9Mobile
ဆက်သွယ်ရေးတွေကောင်းမွန်ဖို့ 9Mobile မှာဖုန်းဝယ်စို့…
9mobile ဖြူး
Kpay ထုတ် ၁သိန်း၂၀၀ကျပ်
အလွှဲ တစ်သိန်း ၁၀၀ ကျပ်
စိတ်ကြိုက်လွှဲထုတ် လုပ်နိုင်ပါပြီ
10/08/2026
999,000 ကျပ်နဲ့ အသွက်ဆုံးသုံး ကြည်တောက်ရှင်းဖုန်းအဖြစ်ထွက်ရှိလာတဲ့ 𝐒𝐏𝐀𝐑𝐊 𝟒𝟎 𝐏𝐫𝐨 ကိုအခုပဲဝယ်ယူနိုင်ပြီနော်
ပါးပါးလေးကိုင်၊ ပေါ့ပေါ့လေးသယ်လို့ရမယ့် Premium ဆန်ဆန်ပါးလွှာမှုအပြင် အမိုက်စား Hand Feeling Experience ကိုပါရစေမယ့် ပါးလွှာတဲ့ဖုန်းဖြစ်လို့ အချိန်ကြာကြီး ဖုန်းကိုင်ထားရလို့လည်း လေးလံမှုမရှိဘဲ အချိန်တိုင်း သက်သောက်သက်သာနဲ့ ပါးပါးလေးကိုင်လို့ရပြီနော်
အတန်ဆုံးဈေးနဲ့ Flagship Vibe မျိူးသုံးလို့ရမယ့် 1.5K Ultra-bright AMOLED Display ကိုမှ 144Hz Refresh Rate ပါဝင်တဲ့ဖုန်းဖြစ်လို့ သာမန်အလင်းရောင်တွေမှာတင်မကပဲ နေရောင်အောက်မှာလည်း ကြည်တောက်ရှင်းသုံးလို့ရမယ့် အသွက်လက်ဆုံးဖုန်းပဲပေါ့
အားလည်းခံ၊ အားသွင်းလည်းမြန်ပြီး တစ်နေ့လုံးသုံးဖို့ လုံလောက်တဲ့ 5200mAh Long-Lasting Battery + 45W Super Charge နဲ့မို့ အချိန်ခဏလေးပေးရုံနဲ့ အမြန်ဆုံးအားသွင်းလို့ရပြီး အချိန်ကြာကြာ အသုံးပြုနိုင်ပြီနော်
MediaTek Helio G100 Ultimate Processor ရဲ့ တစ်နေ့တာလုံး Smooth Performance နဲ့ App သုံးတာ၊ Game ဆော့တာ၊ Multitasking လုပ်တာအပြင် နေ့စဉ်လုပ်ဆောင်မှုတိုင်းကို Smooth Performance နဲ့ သွက်လက်မြန်ဆန်ဆုံး အသုံးပြုနိုင်ရုံသာမက အချိန်ကြာလာတာနဲ့အမျှ Performance ကျဆင်းသွားမှာကိုလည်း စိတ်ပူစရာမလိုဘဲ 5 Years Lag-Free Performance နဲ့ ရေရှည် အကြမ်းခံတဲ့ Smooth Experience ကို အသုံးပြုနိုင်ပြီပေါ့
ဒီလို အမိုက်စား Features တွေအပြင် ရေစိုခံ၊ အကြမ်းခံတဲ့ဖုန်းဖြစ်လို့ နောက်(၅)နှစ်ကျော်ကြာထိ အသွက်ဆုံးသုံးဖို့ဆို အခုပဲ TECNO Showroom များနှင့် TECNO ဖုန်းအရောင်းဆိုင်ခွဲတွေတိုင်းမှာ ဝယ်ယူပြီး ပါးပါးလေးနဲ့ ကြည်တောက်ရှင်းတဲ့ဖုန်းကို ပိုင်ဆိုင်လိုက်တော့နော်
SPARK 40 Pro (8+8 = 16GB RAM / 256GB ROM)
Available Color - Ink Black, Moon Titanium, LAKE Blue, Bamboo Green
#အသွက်ဆုံးသုံးကြည်တောက်ရှင်းဖုန်း
30/07/2026
Available Now! 🔥
အမျိုးတို့ရေ... ပါးပါးလေးနဲ့မိုက် (၆) နှစ်သုံးလိုက် HONOR X8d ကို စတင် ဝယ်ယူနိုင်ပါပြီနော်။ 📱✨
ဖုန်းကလည်း ပါးရမယ်၊ Build Quality အပြည့်နဲ့ စွမ်းဆောင်ရည်မှာလည်း နှစ်အကြာကြီး စိတ်ချလက်ချ သုံးချင်သူတွေအတွက် HONOR X8d က အကောင်းဆုံး ရွေးချယ်မှုပါပဲ။ ✨
7000mAh Super Durable Battery နဲ့ 45W HONOR SuperCharge စနစ် ပါဝင်တာကြောင့် အားခဏခဏ သွင်းစရာမလိုဘဲ အချိန်အကြာကြီး ခံပါတယ်။
ဒါတင်မကဘဲ ရာသီဥတု အမျိုးမျိုးမှာ စွမ်းဆောင်ရည် ကျမသွားဘဲ ဝယ်ခါစအတိုင်း အနည်းဆုံး (၆) နှစ်ကျော်အထိ စိတ်ချလက်ချ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒါတင်မကသေးဘူးနော်... လက်တစ်ချက်နှိပ်ရုံနဲ့ အရာရာကို ကူညီပေးမယ့် သီးသန့် AI Button နဲ့ နေ့စဉ်လူနေမှုကို ပိုမိုစမတ်ကျသွားစေမယ့် AI Features ပေါင်းများစွာပါ ပါဝင်ထည့်သွင်းပေးထားတာပါ။ 🤖💡
HONOR X8d ကို (၁,၄၉၉,၉၀၀) ကျပ် တည်းနဲ့ ဝယ်ယူရရှိနိုင်မယ့်အပြင် တန်ဖိုး (၂၂၉,၉၀၀) ကျပ် တန် HONOR Choice Earbuds X8i ကိုပါ ဩဂုတ်လကုန်အထိ အခမဲ့ လက်ဆောင်အဖြစ် ရရှိမှာ ဖြစ်ပါတယ်။ 🎁🎧
၆ နှစ်အထိ အကြိုက်သုံးလို့ရတဲ့ ဒီဇိုင်းလှ၊ စွမ်းဆောင်ရည်မြင့် HONOR X8d ကို အနီးစပ်ဆုံး HONOR အရောင်းဆိုင်တွေမှာ အခုပဲ မြန်မြန်လေး သွားရောက် ပိုင်ဆိုင်လိုက်တော့နော်။ 💯
#ပါးပါးလေးနဲ့မိုက်၆နှစ်သုံးလိုက်
#ဒေါင်းဖုန်း
02/07/2026
vivo ရဲ့ Monsoon Cashback Promotion ကြီးစတင်ပြီမို့ Cashback (၁၀၀,၀၀၀) ကျပ်အထိ ပြန်လည်ရယူနိုင်မယ့် အခွင့်အရေး ရောက်လာပြီနော်။
ဒီဇိုင်းကလည်းဆန်း လုပ်ဆောင်ချက်အမိုက်စားတွေနဲ့ Y31d Version (၂) မျိုးလုံး ဝယ်ယူသူတိုင်း လက်ငင်းငွေသားလက်ဆောင် (၁၀၀,၀၀၀) ကျပ်တိတိကို ရရှိသွားမယ့်အပြင် Y21d (6/128GB) ဝယ်ယူသူတိုင်း ငွေသား (၅၀,၀၀၀) ကျပ်ကို လက်ဆောင်ပေးအပ်သွားမှာပဲဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလက ဇူလိုင်လ (၁) ရက်နေ့မှ ဇူလိုင်လ (၁၀) ရက်နေ့အထိဖြစ်လို့ ဖုန်းအသစ်ဝယ်ရင်း ငွေသားတွေပါသိမ်းပိုက်ချင်ရင်တော့ အခုပဲ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
Cashback ပါပြီး ဈေးနှုန်းများ
Y31d (8/256GB) 1,499,800 Ks (Cashback 100,000 MMK)
Y31d (6/256GB) 1,299,800 Ks (Cashback 100,000 MMK)
Y21d (6/128GB) 1049,800 Ks (Cashback 50,000 MMK)
30/06/2026
💎 Pre-order အလုံးအရေအတွက် ကန့်သတ်ထားပါသည်။
အားလုံးစောင့်မျှော်နေကြတဲ့ စျေးကွက်ထဲမှာ Camera အလန်းဆုံးနဲ့ AI အကြမ်းဆုံးဖုန်းတွေဖြစ်တဲ့ ... 🧡
Iconic AI imaging HONOR 600 5G series ကို ဇူလိုင်လ (၁) ရက်နေ့ကစပြီး pre-order တင်နိုင်ပြီနော် …
ဇူလိုင်လ (၁) ရက်နေ့မှ (၁၀) ရက်နေ့အတွင်း pre-order မှာယူမယ့်သူတွေအတွက် ငွေကျပ် (၁၅) သိန်းကျော်တန်ဖိုးရှိတဲ့ လက်ဆောင်တွေလည်းရရှိနိုင်မှာပါ…
HONOR ထုံးစံအတိုင်း pre-order အလုံးအရေအတွက် ကန့်သတ်ထားတာမို့လို့ လက်ဦးမှုရယူအောင် ဇူလိုင်လ (၁)ရက်နေ့ကစပြီး pre-order အမြန်ဆုံးတင်လိုက်တော့နော်။
HONOR 600 5G Pre-order လက်ဆောင်များ -
🎁 HONOR CHOICE Speaker Pro
🎁 TWS Earbuds
🎁 2 Years Warranty
🎁 180 Days Screen Insurance
HONOR 600 Pro 5G Pre-order လက်ဆောင်များ -
🎁 HONOR CHOICE Speaker Pro
🎁 HONOR CHOICE LCHSE Earbuds Clip
🎁 2 Years Warranty
🎁 180 Days Screen Insurance
28/06/2026
ဒီနေ့မှာကျရောက်မယ့် မွေးနေ့ရှင်လေး အတွက်တဲ့
Apple Watch series 11 black လေး 9mobileမှာ
Suprise gift လေး လက်ဆောင်ပေးဖို့ လာမှာထားပေးတဲ့သူရှိပါတယ်ရှင့်🌸
မွေးနေရှင်လေးလည်း နောက်နှစ်ပေါင်းများစွာတိုင်
ကျန်းမာပျော်ရွှင် လှပန်ိုင်ပါစေရှင်🌸
မှန်အခုံးဖုန်းတွေအတွက် မှန်မကွဲရပြီနော်
Quality ကောင်းကောင်းပါနော်
21/05/2026
စတင်ဝယ်ယူနိုင်ပါပြီ အမျိုးတို့ ... 📣
ဖိုက်တာလိုသုံး အကောင်းဆုံး ဘတ်ဂျက်ဖုန်း 🔥
အားလုံးစောင့်မျှော်နေကြတဲ့ HONOR X5c ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ HONOR X5c Plus ရောက်ရှိလာပါပြီ။ နောင်တော် X5c ထက် ပိုမိုကောင်းမွန်တဲ့ Features တွေနဲ့အတူ ဖိုက်တာတစ်ယောက်လို အရာရာကို ကြံ့ကြံ့ခံနိုင်မယ့် စွမ်းဆောင်ရည်တွေကတော့ -
✅ နေ့စဉ်အသုံးပြုမှုမှာ ကြုံတွေ့ရမယ့် တိုက်မိခိုက်မိတာတွေကို လုံးဝစိုးရိမ်စရာမလိုဘဲ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မယ့် Build Quality နဲ့ တည်ဆောက်ထားပါတယ်။
✅ ကြီးမားတဲ့ 5260mAh ဘက်ထရီပါဝင်လို့ တစ်နေကုန် အပြည့်အဝ အဖော်ပြုပေးမှာဖြစ်သလို (၄) နှစ်ကြာတဲ့အထိ ဘက်ထရီကျန်းမာရေးက အသစ်အတိုင်း ကောင်းမွန်နေဦးမှာပါ။
✅ ဘယ်လိုအချိန်မျိုးမှာမဆို အမှတ်တရတွေကို အကြည်လင်ဆုံး မှတ်တမ်းတင်ဖို့ 50MP Main Camera က အသင့်ရှိနေမှာပါ။ AI နည်းပညာပါဝင်လို့ ပုံရိပ်တိုင်းက အသက်ဝင်ပြတ်သားနေမှာ အသေအချာပါပဲ။
✅ 6.74 inches ရှိတဲ့ မြင်ကွင်းကျယ်မျက်နှာပြင်မှာ 90Hz Refresh Rate ပါဝင်လို့ ဆွဲရတာ အရမ်းချောမွေ့ပါတယ်။ မျက်စိမပင်ပန်းစေမယ့် DC Dimming စနစ်နဲ့ အရေးကြီးအချက်အလက်တွေကို တစ်ချက်တည်းနဲ့ မြင်နိုင်မယ့် Magic Capsule Feature ကလည်း စမတ်ကျစေမှာပါ။
✅ MediaTek Helio G81 Chipset နဲ့အတူ HONOR RAM Turbo နည်းပညာကြောင့် RAM (4+4) 8GB အထိ ရရှိမှာဖြစ်လို့ App တွေအများကြီး သုံးတာတောင် ထစ်ငေါ့ခြင်းမရှိပါဘူး။ 128GB Storage ကလည်း ဒေတာတွေအများကြီး သိမ်းဆည်းဖို့ အလုံအလောက်ပါပဲ။
✅ ဘေးဘက်လက်ဗွေဖတ်စနစ် Fingerprint နဲ့ မျက်နှာဖတ်စနစ် Face Unlock တို့ ပါဝင်တာကြောင့် လုံခြုံမှုရှိသလို ဖုန်းဖွင့်ရတာလည်း စက္ကန့်ပိုင်းအတွင်း အရမ်းမြန်ဆန်ပါတယ်။
✅ နောက်ဆုံးပေါ် MagicOS 9.0 နဲ့ အသုံးပြုရတာ ပိုမိုလွယ်ကူ၊ ပိုမိုသွက်လက်ပြီး စမတ်ကျတဲ့ Feature အသစ်တွေကို တစ်ပါတည်း ခံစားရမှာပါ။
✅ အရောင်တွေအနေနဲ့ကတော့ Ocean Cyan နဲ့ Meteor Silver ဆိုပြီး စတိုင်ကျတဲ့ အရောင် (၂) မျိုး ရွေးချယ်နိုင်ပါတယ်။
ဘက်စုံတော်ပြီး အကြမ်းခံတဲ့ HONOR X5c Plus ကို အခုပဲ နီးစပ်ရာ HONOR အရောင်းဆိုင်တွေမှာ ပြေးဝယ်လိုက်တော့နော်။
#ဖိုက်တာလိုသုံးအကောင်းဆုံးဘတ်ဂျက်ဖုန်း
14/05/2026
vivoရဲ့ မေလအထူးအစီအစဉ်အနေနဲ့ Special Cashback Promotion ကြီး အခုပဲ
12/04/2026
🙏မြန်မာနှစ်ဦးအလှူ🙏
(13.4.2026) သင်္ကြန်အကြိုနေ့ နံနက် 8:00 အချိန်တွင် ဖြူးမြို့ 9-Mobile မိသားစုမှ မုန့်လုံးရေပေါ်ကုသိုလ် ယူမည်ဖြစ်ပါသဖြင့် မည်သူမဆိုလာရောက် သုံးဆောင်နိုင်ပါရန် ဖိတ်ခေါ်အပ်ပါတယ်ရှင့်။📢📢📢
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pyu