Thu Kha Linn

Thu Kha Linn

Share

happiness

26/06/2023

ဘဝမှာ အမေရှိနေတာက
ထောက်တိုင်တစ်ခုဆိုတာထက် အများကြီးပိုတယ်။

ဘဝထဲမှာ အဆင်မပြေမှုသေးသေးလေးက အစ
ပင်ပန်းစရာတွေကြုံတိုင်း အမေ့ဆီရင်ဖွင့်တဲ့အခါ
အားဖြစ်ရတယ်။

relationship ကိစ္စတွေ၊ဘယ်သူနဲ့ဘယ်လိုဆက်ဆံရေးရှိနေကြောင်း ပြောပြလို့ရပြီး
တိုင်ပင်လို့ရတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဆိုလည်းဟုတ်တယ်။

ပျော်လို့ ရင်ခွင်ထဲတိုးဝှေ့လည်းစိတ်မပျက်ဘဲချစ်နေပေးတာ အမေပဲ။
ငိုနေချိန်မှာလည်းဖက်ငိုပေးတာ အမေပဲ။

ဘာဖြစ်ဖြစ်လေ
အမေ့ဆီ အရင်ပြေးသွားပြီးပြောပြချင်မိတာပဲ
ဘာမှအများကြီးမလိုချင်သလို
ဘယ်သူမှကိုယ့်ကိုမပေါင်းသင်းပါစေ အမေရှိနေရင်
လွတ်လပ်ပြီး ကာကွယ်မှုအပြည့်ရတယ်။

ဒီဘဝထဲ ကျန်းကျန်းမာမာနဲ့
အတူရှင်သန်သွားချင်တာကတော့ ဒီသက်ရှိပါပဲ။

—

15/11/2022

တကယ်ချစ်ရင် မလိမ်ပါနဲ့ ခံစားရတဲ့လူက
ရင်ဘတ်ကြီး တစ်ခုလုံး ကွဲထွက်မတက် ရူးမတက်
သေမတက် နာနာကျင်ကျင်ကို ခံစားရတာဗျ💔

11/11/2022

ဝေးကွာခြင်းတွေ နီးစပ်နိုင်ခြင်းတွေ
ပျက်တောက်သွားမဲ့ အကြောင်းရာတွေ
ကျွန်တော် မတွေးဘူး

ပိုင်ဆိုင်ရဖို့ ဖြစ်နိုင်ပါ့မလား
စိုးရိမ်မနေချင်တော့ဘူး ဒီလိုပြောတာကလဲ
မချစ်လို့မဟုတ်ပြန်ဘူး

လက်ရှိ ဒီအနေထားလေး အတိုင်းမှာကွာ
လုံလောက်တဲ့ နွေးထွေးမှုလေး တွေပဲ အမြတ်တနိုးထားချင်တယ်
တက်နိုင်သလောက် လိုလေသေးမရှိ ချစ်ပေးနေတာပဲ

ပေးသလောက်ပြန်မလာရင်နေပါ
ဘယ်လောက်ချစ်နေလဲ နားလည်စေချင်တယ်
ဘယ်လိုပဲဆုံခဲ့ ကြုံခဲ့ ပါစေ ကံပါသလောက်လေး ပျော်ချင်တယ်

ဘာအကြောင်းပြချက် ရှိလို့မှ
ချစ်ခဲ့တာ မဟုတ်ဘူး သတိမထားမိခင်မှာကို အတွင်းထဲထိ
အနည်ထိုင်သွားတာမျိုး

အစပိုင်း အရမ်းကောင်းပြီး
နောက်ပိုင်း ရှုးသွားတာမျိုး မလိုချင်ဘူး
ချစ်နေချိန်မှာ ချစ်ခွင့်ရှိသလောက် ပျော်ရွှင်မှု တွေပဲ ပေးခဲ့ချင်တယ်

ကိုယ်တိုင်ဖန်တီးခွင့်ရှိရင် ပါလာတဲ့ ကံတရားတွေကို
ပြောင်းရေးပြစ်ချင်တာပါပဲ အချစ်ရေးနဲ့ပတ်သက်ရင်
အမြဲကံမကောင်းခဲ့ ဘူး

အရမ်းချစ်ပြတော့လဲ
သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမှာ
စိတ်ပူရပြန်တယ် စိတ်အနှောက်ယှက်ဖြစ်သွားမှာလဲ
ကြောက်ရတယ်

တခါတေလဆို
စကားပြောတဲ့ လေသံလေးကအစ
ပြောင်းသွားတာမျိုးဆိုရင်လေ အဲ့လိုအရာရာ လိုက်တွေးပေးမိလွန်းလို့
အတွေးလွန်တက်သူမို့ လို့ပေါ့

ဖျောက်လို့မရမှန်းရော ကိုယ့်ကိုကို ပင်ပန်းစေမှန်းရော
နားလည်တယ် ဒါပေမယ့် ဒီပုံစံကို ကိုယ်ကလုပ်ယူထားတာမှ မဟုတ်ပဲ
ပြောင်းလဲ ပြစ်ဖို့လဲ မဖြစ်နိုင်ပြန်ဘူး လုပ်လို့လဲ မရဘူး

သုခလင်း

11/11/2022

ဆုံးရှုံးရမှာ ကြောက်တယ်ဆိုတာ
သိပ်ချစ်ရသူတွေရဲ့ ရောဂါပဲတဲ့ အချစ်ရယ်
ငါ့မှာ ချစ်ခြင်းမေတ္တာနဲ့ ပက်သတ်ရင်လေ မင်းကို
နည်းနည်းလေးမှ ထိခိုက်ပွန်းပဲ့တာမျိုး မခံနိုင်ဘူး

သုခလင်း

11/11/2022

ဝင်သက် ထွက်သက်ဟာ
မင်းဖြစ်သလို ရှင်သန်ရခြင်းရဲ့

အဓိပ္ပါယ်တွေ ပြည့်စုံဖို့ကိုလဲ မင်းကိုပဲ
ထပ်တလဲလဲ လိုအပ်ပါတယ်

သုခလင်း

16/08/2022

ကြိုးဆွဲရာလည်း က ခဲ့ရတယ်
ဝေးမသွားအောင်လည်း ခ ခဲ့ရတယ်
ကျွန်တော် တာဝန်ကျေခဲ့တယ် မဟုတ်လား

16/08/2022

ကျိုးကြေနေတဲ့ စီးကရက်တွေဟာ အိပ်ခွံထဲမှာ
နေသား တကျ အတိတ်ကို ပြန်သတိရဖို့
လုံလောက်တယ်မလား

နေ့နေ့ညည အဆင်ပြေပြေ သတိရနိုင်ဖို့ အဆုတ်တွေပါးပေးရတယ်

#သုခလင်း

11/04/2022

ဘာလို့ မြင်တွေ့မိသွားတာလဲ
ဘာလို့ ရင်းနှီးခဲ့ရသေးလဲ
ဘာကြောင့် ချစ်ခဲ့ကြတာလဲ

ဘာကြောင့် လိမ်ခဲ့တာလဲ

ဘာအကြောင်းပြချက်ကြောင့် မုန်းသွားခဲ့တာလဲ
ဘာအကြောင်းပြချက်နဲ့ မချစ်နိုင်တော့တာလဲ

ခုရော
ဘယ်ရောက်နေတာလဲ
ဘာလို့အဆက်သွယ် မလုပ်တော့တာလဲ

ငါ့မှာ မေးခွန်းတွေ အများကြီးထဲ
ဘာလို့ မင်းချန်ခဲ့သေးတာလဲ

ငါကရော ဘာဖြစ်လို့ မင်းကို
မမေ့နိုင်ခဲ့ ရတာလဲ ချစ်နေရသေးတာလဲ

-သုခလင်း

08/04/2022

သိပ်တုံးလိုက်တဲ့ ငါ
မင်းဆီစာတိုလေး တစ်ကြောင်းပို့ဖို့
စကားလုံးလေး တစ်ခုတောင် မတွေးတော
နိုင်ခဲ့ဘူး. . .

သုခလင်း

05/04/2022

ငြိတွယ်မိသွားခဲ့တယ်
ချစ်ခဲ့ကြတယ် ကြည်နူးခဲ့ကြတယ်

ဒီလိုနဲ့ ကြာလာတော့ လက်ပြနှုတ်ဆက်
သွားခဲ့ရတယ် ပြုံးပြုံးလေးပါပဲ

ဝေးသွားခဲ့ကြတယ်
တယောက်က တခြားတစ်ယောက်ရင်ခွင်ထဲမှာ
သာယာလို့ပျော်ရွှင်လို့

ကျန်ခဲ့တဲ့လူက
သတိတွေရလို့ ကြေ ကွဲလို့
မူးလို့ ဆေးလိပ်ငွေ့တွေငေး ကြည့်လို့

ကော်ဖီတွေသောက်လို့ ဂစ်တာတွေတီးလို့
ကိုင်သူမဲ့တဲ့ နှုတ်ပါတ်လေးကိုပဲ အထပ်ထပ် အခါခါ
ဆက်လို့ မျက်ရည်တွေ ကျလို့

ဒီလိုနဲ့ ဒီလိုပါပဲ. . .
ကိုယ့်ပျော်ရွှင်မှုနဲ့ ကို
ကိုယ့်နာကျင်မှု့နဲ့ကို ကိုယ့်မျက်ရည်နဲ့ကိုပေါ့

-သုခလင်း

04/04/2022

တော်လောက်ပါပီ ပီးခဲ့တာတွေလဲ
ပြီးသွားပြီ ဆိုပေမယ့် သူ့ကိုလွမ်းနေသေးတာ

#သုခလင်း

Photos from Thu Kha Linn's post 25/01/2021

အက်ုရေ.. .. ..

Category

Website

Address


Pyawbwe