GreasySpoon By Mya
We offer various kind of menus in affordable price.
ဟဲ့ ဒါက ဘာကြီးတုန်းးး ကချင်ပြည်ရဲ့ စားစရာလား တကယ်ကြီး အဲ့လိုခေါ်တာလားးး ဟီးး
14/09/2026
မမြနဲ့ မာလာရှမ်းကော ~
💕 မာလာရှမ်းကောကိုလေ ၂၀၁၉ ရန်ကုန်မှာ Online Shop လေးရောင်းတုန်းက ကိုယ့်နီးစပ်ရာ ရောင်းခဲ့သေးတယ်။ သူ့ရဲ့ အစကတော့ သူငယ်ချင်း တအုံတမကြီးကို ချက်ကျွေးတာကနေ စခဲ့တာပေါ့ကွယ်။
ပြီးတော့ Mala Seafood Bomb ဆိုတာလေးရောင်းတယ် ဒါလဲ ကိုယ့်သူငယ်ချင်း အသိုင်းအဝိုင်းနဲ့တင် ရောင်းရတာပဲ 💕
နောက်ပိုင်း မာလာဘက်ကို မလှည့်ဖြစ်တော့တာ နှစ် အတော်ကြာ။
🤣 ဆိုင်စဖွင့်တော့လဲ လိုင်းမရောချင်တာနဲ့ မာလာရှမ်းကောကို မထည့်ချင်ဘူး၊ မထည့်ဘူးဆိုပြီး အကြောက်အကန်ငြင်းလာတာ အခု ၂၀၂၆ ၃လပိုင်းအထိပဲ 🤭
အခုမှပဲ ဘာလို့ ဒေါ်မြကြီး ပေတေနေလဲသိတော့တယ်။ မာလာရှမ်းကော အနှစ်ဆို သူများနဲ့စိတ်မချတာမို့ ကိုယ့်ဘာသာလုပ် တလကို နှစ်ခါ ချက် ချက်ပြီးတိုင်း ရင်ကြပ်။
မီးဖိုရှေ့မှာ တရပ်စက် ၃ နာရီကြာတယ် တခါချက်ရင် အဲ့လိုမှ တဆိမ့်ဆိမ့်နဲ့ မာလာအနံ့လေးက မွှေးတက်လာတာ။
ထုံမှ စပ်မှ မာလာရှမ်းကော စစ်စစ်။ စပ်တာလေးတော့ လျှော့ပေးလို့ရတယ် ထုံတာလေးတော့ သိပ်လျှော့လို့ မရ။ မရဆို အထုံစေ့ကြီး ဝါးမိတာ မကြိုက်တဲ့သူလေးတွေဖို့ မမြက အမှုန့်ကြိတ်ထည့်တာကိုး။
အဲ့တော့ မာလာရှမ်းကောကို ဆီသန့်သန့်၊ အချိုမှုန့်မပါ၊ ဆိုးဆေးမပါ ငရုတ်အနှစ်ကအစ ကိုယ့်ဘာသာကြိတ်သုံးတာမို့ စိတ်ချလက်စ စားချင်ရင် GSM ကို သတိရလိုက်ပါဦး။
မာလာနဲ့ ပတ်သတ်ရင် အမြဲရနေတာတော့
🌶️ မာလာရှမ်းကော
🌶️🌶️ Fusion Menu တခုဖြစ်တဲ့ မာလာတော့ပိုကီ
🌶️ ကြက်ခြေထောက်မာလာအနှစ်ချက်
Order ကောက်မှ ရောင်းဖြစ်တာကတော့
🌶️ အမဲအူကြမ်း မာလာ
🌶️ အမဲခေါက် မာလာ
🌶️ ကြက်ခြေထောက်မာလာ
နောက်ပိုင်းတော့ မာလာ Menu တွေကို ထပ်တိုးပါဦးမယ် ချစ်သောတို့ရေ။
ဆိုင်လေး ၃ နှစ်ပြည့်ခါနီးပြီ အထူးအစီအစဉ်တွေ လုပ်ပေးဦးမှာမို့ Page လေးကို Follow and Share လုပ်သွားဦးနော် 😍
ရှယ်ပဲရှင် 😍 တာရှည်ခံဆေးမပါ ဆိုးဆေးမပါ။ သကြားအနည်းငယ်နဲ့ ပျားရည်ပိုထည့်ထားတဲ့ Diet Friendly မုန်လာဥKimchi လေးပါ။
အခုလိုလေးစိမ်တာက ပိုပြီး စားကောင်းနေရောရှင်။
အခုလိုမိုးအေးတဲ့ ရက်လေးတွေမှာ ခေါက်ဆွဲပြုတ်လေးနဲ့ဆို အလွန်ကိုမှ လိုက်ဖက်သောလေးပါ။
GSM မှာ မနက်ဖြန်အတွက် ဥဖြူ Kimchi လေး ရပါမယ်ရှင် 😍
Hello ~ ရန်ကုန် Way လေး နေ့လည် 2 နာရီဆို Order ပိတ်ပါမယ်ရှင့်။
Page မှာလေ Boost ထိုးရင် Send Message ဆိုတာကြီး Post မှာတမ်းပါလာတာ ကိုယ်လဲ မကြိုက်ဘူး မကြိုက်လို့ ဖြုတ်ကြည့်တာမှာတောင် ထပ်ပြီး ပါသွားတာ ဘယ်လိုမှပြန်လုပ်လို့မရတော့လို့ အားနာပါတယ် အကုန်လံုးကို ဟီးးး
10/09/2026
ရန်ကုန် Sunday ပို့ဖို့ရှိတာလေးက မနက်ဖြန်ည Order ပိတ်ပါမယ်ရှင်။
🦀 ဥပြည့်ဆိမ့် ဂဏန်းကိုမှ ငံပြာရည်စိမ်/ အစပ်နှပ် အပြင်
ဂဏန်းပေါင်း / ဂဏန်း မဆလာလဲရပါမယ်ရှင်။
🦐 ပုဇွန် ငံပြာရည်စိမ်/ ပုဇွန်အစပ်နှပ်
🌶️🌶️ စားဖူးသူတိုင်း စွဲငြိသွားစေမယ့် အမဲ အူကြမ်း မာလာ / ကြက်ခြေထောက် မာလာလဲ ရပါမယ်။
သူလေးကလေ ဝါးရတာ တအားအရသာရှိပြီး အမြည်းလေးအနေနဲ့ပဲစားမလား / ထမင်းပူပူလေးနဲ့ပဲ စားမလား အရမ်း ထမင်းမြိန်သောလေးပါ။ ခံတွင်းပျက်နေရင် ဒါလေး စားနော် 😍
🌶️🌶️ GSM ရဲ့ မရောင်းတာ ကြာနေတဲ့ Kimchi လေူလဲ ရပါမယ်ရှင့်
မုန်လာဥ Kimchi/ မုန်ညှင်း Kimchi 2 မျိုးရပါမယ်နော်။
အချိုမှုန့် မသုံး သကြားအနည်းငယ်ပဲပါ၀င်ပြီး ပျားရည်လေးနဲ့မို့ Diet သမားတွေအတွက် ကွက်တိပါပဲ။
ကဲ ~ ၂ ပတ် လောက်နေမှ တခါ ပို့တဲ့ Way လေးမို့ လက်မနှေးပဲ မှာလိုက်ပါဦးနော်။
10/09/2026
ဆိုင်မှာ ဒီနေ့ မုန်လာဥ Kimchi 3 ဘူး ရောင်းဖို့ရှိပါမယ်ရှင်။
450g တဘူးကို 6500 ပါရှင့် 😍 အမြဲ မရ တခါတလေမှ ရတာလေးပါရှင်
08/09/2026
ချင်းဂူးတို့ရေ ~ ဒီတပတ်တော့ Sunday ( 13/9/2016) ရက်လေးမှာ ရန်ကုန် Way လေးရှိပါမယ်နော် 😍
ရနိုင်မှာလေးတွေကတော့
🦀 ဂဏန်း ဥပြည့်အမ ပဲငံပြာရည်စိမ်/ အစပ်နှပ် - 29500Ks
🦐 ပုဇွန် ပဲငံပြာရည်စိမ်/ အစပ်နှပ် - 16500Ks
🌶️ ထုံထုံ စပ်စပ် အမဲအူကြမ်း မာလာ - 15500Ks
🌶️🌶️ ထုံထုံ စပ်စပ် ကြက်ခြေထောက် မာလာ - 15500Ks
🌶️ မုန်ညှင်း Kimchi - 7000
စတာလေးတွေပဲ ဖြစ်ပါတယ်။
သောကြာနေ့လေး Order ပိတ်မှာမို့ အမြန်လေးမှာပေးပါဦးနော် 😍
မာလာတော့ပိုကီ စားကြမယ်ဗျို့ 😍
Category
Contact the business
Telephone
Website
Address
Pyinmana
Opening Hours
| Monday | 11:00 - 20:00 |
| Tuesday | 11:00 - 20:00 |
| Wednesday | 11:00 - 20:00 |
| Thursday | 11:00 - 20:00 |
| Friday | 11:00 - 20:00 |
| Saturday | 11:00 - 20:00 |
| Sunday | 11:00 - 20:00 |
Alerts
Be the first to know and let us send you an email when GreasySpoon By Mya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.