Written By Heart
I can peace.
03/02/2022
07/02/2021
အိပ်သာ အိပ်ခဲ့ရပြီး
တစ်မှေးမျှ မပျော်ခဲ့ရတဲ့ညတွေလို
အမှောင်ရောက်လို့သာ
ခေါင်းချခဲ့ရပေမယ့်
မပျော်ဘဲနေရမယ့် ဘ၀တွေပြန်မရောက်ချင်ဘူး
အရှင်နေမင်း ပြန်လင်းလတ်လို့
နေ့သစ်ဆီသို့
အမြန်ဆုံးရောက်နိုင်ပါစေ🙏🙏🙏
အချစ်က ကျွန်တော်နဲ့မဆိုင်ခဲ့သလို
ကျွန်တော်နဲ့ သက်ဆိုင်ခဲ့သူကလည်း
အချစ်မဖြစ်ခဲ့ဘူးဗျာ... 😥...
နိဗ္ဗာန်လား ငရဲလား???
သေဆုံးနေပြီလား ရှင်သန်နေသေးလား???
အတိတ်လား အနာဂါတ်လား ???
ငါတကယ်မသိတော့ဘူး😥😥😥
မနက်ဖြန်မှာ ဘာထပ်လိုချင်လဲ မေးရင်
ဘာမှ မလိုချင်တော့ဘူး တကယ်ပါ
စွန့်လွှတ်လိုက်ခြင်းထက် မမီတော့တာဆိုပိုမှန်မယ်
မဖြစ်နိုင်တော့ခြင်းတွေဆိုတာ ဘာလဲ
ငါ့နဲ့လာယှဉ်ပါလား 😥😥😥
မပျော်ရခြင်းတွေဆိုတာ ဘာလဲ
ငါနဲ့လာယှဉ်ပါလား😥😥😥
အထီးကျန်ခြင်းတွေဆိုတာ ဘာလဲ
ငါနဲ့လာယှဉ်ပါလား😥😥😥
ဆုံးရှုံးလိုက်ရခြင်းတွေဆိုတာ ဘာလဲ
ငါနဲ့လာယှဉ်ပါလား😥😥😥
သောကဆိုတာ ဘာလဲ
ငါနဲ့လာယှဉ်ပါလား😥😥😥
ဆိုးရွားလှပါတယ်ဆိုတဲ့ လောကဓံရှိသေးလား
လာခဲ့ပါ ငါ့ဆီကိုပဲ ငါအဖော်မရှိလို့ပါ 😥😥😥
တစ်ခါတလေကျ... ...
ချုပ်မရ တည်းမရတဲ့ ခံစားချက်တွေနဲ့ ... ...
အရူးမီးဝိုင်းနေသလိုပဲ
ဒါတွေသူမသိဘူး ...😢....
22/04/2020
မင်းအကြင်နာ နဲ့ ကင်းကွာနေလို့ မရတဲ့ ကိုယ်ပါ..
22/04/2020
ကိုယ့်အရုပ်ကသာ အကျည်းတန်တာ
ပတ်၀န်းကျင်အလှတရားတွေကျ သိပ်မြတ်နိုးတတ်တယ်...
ဥပမာ ...
ပန်းပွင့်လေးတွေကို နမ်းခြူမိတာမျိုး😘😘
မင်းကို လှမ်းလို့ ချစ်မိတာမျိုး...😘....
20/04/2020
အစိုးမရတဲ့ ဥယျာဉ်မှူးပေမယ့်
ရင်မှ ဖူးတဲ့ပန်းမို့
လေရူးလေးတွေတောင်
မတိုးဝေ့စေချင်ဘူး ... ..
လွမ်း ရ တဲ့ နာ ရီ တွေ က
မင်း မ ရှိ တဲ့ တိုင်း ပြည် လို ပဲ
ရင် ထဲ မှာ ဗ လောင် ဆူ လို့
အ စိုး ရ တယ် မ ရှိ ဘူး ... ..
နှစ်ဟောင်းကနေ နှစ်သစ်ထိ
စွဲငြိရတဲ့.... မင်းအပြုံး
မင်းရယ်သံ
မင်းအာရုံ တွေကို....
ဘ၀ဟောင်းကနေ ဘ၀သစ်ကူးသည်ထိ...
ထုပ်ပိုးလို့သယ်သွားပါရစေ ... ..
Category
Contact the business
Website
Address
Pyawbwe