PKA International School

PKA International School

Share

𝙋𝙧𝙚𝙘𝙞𝙤𝙪𝙨 𝙇𝙚𝙖𝙧𝙣𝙚𝙧𝙨, 𝙐𝙣𝙞𝙦𝙪𝙚 𝙇𝙚𝙖𝙙𝙚𝙧𝙨

23/09/2026

Our little kids created these amazing crafts! A fun activity that truly builds teamwork and creativity."

21/09/2026

🌟 Our First Excursion of this 2026-2027 Academic Year! 🚌✨

20/09/2026

🌟Our First Excursion of Preschool Classes 🚌💛

ဒီနေ့မှာတော့ Preschool အတန်းမှာ တက်ရောက်နေတဲ့ သားသားမီးမီးလေးတို့ကိုယ်တိုင် စာသင်ခန်းလေးထဲကနေ အပြင်ထွက်ပြီး ကမ္ဘာလောကကြီးအ​​ကြောင်းကို လက်တွေ့ကျကျ သွားရောက်စူးစမ်းခဲ့ကြပါတယ်။ 🌈

ရောက်ရှိခဲ့တဲ့နေရာလေးမှာ အသစ်အဆန်းတွေကို စိတ်ဝင်တစားကြည့်ရှုလေ့လာရင်း သူငယ်ချင်းတွေနဲ့အတူ အမှတ်တရကောင်းများ၊ အတွေ့အကြုံအသစ်များ၊ ဒေသန္တရ​ဗဟုသုတများစွာ ရရှိခဲ့တဲ့ လေ့လာရေးခရီးစဥ်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။ 🌿✨

📸 Our precious kids — we are so proud of you! 💕

Precious Learners, Unique Leaders.




#လေ့လာရေးခရီး

18/09/2026

သားသမီးအပေါ် မိဘတို့ မမျှော်လင့်ထားသင့်တဲ့ အရာ (၅) ခု ❌❌

၁။ အရာရာမှာ ပြီးပြည့်စုံနေဖို့ 🚫🚫

ကလေးတိုင်းမှာ ကိုယ်ပိုင်အားသာချက်၊ အားနည်းချက်တွေ ရှိကြပါတယ်။

ကလေးတစ်ယောက်ဟာ ဘာသာရပ်တိုင်းမှာ အမှတ်ပြည့်ရဖို့၊ ပြိုင်ပွဲတိုင်းမှာ ပထမရဖို့၊
လုပ်သမျှအရာတိုင်းမှာ ထူးချွန်နေဖို့ မလိုအပ်ပါဘူး။
ကလေးတစ်ယောက်ရဲ့ တန်ဖိုးကို သူရတဲ့အမှတ်နဲ့ တိုင်းတာလို့ မရပါဘူး။

၂။ ကိုယ်ပြောသမျှစကားတိုင်း အမြဲနားထောင်ဖို့🚫🚫

ကိုယ်တစ်ခုခုပြောလိုက်တိုင်း
"ဘာလို့လဲ မေမေ"
"ဘာလို့ ဒီလိုလုပ်ရတာလဲ"
လို့ ကလေးက ပြန်မေးတတ်တာဟာ
သင့်ကို မလေးစားတာ မဟုတ်ပါဘူး။

ကလေးတွေဟာလည်း ကိုယ်တိုင်စဉ်းစားတတ်ဖို့၊ လေ့လာစူးစမ်းတတ်ဖို့နဲ့ ကိုယ်ပိုင်အမြင်ရှိတတ်ဖို့ လိုအပ်ပါတယ်။
ဒါ့ကြောင့်
"ငါပေးတဲ့ အမိန့်တိုင်းကို နာခံပြီး မြေဝယ်မကျ စကားနားထောင်ရမယ်" ဆိုတဲ့ အတွေးမျိုး မထားသင့်ပါဘူး။

၃။ လူကြီးတွေလို ပြုမူနေထိုင်တတ်ဖို့ 🚫🚫

ငိုနေတဲ့ ကလေးတစ်ယောက်ကို
"မငိုနဲ့ တိတ်"
"ဒါလေးတောင် မလုပ်တတ်ဘူးလား" ဆိုပြီး
ကျွန်မတို့ ပြောတတ်ကြပါတယ်။

တစ်ခါတလေမှာ ကလေးတစ်ယောက်ကို
စိတ်ခံစားချက်တွေ ထိန်းချုပ်တတ်ဖို့၊
အရာရာမှာ စိတ်ရှည်သည်းခံတတ်ဖို့၊
အခြေအနေတိုင်းကို လူကြီးတွေလို နားလည်တတ်ဖို့အတွက် မျှော်လင့်ထားလို့ မရပါဘူး။

ဒါ့ကြောင့် ကလေးကို ကလေးဖြစ်ခွင့် ပေးလိုက်ပါ။

၄။ အခြားကလေးတွေလို ဖြစ်ဖို့ 🚫🚫

ကလေးတွေရဲ့ တစ်ယောက်နဲ့တစ်ယောက် ဖွံ့ဖြိုးမှုနှုန်းတွေဟာ မတူညီကြပါဘူး။
တချို့ကလေးအတွက် လွယ်ကူတဲ့ အရာဆိုပေမယ့် တချို့ကတော့ အချိန်ပိုယူရပါတယ်။

ကလေးဘဝဟာ ပြိုင်ပွဲတစ်ခု မဟုတ်ပါဘူး။
ကြိုးစားစေချင်လို့ဆိုပြီး အခြားကလေးတွေရဲ့ အားသာချက်နဲ့ နှိုင်းယှဥ်ပြီး အားပေးတာဟာ ကလေးကို မလိုအပ်ဘဲ ဝန်ပိုပိစေပါတယ်။
ဒါ့ကြောင့် အခြားကလေးတွေနဲ့ ယှဥ်ပြောတာထက်
"မနေ့ကထက် ဒီနေ့မှာ ငါ့ကလေး ဘယ်လောက်တိုးတက်လာပြီလဲ"
ဆိုတာကိုပဲ ကြည့်ပေးသင့်ပါတယ်။

၅။ ဘဝလမ်းခရီး အမြဲသာယာချောမွေ့နေဖို့🚫🚫

ကလေးတွေမှာလည်း
စိတ်ဆိုးဒေါသထွက်ရတဲ့ နေ့တွေ၊
ပင်ပန်းစိတ်ပျက်ရတဲ့ နေ့တွေ၊
အဆင်မပြေတဲ့ နေ့တွေ ရှိရပါမယ်။

ဒီလိုအခက်အခဲတွေကသာ
သူတို့ခံစားချက်ကို နားလည်ထိန်းချုပ်တတ်လာအောင်၊
အခက်အခဲတွေကို ရင်ဆိုင်တတ်လာအောင်
သင်ကြားပေးနိုင်တာပါ။

မိဘတို့ရဲ့ တာဝန်က ဒီလိုအခြေအနေမှာ ဘေးကနေ အား​ပေးပြီး အတူရှိနေပေးဖို့ပဲ ဖြစ်ပါတယ်။

💬💬 တစ်ခါတလေမှာ စေတနာအမှားကြောင့် မိဘတို့ရဲ့ လိုအင်ဆန္ဒတွေဟာ အဆမတန်များလာတဲ့အခါ ကလေးအပေါ် မလိုအပ်ဘဲ ဝန်ပိလာစေနိုင်ပါတယ်။
ဒါ့ကြောင့် မိဘတွေအ​နေနဲ့ ကလေးဆီကနေ ဒီအရာ (၅) ခုကို မဖြစ်မနေ ရရှိရမယ်လို့ မျှော်လင့်မထားသင့်ပါဘူး။

16/09/2026

ဒီနေ့မှာတော့ PKA International School ရဲ့ EYC 3 နဲ့ Pre KG အတန်းများမှ ကလေးငယ်လေးတွေဟာ ကိုယ်တိုင်လေ့လာနိုင်တဲ့ Activity လေးတွေကို သူငယ်ချင်း‌‌တွေအတူ ပျော်ရွှင်စွာ လက်တွေ့လုပ်ဆောင် ကြတဲ့ Video လေးကို ကြည့်လိုက်ရအောင်… ✨

14/09/2026

Would you like your child to learn English with confidence, creativity, and joy? ✨

At our school, learning isn’t just about sitting in a classroom. Our students get opportunities to speak, interact, think, and express themselves through fun and engaging activities. 🎤📚

Give your child a learning environment where they can learn, enjoy, and shine! 🌈

📩 Enroll now and let your child learn, play, and grow with us every weekend!
☎️09-257096834, 0532024500

Photos from PKA International School's post 13/09/2026

🌟 Our First Excursion of this 2026-2027 Academic Year! 🚌✨

What an exciting day of exploring, discovering, learning, and having fun! 🎉

Our precious explorers at PKA International School stepped beyond the classroom and turned every new place into an opportunity to learn and experience something different. 🌿🔍

From curious minds to happy smiles, it was a day full of adventure, laughter, and wonderful memories! 💛

📸 Here’s a glimpse of our little explorers in action! 🌈

Precious Learners, Unique Leaders

Photos from PKA International School's post 12/09/2026

🌟Our First Excursion of Preschool Classes 🚌💛

ဒီနေ့မှာတော့ Preschool အတန်းမှာ တက်ရောက်နေတဲ့ သားသားမီးမီးလေးတို့ကိုယ်တိုင် စာသင်ခန်းလေးထဲကနေ အပြင်ထွက်ပြီး ကမ္ဘာလောကကြီးအ​​ကြောင်းကို လက်တွေ့ကျကျ သွားရောက်စူးစမ်းခဲ့ကြပါတယ်။ 🌈

ရောက်ရှိခဲ့တဲ့နေရာလေးမှာ အသစ်အဆန်းတွေကို စိတ်ဝင်တစားကြည့်ရှုလေ့လာရင်း သူငယ်ချင်းတွေနဲ့အတူ အမှတ်တရကောင်းများ၊ အတွေ့အကြုံအသစ်များ၊ ဒေသန္တရ​ဗဟုသုတများစွာ ရရှိခဲ့တဲ့ လေ့လာရေးခရီးစဥ်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။ 🌿✨

📸 Our precious kids — we are so proud of you! 💕

Precious Learners, Unique Leaders.




#လေ့လာရေးခရီး

11/09/2026

ကလေးကို ချစ်လို့ဆိုပြီး နေရာတိုင်း အမြဲဝင်ပါတတ်တဲ့ မိဘတွေ ရှိလား.. ✖✖

(သင့်ကလေးအတွက် ၂ မိနစ်လောက် အချိန်ပေးပြီး ကြည့်လိုက်ပါ။)

Category

Telephone

Website

Address


No. 15, Yadanar De Pa Street, Ya Be Quarter
Pyay
08151

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00