NPT Haymar Collection
ကုန်းဇောင်းဧရာပဒေသာဆန်လက်လီလက်ကားနှင့်
အဝတ်အထည်မျိုးစုံလက်လီလက်ကားရှာနေတယ်ဆို
NPT Haymar Collection ရှိတယ်ရှင့်
ဆိုင်အမည်လေးကတော့ 'လင်းဟေမာ ' ပါရှင့်
05/09/2026
အားပေးကြတာ ဆန်ပြတ်သွားတဲ့အထိပါပဲ
မကွေးဧရာပဒေသာဆန်လေးက ပြန်ကြိတ်ထားပါတယ်ရှင် ပြတ်သွားတဲ့အထိအားပေးတာကျေးဇူးတင်ပါတယ် ပြန်ရောက်တာနဲ့ ပို့မှာမို့
မှာမယ်ဆို မှာထားပါရှင်
အခုက ဆန်စျေးကတက်လာလို့ ဝယ်ရတာသက်သာအောင်
လက်လီသမားတွေပါ လက်ကားစျေးနှုန်းနဲ့ ရောင်းချပေးနေပါတယ်ရှင်
တစ်အိတ်ယူယူ ဆယ်အိတ်ယူယူ အာ့စျေးပါနော်
ထမင်းချက်သားအိအိလေးပါပဲနော်ကုန်းဇောင်းဧရာပဒေသာထိပ်စလောက်ကွာလတီမကောင်းပေမဲ့အမျိုးအစားတူတာမို့သူ့စျေးနဲ့သူ့အရသာကတော့အရမ်းတန်တဲ့ဘတ်ဂျတ်ဆန်လေးပါရှင်
155000 နဲ့ order လက်ခံထားပြီးသားသူတွေက အာ့စျေးပါပဲ
ထပ်မှာသူတွေက အိတ်ကြီး 170000 ပါရှင်
09440046226 viber
09679728600
လင်းဟေမာအထည်လက်လီလက်ကား
ပ 76 သပြေကုန်းပွဲရုံတန်း နေပြည်တော်
Aya Bank လမ်း
#ကုန်းဇောင်းဧရာပဒေသာထိပ်စထူးရှယ်ပရီမီယမ်ကွာလတီ
#မကွေးဧရာပဒေသာရိုးရိုးစက်ကျ
#ဆီးချိုသမားများစားသုံးသင့်တဲ့ကျန်းမာရေးဆန်
04/09/2026
ကုန်းဇောင်းဧရာပဒေသာဆို ဟေမာ့ဆီကအရောအနှောကင်း
__________________________________________
အစစ်ရလို့အမြဲဝယ်ယူအားပေးတဲ့ ဟေမာ့ဖောက်သည်တွေကို
အခုကုန်ကြမ်းရှားစပါးစျေးမြင့်နေပေမဲ့
#ကုန်းဇောင်းအထိုင်စျေးလက်ကားစျေးနဲ့ပဲရောင်းချပေးပါမယ်ရှင်
ကုန်းဇောင်းဧရာပဒေသာဆန်မစားဖူးသေးတဲ့အမျိုးတွေကတော့
စားကြည့်ပါ ကြိုက်သွားရင် အိတ်ကြီးသာဝယ်ပါ
ကျန်းမာရေးအတွက်ဆို ဘာကောင်းသလဲမေးရင်
#ဝိတ်မတက်ဘူးဆီးချိုအတော်လေးထိန်းပါတယ်
#ဟေမာ့ဖောက်သည်တွေအများစုကဆီဆီးချိုရှိသူတွေပါ
#စားရတာအိစက်ပြီးနူးညံ့သလောက်ကစီဓါတ်အနည်းဆုံးပါ
#ဘယ်ဟင်းနဲ့မဆိုလိုက်ဖက်ပါတယ်နော်အေးလဲလုံးဝမမာပါရှင်
09440046226 viber
09679728600
လင်းဟေမာ အထည်လက်လီ လက်ကား
#ကုန်းဇောင်းဧရာပဒေသာဆန်
ပ 76 သပြေကုန်းစျေးရှေ့လမ်း ပွဲရုံတန်း နေပြည်တော်
AYA Bank လမ်းပါ
#ဆီးချိုသမားများအတွက်ကျန်းမာရေးဆန်
#ကုန်းဇောင်းဧရာပဒေသာထူးရှယ်ပရီမီယမ်ကွာလတီ
#နေပြည်တော်ကုန်းဇောင်းဧရာပဒေသာဆန်ဆိုင်
04/09/2026
သိုက်ချောင်းဘက်ကနေ ကုန်းဇောင်းဧရာပဒေသာလာဝယ်သွားတဲ့အမက အမရေတဲ့ သားသားတို့ကလေးအရွယ်တွေကတောင်
မေမေ ဒီထမင်းလေးစားလို့ကောင်းလိုက်တာဆိုပြီး ကြိုက်တာတဲ့
ကုန်းဇောင်းဧရာပဒေသာက တော်တော်စားကောင်းတာတဲ့
အာ့ဆန်လေးစားပြီးရင် တခြားဆန်ကို မစားတတ်တော့ဘူးတဲ့
အခု အထက်လူကြီးကန်တော့လက်ဆောင်ပေးဖို့ လာဝယ်တာတဲ့
သီတင်းကျွတ်အခါသမယမှာ ဟေမာ့ရဲ့ကုန်းဇောင်းဧရာပဒေသာအိတ်လေးတွေနဲ့ ဂါရဝပြုကန်တော့လက်ဆောင်ပေးလိုက်ရင်
ဆီးချိုသမားတွေအတွက်လဲအထူးကျန်းမာစေတာမို့
စားသုံးဖို့အတွက်အာဟာရလက်ဆောင်ပါရှင်
09440046226 viber
09679728600
03/09/2026
အန်တီတို့က မန်းလေးကအရင်မဂျမ်းတောပဲစားတာသမီးရေ
အခုနေပြည်တော်လာတော့တူမတွေအိမ်မှာထမင်းစားတာ
ဟဲ့ ဒီဆန်လေးကဘာဆန်လဲဟေ စားကောင်းလို့ဆိုတော့
ဒီကဝယ်တာဆိုလို့ လာဝယ်တာသမီးရေတဲ့
ဟေမာမန်းသူတွေအကြောင်းသိတယ် တကယ့်အစားကောင်စားသူတွေ ထမင်းဟင်းကို တော်တော်ကောင်ကောင်းစားတယ်
ဆွမ်းလောင်းကုသိုလ်ဆိုလဲ တစ်တန်းကြီး စတုဒီသာတွေခနခနကျွေးတယ် မန်းသူတွေလျှာအကြိုက်တွေ့ဖို့ဆိုတာ မလွယ်ဘူး
09440046226 viber
09679728600
လင်းဟေမာ အထည် လက်လီ လက်ကား
ဆိုင်လိပ်စာ
ပ 76 သပြေကုန်းပွဲရုံတန်း နေပြည်တော်
#ဆီးချိုသမားများအတွက်ကျန်းမာရေးဆန်
#ကုန်းဇောင်းဧရာပဒေသာပရီမီယမ်ကွာလတီ
02/09/2026
ဟေမာကုန်းဇောင်းဧရာပဒေသာဆန်လေး စရောင်းတော့ postတင်ဖို့
မှီငြမ်းရေးစရာ contentတွေ လိုင်းပေါ်ရှာတာမတွေ့ဘူး
ဟေမာ့ဝယ်သူတွေဆီကနေ ဒီဆန်လေးစားရတာ #ဆီးချိုထိန်းတယ် သမီးရေ စားရတာပေါ့ပေါ့ပါးပါးလေးနဲ့ စားလို့သိပ်ကောင်းတယ်
#ဝိတ်လဲမတက်ဘူး စားရတာကောင်းသလောက် #ဆီးချိုမတက်လာဘူးတော်တော်လေးအဆင်ပြေတယ် ဆိုတဲ့ စကားသံတွေက
ဟေမာ့အတွက် content တွေရေးဖို့ဖြစ်လာတယ်
ဆရာတစ်ယောက်ဆီကနေလဲ သင်ယူခဲ့ လေ့လာမှတ်သားခဲ့ရတယ်
အာ့ကနေ #ကုန်းဇောင်းဧရာပဒေသာပရီမီယမ်ကွာလတီဆိုပြီး
onlineပေါ်အရင်ဆုံးရောင်းချပေးခဲ့တယ်
ဆန်စစခြင်းရောင်းတုန်းက 2024 #မကွေးဧရာပဒေသာလေးအရင်
စရောင်းတာ 135000 နဲ့ နေပြည်တော်ရောက်မကွေးသူတွေဖြစ်တဲ့
ပီတိမေမေတို့ ကိုစစ်အောင်တို့လို ဟေမာ့ဖောက်သည်တွေကက
ငါတို့မကွေးဆန်လေးစျေးတန်လေးနဲ့စားရတယ်ဆိုပြီး အားပေးတာ ခုထိပါပဲ
အခုထပ်တိုးတာက #ရွှေဘိုပေါ်ဆန်း ဟေမာလဲကောင်းပေ့ဆိုတာမှာချလိုက်တာသပြေကုန်းရဲ့သူဌေးတွေကပါဟေမာ့ဆီကရွှေဘိုပေါ်ဆန်း
ကြိုက်ကြတာသူတို့ရဲ့ လက်ဖက်ရည်ဆိုင်ကြီးတွေ စားသောက်ဆိုင်တွေအတွက်ပါသုံးပေးကြတယ်
* #မကွေးဧရာပဒေသာဆန်လေးက' 165000 ' ဖြစ်သွားပါပြီ
တစ်အိတ်ဝယ်ဝယ် လက်ကားဝယ်ဝယ် အခုစျေးပါပဲနော်
* #ကုန်းဇောင်းဧရာပဒေသာဆန်က တစ်သောင်းထပ်တက်ပါတယ်
* #ရွေဘိုပေါ်ဆန်းအခုစျေးပါပဲရှင်
09440046226 viber ph
09679728600
လင်းဟေမာ အထည်လက်လီ လက်ကား
ဆိုင်လိပ်စာ _ ပ 76 / သပြေကုန်းစျေးပွဲရုံတန်း စျေးရှေ့လမ်း
နေပြည်တော် / Aya Bank ရှိတဲ့လမ်း
#ဆီးချိုသမားများအတွက်ကျန်းမာရေးဆန်
#ကုန်းဇောင်းဧရာပဒေသာပရီမီယမ်ကွာလတီ
#နေပြည်တော်onlineshop
27/08/2026
မိုးတွင်းရောက်ရင် သတိရမိတာရှိတယ် သတိရမိတိုင်းလဲ
ပြုံးရတယ် ပြန်ပြောပြဖြစ်ခဲ့ရင် ရယ်ရတယ်
ဟေမာ uni တက်တုန်းကပေါ့ ဟေမာတို့ရန်ကုန်က မီးကလဲပျက်
အဝတ်တွေကမခြောက် တခါတလေ အလွယ်ယူဝတ်မိတာလဲရှိတာပေါ့အလုပ်တဖက် ကျောင်းကတဖက်လေ
တစ်ရက်ကြ ဟေမာကျောင်းကအပြန်ရထားစီးမယ်ဆိုပြီးသွားတာ
ဟဲ့ နင့်အကျီမှာသွေးတွေ ဟေမာ ဟယ် ဟုတ်လား
ဘာဖြစ်တာလဲမသိဘူး လုပ်ပါဦးဟဲ့ ဝေယံရဲ့
ပြောတဲ့သူက သူငယ်ချင်းယောကျ်ားလေး
ဟဲ့ ဝေယံ ငါ့ကြည့်ပါဦးဆိုတော့ ဟဲ့ ဟိုကောင်ကြွယ်ဖြိုးရယ် ငါရယ်ရှိတာဘယ်လိုကြည့်မလဲ နေဦးငါ ကောင်မလေးတစ်ယောက်သွားအကူအညီတောင်းလိုက်မယ် သူခေါ်လာတဲ့ အာ့ကောင်မလေးကလဲ လာလှန်ကြည့် ဟေမာဝတ်ထားတာက မြန်မာဝတ်စုံကိုမှ နောက်ဇစ်နဲ့ အထဲက အတွင်းခံက ခါးအရှည် သူကကြည့်ပြီးတော့ ထအော်ပါလေရော
အမလေး အမ အကောင် အကောင်တဲ့ သူကလဲ ငါကြောက်တယ်တဲ့
ကိုယ်ကလဲ အကောင်တအားကြောက်တာ
ဟဲ့ ဝေယံ လုပ်ပါဦး အော်ပြီး ခုန်နေမိတာ ကြောက်တာလေ ကိုယ်က
ငိုမလို ရယ်မလိုနဲ့ ဘာကောင်ကပ်နေတာမှန်းမသိ
ဟဲ့ နေဦး လုပ်ပေးမယ် နင့်အကောင်က ဘယ်မှာလဲတဲ့
ဟဲ့ ×× ငါသိမလားဟဲ့ နင်က အာ့မှာ ဘာရပ်လုပ်နေတာလဲဆိုပြီး
အော်လိုက် ခုန်လိုက်နဲ့ ရှက်တာထက် ကြောက်တာကပိုတယ်
ဟဲ့အော်မနေနဲ့ ဘေးက ကန်တင်းက အဒေါ်ကြီးကို သူကပြေးခေါ် ပြပြ ဆိုပြီး အာ့အဒေါ်ကြီးက သြော် သေနေပါပြီ သမီး ငြိမ်ငြိမ်နေ အန်တီလုပ်ပေးမယ်တဲ့ ထုတ်လိုက်တာ
ဘာကောင်ထင်လဲ အမလေး" ကျွတ် "ကျွတ်ဆိုတဲ့အကောင်
မိုးတွင်းမှာပေါတဲ့ အကောင် ဒင်းက သော်ကေနေပြီ
လူက တအားကြောက်ပြီး ချွေးစေးတွေနဲ့ တုန်နေတာ အအေးတွေဝယ်တိုက် သူငယ်ချင်းတွေကက ယပ်ခတ်ပေးနဲ့ အမလေးဂယက်တွေ
မနက်က ကျောင်းလာတော့ ကမန်းကတန်း ကြိုးတန်းကယူဝတ််တာ
ကျောင်းလာတော့ 205 တိုးစီးလာတာလေ ဒင်းဘယ်ခံနိင်မလဲ
ကိုယ်ကလဲ ခါးလေးသေးခြင်တော့ အတွင်းခံကို ခါးရှည်ကွက်တိဝတ်တာ ကျပ်ပြီးသူလဲထွက်မရတွက်ခြေမကိုက်ဖြစ်သွားတာ
တနေကုန် ကျောမှာကပ်နေတယ်ဆိုပြီး အူယားပြီးရေတွေချိုးတာ
အမေက နင် ကျွတ်နောက်လိုက်သွားရမယ် တော်တော့ဆိုပြီး
တားယူရတယ်
အာ့ကတည်းက အတွင်းခံဆို မီးပူမတိုက်ရင် မဝတ်ရဲတော့ဘူး
အမတို့ရေ
27/08/2026
မနက်က နမူနာလာဝယ်ပြီးတန်းချက်စားတာ ကြိုက်လို့ထပ်လာဝယ်တာ အခု ဝိတ်တွေတောင်ကျသွားပြီတဲ့
အယ် မနောက်နဲ့နော် အကိုရေ
အာတကယ်ပါဆို စားရတာ ပေါ့ပေါ့ပါးပါးလေးနဲ့ စားကောင်းလို့
အခုထပ်လာဝယ်တာ
ကုန်းဇောင်းဧရာပဒေသာကအရင်ကလဲစားဖူးတယ်
အခုလဲလိုင်းပေါ်တွေ့လို့ လာဝယ်စားတာ စားကောင်းတယ်အမရေ လုံးဝကွာလတီရှယ်ပဲတဲ့
#ကုန်းဇောင်းဧရာပဒေသာဆန်ကိုသူ့နယ်မှန်ကိုမှကွာလတီရှယ်အရောအနှောကင်းစစ်စစ်ရပါမယ်ရှင်
#ဝိတ်မတက်ခြင်သူများနဲ့ဆီးချိုထိန်းခြင်သူများစားသုံးရန်အထူးသင့်တော်ပါတယ်ရှင်
#ထမင်းကြိုက်သူများထမင်းရဲ့ကောင်းကျိုးသာရမဲ့ဆန်ပါရှင်
စားရတာလဲအိစက်နေပြီးဘယ်ဟင်းနဲ့မဆိုလိုက်ဖက်ပါတယ်
#မကွေးဧရာပဒေသာဆန်လေးကတော့ ရွာနားတဝိုက်ဆန်ကိုမှ
အလတ်စ အောက်စလောက်ကို ရိုးရိုးစက်ကြိတ်ပါရှင့်
သူလေးကလဲစားကောင်းပြီးထမင်းသားအိတဲ့ ဘတ်ဂျတ်ဆန်လေးပါရှင့်
သူ့ချည်းစားကောင်းသလိုဆီးချိုမရှိရင်ပေါ်ဆန်းလေးနဲ့
စပ်ပြီးစားရင်အတော်ကောင်းတာပါရှင်
လုံးတာစေးကပ်တာထမင်းကြမ်းအပေါ်ကြောမာတာလုံးဝမဖြစ်ပါဘူးရှင်
သူလေးက တစ်သိန်းကျော်နဲ့ အတော်ကိုလူကြိုက်များတာပါရှင်
#ကုန်းဇောင်းဧရာပဒေသာထူးရှယ်ပရီမီယမ်ကွာလတီ 2×××××ကျပ်
#မကွေးဧရာပဒေသာ 155000 ကျပ်
#ရွှေဘိုပေါ်ဆန်းမွှေးစစ်စစ် 2××××ကျပ်
ရပါမယ်ရှင်
09440046226 viber
09679728600
ဆိုင်လိပ်စာ _လင်းဟေမာ အထည်လက်လီ လက်ကား
ပ 76 သပြေကုန်းပွဲရုံတန်း နေပြည်တော်
ရွှေပြည့်ကုန်းဇောင်းဧရာပဒေသာ လက်လီ လက်ကား
#ဆီးချိုရှိသူများအတွက်ကျန်းမာရေးဆန်
#ကုန်းဇောင်းဧရာပဒေသာ
#နေပြည်တော်ပင်ရင်း
ကုန်းဇောင်းဧရာပဒေသာ is very စိတ်ချမ်းသာ
21/08/2026
ကုန်းဇောင်းဧရာပဒေသာလာဝယ်တဲ့ အန်ကယ်လ်တစ်ယောက်က
ကုန်းဇောင်းစစ်စစ်ရေးထားလို့တဲ့ စားကြည့်မလို့ အိတ်အသေးလေးပေးပါတဲ့ အရင်ကစားဖူးတယ် တခြားကဝယ်တာ
6 ပြည်အိတ်လေးဝယ်တုန်းကကောင်းတယ် အိတ်ကြီးကြမကောင်းတော့ဘူးတဲ့ အခုသမီးpage တွေ့လို့လာဝယ်တာတဲ့
သမီးဆန်ကို အိတ်ကြီးဖွင့်ပြပေးမယ် ဆန်လဲအာမခံတယ်
သေချာလေးရှင်းပြလိုက်တော့ အိတ်ကြီးပဲယူတော့မယ်တဲ့
ထပ်ရောက်လာတဲ့ လယ်ဝေးက အကိုတစ်ယောက်က မကွေးဧရာပဒေသာလာဝယ်တာ အစမ်းစားဖို့တဲ့ ထမင်းချက်ပြီးသားအသင့်ရှိတော့ ချက်သားလေးပါပြလိုက်တာစားကြည့်ပြီး အိတ်ကြီးပဲတစ်ခါတည်းယူတော့မယ်တဲ့
အိတ်အသေးလာဝယ်ကြတာ အိတ်ကြီးပဲယူသွားတဲ့အတွက်
ကျေးဇူးတင်ပါတယ်ရှင်
ကိုယ်ရောင်းတဲ့ ဆန်အရည်အသွေးကို ကိုယ်တိုင်နားလည်ပြီး
ကျေလည်အောင်ရှင်းပြတတ်ရတယ်ရှင် ဝယ်သူကို အာမခံချက်ပေးဖို့ဆိုတာ အာမခံနိုင်တဲ့ ကွာလတီလဲပြည့်ရတယ်ရှင်
ဟေမာကတော့ ဘယ်တော့မှဟေမာရဲ့ brand ကို အထိခိုက်မခံဖူးရှင်
#ကုန်းဇောင်းဧရာပဒေသာစစ်စစ်ပရီမီယမ်ကွာလတီ
#ဆီးချိုသမားများအတွက်ကျန်းမာရေးဆန်
#
15/08/2026
မိုးကလဲအဆက်မပြတ် ပို့ရတာလဲ အဆက်မပြတ်ပါပဲရှင်
ကုန်းဇောင်းဧရာပဒေသာဆိုဟေမာရောင်းတဲ့ဆန်ပဲစားခြင်တယ်
ဘာအရောမှမရှိအစစ်စားရလို့စိတ်ချမ်းသာတယ်တဲ့
မရမ်းကုန်း ကြည့်မြင်တိုင် လသာ ကမာရွတ် တာမွေ မြောက်ဒဂုံ
တပ်ကုန်း ဖျာပုံ တောင်ငူ မလှိုင် မှာထားသူတွေအကုန်ပို့လိုက်ပါပြီရှင်
ထပ်မှာတဲ့ မမတွေ သန်ဘက်ခါ ဆန်ကားဝင်ပါမယ်ရှင်
စောင့်ပေးကြပါဦးနော်
Category
Telephone
Website
Address
Pyinmana
951