May Hnin

May Hnin

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Hnin, Shopping & retail, Pyinmana.

22/12/2023

အိမ်ထောင်ကျပြီဆိုရင် အိမ်ခွဲနေပါ
မဖြစ်မနေ နေရမယ်ဆိုရင် အိမ်ငှါးနေပါ
အိမ်ထောင်ရေးပြိုကွဲရခြင်းရဲ့ ၈၀% ဟာ
အိမ်ခွဲမနေနိုင်ခြင်းက စတာပါ

နှစ်ယောက်တဘဝတောင် ထူထောင်တည်ဆောက်ပြီးပြီးပဲ ၊ဘာလို့ ဘဝကို Lead လာလုပ်ပြီး Management လာလုပ်မယ့် နှစ်ဖက် မိဘတွေရဲ့ အုပ်ချုပ်မှုကို ခံနေအုံးမှာလဲ??သေချာတယ် လက်ထပ်ပြီးတဲ့အထိ ကိုယ်ပိုင် ဘဝမရှိတဲ့ မိဘ အုပ်စိုးမှုခံနေရသေးရင် ပြိုကွဲဖို့ ၁၀၀% ပဲ၊ဒီနေရာမှာယောက်ျားလေး မိဘ၊မိန်းကလေးမိဘဆိုတဲ့ခွဲခြားမှုမရှိဘူး ၊နှစ်ဖက်စလုံးကမိဘရဲ့ ဝင်ရောက်စွက်ဖက်မှုတိုင်းကိုဆိုလိုတာ၊

နောက်တစ်ချက်က ဟိုဘက်မိဘ၊ဒီဘက်မိဘရဲ့
အားကိုးအားထားပြုပြီး နေထိုင်ရတဲ့သူမျိုးကိုရွေးချယ်မိရင်သေချာတယ် ရန်သူ အဖြစ်နဲ့ကို သတ်မှတ်ခံရပြီး အမြဲအမြင်စောင်း ရန်လိုခံနေရမှာ

ပြီးရင် လုံးဝကိုမှ ကိုယ်ချင်းမစာနာတတ်ပါသော ညီအကိုမောင်နှမတွေ ပိုင်ဆိုင်ထားခဲ့ရင်သေချာပါတယ်
အိမ်ထောင်ရေးအဆင်မပြေစေဖို့ ကလော်ကလယ် ကတုန်းကတိုက် လုပ်ပြီး သွေး ထိုး မယ့် သူ ဖြစ်ခဲ့ရင်
ဘယ်လောက်ပဲအကောင်းဆုံးတည်ဆောက်ထားပါစေ ကွဲမှာပါ

နောက်ဆုံးတစ်ခုကတော့ ကိုယ့်လူပါပဲ
ဘယ်သူမကောင်းကောင်း ၊ကိုယ့်လူက
ယောက်ျားဖြစ်စေ၊မိန်းမဖြစ်စေ
ကိုယ့်ဘက်က အပြည့်အဝရပ်တည်ပြီး
လက်တွဲမယ် ၊ဘယ်သူ့လောင်းရိပ်မှာမှ မမှီခိုဘူး
မင်းရှိရင်ပြည့်စုံပြီးဆိုရင်တော့
Everything is okay ပါ

ဒီ့တော့ အိမ်ထောင်ရေးဆိုတာ သမီးရည်းစားဘဝလောက်မရိုးရှင်းပါဘူး ၊
မလွယ်ကူပါဘူး ၊သေချာစဉ်းစားပါ
အကောင်းဆုံးရွေးချယ်ပါ၊မှန်ကန်စွာဆုံးဖြတ်ချက်ချပြီးမှ တည်ဆောက်ပါ ၊ထူထောင်ပါ ….🍀🍀🍀

22/12/2023

♣ စာနာတယ် သနားတယ်နဲ့ …
♣ နှိမ်ချသွားတတ်တဲ့ သူတွေရှိမယ် ။

♣ ကူညီတယ် ကူညီတယ်နဲ့ …
♣ အခွင့်အရေး ယူသွားတတ်တဲ့ သူတွေရှိမယ် ။

♣ ချီးကျူးတယ် ချီးကျူးတယ်နဲ့ …
♣ အပုပ်ချသွားတတ်တဲ့ သူတွေရှိမယ် ။

♣ လောကကြီးထဲမှာ …
♣ နှုတ်ဖျားက ပျားသကာလိုချို နေပေမဲ့
♣ အတွင်းသဘောက …
♣ ပုပ်ပွနေတတ်ကြတာကို သင်သိထားပါ ။

♣ ဘဝသင်ခန်းစာဆိုတာ …
♣ ကိုယ်တိုင်ကြုံတွေ့ ဖြတ်သန်းဖူးမှ
♣ သိတာဆိုပေမဲ့ ကြိုတင်သိရှိထားတော့
♣ စိတ်ဆင်းရဲတဲ့ ဒုက္ခခံစားရမှုတွေကို
♣ ရှောင်ရှားနိုင်ပါလိမ့်မယ် ။

♣ ဒါကြောင့် နှုတ်ခမ်းဖျာက
♣ စကားတွေမှာ သာယာပြီး
♣ လူတိုင်းကိုလည်း လွယ်လွယ်မချစ်နဲ့ ။
♣ လူတိုင်းကိုလည်း အထင်မကြီးနဲ့ ။
♣ လူတိုင်းကိုလည်း အယုံမလွယ်နဲ့ ။
♣ လူတိုင်းကိုလည်း အားမကိုးမိစေနဲ့ ။

♣ လူဆိုတာ အားနည်းချက်ကိုမှ
♣ ချနင်းသွားတတ်ကြတယ် ။

♣ မြေပျော့ရင် ခြေရာကျန်သလို
♣ စိတ်ပျော့ရင် တစ်သက်လုံး
♣ ဒဏ်ရာထင်ကျန် နေတတ်တယ် ။

♣ မိမိအားနည်း အခက်အခဲများကို
♣ ဘယ်တော့မှ ထုတ်ဖော်မပြပါနဲ့ ။

♣ အမြဲတမ်း
♣ စိတ်ဓာတ်မာကျော ရဲရင့်သူဖြစ်နေပါစေ ။

♣ မိမိဘဝကို မိမိကိုယ်တိုင်
♣ လျှောက်လှမ်းကြရာမှာ
♣ မိမိကိုယ်ကိုအားကိုးပါ။ ယုံကြည်ပါ ။

♣ ရဲရင့်ပါ ဇွဲလုံလ ဝီရိယထားပါ ။
♣ စိတ်ဓါတ်မာကျောပါ ။
♣ ဘယ်အရာကိုမှ တွေးမကြောက်ပါနဲ့ ။

♣ ဖြစ်ပျက်ပြီးခဲ့သမျှ အရာတွေကို
♣ ပြန်လှည့်မကြည့်ပါနဲ့ ။

♣ မိမိရပ်နေတဲ့ ခြေအစုံ နေရာတိုင်းမှာ
♣ မိမိသွေးသား စိတ်ဝိဉာဏ်တို့
♣ တည်ကြည် ခိုင်မြဲနေပါစေ ။

♣ မိမိဘဝကို ကိုယ့်အားကိုယ်ကိုး
♣ ကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်ပါ ။]

Nway ♥♥

✍✍

22/12/2023

လောကအမှန်တရား😊

22/12/2023

ကိုယ်တွေ့နော်🤗😊

22/12/2023

လူတွေပေးတဲ့သင်ခန်းစာတွေကို
စာအုပ်ထဲစာတွေချရေးမှတ်သလိုပဲ
ဦးနှောက်ထဲက memory အကန့်တွေထဲ
အလိုလိုမှတ်သားထားမိတယ်

အဆင်ပြေချိန် မှာတစ်မျိုး
အဆင်မပြေချိန်မှာ တစ်မျိုး
အရေခွံ အမျိုးမျိုးလဲတတ်သူတွေအကြောင်း
တစ်နေ့တော့ စာစီကုံးပြီး ချရေးပါဦးမယ်

အရာရာဟာ မမြဲတဲ့အနိစ္စသဘောပါ
အမြင့်မှာ အမြဲ မနေရသလို
အနိမ့်မှာပဲ အမြဲ ရှိမနေကြပါဘူး

နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ
ကိုယ့်စိတ်လေးသာ
အမြတ်ဆုံးထားတတ်ဖို့ကြိုးစားပါ

ဘာမှမတတ်နိုင်တော့ရင်တောင်
ကျွန်မတို့ ပြုံးတော့ပြုံးနိုင်သေးတာမို့
ပြုံးထားလိုက်စမ်းပါ ☺️

#မေအေးချမ်းဝေ




Crd 📌

19/12/2023

ဒုက္ခနဲ့တော့တော့မှလူတွေအကြောင်းပိုသိလာတယ်

19/12/2023

အောက်တန်းစားးး

TikTok · dawthiri1703 28/09/2023

အိမ်ထောင်ဦးစီး
အဓိပ္ပါယ်တွေအများကြီးရှိတယ်
လေးနက်တယ်

TikTok · dawthiri1703 Check out dawthiri1703's post.

27/09/2023

ကိုယ့်တန်ဖိုးကို ကိုယ်ကိုတိုင်မြင့်တင်ရမယ်

Website

Address


Pyinmana