Soe's letters
Letters
ကျနော့်ကျန်းမာရေးလေးကြောင့် စာရေးတာ ခနလေး နားထားမိတာ တောင်းပန်ပါတယ်ဗျ အခုတော့ သက်သာလာပြီမို့ စာပြန်ရေးဖို့ ပြင်ဆင်နေပါပြီ အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျ🥰🥰🥰
01/09/2023
စိတ်ဖိစီးမှုတွေ များတယ်ဆိုတာက
ခံစားချက်တွေကို ဧည့်ခံနေလို့ဖြစ်ပါတယ်။
တစ်ခါတစ်လေမှာ ကျွန်တော်တို့ ခံစားချက်တွေကို
ဧည့်ခံမနေဘဲနဲ့ ကောင်းကင်ပေါ်မှာရှိတဲ့ တိမ်တိုက်တွေ
တစ်ခုပြီးတစ်ခု ရွေ့လျားသွားလာနေတာကို
ကြည့်နေသလိုမျိုး ခံစားချက်တွေကို
လွတ်လပ်စွာ သွားလာခွင့်ပေးကြည့်ပါ။
အကြာကြီး ဧည့်ခံထားမနေပါနဲ့။
အကြာကြီး ဧည့်ခံထားနေရင် ဧည့်သည်တွေက
အိမ်ရှင်ဖြစ်သွားတတ်ပါတယ်။
အဆိုးဆုံးကတော့
မကောင်းတဲ့ ဧည့်သည်တွေက
အိမ်ရှင်ဖြစ်သွားရင် ဘဝကြီး ပျက်ဆီးစေတဲ့အထိ ဖြစ်စေနိုင်တာပါပဲ။
19/08/2023
အမှားလုပ်မိမှာကိုမကြောက်ပါနဲ့။
လူတိုင်းအမှားနဲ့မကင်းနိုင်ပါဘူး။
လူတိုင်းအမှားလုပ်ဖူးကြပါတယ်။
သင်လဲလူထဲကလူပဲ အမှားလုပ်မိမှာပါ။
အမှားလုပ်မိတာပြသနာမဟုတ်ပါဘူး အားလုံးကိုပြန်ပြုပြင်လို့ရပါတယ်။
အမှားလုပ်မိရင်တောင်ပြန်ပြုပြင်လို့ရတယ်။
လူတော်တော်များများကအမှားကိုပြန်မပြင်ကြဘူး။
သင်လည်းသူများတွေလိုမဖြစ်ချင်ရင် အမှားတွေကိုသင်ခန်းစာယူပြီး ပြန်ကြိုးစားပြီး ရှေ့ဆက်လျှောက်လိုက်ပါ။
11/08/2023
ဘဝမှာကျောခိုင်းသင့်တဲ့အချက် ၃ ချက်
၁။ ဆင်ခြေပေးခြင်းကိုကျောခိုင်းလိုက်ပါ။ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်ပီး အကြောက်တရားကိုရင်ဆိုင်ပါ။
၂။ကိုယ့်ကိုထိခိုက်ေစမယ့်အကျင့်ဆိုးေတွကိုကျောခိုင်းလိုက်ပါ ။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တတွေထပ်ခါထပ်ခါ လုပ်မိစေတတ်လို့ပါပဲ။
၃။ အရှုံးနဲ့ရင်ဆိုင်ရမှာကို ကျောခိုင်းလိုက်ပါ။ကျွန်တော်တို့သိရမှာက အောင်မြင်ခြင်းဆိုတာ နောက်ဆုံးမဟုတ်သလို အရှုံးဆိုတာကလည်းသေစေနိုင်လောက်တဲ့ အရာမဟုတ်ပါဘူး။
04/08/2023
ဘဝ မှာ ပျော်ရွှင်ဖို့ဆိုရင်...
၁။ မမုန်းပါနဲ့
ဘာကြောင့်လဲဆိုတော့ ဘဝကတိုတောင်းလွန်းတဲ့အတွက် အမုန်းတရားတွေနဲ့အချိန်ကုန်မခံပါနဲ့။
၂။မနှိုင်းယှဥ်ပါနဲ့
သူများနဲ့ယှဥ်ဖို့မကြိုးစားပဲ ကိုယ့်ဘဝရည်မှန်းချက်အတွက်သာ အကောင်းဆုံးဖစ်အောင်ကြိုးစားပါ။
၃။မစိုးရိမ်ပါနဲ့
စိုးရိမ်ကြောင့်ကြမှုတွေ ရပ်သွားတဲ့နေ့က ဘဝအသစ်ကို စတင်တဲ့ ပထမဆုံးနေ့ပါပဲ။
Category
Telephone
Website
Address
Pyu
Alerts
Be the first to know and let us send you an email when Soe's letters posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.