Atmos English Community

Atmos English Community

Share

Empower through language,
no one gets left behind.

18/09/2026

မကြာခင် ဆောင်းရာသီလည်း ရောက်တော့မှာဆိုတော့
အေးစက်စက် ဆောင်းညတွေမှာ
ကိုယ့် Crush ကို အင်္ဂလိပ်လို အထာကျကျနဲ့
ဘယ်လိုစကားစပျိုးရမလဲ မသိတဲ့သူတွေရယ်...

နွေးထွေးပေးဖို့ ရည်းစားမရှိတဲ့သူတွေအနေနဲ့
ဆောင်းတွင်းမှာ အေးတဲ့ခံစားချက်ကို
‌အင်္ဂလိပ်လို ဘယ်လိုပြောမလဲဆိုတာ
ဆရာမ သိမ့်ရတနာထွန်းကနေ Sharing လုပ်ပေးထားပါတယ်။

အတူတူကြည့်လိုက်ရအောင်ပါ...🤩✨

17/09/2026

Atmos = Beyond an English class = Home 🏠

Photos from Atmos English Community's post 14/09/2026

အင်္ဂလိပ်စာလေ့လာတဲ့အခါ အရေးကြီးဆုံးက...

အခြေခံက‌နေ စနစ်တကျစတင်ဖို့ပါပဲ ✨✨✨

အခုဆိုရင် အင်္ဂလိပ်စာကို အခြေခံကနေစပြီး
Atmos မှာ စနစ်တကျ သင်ယူခဲ့ကြတဲ့
အခြေခံတန်းခွဲ Elementary Batch-32 ဟာ
သင်တန်းကာလပြည့်လို့ 4 skills လုံးအတွက်
စာမေးပွဲဖြေဆိုခဲ့ကြပြီလည်းဖြစ်ပါတယ်။

အကောင်းဆုံးသော ရလဒ်တွေကို စောင့်ဆိုင်းရင်း
Level up တန်းခွဲတွေမှာ ပြန်ပြီးဆုံတွေ့ကြပါဦးမယ် 💪

English version :

To learn English well, you need a good start!

Our Batch-32 students at Atmos completed their Elementary course and passed their 4-skills final test. They worked hard from the very beginning.

Good luck with your results, everyone! See you soon in the higher level ! 💪

For more information :

09 797 880 610
09 964 880 610
09 797 880 650

11/09/2026

ခွဲပြီးရေးတဲ့ "Every day" နဲ့
တွဲပြီးရေးတဲ့ "Everyday" ဘာကွာလဲ သိလား ✨✨✨

မသိသေးဘူးဆိုရင် ဒီ Video လေးမှာ
ကြည့်လိုက်ရအောင်နော်...။

Photos from Atmos English Community's post 09/09/2026

အကြောင်းပြချက်အမျိုးမျိုးနဲ့
အင်္ဂလိပ်စာ လေ့လာဖို့ကို နေ့ရွှေ့၊ ညရွှေ့လုပ်နေတုန်းလား???

အရေးကြီးဆုံးက Start today!!! ပါပဲ။

အမှားပါမှာ ကြောက်လို့ မပြောရဲတာတွေ၊
ဘာမှမသိသေးလို့ တွန့်ဆုတ်နေတာတွေကို ဘေးဖယ်ကာ
အင်္ဂလိပ်စာ Learning journey ရဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့
Elementary တန်းခွဲသစ် Batch-33 နဲ့ Batch-34 တန်းခွဲတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အသစ် အသစ်သော
သင်ကြား၊ သင်ယူမှုတွေနဲ့ စတင်ခဲ့ပြီဖြစ်ပါတယ်။

အခုပြောနေဆိုနေကြတဲ့ Native တွေဟာ
တစ်ချိန်က Beginner တွေပါပဲ ✨✨✨

ဆိုတော့ ကိုယ့်ရဲ့ Learning journey ကို
အခုပဲ စတင်လိုက်ဖို့ ပြောရင်း
Elementary တန်းခွဲသစ် Batch-33 နဲ့ Batch-34 တို့ရဲ့
ပထမဆုံးနေ့ ပုံရိပ်များကို ပြန်ပြီး မျှဝေပေးလိုက်ပါတယ်။

More information

📳 09 797 880 610
📳 09 964 880 610
🍃 page Messenger
🍃 TikTok : "atmosenglishcommunity"

06/09/2026

"I don't know" လို့ပဲ ပြောနေတုန်းလား???
ဒါလေးတွေ သုံးပြီး ကိုယ့်ရဲ့ Speaking skill ကို
မြှင့်တင်လိုက်နော်...။

Are you still just saying "I don't know"?
Level up your speaking skills with these !

Photos from Atmos English Community's post 01/09/2026

သင်တန်းတစ်ခုထက် ပိုမိုတဲ့...မေတ္တာနဲ့ ကုသိုလ်ခြံရံတဲ့ ဝါဆိုသင်္ကန်းကပ် အလှူတော်မင်္ဂလာ ✨💛

အခုလတ်တလော တက်ရောက်နေဆဲ.....

✨ Elementary Batch - 32
✨ Pre - intermediate Batch - 11
✨ Pre - intermediate Batch - 12
✨ Intermediate batch-13 သင်တန်းသားများနဲ့အတူ

အစဉ်အမြဲ သံယောဇဉ်မပြတ် ရှိလှတဲ့ သင်တန်းသားဟောင်း အစ်ကို၊ အစ်မ၊ မောင်နှမများအားလုံး စုပေါင်းပြီး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်များ နာယူခြင်း အစုစုသော ကုသိုလ်ဒါနများကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့လေးမှာ
စိတ်ချမ်းမြေ့စွာ ပြုလုပ်ခဲ့ကြပါတယ်။

ကျွန်တော်တို့ရဲ့ရပ်ဝန်းလေးဟာ အင်္ဂလိပ်စာ
သင်ကြားပေးရာ နေရာတစ်ခုတည်းတင် မဟုတ်ဘဲ
အချင်းချင်း ရိုင်းပင်းကူညီကြတဲ့၊ ခင်မင်နွေးထွေးတဲ့
မောင်နှမတွေ ဆုံစည်းရာ အိမ်ကလေးတစ်လုံးလည်း
ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အလှူပွဲလေးမှာ ‌
လတ်တလောတက်ရောက်နေဆဲ သင်တန်းသားများ၊ သင်တန်းသားဟောင်းများနဲ့ Members တွေ အားလုံးရဲ့
စုပေါင်းမှုအားနဲ့ အလှူငွေ ၁,၅၃၁,၀၀၀/- ကျပ် လှူဒါန်းခဲ့ပြီး
မုန့်ဟင်းခါးနဲ့ ရေခဲမုန့် စတုဒီသာများကိုလည်း
အတူတကွ ပျော်ပျော်ပါးပါး သုံးဆောင်ခဲ့ကြပါသေးတယ်။

ပျော်ရွှင်ကြည်နူးစရာကောင်းပြီး
နွေးထွေးအေးချမ်းလှတဲ့ ကျွန်တော်တို့ Atmos ရဲ့
ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနေ့က ပုံရိပ်လေးကို
ပြန်ပြီး မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။


#ဝါဆိုသင်္ကန်းအလှူ

28/08/2026

အင်္ဂလိပ်စာကို အခြေခံကနေ စနစ်တကျနဲ့
စတင်လေ့လာချင်သူတွေအတွက်.....

For more information ℹ️

09 797 880 610
09 964 880 610
09 797 880 650

Photos from Atmos English Community's post 18/08/2026

Travel and Tourism ခေါင်းစဥ်အောက်ကနေ Real life ကို ထင်ဟပ်စေမဲ့ Activity ကို လေ့ကျင့်ပေးလျက်ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ Intermediate Batch 13 က ကျောင်းသားများက

🎡 ရထားနဲ့ ခရီးထွက်ဖို့ ဘူတာရုံသို့ သွား၍ ရထားခရီးစဥ်များ စုံစမ်းဖော်ထုတ်ခြင်း
🎡 လက်ဆောင်ပေးလို့ရမဲ့ Local Food များ ရှာဖွေပြုစုခြင်း
🎡 ပျဥ်းမနားမြို့ရှိ လည်ပတ်စရာနေရာများကို လေ့လာခြင်း
🎡 ပြည်ပသွားဖို့ လိုအပ်တဲ့ ပစ္စည်းများ စာရင်းပြုစုပြီး စုံစမ်းခြင်း တို့ကို Group (၅) ခု ခွဲပြီး လေ့ကျင့်ဆောင်ရွက်ခဲ့ပါတယ်။

မကြာမီ Vlog....

Empower through Language, No One Gets Left Behind

09 797 880 610
09 964 880 610
09 797 880 650

Telephone

Website

Address


U Street, Shwechi Quarter
Pyinmana
15012

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00