းအတွင်း ပျော်ပျော်ရွှင်ရွှင် ကစားတတ်ကြပါတယ်။

၄။ နံပတ်(၁)မှာပြောခဲ့သလို ကလေးရဲ့ခံစားချက်လေးကို အရင်လက်ခံပြီးတာနဲ့ ကလေးလေး မသွားချင်မှန်း မေမေသိတာပေါ့ ဒါပေမဲ့ ဒီနေ့က ကျောင်းတက်ရမယ့်ရက်ဆိုပြီး စည်းကမ်းထားပါ။

နောက်ဆုံးအနေနဲ့ မျှဝေချင်တာကတော့ …
သားသားမီးမီးတို့တွေ မူကြိုမသွားချင်တာဟာ ပြောင်းလဲမှုလေးတွေ၊ ခွဲခွါရတာတွေ၊ သူတို့မျှော်လင့်ထားသလို အမြဲတမ်းဆော့မနေရတာလေးတွေနဲ့ မိဘနဲ့ခွဲရတာ အကြာကြီးဖြစ်နေတာလေးတွေကြောင့် ဖြစ်လာတဲ့ခံစားချက်လေးတွေကို တုံ့ပြန်နေတာဖြစ်ပါတယ်။

ဒါလေးတွေကိုနားလည်ပေးလိုက်ရင် လပိုင်းအတွင်းမှာပဲ ကျောင်းပျော်တဲ့ကလေးလေးအသွင်ပြောင်းလဲသွားပါလိပ်မယ်။


#ချမ်းမြေ့မေတ္တာမူကြို

16/09/2026

Happy 6th Birthday to our adorable little princess! 👑💕 Shwe Poe Yati 💕

Wishing you good health, happiness and confidence as you grow. Keep shining brightly, little princess, and may your beautiful childhood be filled with many precious and unforgettable memories! 🌈🎂✨

16/09/2026

🎂💙Happy 5th Birthday to our precious little boy Bhone Myat Thwin!

How quickly you've grown! Watching you grow day by day is our greatest joy.

May you always be healthy, happy, brave and surrounded by love.♥️

We Lovely you forever! 💝

Photos from My Home Preschool's post 11/09/2026

Theme of September "All about me"

Sept ပထမအပတ်မှာတော့ Prek_3 ကလေးငယ်များဟာ မိမိ ခန္ဓာကိုယ်အစိတ်အပိုင်းများမှ မျက်နှာလေးအကြောင်းကိုလေ့လာသင်ယူကြပါတယ် ☺️

Fine motor skills တိုးတက်စေရန်အတွက် play dough လေးများဖြင့် မျက်ခုံး၊မျက်လုံး၊နှာခေါင်း၊ပါးစပ်၊ဆံပင် စသည်တို့ကိုလည်း ပြုလုပ်‌လေ့ကျင့်ခဲ့ကြပါတယ် ❣️

10/09/2026

🎀 Happy Birthday, Sweet Princess! Eaint Khit Han! 👑🎂🎈

Wishing you a joy full day filled with laughter, love and sweet surprise.

Have the most wonderful birthday ever! 💕

Photos from My Home Preschool's post 09/09/2026

✨Happy 4th Birthday to our sweet little girl!
Thoon Myat Yati 🎉🎂🎉
May you grow up healthy, happy, confident and brave. Love you! 🥰 ✨

Photos from My Home Preschool's post 07/09/2026

It's writing practice time for Pre-K4 classes. 😍

04/09/2026

🎉Happy Birthday, princess Akari Su Naing!🎉🎂🎈
May your days be filled with sunshine laughter, and endless happiness as you grow healthy and bright! 💓

27/08/2026

Happy 5th Birthday to our adorable little princess! 👑💕 Shin Yoon San💕

May you always stay cheerful, kind and curious, with a heart full of dreams. Keep shining brightly, little princess, and may your beautiful childhood be filled with many precious and unforgettable memories! 🌈🎂✨

24/08/2026

🍀 Assistant Teacher ခေါ်ယူခြင်း 🍀

ပျော်ဘွယ်မြို့၊မဟာဗန္ဓုလလမ်း၊မြို့မရပ်ကွက် My Home Preschool တွင် Assistant Teacher (၂) ဦးခေါ်ယူလိုပါသည်။

- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

- ECCD လက်မှတ် ရှိသူဦးစားပေးပါမည်။

-အသက် (၃၀) နှစ်အောက် ဖြစ်ရမည်။

- ကလေးများကိုချစ်ခင်ပြီးစိတ်ရှည်နိုင်သူဖြစ်ရမည်။

- လုပ်ဖော်ကိုင်ဖက်များဖြင့် အတူတကွလက်တွဲလုပ်ဆောင်နိုင်ရမည်။

-လစာညှိုနှိုင်း

-အလုပ်ချိန် မနက် ၈ နာရီ မှ နေ့လယ် ၄ နာရီခွဲ

-စနေ၊တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များပိတ်ပါသည်။

****************************
CV Form ကို
☎️09420095406 Viber သို့ ပေးပို့ လျှောက်ထားနိုင်ပါသည် (သို့) လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်။

Category

Telephone

Website

Address


Pyawbwe
050101

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00