Daily Care Pharmacy & Mart
ဆေးနှင့်ဖြည့်စွက်စာများကိုလက်လီလက်ကားဝယ်ယူနိုင်ပါတယ် Parcels pick-up/drop-off is available.
20/07/2026
Shiseido ကဘဲထွက်တဲ့ Collagen powder အထုတ်တွေလည်းဝင်ပါပြီရှင်
Exp 2027 ၁လပိုင်းထိ Fresh date ဖြစ်နေပါသေးတယ်နော် 😍
ပုံမှန်စျေး ၇၅၀၀၀ / ၇၈၀၀၀ ပေါက်ပါတယ်ရှင် မင်မင့်ဆီမှာတော့ ပစ္စည်းစစ်မှန်တဲ့အပြင်
ဘယ်မှာမှမရတဲ့စျေးနဲ့ အောင်းပေးထားပါတယ် 😘
ပစ္စည်းအလုံအလောက် ရှိတာမို့ လက်ကားလိုချင်သူများလည်း ဆက်သွယ်နိုင်ပါတယ်ရှင် 😍
#ဖြည့်စွက်စာ
#ကျန်းမာရေးဓာတ်စာ
#လူသုံးကုန်
#ပြည်မြို့
19/07/2026
Hello Hello 🦋
you တို့ရဲ့ ကျန်းမာရေးမိတ်ဆွေ Daily Careလေး လာပါပြီ 😍
ဒီနေ့မှာတော့ သောက်သုံးခြင်းအကြောင်းနဲ့ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေနဲ့ ဆိုးကျိုးများကို ဆွေးနွေးကြရအောင်🥰
#ကော်လာဂျင် (Collagen)၏ကောင်းကျိုးနှင့် ဆိုးကျိုးများ
#ကောင်းကျိုးများ
~အသားအရေကို တင်းရင်းစေပြီး အရွယ်မတိုင်မီ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းကို လျော့ကျစေပါတယ်။
~အသားအရေကို ရေဓာတ်ပြည့်ဝစေပြီး ကြည်လင်ချောမွေ့စေပါတယ်။
~အရိုးအဆစ်နှင့် ကြွက်သားများရောင်ရမ်းခြင်းကို သက်သာစေပြီး အရိုးနုများကို သန်စွမ်းစေပါတယ်ရှင်။
~ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး လက်သည်း၊ ခြေသည်းများ ကျိုးလွယ်ခြင်းမှ ကာကွယ်ပေးပါတယ်ရှင်🌟😍
#ဘေးထွက်ဆိုးကျိုးများ
~သောက်သုံးနေစဉ်အတွင်းဗိုက်အောင့်ခြင်း၊ လေပွခြင်း သို့မဟုတ် အစာမကြေခြင်း အနည်းငယ် ဖြစ်ပေါ်နိုင်ပါတယ်။
မိမိသောက်သုံးချိန်တိုင်းအထက်ပါဝေဒနာများခံစားရပါကအစာအိမ်ကိုထိခိုက်စေနိုင်သောလက္ခဏာများဖြစ်သောကြောင့် သောက်သုံးခြင်းကိုရပ်တန့်ဖို့အကြံပြုပါရစေနော်📌
~ငါး၊ ခရုစတဲ့ပင်လယ်သတ္တဝါများမှ ထုတ်လုပ်ထားသော Marine Collagen ဖြစ်ပါက ပင်လယ်စာနှင့် ဓာတ်မတည့်သူများတွင် အလာဂျီ (Allergy) ဖြစ်ပေါ်နိုင်ပါတယ်နော်📌(ပင်လယ်စာမတည့်သူတိုင်းဟုမဆိုလိုပါ)
#စတင်သောက်သုံးသင့်သောအသက်အရွယ်
~မင်မင်တို့ရဲ့ခန္ဓာကိုယ်ဟာ အသက် ၂၀ ကျော်လာတာနဲ့အမျှ သဘာဝ ကော်လာဂျင်ထုတ်လုပ်မှု တဖြည်းဖြည်း လျော့ကျလာတတ်ပါတယ်။
ဒါကြောင့် ကော်လာဂျင်ကို အသက် ၂၅ နှစ်ဝန်းကျင် မှစ၍ ကြိုတင်သောက်သုံးပေးဖို့ ဆေးဘက်ဆိုင်ရာဆရာဝန်များနှင့် အလှအပနှင့်အသားအရေဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အကြံပြုလျက်ရှိပါတယ်။
~သို့သော်လည်း အသက် ၃၀ ကျော်မှ စတင်သောက်သုံးမယ်ဆိုရင်လည်း အကျိုးကျေးဇူးများကို ကောင်းစွာ ရရှိနိုင်ဆဲဖြစ်ပါတယ်ရှင်။ 🥰
ှင့်Gluta_Glutathione_ဟာမတူညီပါဘူးနော်📌
~Collagen နှင့် Gluta သည် ခန္ဓာကိုယ်အတွင်း လုပ်ဆောင်ပုံနှင့် ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ လုံးဝ လုံးဝ မတူညီပါရှင်။
Collagen & Gulta(Glutathione) နှစ်မျိုးမှာ ဘယ်လိုလူတွေကCollagen ကိုရွေးချယ်သင့်ပြီး ဘယ်လိုလူတွေက Glutathione ကို သောက်သုံးသင့်လဲဆိုတာကို နောက်ထပ် ပို့စ်လေးမှာ ဆွေးနွေးကြဦးမယ်နော်🥰📌
🥰ကျန်းမာတဲ့နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေရှင်📌📌
#ပြည်မြို့
#ဖြည့်စွက်စာနှင့်ကျန်းမာရေးဆေးဝါးများ
#လူသုံးကုန်
#လက်လီလက်ကား
18/07/2026
Morning ပါရှင် ☀️⛅️ you တို့ရဲ့ ကျန်းမာရေးမိတ်ဆွေ Daily Careလေး လာပါပြီ 😍
ဒီနေ့မှာတော့ ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေနဲ့ ရေသောက်တိုင်းလည်း မကောင်းတာကြောင့်အလွန်အကျွံသောက်ရင် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်သလဲဆိုတာ မင် သိသလောက် မျှဝေပေးထားပါတယ်ရှင် 👇👇
ပုံလေးနဲ့တကွလည်းဖော်ပြပေးထားပါတယ်ရှင် #ကျေးဇူးပြုပြီးပြန်လည်ဖော်ပြပါကcrdပေးပါရှင်🥰🙏
#နေ့စဉ်လိုအပ်သောရေပမာဏ
ယေဘုယျအားဖြင့် လူတစ်ယောက်ရဲ့ကိုယ်အလေးချိန်၊ ရာသီဥတုနှင့် လှုပ်ရှားမှုအပေါ် မူတည်ပြီး လိုအပ်တဲ့ရေပမာဏတွေဟာ ကွဲပြားပါတယ်။
**အမျိုးသားများအနေနဲ့ တစ်နေ့လျှင် ရေ ၃.၇ လီတာ (ရေဖန်ခွက် ၁၅ ခွက်ခန့်)
**အမျိုးသမီးများအနေနဲ့ တစ်နေ့လျှင် ရေ ၂.၇ လီတာ (ရေဖန်ခွက် ၁၁ ခွက်ခန့်) လိုအပ်
ပါတယ်ရှင်။
(ဒီပမာဏဟာနေ့စဉ်စားသုံးနေတဲ့အစားအစာများတွေ ဟင်းချိုတွေနဲ့ အခြားသရေစာများကတစ်ဆင့်ရရှိတဲ့ရေဓာတ် အပါအဝင် ဖြစ်
ပါတယ် ။ဒါကြောင့် သောက်ရေသီးသန့်အနေနဲ့ မင်တို့ ပျှမ်းမျှပြောရရင် တစ်နေ့ကို ရေ ၈ ခွက်မှ ၁၀ ခွက်ခန့် သောက်သုံးပေးရန် လိုအပ်ပါတယ်ရှင်🥰)
#အနည်းဆုံးနှင့်အများဆုံးပမာဏ
**အနည်းဆုံးပမာဏနဲ့ မင်မင်တို့ရဲ့ခန္ဓာကိုယ် ပုံမှန်အလုပ်လုပ်နိုင်ဖို့ တစ်နေ့ကို အနည်းဆုံး ၁.၅ လီတာ မှ ၂ လီတာ (ဖန်ခွက် ၈ ခွက်ခန့်) မဖြစ်မနေ သောက်သုံးသင့်ပါတယ်နော်။
**အများဆုံးပမာဏအနေနဲ့ကတော့ လူတစ်ယောက်ရဲ့ကျောက်ကပ်ဟာတစ်နာရီကိုရေ ၁ လီတာခန့်ကိုသာ စစ်ထုတ်ပေးနိုင်တာကြောင့် တစ်နာရီအတွင်း ရေ ၁ လီတာထက် ပိုမသောက်သင့်ပါဘူးရှင်။
ဒါဆို မင်မင်တို့ဟာ တစ်နေ့တာလုံးမှာ ပုံမှန်အားဖြင့် “၃ လီတာ မှ ၄ လီတာ”ထက် ပိုမသောက်သင့်ပါဘူးနော် 🥰
#ရေသောက်သုံးသင့်သောအကောင်းဆုံးအချိန်များ
**မနက်အိပ်ရာထချိန် (၁-၂ ခွက်) မင်မင်တို့တစ်ညလုံး ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး ခန္ဓာကိုယ်တွင်းအင်္ဂါများကို နိုးကြားစေပါတယ်ရှင်🥰
**အစာမစားမီ နာရီဝက်
အလို(၁ခွက်)အစာအိမ်ရဲ့အစာခြေဖျက်မှု လုပ်ငန်းစဉ်ကို ကူညီပေးပြီး အလွန်အကျွံ စားသုံးမိခြင်းကို တားဆီးပေးတာကြောင့် ဝိတ်ချချင်သူတွေအနေနဲ့ပါအဆင်ပြေပါတယ်🥰
**ရေချိုးမဝင်မီ (၁ ခွက်) သွေးပေါင်ချိန်ကို မှန်ကန်စေရန် ကူညီပေးတာကြောင့် သွေးဆောင့်တိုးခြင်းကြောင့် ရုတ်တရက် ဦးနှောက်သွေးကြောပျက်ခြင်း မှကြိုတင်ကာကွယ်ရာရောက်ပါတယ်ရှင်🥰
**ကိုယ်လက်လှုပ်ရှားမှု မလုပ်မီ၊ လုပ်နေစဉ်နှင့် လုပ်ပြီးချိန် သောက်ခြင်းဟာလည်း ချွေးထွက်ပြီးဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ချက်ချင်းပြန်လည်ဖြည့်တင်းပေးဖို့ အထောက်အကူပြုပါတယ်🥰
**အိပ်ရာမဝင်မီ (ရေအနည်းငယ်) ညဘက် လေဖြတ်ခြင်းနဲ့နှလုံးသွေးကြောပိတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
ဒါပေမယ့် ညဘက် ဆီးခဏခဏသွားရခြင်းမျိုး မဖြစ်စေရန် အိပ်ရာဝင်ခါနီး ရေအများကြီး သောက်ခြင်းကိုတော့ သတိပြုစေချင်ပါတယ်ရှင်🥰
#ရေသောက်ခြင်းရဲ့ကောင်းကျိုးများ
**ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်း
**ချွေးထွက်ခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို မျှတအောင် ထိန်းပေးခြင်း
**အဆိပ်အတောက်များ ဖယ်ရှားပေး
ခြင်း
**ကျောက်ကပ်လုပ်ငန်းစဉ်ကို ကူညီပေးပြီး ဆီးနှင့်ချွေးတို့မှတစ်ဆင့် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို စွန့်ထုတ်ပေးခြင်း
**အသားအရေ စိုပြည်စေခြင်း
**ရေဓာတ်ပြည့်ဝနေသဖြင့်အသားအရေ ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီး နုပျိုစိုပြည်စေခြင်း
**အစာခြေစနစ် ကောင်းမွန်စေခြင်း
**အစာများကို ချေဖျက်ရာတွင် ကူညီပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးခြင်း
**အဆစ်အမြစ်များ ချောမွေ့စေခြင်း
**အရိုးအဆစ်များကြားရှိ အရည်များကို ဖြည့်တင်းပေးသဖြင့် လှုပ်ရှားရ လွယ်ကူစေခြင်း စတဲ့အကျိုးကျေးဇူးတွေကိုရရှိနိုင်ပြီး
#ရေသောက်နည်းခြင်းရဲ့ဆိုးကျိုးများ
**ခေါင်းကိုက်ခြင်း နှင့် ခေါင်းမူးခြင်း
**အလွယ်တကူ ပင်ပန်းနွမ်းနယ်ခြင်း
**အသားအရေ ခြောက်သွေ့ခြင်း နှင့် နှုတ်ခမ်းကွဲခြင်း
**ဝမ်းချုပ်ခြင်း
**ရေရှည်တွင် ကျောက်ကပ် ကျောက်တည်ခြင်း နှင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများ ဖြစ်ပွါးနိုင်ပါတယ်ရှင် 📌📌
#ရေသောက်များလွန်းခြင်းရဲ့ဆိုးကျိုးများလည်းရှ်ပါတယ်နော်
**ရေကို အချိန်တိုအတွင်း အလွန်အကျွံ သောက်သုံးပါက သွေးတွင်းရှိ ဆိုဒီယမ် (ဆားဓာတ်) ပမာဏ ရုတ်တရက် ကျဆင်းသွားပြီး ရေဆိပ်တက်ခြင်း (Hyponatremia) ဖြစ်ပေါ်တတ်ပါတယ်။
ရောဂါလက္ခဏာများအနေနဲ့ **ခေါင်းကိုက်ခြင်း
**ပျို့အန်ခြင်း
**ကြွက်သားများ တုန်ယင်ခြင်း
**စိတ်ရှုပ်ထွေးခြင်းများ ဖြစ်နိုင်ပြီး
#ပြင်းထန်ပါက
****ဦးနှောက်ရောင်ရမ်းခြင်း
**သတိလစ်ခြင်းနှင့် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်စေနိုင်ပါတယ်ရှင် 🥰
ဒါကြောင့် မင်မင်တို့ ရေကို တစ်ကြိမ်တည်း အများကြီးမသောက်ဘဲ တစ်နေ့တာလုံးမှာ အပေါ်မှာ မင်ပြောပြသွားသလို ခွဲခြမ်းပြီး သောက်သုံးပေးဖို့ အရမ်းအရေးကြီးပါတယ်နော် 🥰
🥰
🥰ကျန်းမာတဲ့နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေရှင်📌📌
17/07/2026
Pure White Drink တွေ All sold out ပါရှင် 😍
Sat & Sun ၂ရက်ကို Deli ခွဲအပ်ပေးပါမယ်ရှင်
မနက်ဖြန်ကျ Shiseido Collagen Power ထုတ်တွေထပ်ရောက်ပါဦးမယ်နော် 🥰
Fresh dateကိုမှ ဘယ်သူ့ဆီမှမရတဲ့စျေးနဲ့တင်ပေးပါဦးမယ် ပစ္စည်းကတော့ လုံးဝ 100% Authentic စစ်စစ်ပါနော် 🥰
#ဆေးနှင့်လူသုံးကုန်
17/07/2026
✨ ကြည်လင်ဝင်းပတဲ့ အသားအရေအတွက် မရှိမဖြစ် လျှို့ဝှက်ချက် ✨
review ကောင်းတွေရထားပြီး ထွေထွေထူးထူးညွှန်းပြစရာကို မလိုတဲ့ အရာလေး👇👇
မှေးမှိန်ပြီး အရောင်မညီတဲ့ အသားအရေတွေအတွက် စိတ်ညစ်နေပြီလား? ဒါဆိုရင်တော့ မင်ရောင်းပေးမယ့် Shiseido Pure White Drink ကို Tryကြည့်ပါနော်
အတွင်းပိုင်းမှစပြီး အသားအရေကို သိသိသာသာ ကြည်လင်လာစေပြီး အမည်းစက်၊ တင်းတိပ်နဲ့ အရေးအကြောင်းများကို သက်သာစေပါတယ်။
လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းပေးပြီး အရွယ်တင်နုပျိုစေပါတယ်။
ဂျပန်နိုင်ငံရဲ့ အဆင့်မြင့်ဖော်မြူလာနဲ့ သေချာထုတ်လုပ်ထားလို့ ရလဒ်အတွက် ရာနှုန်းပြည့် ယုံကြည်စိတ်ချနိုင်ပါတယ်။
ဘယ်လောက်Gluta Lotion လိမ်းလိမ်း Collagen တွေဘယ်လောက်သောက်သောက် ဖြတ်လိုက်တာနဲ့ Skin Tone ပြန်ကျသွားတာမျိုးမဖြစ်ချင်ရင် ဒါလေးသောက်ပါနော်
မင့်ဆီမှာ 9 လပိုင်း 30 ရက်နေ့ Date ကိုမှ ပေါက်စျေးနဲ့ ထက်ဝက်စျေးနဲ့ ရနေပါပြီ
လက်လီလက်ကားရပါမယ်ရှင်…
#ပြည်မြို့
17/07/2026
မင်္ဂလာပါရှင် Daily Care Pharmacy & Mart မှ ကြိုဆိုပါတယ်နော်…🙏
မင်မင်က ဖြည့်စွက်စာများ နှင့် ကျန်းမာရေး ဆေးဝါးများကို ဒီpage လေးကနေတရားဝင်လိုင်စင်နဲ့ အတူ လက်လီလက်ကားရောင်းချပေးသွားပါတော့မယ်နော်🥰
ဆိုင်လေးလည်းပြင်ဆင်နေပြီမို့ မကြာခင်မှာလည်း ဆိုင်ကိုကိုယ်တိုင်လာရောက်ဝယ်ယူနိုင်မှာပါရှင်🥰
လောလောဆယ်တော့ Online ကနေအရင်ဆုံး ရောင်းချရင်း ကျန်းမာရေးနဲ့အလှအပဆိုင်ရာ မိတ်ဆွေလေးဖြစ်ခွင့်ပြုပါဦးရှင်🥰
ကျန်းမာရေးဗဟုသုတများကိုလည်း အလျဉ်းသင့်သလို မျှဝေပေးသွားမှာဖြစ်လို့ မင့် Page လေးကို Like & Follow လေး လုပ်ထားပေးပါနော် 🙏🥰
Category
Contact the business
Telephone
Website
Address
Pyay
08175
Opening Hours
| Monday | 08:30 - 18:30 |
| Tuesday | 08:30 - 18:30 |
| Wednesday | 08:30 - 18:30 |
| Thursday | 08:30 - 18:30 |
| Friday | 08:30 - 18:30 |
| Saturday | 08:30 - 18:30 |
| Sunday | 08:30 - 18:30 |