Nadi-Creation
Creation is our happiness.
27/07/2021
Covid-19ရောဂါအတွက်
လူများများ မြင်စေချင်လို့ ကူးယူပြီး ပြန် share ပါသည်။
တော်လိုက်တဲ့ဆရာ
ဖတ်ချင်စရာ ပုံလေးတွေနဲ့ ရှင်းပြထားတယ်။ ဘယ်သူ့အဖေခေါ်ပြီး ဘယ်သူ့အားကိုး ရမယ်မှန်းမသိတဲ့ သူတွေအတွက် ကောက်ရိုးတစ်မျင်ပါပဲ။
😢ဒီအချိန်မှာ ဖျားပီဆိုရင်
ဒါ seasonal flu ဖြစ်နိုင်လား
☑️ကိုယ့်ကိုယ် ကို မလိမ်ပါနဲ့
ဖြစ်ပြီလို့ သဘောထားပြီး စိတ်ကို တင်းထားပါ
ရေချိုးလို့ ဖြစ်ဖြစ် အအေးခံလိုက်လို့ ဖြစ်ဖြစ်
ရေမချိုးပဲနေနေ အအေးမခံဘဲနေနေ
ကိုဗစ်က ဖြစ်မှာပါပဲ
🟢ဖြစ်ရင် ဘာအရင်စလုပ်ရမလဲ
▪️ရက်အရင်တွက်ပါ
▫️နေမကောင်းစ ဖြစ်တဲ့ရက်
▪️စဖျားတဲ့ရက်
▫️ဝမ်းစလျောတဲ့ရက်
အဲ့ရက်ကို Day 1 လို့သတ်မှတ်ပါ
အခု ဖြစ်နေတဲ့ COVID ဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး
🔶ပုံစံ ၁
Day 1 မအီမသာ စဖြစ်တယ်
Day 2 ဖျားတယ်
Day 3 အဖျားပိုတက် ၊ ကိုယ်လက်တွေကိုက်
Day 4,5 ဆေးပတ်လည် အဖျားကျ ၊ သက်သာသွား
Day 7,8,9 အနံပျောက်သွား
လည်ချောင်းနဲနဲ ယား
🟢အသက်သာဆုံးပုံစံပါ
🔶🔶ပုံစံ ၂
Day 1 ရုတ်တရက် ဖျားတယ်
Day 2 ခြစ်ခြစ်တောက်ပူ ၊ လည်ချောင်းနာ
Day 3 လည်ချောင်းက ဘာမှ မြိုမရအောင် ပူပီးနာနေမယ်
Day 4,5 ချောင်းခြောက်ဆိုးမယ်
Day 7,8,9 အဖျားကျ ချောင်းဆိုးကျန်ခဲ့ ၊ အနံ့ အရသာ ပျောက်သွား
🟢လည်ပြွန်ယောင်တဲ့ ပုံစံပါ
ခံစားရပေမဲ့ သိပ်မဆိုးတဲ့ အမျိုးအစားပါပဲ
☑️☑️☑️ပုံစံ ၃ ကတော့
ချွဲ ပြန်မြိုချမိတာကနေစ ပီး ဝမ်းလျောတာပါပဲ
ကိုယ်က ကိုဗစ် ဖြစ်နေတာဆိုပီး ချောင်းမဆိုးပဲ ချွဲတွေ မြိုမချရပါဘူး
▪️ဓာတ်ဆားရည်
▫️Probiotic နဲ့ သက်သာပါတယ်
ဒါပေမဲ့ လူက မြော့ကျန်ခဲ့ပါတယ်
☑️☑️☑️ပုံစံ ၄
Day 1 နေမကောင်း ၊ ကိုက်ခဲ
Day 2 ဖျား
Day 3 လည်ချောင်းယား
Day 4,5 ချောင်းဆိုး သလိပ်ထွက် ၊ ရင်ဘတ်အောင့် ၊ မောချင် ၊ အသကါရှူ ပိုမြန်
Day 6 Oxygen ကျပြီ
Day 7 လှုပ်တာနဲ့မောပြီ ၊ မှောက်ပီး တနေကုန်နေရတယ် ၊ Oxygen ရှိရင် ပိုကောင်းတယ်
(ဆေးရုံသွားဖို့ကတော့ သိကြတဲ့ အတိုင်း)
🔴Day 7-11 အသက်လုရပီ ၊
🔸တကယ်မှောက်နေနိုင်သလား ၊
🔻အသက်ရှူလေ့ကျင့်ခန်း ကြို လုပ်ထားခဲ့ သလား၊
🔸လူငယ်လား လူကြီးလား ၊
🔻အဝလွန်ရှိသလား၊
🔸ဆီးချို ရှိသလား ၊
🔻ဆေးလိပ်သောက်သလား စသဖြင့်ပေါ် မူတည်ပီး
အခြေအနေ ကောင်းခြင်း မကောင်းခြင်း ဖြစ်မယ်
🔴အဲ့လိုပုံစံက "အဆုတ်ယောင်" ပုံစံပါ အဆိုးဆုံးပါပဲ
🟥ပိုးကြောင့် အဆုတ်ယောင်တာ ဖြစ်နိုင်သလို
⬛️Immune system က ပိုးကို မတရား တိုက်လို့လဲ ဖြစ်နိုင်ပါတယ်
💊Immune ကြောင့်ထင်ရင် တချို့လူနာတွေကို Dexa ထိုးရ သောက်ခိုင်းရပါတယ်
( ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဆရာဝန်မှပဲ သိနိုင်မှာပါ၊ မတိုင်ပင်ပဲ ကိုယ့်ဘာသာကိုဆို ဘေးထွက်ဆိုးကျိုးတွေ များပါတယ်)
နာတာရှည် အိပ်ရထဲလဲနေတာ ကြာခဲ့တဲ့ လူကြီးတွေ
🔴အဆုတ်ကို လာတဲ့ သွေးကြောထဲမှာ သွေးခဲတာ ဖြစ်နိုင်တယ်
(ဒါ့ကြောင့် သွေးကျဲဆေးတွေထိုးဖို့ လိုမယ်
လူတိုင်းထိုးဖို့ မလိုပါ)
ဒီDay 7-11 သည်
🔻ဆရာဝန် ညွှန်ကြားချက် လိုကိုလိုမယ်
🔻အိမ်ပင့် ဆရာဝန်လိုကိုလိုမယ်
🔻ဆေးရုံ သွားနိုင်ရင်/ တက်ခွင့်ရရင် တော့ အကောင်းဆုံးပါပဲ
ဒီတခေါက်ကိုတော့ Day 1 - Day 7 အတွင်း ဘာတွေ လုပ်သင့်တယ်ဆိုတာ အောက်မှာ
ပုံစာ လေးတွေနဲ့ ရေးထားပေးပါတယ်
🍀လူနာများ လူနာရှင်များ မြန်မြန် အဆင်ပြေကြပါစေ ခဗျာ
Dr.Oak Kaung Zan
MBBS , UM1
🔶မှတ်ချက်🔶
လူနာတစ်ဦးနှင့် တစ်ဦး ရောဂါ လက္ခဏာ ၊ အောက်ခံ ရောဂါပေါ် မူတည်ပီး ကုသမှူ ကွဲပြားပါလိမ့်မည်
ကိုဗစ်မှာ ရှောင်သင့်တဲ့အစာများ 🚫🚫🚫
****************************
ကိုဗစ်ဖြစ်လို့ အောက်ဆီဂျင်ကျနေတဲ့အခါမှာ အားရှိအောင်ဆိုပြီး နွားနို့တိုက် Ensure တိုက် ပတ်နို့တိုက်နေကြတာ တွေ့လို့ပါ။
အဆုတ်လုပ်ဆောင်ချက်တွေ မကောင်းတဲ့အခါမှာ အားရှိအောင် များများစားပါ၊ သောက်ပါ ပြောနေတာက အဆုတ်သန့်အောင် အဆုတ်ပြန်ပြီး အားရှိအောင် စားဖို့ သောက်ဖို့ ပြောတာပါ။
နို့ဆိုတာ ချွဲထစေတဲ့အရာတွေပါ။ အောက်ဆီဂျင်တအားကျနေတဲ့အချိန်မှာ အပူအစပ် ချွဲထစေတဲ့အစားအစာတွေဟာ လူနာကို မိနစ်ပိုင်းအတွင်း အသက်ရှူ ရပ်ပြီး သေစေတာပါ။
တချို့က အောက်ဆီဂျင်ကျနေမှန်း သိသိနဲ့ မနက်စာကို မိုင်လို အိုဗာတင်း ကော်ဖီမစ် တီးမစ်တွေနဲ့ အငန်မုန့်၊ ကိတ်မုန့်တွေနဲ့ အားရှိအောင် စားပြီး မိနစ်ပိုင်းအတွင်း အောက်ဆီဂျင်ထိုးကျ သေပါတယ်။
တချို့ကျ ကော်ဖီမှုန့်စစ်စစ်နဲ့ နွားနို့သောက်ပြီး ရင်ဘတ်တွေ ဆူးပြီး အောင့်လာ ကျပ်လာပြီး မိနစ်ပိုင်းအတွင်း အသက်ရှူရပ် သေပါတယ်။
ကိုဗစ်ဖြစ်ရင် စားရမည့်အားရှိစာတွေဆိုတာ အချွဲ့မထ အဆုတ်သန့်စေတဲ့ ကြက်ပြုတ်ရည်ပါ။ ကြက်ဥပါ။
ချွဲထစေတဲ့ အစာတွေ စားပြီး သေနေတာတွေ မြင်ရတာ အတော်စိတ်မကောင်းဘူး။ ကိုဗစ်နဲ့ မတည့်စာတွေကို ရှောင်နိုင်လေ အသက်ရှင်ဖို့ များလေဆိုတာ သဘောပေါက်ကြဖို့ လိုမယ်။
အခု အောက်ဆီဂျင်တပ်ရတဲ့သူတွေဟာ ရောဂါအခံရှိထားသူတွေအပြင် အများစုက အစားအသောက်နည်းမှားတွေနဲ့ စားသောက်ကြပြီး နေ့ချင်းညချင်းဆိုသလို ရောဂါဆိုးလာပြီး အောက်ဆီဂျင်ကျတဲ့သူတွေ များလာတာပါ။
Credit....Aung Kyaw Oo
၁ ။ လည်ချောင်းတွင် စူးရှရှခံစားလာပြီး လည်ချောင်း နာချင်လာပြီဟု ခံစားလာပြီဆိုလျှင် ဆားရေနွေး နွေးလေးကို ငုံပြီး ခေါင်းမော့၍ ပလုပ်ကျင်းပါ။ မိမိခံ နိုင်သည့်အပူချိန်ကို အသုံးပြုပါ။ တစ်နေ့လျှင် တစ်မိနစ်ခန့် သုံးကြိမ်ပြုလုပ်ပါ။ ယခုကဲ့သို့ပြုလုပ်မည်ဆို ပါက ပထမဆုံးနေ့တွင်ပင် virus ကို အနိုင်ယူ နှိမ် နင်းနိုင်မည် ဖြစ်ပါသည်။
၂ ။ လည်ချောင်းစူးရှမှု ပိုပြင်းထန်လာခဲ့ပါက ဆားရေကို ငုံခြင်းအပြင် ကြက်သွန်ဖြူ တစ်တက်ကို ခွာပြီး ပါးစပ်အတွင်း ငုံထားပါ။ ဝါးမစားရပါ။ ထို့နောက် ကြက်သွန်ဖြူကို သွားဖြင့် အနည်းငယ် ဖိကိုက်လိုက်ပါ။ ကြက်သွန်ဖြူမှ အရည်နှင့်အတူ စူးရှသည့်အပူ ထွက်လာပါလိမ့်မည်။ ထိုအပူရှိန်ကို အဆုတ်အထိ ရောက်အောင် ရှူသွင်းလိုက်ပါ။ ထို့နောက် ၁၀ စက္ကန့်ခန့် အသက်အောင့်ထားပါ။ ၄င်းတွင်ပါဝင်သည့် ဓာတ်သည် ပိုးမွှားကို သေစေလိမ့်မည်ဖြစ်သည်။ ဤသည် လည်ချောင်းနာခြင်းကို သက်သာစေပြီး ရောဂါ ၏ 80%ကို ကုသပေးသည်။
၃ ။ လည်ချောင်းနာနေပြီး ချောင်းဆိုးစတင်လာပြီဆို လျှင် ရေနွေးငွေ့ကို မျက်နှာရှေ့ထားပြီး အငွေ့များကို အဆုပ်ထိရောက်အောင် ရှူပေးပါ။ တစ်နေ့ ၃ကြိမ် နှစ်ရက်ခန့် ပြုလုပ်ပေးလျှင် ရောဂါ၏ 90%ကို ကုသ နိုင်ပြီး virus ကိုလည်း နှိမ်နင်းနိုင်မည်ဖြစ်သည်။
၄။ အထပ်ပါအလုပ်များကို မလုပ်ဆောင်နိုင်ခဲ့ပဲ ရောဂါဖြစ်နေပြီဆိုလျှင် အချက် ၃ချက်စလုံးကို လုပ်ဆောင် ရင်း
က။ သံပုရာရည် တစ်ဇွန်း+ပျားရည်တစ်ဇွန်း သောက်ပါ။ ဤနည်းလမ်းသည် virus များကို နှိမ်နင်းရာ တွင် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။
ခ ။ လဘက်ရည်ပူပူ (အချိုခြောက် ရေနွေး သကြားအနည်းငယ်) စွတ်ပြုတ်များကို သောက်ပါ။ ခုခံအား ကောင်းရန်ဖြစ်သည်။
ဂ ။ လေဝင်လေထွက်ကောင်းသည့်နေရာတွင်နေပါ
ဖော်ပြပါအချက်များကို တိကျစွာလုပ်ဆောင်မည်ဆို လျှင် ရောဂါ၏ 99% ကို ကုသနိုင်မှာဖြစ်ပြီး ယခြဖြစ်ပေါ်နေသည် covid-19 corona virus ကိုလဲ အနိုင်ယူတွန်းလှန်နိုင်မည် ဖြစ်ပါသည်။
နိုင်ငံသူ/သားအပေါင်း Covid-19 Corona Virus
မှ ကင်းဝေးနိုင်ကြပါစေ💪💪✊👊💯🇲🇲💪💪
Credit
08/07/2021
🚨🚨🚨
♦️အောက်ဆီဂျင် ဘယ်တော့ စရှူရမလဲ?
♦️လူနာကို ဘယ်လောက် L/min ရှူခိုင်းမှာလဲ?
♦️ Oxygen Cylinder vs Oxygen Concentrator
=============================
♦️အောက်ဆီဂျင် ဘယ်တော့ စရှူရမလဲ?
လူနာအား Oximeter နဲ့ တိုင်းကြည့်ပါ။
SpO2အဖြေက 95% အထက်မှာ ရှိသင့်ပါတယ်။
Oxygen saturation ဟာ 93% to 92% အောက်ရောက်သွားရင် Oxygen ရှူဖို့ လိုအပ်ပါပြီ။
-------------------
🔴အထူးသတိပြုရန်
Oxygen များများ ရှူလို့မရတဲ့ လူနာ
ဆေးလိပ်စွဲသောက်တဲ့သူတွေမှာ COPD လို့ခေါ်တဲ့ နာတာရှည် အဆုတ်လမ်းကြောင်း ပိတ်ဆို့မှုရောဂါရှိတတ်ပါတယ်။
အဲလိုလူတွေမှာ လိုအပ်တဲ့ Oxygen target က 88%-92 % ပါ ။
အဲထက် ပိုပေးမိ ရင် သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုင် ပမာဏက တက်လာပြီး လူနာအန္တရာယ်ရှိပါတယ်။ ခုတ်ရာတစ်ခြား ရှရာတစ်လွဲ ဖြစ်တတ်ပါတယ် ။
ဘယ်သူ့မှာ COPD ရောဂါအခံရှိနေမှန်းကို သာမန်အားဖြင့် မသိရှိနိုင်တာကြောင့် Oxygen ပေးရမယ့်အခြေအနေရှိနေပါက ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုအပ်ပါတယ်။
=====================
♦️လူနာကို ဘယ်လောက် L/min ရှူခိုင်းမှာလဲ?
- 94 % အောက်သို့ ရောက်သော Oximeter မှထွက်လာသည့် အဖြေ ဂဏန်းကို 94 ထဲက နုတ်ပါ။
-ပြီးရင် 4 ဖြင့်စားပါ ။
(a) 4 ဖြင့်စားလို့ အကြွင်းမရှိရင်
စားလဒ် ဂဏန်းအတိုင်း L/min အမှတ်ချိန်၍ ပေးပါ။
(b) စားလို့မပြတ်ဘဲ အကြွင်းရှိပါက
စားလဒ်ဂဏန်းကို 1 ဖြင့်ပေါင်း၍ ပေးပါ။
ဥပမာ ။ ။
( ၁ )
လူနာအား Oximeter ဖြင့်တိုင်း၍ အဖြေဟာ 82 ထွက်သည် ဆိုပါစို့။
🏷️82 ကို 94 ထဲက နုတ်ပါ။
94-82 = 12
🏷️ထို 12 ကို 4 ဖြင့်စားပါ။
12÷4 = 3
စားလဒ်ဟာ 3 ဖြစ်ပြီး အကြွင်း 0 ကြွင်း၍
လူနာကို Oxygen 3 L/min ပေးရပါမယ်။ အိုးရဲ့
flow meter မှာ 3 ဆိုတဲ့ အနေအထားချိန်ပြီး လူနာကို Oxygen ပိုက်တပ်ပေးပါ ။
ဥပမာ ။ ။
( ၂ )
Oximeter ဖြင့်တိုင်း၍
အဖြေဟာ 80 ထွက်သည်ဆိုပါစို့ ။
🏷️94-80=14
🏷️14÷4 = 3*2
14 ကို 4 ဖြင့်စားပါက စားလဒ်ဟာ 3 ဖြစ်ပြီး
2 ကြွင်းပါတယ်။
စားလဒ် 3 ကို အကြွင်း 1 ဖြင့်ပေါင်းပြီး လူနာကို oxygen 4 L/min ပေးပါ။ Oxygen အိုးရဲ့ Flow meter မှာ 4 မှတ် အနေအထားချိန်ပြီး လူနာကို Oxygen ပိုက်တပ်ပေးပါ ။
ဥပမာ ။ ။
(၃)
Oximeter မှ အဖြေဟာ 91% - 93 %
ဖြစ်နေလျှင် Oxygen 2 L /min ပေးရပါမည်။ Oxygen အိုးရဲ့ Flow meter မှာ 2 မှတ် အနေအထားချိန်၍ပေးပါ။
-----------------
📍 အောက်ဆီဂျင် လိုအပ်ချက်က 3-4 L per min လောက် အထိပဲဆိုရင် Nasal cannula (နှာခေါင်းပိုက်) နဲ့ စပေးပါ။
♦️Nasal Oxygen Cannula
Nasal Cannula က Oxygen flow rate ကို 3-4 L per min လောက်အထိပဲ ပေးလို့ရပါတယ်။
ဒီထက်များတဲ့ rate ဆိုရင် အချိန်ကြာလာတာနဲ့အမျှ နှာခေါင်းအတွင်းပိုင်းအသား mucosa ကို ထိခိုက်စေတတ်ပါတယ် ။
Nasal Cannula ကို လူနာနှာခေါင်းမှာ မတပ်ခင် Oxygen flow ကို စိတ်ကြိုက်ချိန်ပြီး လိုတာရပြီဆိုမှ တပ်ပါ။
ဘာလို့လဲဆိုတော့ နှာခေါင်းမှာ တပ်ပြီးမှဆိုရင် flow ချိန်တဲ့ tuning ball လေးကို လှည့်တဲ့အခါ လက်က အတိုးအလျှော့ အရှိန်လွန်သွားရင် ရုတ်တရက် Oxygen ပြင်းအားများများနဲ့ ဆောင့်ထွက်လာတတ်လို့ နှာခေါင်းအတွင်းပိုင်းသားကို မထိခိုက်ရအောင်ပါ။
Nasal cannula ပိုက်ဝယ်တဲ့အခါ ကလေးနဲ့လူကြီး ဆိုပြီး ၂ မျိုး လာပါတယ်။
----------------------
Flow rate 3-4 L per min လောက် အထိက Nasal prongs/nasal cannula နဲ့ စပေးပါ။ မိနစ် ၃၀ လောက် စောင့်ကြည့်နေပါ။
ကိုယ်ဘယ်လောက်ပေးရင် ဘယ်လောက်တက်လာလဲဆိုတာ oximeter နဲ့ ပြန်တိုင်းပါ။ လူနာကို တတ်နိုင်သလောက် မှောက်လျှက် နေခိုင်းပါ။
ရှူရင်း သွေးတွင်း oxygen ပမာဏ 92% ကျော်လာရင် အဲဒီအတိုင်း ဆက်ထားလို့ ရပါတယ်။
📍 Spo2 မတက်လာရင် / တက်လာပေမယ့် 92% အထက် မရောက်လာရင် nasal prong ကနေ Face mask နဲ့ပြောင်းပေးဖို့ လိုပါတယ်။
5-10 L/min အထိ လိုအပ်သလို flow တင်ပါ။
📍 ဒါနဲ့တောင် 92% မကျော်လာဘူးဆိုရင် Face mask ကို reservoir bag ပါတပ်ပြီး ပေးရပါမယ်။
နီးစပ်ရာ covid center သွားနိုင်ရင် ကောင်းပါမယ်။
-------------------------
♦️Water Level
Oxygen အိုး Flow meter က water level ကိုရေအမြဲဖြည့်ပါ။ ရေသန့် နဲ့ဖြည့်ပါ။
ရေကဘာကြောင့်ထည့်ရတာလဲဆိုရင် စိုထိုင်းဆ moisture ရချင်လို့ပါ။
Moisture မရှိရင် Oxygen ကြောင့် နာရီကြာလာရင် နှုတ်ခမ်း ၊ နှာခေါင်းအတွင်းပိုင်း ခြောက်သွေ့ကွဲအက်မှာစိုးလို့ စိုထိုင်းဆရအောင် ရေကိုထည့်ထားခြင်းဖြစ်ပါတယ်။
ရေရှိမှ အောက်ဆီဂျင် ရတာမဟုတ်သလို oxygen ထွက်ဖို့ မရှိမဖြစ် လိုအပ်နေခြင်းလဲ မဟုတ်ပါဘူး။
အောက်ဆီဂျင် ရှူနေရတဲ့လူနာက အောက်ဆီဂျင်အရေးပေါ် လိုအပ်နေရင် ရေဖြည့်တာကို အချိန်လုပြီး လုပ်စရာမလိုပါဘူး။ ရေဖြည့်ဖို့အတွက် oxygen အပြတ်မခံသင့်ပါ။
ဘေးမှာ အောက်ဆီဂျင်အိုးအပိုနဲ့ Oxygen ပိုက်အပိုကို ဆောင်ထားသင့်ပါတယ်။ ရေဖြည့်နေစဉ် အရန်တစ်အိုးနဲ့ ပေးထားရင် ပိုကောင်းပါသည်။
📍 သတိပြုဖို့က ရေဖြည့်ရင် water Level ရဲ့ သတ်မှတ်ထားတဲ့ Scale ကို ကျော်လွန်ပြီး မထည့်ပါနဲ့။ Level ကျော်သွားရင် ရေက oxygen ဖြတ်လို့ ပွက်လာတဲ့အခါ ပိုက်ထဲသို့ ဝင်ရောက်နိုင်သောကြောင့် ဖြစ်ပါတယ်။
Nasal Cannula နဲ့ဆိုရင် နှာခေါင်းထဲတိုက်ရိုက်ရောက်သွားပြီး အသက်ရှူခြင်းကို ဒုက္ခပေးနိုင်သလို Oxygen Mask သုံးနေသူဆိုလည်း မျက်နှာကို ရေများ ရွှဲစိုသွားနိုင်ပါတယ်။
ထိုကြောင့် ရေကို water Level scale ကို မကျော်လွန်ပဲ ထည့်ရန် လိုပါတယ်။
📍 ရေဖြည့်ပြီးရင် ခွက်ကိုလုံအောင် လှည့်ပိတ်ပေးဖို့ သတိပြုရမှာပါ။ ခွက်ကိုလှည့်ပိတ်တဲ့အခါလည်း တစောင်းအနေထား ဖြစ်နေရင် အရစ်ပြည့်ပြီးပြီလို့ မှားပြီး ထင်တတ်လို့ သတိထားပါ။ flow level အမြင့်ဆုံးပေးထားရင် မလုံတဲ့နေရာက တရှူးရှူး အသံမြည်လို့ သိရှိနိုင်ပေမယ့် flow level နည်းရင် လက်နဲ့ စမ်းကြည့်ပြီး လက်ကိုလေလာတိုးမှ သိပါတယ်။
လုံအောင်မပိတ်မိရင် Oxygen တွေက အဲဒီမလုံတဲ့အပေါက်ကနေ စိမ့်ထွက်သွားပြီး လူနာက ပေးသလောက် Oxygen ကို အပြည့်မရတော့ပါဘူး။ SpO2 တွေပါ ကျလာတတ်ပါတယ်။
-------------------------
♦️ပိုက်သန့်ရှင်းရေး
ရေရှည် အောက်ဆီဂျင်ရှူနေမည့်သူများသည် ပိုက်များကို သန်ရှင်းအောင်ထားဖို့၊ လဲလှယ်ဖို့ လိုပါတယ်။ အောက်ဆီဂျင်ပိုက်များမှ တဆင့် အခြား Virus များ အသက်ရှူလမ်းကြောင်းကို ဝင်ရောက်နိုင်လို့ ဖြစ်ပါတယ်။
==========================
♦️ Oxygen cylinder
Cyliner အိုးတွေရဲ့ ကောင်းတဲ့အချက်က oxygen concentration အပြည့်ရပါတယ် ။ Flow ဘယ်လောက်တင်တင် ကိုယ်ရတာ 100 to 99-98 % oxygen ပါ။
အားနည်းချက်ကတော့ ပြန်ပြန်ဖြည့်ရပါတယ်။ ပြန်ဖြည့်ဖို့နေရာအရမ်းခက်ခဲနေလျှင် ကြိုတွက်ထားပြီး လုံလုံလောက်လောက် ရှာထားပါ။
⁉️ Oxygen တစ်အိုးက ဘယ်လောက်ခံမလဲ ?
အရင်ဆုံး Oxygen cylinder/Tank အရွယ်အစားတွေ ကြည့်ရအောင်။
🔹Tank D လို့ ခေါ်တဲ့ အိုးပု (Oxygen ပမာဏ 400 L ဝန်းကျင်)
🔹Tank E လို့ခေါ်တဲ့ အိုးရှည် (Oxygen ပမာဏ 500 L ဝန်းကျင်) size E ရဲ့ oxygen ပမာဏ က အကြမ်းဖျင်း 680 Liters ဆံ့ပါတယ်။ ဒီမှာတော့ အများအားဖြင့် safe ဖြစ်အောင် လျော့ပြီးထည့်တော့ 500 L ၀န်းကျင်ပဲ ပါတာ များပါတယ်။
🔹Tank H
အကြီးဆုံး size ဖြစ်ပါတယ်။ cylinder size H ကို ဆေးရုံတွေမှာ သုံးတာများပါတယ်။ Oxygen capacity 7000 L ကျော် ဆံ့ပေမယ့် ဒီမှာတော့ 5040 Liters လောက်နဲ့ပဲ ဖြည့်ပါတယ်။
-----------
4 L per min နဲ့ ရှူနေတဲ့ လူနာတစ်ယောက်ဟာ
တစ်နာရီကို 240 L လိုပါတယ်။
(4L x 60 min = 240 liters)
အဲ့တော့
size E Tank (500 L) ဟာ ၂ နာရီပဲ ခံပါတယ်။
Size H Tank (5040 L) ဟာ ၂၀ နာရီ လောက် ခံပါလိမ့်မယ်။
8L per min နဲ့ ရှူနေတဲ့ လူနာဆိုရင်
size E တစ်လုံးကို ၁ နာရီပဲ ခံပါမယ်။
Size H တစ်လုံးဆို ၁၀ နာရီ ဝန်းကျင်လောက် ခံပါတယ်။
လက်ရှိ လူနာရှူနေတဲ့ Tank ထဲက Oxygen လက်ကျန် ဘယ်လောက်မိနစ်ပဲ ကြာကြာခံတော့မယ်ဆိုတာ အောက်ပါအတိုင်း တွက်လို့ရပါတယ်။
1)
Tank pressure ကို ညွှန်ပြတဲ့ အိုးပေါ်က လက်တံလေးကို ဖတ်ပါ။
eg. 1200 PSI
2)
ပြီးရင် ဖတ်လို့ရတဲ့ အဖြေထဲက 200 နုတ်ပါ။
eg. 1200-200 = 1000 PSI
3)
ပြီးရင် ကိန်းသေနဲ့ မြှောက်ပါ။
အိုးတိုအတွက်ဆို ကိန်းသေ 0.16
အိုးရှည်အတွက်ဆို ကိန်းသေ 0.28 နဲ့မြှောက်ပါ။
4)
မြှောက်လို့ရလာတဲ့ အဖြေကို လူနာရှူနေတဲ့ Oxygen flow rate နဲ့ ÷ ပါ။ (eg. 5 L/min)
ဥပမာ
Tank pressure 1200 PSI ဆိုရင်
📍 1200-200 = 1000
📍 1000 * 0.16 = 160
📍 160÷5 = 32 min ပဲ ခံပါတော့မယ်
၃၂ မိနစ်ပြီးရင် Oxygen ကုန်ပါပြီ။
Oxygen ကုန်သွားမှ မျက်လုံးပြူး မျက်ဆန်ပြူး Oxygen လိုက်ရှာနေရင် ကိုယ့်ရှေ့မှာတင် လူနာဟာ မချိမဆန့် ခံစားရနိုင်ပါတယ်။
ဖြစ်နိုင်ရင် Flow meter ကိုပါ ၂ ခုဝယ်ထားပြီး Oxygen အပိုတစ်အိုး ဆောင်ထားပါ။ လေပေါင်ကုန်သွားရင် ပိုက်ဂိုက်ဖြင့် Screws ကိုလှည့်နေတဲ့အချိန်မှာ လူနာက အောက်ဆီဂျင် ပြတ်လပ်သွားနိုင်ပါတယ်။
နှစ်အိုးရှိရင် (Oxygen အိုး နောက်တစ်ခုနဲ့ flow meter ၂ခုဆောင်ထားရင်) ပိုက်ကိုသာဆွဲ ဖြုတ်၍ လျင်မြန်စွာ လဲနိုင်ပါတယ်။
==========================
♦️Oxygen Concentrator
အားသာချက်က မီးရှိရင် ပလပ်ထိုးပြီး သုံးရုံပါပဲ။
ပြန်ဖြည့်ဖို့ မလိုပါဘူး။ သူက လေထုထဲကလေကို ယူပြီး အောက်ဆီဂျင်များများပါတဲ့ လေဖြစ်အောင် ပြန်စုပေးတဲ့စက်ပါ။
ဆက်တိုက်သုံးရင်စက်ပူပါတယ်။ တခါတလေ သိပ်ပူရင် စက်ကြောင်တတ်ပါတယ်။ 6 နာရီ လောက်ဆက်တိုက်မောင်းပြီးရင်တော့ ခဏ နားသင့်ပါတယ်။
Oxygen Concentrator ရွေးမယ်ဆိုရင်
🔵 Oxygen concentrator (1L) တွင်
▪️Flow rate....1–5 L/min
▪️Oxygen Concentration...30% to 90%
▪️Input Power.....100VA လို့ ဖော်ပြထားပါတယ်။
5 L per minute ဆိုတာကတော့ တစ်မိနစ်ကို Oxygen 5 L flow အထိ ဒီစက်က ထုတ်ပေးနိုင်တာပါ။
ဒါပေမယ့် Flow ကိုတင်လေလေ oxygen concentration ကျလေလေပါ။
ဥပမာ 1L စက်ကို
1 L per minute နဲ့ပေးရင် Oxygen concentration သူပြောထားတဲ့အတိုင်း 90 လောက်ထိပါသော်လည်း
5 L per minute လုံး အပြည့်တင်လိုက်ရင် မြန်မြန်မှုတ်ထုတ်ရလို့ oxygen concentration ကျသွားပါလိမ့်မယ်။
1L စက်ဖြစ်လို့ Input power နည်းသောကြောင့် Compressor သေးပါတယ်။ ဒီစက်နဲ့ဆို Flow rate 1L/min ထားမှသာ oxygen concentration 90% အထိရပါလိမ့်မယ်။ Flow rate 5 L/min အထိ တင်လိုက်ရင် oxygen 30% အထိ ကျသွားနိုင်ပါတယ်။ 1L/min နဲ့ပဲ ပုံသေရှူမယ့် လူနာ မဟုတ်ရင် အဆင်မပြေပါဘူး။
🔵 Oxygen concentrator (3L) စက်
Technical Data:
▪️Flow rate...0.5–3L/min
▪️Oxygen Concentration....93%±3%
▪️output pressure...45±4.5kpa
▪️Input power...320VA
🔵 Oxygen Concentrator (5L) စက်
Technical Data:
▪️ Flow rate...0.5–5L/min
▪️Oxygen Concentration....87%- 95.5%
▪️ maximum outlet pressure....40–70kpa
▪️Input power.......500VA
🔵Oxygen concentrator (8L)
Technical Data:
▪️Flow rate.....0.5–8 L/min
▪️ Oxygen Concentration. ....87%- 95.5%
▪️ maximum outlet pressure....40–70kpa
▪️Input power.....600VA
🔵 Oxygen concentrator (10L)
Technical Data:
▪️ Flow rate....0.5–10L/min
▪️Oxygen Concentration...87%- 95.5%
▪️Input power....850VA
10L စက်က Input power များသောကြောင့် Compressor ကြီးတဲ့အတွက် 10 L/min အထိ တင်ရင်တောင် oxygen concentration 95.5% ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် flow rate များများရှူဖို့လိုတဲ့သူဆိုရင် concentration မကျအောင် 8L/10L compressor တို့ကို ရွေးသင့်ပါတယ်။
အခုအတွေ့ရများတာက 5 L per minute ၊ 8 L per minute၊ 10 L per minute စက်တွေ သုံးတာများပါတယ်။
(အောက်ဆီဂျင်ပေးတာနဲ့ ပတ်သတ်တဲ့ အချက်တွေကို ဖတ်လို့လွယ်အောင် တွေ့တာအထဲက လိုတာတွေ ဖြတ်ပြီး ပြန်စုထားတာပါ။။ )
====================
မူရင်းပိုစ့်ပိုင်ရှင်တွေအားလုံးကို
လေးစားစွာcredit ပေးပါတယ်🙏
12/04/2021
MPT ဖုန်းနဲ့
*2006*1 # ကိုခေါ်ရင် မုန့်ဖိုး (၃၀၀၀) ရပါတယ်။☺️
Source : Info tech
01/04/2021
✅ အရေးပေါ်အခြေအနေမှာ လိုအပ်တဲ့ ရှေးဦးသူနာပြုနည်းတွေ သေနတ်ဒဏ်ရာ အရေးပေါ်ကုသနည်းတွေ ပါဝင်တာမို့ တကယ် အသုံးဝင်စေမဲ့ app လေးပါ။
✅ Offline ရတဲ့အတွက် internet ရတုန်းလေး down ထားကြနော်
✅ app down ဖို့ အဆင်မပြေလည်း PDF file လေး ဖြစ်ဖြစ် သိမ်းထားပေးပါ။
PlayStore
▶️ https://play.google.com/store/apps/details?id=xyz.springrevolution.frontline
APK Download
▶️ http://bit.ly/AYayPawApk
▶️ http://onelink.to/ayaypaw
Web page
▶️ https://www.springrevolution.xyz/web/
iOS အတွက် နောက်ရက်ပိုင်းအတွင်း ဒီ link မှာရှာ download လုပ်လို့ရပါတယ်။
▶️ https://www.springrevolution.xyz/
PDF or Images
▶️ https://bit.ly/3cEqfIO
page
▶️ https://www.facebook.com/109141914602281/posts/114484147401391/?d=n
17/05/2020
ကျောင်းစာအုပ်တွေချုပ်ကုန်ကြပီနော်❗❗❗
📣ပြည်မှ ကျောင်းသားမိဘများ
သားသားမီးမီးတို့ရဲ့ ကျောင်းစာအုပ်များ
တနှစ်ပတ်လုံး ရေမစို မစုတ်ပြဲအောင် တာဝန်ယူပါတယ်📣📕📔📗📘📙
ပလတ်စတစ် အသားကောင်းကောင်းနဲ့ဖုံးအုပ်ပေးပီး
နိုင်လွန်ကြိုးနဲ့သေချာချုပ်ပေးလို့ စာရွက်လုံးဝပြုတ်မထွက်ပါဘူး
ကြိုးကိုတိတ်နဲ့ပါထပ်ကပ်ပေးထားလို့ တစ်နှစ်ပတ်လုံး အသစ်အတိုင်း အထာကျကျကိုင်နိုင်ပါပီနော်☺️☺️
📣📗📘📔📒
ဘော်ဒါဆောင်များ၊private schoolများအတွက်လည်း
စာအုပ်အရေအတွက်များများကို မိမိကျောင်းနာမည်တပ်ပီး
စာအုပ်အဖုံးတွင် တံဆိပ်ရိုက်,စတစ်ကာကပ်ပေးခြင်း ဝန်ဆောင်မှုများလည်း လုပ်ဆောင်ပေးပါသည်။☺️
📣📙📘📗📔
စာအုပ်အဖုံးချုပ်မယ်ဆို🏠
ဝက်တိုးဘုရားဘေးကပ်ရက်အိမ်,အမှတ်(၁)ရဲစခန်းနောက်
ပြည်တော်သာအရှေ့လမ်း(ဝက်တိုးဘုရားလမ်း),ပြည်မြို့။
☎️09752460663ကို လာရောက်ဆက်သွယ်အပ်နှံလို့ရပါတယ်
17/05/2020
ကျောင်းတွေဖွင့်တော့မယ် ❗❗❗
စာအုပ်အဖုံးတွေချုပ်ဖို့ လာအပ်နေကြပီ📗📘📔
တစ်ချို့ကျောင်းသားတွေဆို
online learningနဲ့ သင်နေကြတယ်တဲ့
သင်ကြားရေးစနစ်တွေ တိုးတက်လာတာ ဝမ်းသာစရာပါ☺️
🚩ခုအချိန်ဟာ
ဘယ်ကုမ္ပဏီ ဘယ်အဖွဲ့အစည်းက ကိုယ့်၀န်ထမ်းကို ပြန်လည်ဖေးမ ထောက်ရှုသလဲ ဆိုတာကို အကောင်းဆုံးမြင်ရတဲ့ အချိန်ပါ။
🚩 အလုပ်၀င်ခါစမှာ ၀န်ထမ်းအတွက် မိမိတို့Companyက ဘာကြောင့် ဘယ်လိုကောင်းကြောင်း, ဘယ်လိုbenefitsတွေ ရှိကြောင်း ပြောတာတွေထက်ကိုပဲ ဒီCompanyဟာ ၀န်ထမ်းအတွက် တကယ်ရွေးချယိသင့်တဲ့Companyတစ်ခု ဟုတ်ရဲ့လား ဆိုတာကို ခုချိန်က အကဲဖြတ်လို့ အကောင်းဆုံးပါပဲ။
🚩Covid-19 ကြောင့် Companyတွေရဲ့ ၀င်ငွေ/အမြတ်ငွေ
ထိခိုက်မှုတွေရှိပါတယ်။ ထိခိုက်တာချင်းအတူတူ ၀န်ထမ်းတွေမှာ ပိုပြီး Impactများပါတယ်။
ဒါကြောင့် ခုလိုကာလအတွင်းမှာ
🚩နား၇က်ကို April 30ထိပေးထားတာ
🚩၂လစာက်ု ကြိုတင်ထုတ်ပေးထားတာ
🚩လစာအပြည့်နဲ့ Work from Homeလုပ်ပေးထားတဲ့ Company တွေဟာ
🚩၀န်ထမ်းကို တန်ဖိုးထားတဲ့ Company
🚩မိသားစု စိတ်ဓာတ်ရှိတဲ့ Company
🚩စာနာထောက်ထားမှုရှိတဲ့ Company ဆိုတာ အ၇မ်းသိသာ ပေါ်လွင်စေပါတယ်။👍👍✅
အဲ့လိုအဖွဲ့အစည်း/Companyမျိုးမှာ လုပ်နေရတယ်ဆို၇င် ခများတို့အတွက် အဆိုးထဲကအကောင်း စိတ်ကျေနပ်စ၇ာ
တစ်ခုပါပဲ😊😊😊😊💯💯
24/03/2020
အကြောက်ဆုံးက ကိုယ့်နယ်မဟုတ်တဲ့နေရာမှာ lock downထိသွားမှာကိုပဲ
===========
သူငယ်ချင်း မိတ်ဆွေများကို 3 ချက်လောက် အကြံပြုချင်တယ်။.
1) မိမိ အလုပ်ရှိရာ/နေထိုင်ရာ မြို့ရဲ့ ပြင်ပကို
လောလောဆယ် မလိုအပ်ဘဲ ခရီးမသွားပါနဲ့။
တာဝန်အရ မဟုတ်ရင် ဘယ်မှ မသွားပါနဲ့။.
ကိုယ်ရောက်တဲ့ အချိန်နဲ့ ရောဂါပိုး တွေ့တာနဲ့ တိုက်ဆိုင်သွားရင်
ပြည်တွင်းမှာပဲ တမြို့လုံး lock-down (ပိတ်ချ)လုပ်တာ
ခံရနိုင်တယ်။ ပိတ်မိ နိုင်ချေ ရှိပါတယ်။ ဒုက္ခသုက္ခ များနိုင်ပါတယ်။
ဥပမာ နေပြည်တော်က ထွက်လာတုန်း၊ နေပြည်တော်ကို
ပိတ်ချ လိုက်လို့ ပြန် ဝင် မရတာမျိုး။ 115 မိုင် ရောက်နေတုန်း
ဖြူးမှာ လူနာတွေ့လို့ ဖြူးကို ပိတ်ချလိုက်တာမျိုးပေါ့။.
2) ငွေကို ချွေတာ သုံးပါ။ မလိုအပ်ဘဲ ဘာမှ မဝယ်ပါနဲ့။
လက်ရှိအချိန်မှာ စားစရာကလွဲ ဘာမှ မဝယ်ပါနဲ့။
စားစရာကိုလည်း ချင့်ချိန် ဝယ်ပါ။ panic buying မလုပ်ပါနဲ့။.
လက်ထဲရှိတဲ့ ပိုက်ဆံကို ကိုယ့်အထွာနဲ့ ကိုယ်
1 လတန်သည်၊ 2 လတန် သည်ကနေ 6 လလောက်အထိ
ခံအောင် ဆွဲဆန့်ပြီး သုံးနိုင်ဖို့ စီမံထားပါ။.
လက်ရှိ abnormal demand/supply (ဝယ်လိုအား/ရောင်းလိုအား ပျက်ယွင်းမှု)
abnormal appreciation (ပုံမှန်မဟုတ် ငွေတန်ဖိုးတက်မှု)
abrupt unemployment (ရုတ်တရက် အလုပ်လက်မဲ့ မြင့်လာမှု)
destruction of logistic supply system စတာ အားလုံးဟာ.
စီးပွားရေး တဟုန်ထိုး ကျဆင်းမှု (recession)ဆီ
အရှိန်ပြင်းပြင်းနဲ့ ဦးတည်နေတယ်။ သေချာပေါက် လာလိမ့်မယ်။.
ဒါကို မြင်လို့ ချမ်းသာတဲ့ နိုင်ငံတွေက ဒေါ်လာ ဘီလီယံပေါင်းများစွာ
injection လုပ်နေသဟာ။
အမေရိကန်လို အရင်းရှင်ကြီးပင် ဆိုရှယ်လစ် လမ်းစဉ်ကို
ကျင့်သုံးနေရပြီ။.
18 လထက် ကျော်ရင် recession ကနေ
စီးပွား ပျက်ကပ် (depression)ကို ကူးမှာပါ။.
recession က ကိုဗစ်နိုင်တင်းရောဂါထက်
ပိုပြီး အတိဒုက္ခ ရောက်စေမှာ။.
3) ကိုယ့် မိသားစု/ကိုယ့် အလုပ်/ကိုယ့် လူမှုအသိုင်းအဝိုင်းလေးမှာ
အားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး နေကြဖို့ပါ။
Credit - Zaw Nyunt
Copy
ကိုရိုနာဗိုင်းရပ် ကူးစက်ခံရရင် -
ရက်စွဲအလိုက် ဒီလိုတွေခံစားရလိမ့်မယ်
👉( 1 - 3 ) ရက်
ရိုးရိုးတုပ်ကွေး အဖျားနဲ့တူတယ်။
အဖျားငွေ့ငွေ့လေးရှိမယ် ။ ခေါင်းနည်းနည်းကိုက်မယ်။ လည်ချောင်းနာမယ်။ အစားအသောက်မပျက်ဘူး ။ စားနိုင်သောက်နိုင်တယ် ။
👉( 4 ) ရက်မြောက်နေ့
အဖျားငွေ့ငွေ့လေးပဲ ရှိနေဦးမယ်။
လည်ချောင်းနည်းနည်းပိုနာလာမယ် ။ အစားအသောက်ပျက်လာမယ် ။ ခေါင်းတွေကိုက်လာမယ် ။ ဝမ်းလျှောတာတွေ ဖြစ်လာတတ်ပါတယ် ။
👉 ( 5 ) ရက်မြောက်နေ့
လည်ပင်းတွေ အရမ်းနာလာမယ် ။
အစားအသောက်စားရင်တောင် လည်ပင်းနာလာမယ် ။ ရေသောက်ရင်တောင် လည်ပင်း နာလာမယ် ။ စကားပြောရင်လည်း လည်ပင်းတွေ နာလာမယ် ။ ခြေထောက်တွေပိုပြီး ကိုက်ခဲလာတယ် ။ လူက ညောင်းပြီးတော့ အားနည်းလာမယ် ။
👉 ( 6 ) ရက်မြောက်နေ့
အဖျားက ငွေ့ငွေ့လေးပဲရှိနေဦးမယ် ။
လည်ချောင်းတွေ အရမ်းနာလာပြီး ချောင်းခြောက်တွေ ဆိုးလာမယ် ။ အသက်ရှူရတာခက်ခဲပြီး မောလာမယ် ။ ခြေလက်တွေ ပိုပြီး ကိုက်ခဲလာမယ် ။
👉 ( 7 ) ရက်မြောက်နေ့
အဖျားက 100 ကျော်လာမယ် ။
ချောင်းတွေ အရမ်းဆိုးလာမယ် ။ သလိပ်တွေ ထွက်လာမယ် ။
👉 ( 8 ) ရက်မြောက်နေ့
လူက လုံးဝ အားမရှိတော့သလိုဖြစ်ပြီးတော့ အရမ်းနုံးလာမယ် ။ အရမ်းမောလာမယ် ။ ရင်ဘတ်တွေ အရမ်းအောင့်လာမယ် ။ ခံစားရတဲ့ဝေဒနာတွေ ပိုဆိုးလာမယ် ။ ခြေဆစ်လက်ဆစ်တွေ အရမ်းကိုက်ပြီး လည်ပင်းကလည်း အရမ်းနာလာမယ်
🚑🚑🚑
အရေးပေါ် အခြေအနေမှာတော့
ရင်ဘတ်တွေ အရမ်းအောင့်ပြီး မောလာမယ် ။
မျက်နာတွေပြာလာမယ် ။ မျက်လုံးတွေပြာလာမယ် ။
ဒါဆိုရင်တော့ ဆေးရုံအရေးပေါ် သွားဖို့ လိုပါပြီ ။
#အတိုချုပ်ပြောရရင်
လူတစ်ယောက်ဟာ
ဖျားမယ် / ချောင်းဆိုးမယ် / မောလာမယ် ဆိုရင်တော့
မဖြစ်မနေ ဆရာဝန်ပြဖို့ လိုပါတယ်
👉80%က သူ့ကိုယ်ခံအားစနစ်နဲ့ ခုခံပျောက်ကင်းပြီးတော့
👉20%က ရောဂါ ပြင်းထန်တတ်ကြပါတယ်
ဒေါက်တာ ဇင်မင်းထွန်း
ကိုးကား _
စင်္ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်
( မူရင်းက video ဖိုင်ပါ
လိုင်းမကောင်းလို့ ကြည့်မရတဲ့သူငယ်ချင်းတွေအတွက်
ဒေါက်တာပြောတာတွေကို စာရွက်နဲ့ချရေးပြီး ပြန်တင်ပေးတာပါ )
မြန်မာပြည်ကြီး
ဘေးမသန်းပဲ အေးချမ်းပါစေ 🙏🙏🙏Crd #
COPY
Click here to claim your Sponsored Listing.
Telephone
Website
Address
Pyay