WIFI Talks
WIFI Talks : Where I Feel Inclusive
20/09/2026
အားလုံး သာလီစွပါ👋👋👋
❇️အေအပတ် WIFI Talks Quiz session က နိန်ပြန်လို့ ကြိုဆိုလိုက်ပါရေ ❇️
⭐️ မြင်နိန်ရရေ ညကောင်းကင်မှာ ကြယ်တိ အစာဖြိုက်လို့ တရွေ့ရွေ့လားနိန်ပိုင် မြင်ရကတ်လဲ သိကတ်ပါလား ယင်းအကြောင်းအရာနဲ့ ပတ်သက်လို့ အေအပတ် quizချေတစ်ခု စီစဥ်ထားပါရေ?🌌
Do you know why stars appear to move in the sky?
A.The sky is rotating
B.The universe is expanding
C.Earth is moving
D.Galaxies are forming
💚 မှားမှားမှန်မှန် အဖြေကို comment မှာ ရီးခလို့ရပါရေနန်း။ 💚
အဖြေကို ဗုဒ္ဓဟူး နိန့်တိုင်း commentမှာ တင်လားပီးဖို့ဖြိုက်ရေအတွက် မှားမှားမှန်မှန် လာတိုက်ကေ့ကဖို့ မမိန့်ပါကေ့။ 🔋
Telegram Channel မှာလေ့ တင်ပီးလားဖို့ဖြိုက်တေအတွက် Telegram Channelကိုလည်း Join ပီးထားကတ်ဖို့လည်း အကြံပြုချင်ပါရေ။ 👇
https://t.me/wifitalks
အစစအရာရာဂရုစိုက်ကတ်ပါ
🙇 အားလုံးကို ကျေးဇူးတင်ပါရေ 🙇🏻♀️
WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks
18/09/2026
အားလုံးသာလီစွပါ👋👋👋
အပတ်စိုင် တင်ပီးနိန်ကျဖြိုက်တေ WIFI Talks’ quiz session ကနိန်ပြန်လို့ကြိုဆိုလိုက်ပါရေ။🙌
နှစ်တိုင်း စက်တင်ဘာလကိုရောက်ကေ လူတိုင်းဖေသာအိတ်ကို လှုပ်ခတ်စီရေ Product အသစ်တစ်ခုစီထွက်လို့လာပါရေ။ အေနှစ်ခါလေ့ Social Media Newsfeed တစ်ခုလုံးမှာ ခေါက်လို့ရရေ IPhone Duo နန့် အားလုံးစောင့်မျှော်နိန်ကတ်တေ IPhone 18 series ကလွှမ်းမိုးနိန်ပါရေ။ 🍎
ယင်းတွက်နန့် အေတစ်ပတ် quiz session မှာ Apple နန့်ပတ်သက်တေ quiz ချေတစ်ခု ဖြေကြည့်ကတ်ပါမေ။✨
What is the reason behind the bite in Apple’s logo?
A. To show someone eating an apple
B. To make sure the logo isn’t mistaken for a cherry
C. To create a wordplay with the computer term “byte”
D. Because it was Steve Jobs’ favorite design
အဖြေမှန်ကို ဗုဒ္ဓဟူးနိန့်တိုင်း comment မှာ တင်ပီးလားဖို့ဖြိုက်လို့ လာတိုက်ကြည့်ဖို့မမိန့်ကတ်ပါကေ့နန်း။ မှားမှားမှန်မှန် ဗဟုသုတတိုးဖို့အကြာင်းအရာချေဖြိုက်လို့ ကိုယ်ထင်ရေအဖြေကို comment မှာချရေးခကတ်ပါ။🤩
အစစအရာရာ ဂရုစိုက်ကတ်ပါ💚 ၊ အားလုံးကို ကျေးဇူးတင်ပါရေ။
Join us on Telegram
https://t.me/wifitalks
WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks
17/09/2026
အားလုံးသာလီစွပါ👋👋👋
အပတ်စိုင် တနင်္ဂနွီနိန့်တိုင်းမှာ ညီအစ်ကိုမောင်နှမရို့နန့်အတူ ဗဟုသုတတိအချင်းချင်းမျှဝီပနာ Speaking Practice လုပ်နိန်ကျ English Conversation Club ကနိန်ပြန်လို့ကြိုဆိုလိုက်ပါရေ။ 🥳✨
✨အေအပတ်မှာ ဆွေးနွေးလေ့ကျင့်ဖို့အတွက် ရွီးချယ်ထားရေ ခေါင်းစိုင်ကတော့ကေ "Are you Ghosted, Roasted or Toasted?" ဖြိုက်ပါရေ။✨
"Are you Ghosted, Roasted or Toasted?" ဆိုစော် ဇာကိုဆိုလိုစော်လဲ?💭
💼 လူတစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံရေး၊ စရိုက်နန့် စကားပြောဆိုရအဆင်ပြေမှုကို ဖော်ပြရေနေရာမှာ အေ Slang/Idioms ချေတိကို သုံးလေ့ဟိကတ်ပါရေ။
Ghosted: တစ်ဖက်လူက ကိုယ့်ကို အဆက်အသွယ်ဖြတ်/အဖက်မလုပ်ရာဘဲ ပျောက်ကွယ်လားစော် (မသိကျိုးကျွံပြုခံရစော်)
Roasted: အပေါင်းအသင်းတိအလယ်မှာ စနောက်ပြောင်လှောင်ခံရစော် သို့မဟုတ် ဝေဖန်ခံရစော်
Toasted: လူအများရဲ့ ချီးကျူးဂုဏ်ပြုမှုကို ခံရပနာစကားပြောရစာ၊သဘောကျစရာကောင်းရေ လူတစ်ယောက်ဖြစ်စော်
⚖️ အကျွန်ရို့ ပတ်ဝန်းကျင်မှာ အဆိုပါ အခြေအနေတိနန့် ကြုံတွေ့ရလေ့ဟိပနာ တခြားလူတိနန့် ဆက်ဆံတဲ့အခါ ကိုယ်က အများနဲ့ စကားပြောရတာ အဆင်ပြေရေ အပေါင်းအသင်းမင်ရေလူ (Toasted) ဖြိုက်နီသလား၊ စနောက်တာ ခံရတတ်ရေလူ (Roasted) လား၊ ဒါမှမဟုတ် စကားပြောရတာ ပျင်းစရာကောင်းလို့ အဖက်မလုပ်ဘဲ ထားခြင်းခံရရေလူ (Ghosted) ဖြိုက်နီသလားဆိုတာ ပြန်လည်သုံးသပ်ကြည့်လို့ ရပါရေ။⚖️
📈 ကိုယ့်ရဲ့ ဆက်ဆံရေးအပြုအမူတိ၊ အပြောအဆိုတိကို ပိုမိုကောင်းမွန်လာအောင် ပြုပြင်ပနာ လူတိုင်းနန့် စကားပြောရတာ ပျော်စရာကောင်းရေ "Toasted" ဖြိုက်လာအောင် ကြိုးစားတာက ဘဝအတွက် ပိုမိုအဓိပ္ပာယ်ရှိပါရေ။📈
💌ကိုယ်ရဲ့ အတွိ့အကြုံတစ်ခု၊ အကြံဉာဏ်တစ်ခုက တခြားလူတစ်ယောက်အတွက် အားအင်တစ်ခုလည်းဖြိုက်လားနိူင်လို့ မတွန့်မဆုတ်ဘဲ အတူတူရှာဖွေဆွေးနွေးကတ်ဖို့ အကျွန်ရို့ WIFI Talks ရဲ့ English Conversation Club ကိုပါဝင်ဖို့ဖိတ်ခေါ်လိုက်ရပါရေ။💌
အကျွန်ရို့ WIFI Talks ECC မှာဆိုကေ
✅ Introduction section
✅ Game Section
✅ Vocabulary & Idiom Sharing Section
✅ Discussion Section
✅ Participate Sharing Section
ဆိုပနာ အပိုင်း ၅ပိုင်းပါဝင်ပြီးကေ Section တစ်ခုချင်းစီကို ရင်းနှီးဖော်ရွေရေ Facilitators ချေတိက ပေါ့ပေါ့ပါးပါးနဲ့ Facilitate လုပ်ပီးလားဖို့ဖြိုက်တေအတွက် မဝံ့မရဲဖြိုက်စရာမလိုဘဲ စိတ်ဝင်စားရေအသူမဆို(English ဇာ Level မဆို)လာJoinနိုင်ပါရေနန်း။
🗓️Date- 20.09.2026 (Sunday)
🕰️Time - 7:00 pm
🌐 Location - Zoom Platform မှာ လုပ်လားဖို့ဖြိုက်ပါရေ။
စိတ်ဝင်စားရေ ညီအစ်ကိုမောင်နှမတိအနိန်နဲ့ Join ဖို့ Zoom Linkကို Messenger မှာလာယူနိုင်ရေပိုင် Telegram Channel မှာလေ့ တင်ပီးလားဖို့ဖြိုက်တေအတွက် Telegram Channelကိုလည်း Join ပီးထားကတ်ဖို့လည်း အကြံပြုချင်ပါရေ။
https://t.me/wifitalks
WIFI Talks ECC အကြောင်း အသေးစိတ်သိချင်ကေ အောက်က Link ထဲမှာ လားဖတ်ကြည့်လို့ ရပါရေ။🙌
https://www.facebook.com/share/p/gqJbTEQxLtJcpbaS/?mibextid=oFDknk
အစစအရာရာ ဂရုစိုက်ကတ်ပါ ၊ အားလုံးကို ကျေးဇူးတင်ပါရေ💚
WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks
16/09/2026
အားလုံးသာလီစွပါ👋👋👋
အပတ်စိုင်စနိန်နိန့်တိုင်းမှာ စာဖတ်ဝါသနာရှင်ညီအစ်ကိုမောင်နှမရို့နန့်အတူ စိတ်ဝင်စားဖို့ကောင်းရေ Article တိကို ဆွေးနွေးပနာ English skills တိကို မြှင့်တင်နိန်ကျဖြိုက်တေ Reading Club ကနိန်ပြန်လို့ကြိုဆိုလိုက်ပါရေ။🥳✨
အေအပတ်အတွက် ညီအစ်ကိုမောင်နှမရို့နန့်တတူ ဆွေးနွေးလေ့ကျင့်ဖို့ ရွီးချယ်ထားရေ ခေါင်းစိုင်ကတော့ကေ ‘The Evolution of Anxiety: Why We Worry and What to Do About It’ ဖြိုက်ပါရေ။
🦒 ညီအစ်ကိုမောင်နှမရို့ ကိုယ့်ကိုယ်ကို Safari, ဆာဗားနားမြက်ခင်းပြင်ထက်က သစ်ကုလားအုပ်တစ်ကောင်အနိန်နန့် စဉ်းစားကြည့်ပါ။ လုပ်စရာဆိုလို့ ဝမ်းဆာကေ အရွက်တိစားစော်ရယ်၊ ခြင်္သေ့တိလာကေ ဘေးလွတ်ရာဗြီးစော်ရယ် ကလွဲကေ သူ့မှာတစ်ခြားလုပ်စရာ၊ ပူပန်စရာမရှိ။ အကျွန်ရို့လူတိမှာဆိုကေ စာတိကြိုးစားမှ အလုပ်ကောင်းတစ်ခုရဖို့၊ အလုပ်လုပ်မှ ဖေသာရဖို့၊ ဖေသာရမှ အိမ်အတွက်ကုန်ကျစရိတ်တိ ပီးနိုင်ဖို့။ ယင်းပိုင်မျိုး အနာဂတ်အတွက် စဉ်းစားစရာ၊ ပူပန်စရာတိမကန်မဟုတ်ပါလားနန်း။😮💨
နာမည်ကြီးစာအုပ်တစ်အုပ်ဖြိုက်တေ Atomic Habits ကိုရီးသားရေ စာရီးဆရာကြီး James Clear က အေပိုင်မျိုး နောက်ဖြိုက်လာဖို့အရာတိအတွက် စိုးရိမ်ပူပန်ပနာ မသေချာ၊ မရေရာမှုတိကြားက စိတ်အီးချမ်းမှုကို ရှာဖွေဖို့ အချက်(၂) ချက်ကို အေ Article ထဲမှာဖော်ပြထားပါရေ။✌️✨
ယင်းတွက်နန့် အေအပတ် Reading Club မှာ ယင်းအချက်(၂)ချက်က ဇာဟင့်လဲဆိုစော် အတူတူ အဖြေရှာယင်းနန့် ညီအစ်ကိုမောင်နှမရို့ဘားမှာ ဖြိုက်ပေါ်နိန်ရေ Overthinking တိ၊ နာတာရှည်စိုးရိမ်စိတ်လို့ခေါ်ရေ (Chronic Anxiety) တိကို ဇာပိုင်ကျော်လွှားကတ်ဖို့လဲဆိုစော် အချင်းချင်း ဆွေးနွေးတိုင်ပင်ကတ်ဖို့ အေအပတ် စနိန်နိန့်မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါရေ။🤗✨
Article Title -The Evolution of Anxiety: Why We Worry and What to Do About It
Article Link - https://docs.google.com/document/d/1UYpcPs1_8OmogsiWiM0FKey2j_Lg3M6AHqo7H2fEYyI/edit?usp=drivesdk
အကျွန်ရို့ Reading Club မှာဆိုကေ Introduction နန့် Game Session တိပါဝင်ရေအတွက်ကြောင့်နန့် Networking လည်းလုပ်ရဖို့ဖြစ်ပြီးကေ Discussion နန့် Sharing Session တိမှာ ကိုယ့်အမြင်တိကို ဝီမျှပနာ Reading Skill ကိုမြှင့်တင်ကတ်ပါဖို့။🤩
✳️Reading Club ကို Join ဖို့ဆိုကေ အထက်မှာဖော်ပြထားရေ Article link ကိုဝင်ပနာ ကြိုဖတ်လာဖို့လိုပါရေနန်း။👆
🔰Date- 19.9.2026 (Saturday)
🔰Time- 7:00 PM
🔰Location- Zoom Platform
WIFI Talks' RCအကြောင်း အသေးစိတ်သိချင်ကေအောက်က link ထဲမှာ လားဖတ်ကြည့်လို့ရပါရေ။⬇️
https://www.facebook.com/share/p/1CsQRHQ5Yh/
စိတ်ဝင်စားရေ ညီအစ်ကိုမောင်နှမတိအနိန်နဲ့ Join ဖို့ Zoom Linkကို Messenger မှာလာယူနိုင်ရေပိုင် Telegram Channel မှာလေ့ တင်ပီးလားဖို့ဖြိုက်တေအတွက် Telegram Channelကိုလည်း Join ပီးထားကတ်ဖို့လည်း အကြံပြုချင်ပါရေ။
👉 https://t.me/wifitalks👈
အစစအရာရာ ဂရုစိုက်ကတ်ပါ ၊ အားလုံးကို ကျေးဇူးတင်ပါရေ 💚
WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks
15/09/2026
သာလီစွပါ 👋🏼👋🏼👋🏼
နက်ဖခါ ည ၈ နာရီမှာ ကျင်းပပြုလုပ်လားဖို့ MEETup 27 (Myanmar EU Empowerment Programme) Sharing Session ချေကို MEETup ကို လျှောက်ဖို့ပြင်ဆင်နိန်ရေ၊ စိတ်ဝင်စားနိန်ရေ ညီအကိုမောင်နှမရို့အတွက် တခေါက်ပြန်လို့ Reminder လုပ်ပီးလိုက်ပါရေနန်း 📣
MEETup Programme ကတော့ အသက် ၁၆ နှစ်ကနိန် ၂၄ နှစ်အတွင်း နိုင်ငံတကာဆက်ဆံရေးနှင့် လူငယ်ရေးရာ ဖွံ့ဖြိုးတိုးတက်မှုနှင့်သက်ဆိုင်ရေ အကြောငါးအရာတိကို စိတ်ဝင်စားလေ့လာချင်ရေသူတိအတွက် အထူးကိုက်ညီရေ လူငယ်အစီအစိုင်တစ်ခု ဖြစ်ပါရေ … Remote Participation လေ့ရလို့ အင်တာနက်ရရေနိန်ရာကလေ့ ပါဝင်လားနိုင်ဖို့ ဖြစ်ပါရေ အသေးစိတ်ကို အောက်က Link မှာ လားလို့ဖတ်ရှုနိုင်ပါရေ 🤗
https://www.facebook.com/share/p/191Q91XUn6/?mibextid=wwXIfr
From Dream to Impact Online Webinar ချေကို စီစိုင်ပီးရေ Kyaung Sayar - ကျောင်းဆရာ ကို WIFI Talks ကလည်း Partner အဖြစ် ဝမ်းမြောက်စွာ ပါဝင်ထားပါရေ 🤍💚
Sharing ပြုလုပ်ပီးလားဖို့ Speaker ကလည်း WIFI Talks Founder ဖြစ်ပြီးကေ MEETup Alumni တစ်ယောက်လည်း ဖြစ်တေ မခင်ဝင်းမြိုင်က ပြုလုပ်ပီးလားဖို့ဖြစ်ပါရေ
Speaker Background ကိုလည်း အောက်မှာ ဖော်ပြပီးထားပါရေ 📣
* Founder President of Rakhine based nonprofit educational youth organization- WIFI Talks
* Coordinator of SheConnects Programme
* EU’s MEETup (Myanmar EU Empowerment Programme) Alumnae
* EMPM VGO Scholarship Batch -3 Awardee
* Former Intern at EU Delegation to Myanmar
* Communications Officer at sequa gGmbH’s MADE in Myanmar Project
EU MEETup 2027: From Dream to Impact
Date : 16 September 2026
Time : 8:00 PM
Platform : ZOOM Meeting
Link :
https://zoom.us/j/93253417751?pwd=DFpunCfopO3fCJhUvFty3zLNqw3fgH.1
Meeting ID: 932 5341 7751
Passcode: kyaung
စိတ်ဝင်စားရေ ညီအကိုမောင်နှမတိ အားလုံးကို လာလို့နားထောင်ဖို့ ဖိတ်ခေါ်လိုက်ပါရေ 💚
အစအစအရာရာဂရုစိုက်ကတ်ပါ၊ အားလုံးသူကိုကျေးဇူးတင်ပါရေ 🤍
Join us on Telegram 👉https://t.me/wifitalks
WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks
13/09/2026
❝ Your Circle is Shaping You ❞
ကိုယ်ရှိနိန်ရေ ပတ်ဝန်းကျင်က ကိုယ့်ကို ပုံဖော်ပီးနိန်ရေဆိုစွာ သတိထားမိကတ်ပါလာ❓
ကိုယ့်ဘေးမှာရှိနိန်ရေလူတိက အသူတိလဲဆိုစွာထက် သူရို့တိနဲ့ရှိနေလို့ ကိုယ်က ဇာပိုင်လူတစ်ယောက်ဖြိုက်လာနိန်လဲ ဆိုစွာက ပိုအရေးကြီးပါရေ။
🍂တချို့နေရာတိ၊ တချို့လူတိနန့် နိန်ရင်း အချိန်ဖြုန်းစွာကို “ပုံမှန်”လို့ ထင်လာပါရေ။ မကြိုးစားစွာကို “အေးဆေးရာ၊ အားလုံးအေပိုင်ရာ” လို့ စိုင်းစားလာပါရေ။
🍂ကိုယ်ဖြစ်ချင်ရေအိပ်မက်ကို ပြောပြရေအခါ “မင်းလုပ်နိုင်ဖို့စွာလေ့ မဟုတ်၊ လုပ်မနိန်ကေ့ အလကား” စရေ အနုတ်ဆောင်ရေစကားတိက ကိုယ့်စိတ်ထဲကိုပါ အမြစ်တွယ်လားပြီးကေ ကိုယ်တိုင်ကပါ ယပိုင်လက်ခံလားတတ်ပါရေ။
🌱ယင်းဟင့်နဲ့ပြောင်းပြန် အရာတစ်ဖက်မှာကတော့ကေ ကိုယ့်ထက် ပိုသိ၊ ပိုတော်ရေလူတိ၊ ပိုကြိုးစားနိန်ရေလူတိနဲ့ အနီးကပ်ရှိလာရေအခါ ကိုယ်မသိသိစွာတိကို သိလာရေ၊ အခွင့်အရေးတိကို မြင်လာရေ၊ ကိုယ့်စွာကိုယ်လည်း ပိုတိုးတက်ချင်လာရေ၊ လုပ်ချင်ကိုင်ချင်၊ လုပ်ရဲကိုင်ရဲ ဖြိုက်လာပါရေ။
🌱ယင်းအတွက်နန့် ရှေ့ကိုလားနိန်ရေ လူငယ်တစ်ယောက်အနိန်နဲ့ “ အေလူတိက ငါ့ကိုခြီကတ်ယင့်လား” ဆိုစွာထက် “အေနေရာ၊ အေလူတိနဲ့နိန်ကေ ငါဖြိုက်ချင်ရေ လူတစ်ယောက် ဖြစ်လာနိုင်ဖို့လား”ဆိုစွာကို အရင်မေးကြည့်ဖို့ အကြံပြုချင်ပါရေ။
ယင်းပိုင်ဆိုလို့ လူတိုင်းနဲ့အဆက်ဖြတ်ပြီးကေ နိန်ဖို့ပြောစွာမျိုး မဟုတ်ပါ။ ကိုယ့်အနာဂတ်ကို ဇာပိုင်လူတိနဲ့တတူ တည်ဆောက်လားဖို့လဲဆိုစွာကို ရွီးချယ်တတ်ဖို့ လိုရေဆိုစွာကို ပြောချင်စွာဖြိုက်ပါရေ။ 🤝
ယင်းတွက်နန့် အချိန်တစ်ခုရောက်ခါမှ နောင်တမရရအောင် အဂုလက်ရှိအချိန်ကနေ အဆိပ်အတောက်ဖြိုက်စီရေ ပတ်ဝန်းကျင်တိကိုဆို ရှောင်ပြီးကေ ကိုယ့်ကို တိုးတက်စီရေ၊ ကောင်းစီချင်ရေ ပတ်ဝန်းကျင်ကောင်းတိမှာရာ နိန်ထိုင်လားကတ်ပါမေ။🍀
အစအစအရာရာဂရုစိုက်ကတ်ပါ၊ အားလုံးသူကိုကျေးဇူးတင်ပါရေ🎈
Join us on Telegram 👉https://t.me/wifitalks
WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks
12/09/2026
အားလုံးသာလီစွပါ👋👋👋
အပတ်စိုင် တနင်္ဂနွီနိန့်တိုင်းမှာ ညီအစ်ကိုမောင်နှမရို့နန့်အတူ ဗဟုသုတတိအချင်းချင်းမျှဝီပနာ Speaking Practice လုပ်နိန်ကျ English Conversation Club ကနိန်ပြန်လို့ကြိုဆိုလိုက်ပါရေ။ 🥳✨
အေအပတ်မှာ ညီအစ်ကိုမောင်နှမရို့နန့်တတူ ဆွေးနွေးလေ့ကျင့်ဖို့အတွက် ရွီးချယ်ထားရေ ခေါင်းစိုင်ကတော့ကေ “Playlist Personality” ဖြိုက်ပါရေ။🎶✨
🎧 ညီအစ်ကိုမောင်နှမရို့မှာ ကိုယ်အကြိုက်ဆုံးတေးခြင်းဆိုစော်မျိုး ရှိကတ်ပါမနားနန်း။ လူတစ်ယောက်အတွင်းစိတ်၊ ခံစားချက်နန့် ဖြတ်သန်းနိန်ရရေ ဘဝအခိုက်အတန့်တိကို အတိအကျမှတ်တမ်းတင်ထားနိုင်ရေနိန်ရာစော် ကိုယ်နားထောင်နိန်ကျ တေးခြင်းplaylistတိထဲမှာ ဖြိုက်နိန်တတ်ကတ်ပါရေ။🎼
🎧 Cambridge တက္ကသိုလ်ဂီတသုတေသီတိက ကိုယ်ရွီးချယ်နားထောင်ဖြိုက်ရေ တေးခြင်းတိစော် ကိုယ့်စရိုက်လက္ခဏာ (personal traits) တိနန့် တိုက်ရိုက်ဆက်စပ်နိန်ရေလို့ ဆိုပါရေ။✨
🎧 တစ်ချို့တိက အရင်ခေတ် 90s, 2000s ဖက်က Country တေးခြင်းတိကို နားထောင်ရစော်ကြိုက်ကတ်တေ၊ တစ်ချို့ကျကေ K-pop, Jazz အစရှိစော် တေးခြင်း Genre မျိုးကိုကြိုက်ကတ်ပါရေ၊ အေပိုင်မျိုး သူ့playlist တိကိုကြည့်ပနာ အေသူစော်စိတ်အပြောင်းအလဲမြန်ရေလူလား၊ စိတ်ခံစားချက်နက်နဲရေလူလား၊ ပွင့်လင်းမြင်သာရေလူလား ဆိုစော်ကို ခွဲခြားနိုင်ပါရေ။💕
ယင်းတွက်နန့် ညီအစ်ကိုမောင်နှမရို့မှာ ကိုယ်နားထောင်နိန်ကျ အကြိုက်ဆုံး playlist ကိုဖွင့်ပြပြီးကေ ကိုယ်နန့် personality တူရေသူငယ်ချင်းကို လိုက်ရှာပနာ အချင်းချင်း ဆွေးနွေးမျှဝီကတ်ဖို့ အေအပတ် ECC မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါရေ။🤗✨
WIFI Talks ECC မှာဆိုကေ
☑ Introduction section
☑ Game Section
☑ Vocabulary & Idiom Sharing Section
☑ Discussion Section
☑ Participate Sharing Section
ဆိုပနာ အပိုင်း ၅ပိုင်းပါဝင်ပြီးကေ Section တစ်ခုချင်းစီကို ရင်းနှီးဖော်ရွေရေ Facilitators ချေတိက ပေါ့ပေါ့ပါးပါးနဲ့ Facilitate လုပ်ပီးလားဖို့ဖြိုက်တေအတွက် မဝံ့မရဲဖြိုက်စရာမလိုဘဲ စိတ်ဝင်စားရေအသူမဆို(English ဇာ Level မဆို)လာJoinနိုင်ပါရေနန်း။
အေဂု WIFI Talks ECC ကို
🔰 Date- 13.9.2026 (Sunday)
🔰 Time - 7 pm
🔰 Location - Zoom Platform မှာ လုပ်လားဖို့ဖြိုက်ပါရေ။
စိတ်ဝင်စားရေ ညီအစ်ကိုမောင်နှမတိအနိန်နဲ့ Join ဖို့ Zoom Linkကို Messenger မှာလာယူနိုင်ရေပိုင် Telegram Channel မှာလေ့ တင်ပီးလားဖို့ဖြိုက်တေအတွက် Telegram Channelကိုလည်း Join ပီးထားကတ်ဖို့လည်း အကြံပြုချင်ပါရေ။
https://t.me/wifitalks
WIFI Talks ECC အကြောင်း အသေးစိတ်သိချင်ကေ အောက်က Link ထဲမှာ လားဖတ်ကြည့်လို့ ရပါရေ။
https://www.facebook.com/share/p/gqJbTEQxLtJcpbaS/?mibextid=oFDknk
အစစအရာရာ ဂရုစိုက်ကတ်ပါ ၊ အားလုံးကို ကျေးဇူးတင်ပါရေ။💚
WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks
11/09/2026
အားလုံး သာလီစွပါ
🌿Word Power Time🌿
🗣English ဘာသာစကားကို ပြောဆိုရေးသားနိုင်ဖို့ရာ သက်ဆိုင်ရေဝေါဟာရတိ ကြွယ်ဝဖို့က မဟိမဖြိုက် အရေးကြီးပါရေ...👥
စကားလုံးဝေါဟာရတိကို ကြွယ်ဝပိုင်နိုင်အောင် အသုံးပြုနိုင်စော်က နိန့်စိုင်လူမှုဘဝမှာ ဖြိုက်ဖြိုက်၊ ဘာသာစကားလေ့လာစော်မှာရာ ဖြိုက်ဖြိုက် Power တစ်မျိုးဖြိုက်ပါရေ။🌟
ယင်းကြောင့်နဲ့ ညီအစ်ကိုမောင်နှမတိ ဝေါဟာရ အသုံးအနှုန်း ကြွယ်ဝဇီ ဖို့ အတွက် အေအပတ် WIFI Talks ရဲ့ RC နဲ့ ECCမှာ ပြောဆိုဆွေးနွေးပခကတ်ရေ Vocabulary တိကို တစ်ခေါက်ပြန် sharing လုပ်ပနာ မှတ်မိလွယ်ဇီဖို့ 🌿Word Power🌿 ဆိုရေ session ကို ထည့်သွင်းပီးထားပါရေ။ 🤩
🔆ယင်းကြောင့်နဲ့ အေအောက်မှာ ပီးထားရေ vocabulary တိကို သုံးကြည့်ဗြီးကေ တူတူ အဓိပ္ပါယ်ပြည့်စုံရေဝါကျတိကို တည်ဆောက်ကြည့်ကတ်ပါမေနန်း..။
1.Hurdle (N) = အတားအဆီး / အခက်အခဲ / ကျော်ဖြတ်ရမည့်ပြဿနာ။
Meaning: An obstacle, difficulty, or problem that must be overcome.
Example: Lack of confidence can be a major hurdle when learning a new language.
2.Rampant (Adj) = အထိန်းအကွပ်မရှိ အလွန်အမင်းပျံ့နှံ့နီသော / ထိန်းချုပ်မရအောင် ဖြစ်ပွားနီသော။
Meaning: Spreading or growing quickly and without control.
Example: Rumors were rampant across the school after the surprise announcement.
3.Spacious (Adj) = ကျယ်ဝန်းသော / နီရာကျယ်သော / ကျဉ်းကျပ်မှုမရှိသော။
Meaning: a lot of space and large in area
Eg: My living room is the most spacious place in my house.
4.Domicile (N) = အမြဲတမ်းနီထိုင်ရာအရပ် / တရားဝင်အခြီစိုက်နီထိုင်ရာနီရာ / အမြဲတမ်းအိမ်။
Meaning: A person’s permanent legal home or dwelling space
Eg: He returned to his domicile after spending 4 years abroad.
အပေါ်မှာ Vocabulary ချေတိသုံးပနာ ဥပမာပီးပခရေ နမူနာ ဝါကျတိအပြင် ညီအစ်ကို မောင်နှမရို့အနီနဲ့ တခြား ဝါကျတိ တွေးမိကေ comment မှာ sharing လုပ်ကြည့်ပီးပခပါ။ 🤗
အင်္ဂလိပ်စာလေ့လာနိန်ရေ လူတိ အဖို့ WIFI talks ရဲ့ Vocabulary sharing session တိကနေ တစ်ဆင့် အထောက်အကူဖြိုက်ရေ စကားလုံး အသစ်တိ မျှဝီပီးလိုက်နိုင်ဖို့ မျှော်လင့်ပါရေ။🥰
အားလုံးကို ကျေးဇူးတင်ပါရေ။😍
နောက်အပတ်တိမှာလည်း ထပ်မျှဝီပီးလားပါမေ။💚
Join us on Telegram 👉https://t.me/wifitalks
WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks
10/09/2026
"Volunteers Needed" 🌟✨️
အားလုံး သာလီစွပါ 👋👋👋
အကျွန်ရို့ WIFI Talks က ညီအကိုမောင်နှမတိထဲမှာ ကိုယ့်အားလပ်ချိန်တိကို အကျိုးရှိရှိအသုံးချပနာ Community အတွက် ကိုယ်တတ်နိုင်ရေ အကျိုးပြုမှုချေတိကို လုပ်ဆောင်ပီးချင်ရေ Volunteer တိကို ထပ်လို့ ခေါ်နိန်ယာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရေ 📢
လူငယ်အဖွဲ့အစည်းတိမှာ Volunteer လုပ်ရင်းနဲ့ ကိုယ့် Networks၊ Interpersonal Skills တိကို မြှင့်တင်ဖို့ စိတ်အားထက်သန်ရေ၊ Youth Community ချေတစ်ခုထဲ ထဲထဲဝင်ဝင် ပါဝင်ချင်ရေဆိုကေ .... အကျွန်ရို့ WIFI Talks က ခေါ်ယူနိန်ရေ Volunteer Positions တိကို လျှောက်ရင်းနန့် မိသားစုပိုင်မျိုး အချင်းချင်း နွီးထွီးပြီးကေ Supportive ဖြစ်တေ WIFI Talks Team အသိုက်အမြုံချေ ထဲကို ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါရေ။ 🤩✨️
WIFI Talks Team ထဲမှာ ပါဝင်ဖို့အတွက် Passion ၊ Mutual Respect နှင့် Enthusiasm ယာ လိုပါရေ ။
WIFI Talks Volunteer တိ အနိန်နဲ့
🔹️ကိုယ့် Responsibility တိကို ဆောင်ရွက်ရေအခါမှာ အချိန်က Flexible ဖြစ်တေအတွက် ပပေါ့ပပါးနဲ့ လုပ်ကိုင်နိုင်ပါရေ။
🔹️WIFI Talks က Warmly Welcome ဖြစ်ပြီးကေ Like-minded လူငယ်တိနဲ့ပါ ပြောဆိုဆက်ဆံရင်း ကိုယ့် Communication Skills တိကိုပါ ပိုကောင်းအောင် တည်ဆောက်နိုင်ဖို့ ဖြစ်ပါရေ ၊ ကိုယ်ရွီးချယ်ထားရေ Position အလိုက် ကိုယ့်သက်ဆိုင်ရာ Skills တိကိုပါ Improve လုပ်နိုင်ဖို့လေ့ ဖြစ်ပါရေ။
🔹️WIFI Talks က ပြုလုပ်သမျှ Programs တိုင်းမှာ ပါဝင်ခွင့် ရှိပါရေ ၊ WIFI Talks ကို ဖိတ်ကြားလာလာရေ Events တိကိုလေ့ WIFI Talks Volunteer အနိန်နဲ့ လားခွင့်ရဖို့လေ့ ဖြစ်ပါရေ။
🔹️Volunteer အချိန်ကာလ ၄ လ အတွင်းမှာ တက်တက်ကြွကြွနဲ့ ပါဝင်လုပ်ကိုင်ခရေ Volunteer တိအတွက် Certificate နှင့် လိုအပ်လာကေ Recommendation Letter တိပါ ပီးအပ်လားဖို့ ဖြစ်ပါရေ။
🔹️Volunteer ကာလ ၄ လ ပြီးလခကေလေ့ ကိုယ့်အရည်အချင်းတိက တိုးတက်မှုရှိလာရေ ၊ ကိုယ့်တာဝန်တိကိုလေ့ ကျေပြွန်ရေ ၊ ဆက်လို့လေ့ လုပ်ကိုင်ချင်သိမ့်ရေ Volunteer တိ Performance ကို လိုက်ပနာ သက်ဆိုင်ရာ Department တိမှာ Permanent Officer အဖြစ် ဆက်လို့ လုပ်ကိုင်နိုင်ဖို့ ဖြစ်ပါရေ။ 🤩🙌
📍အေဂု Positions တိကို ရခိုင်ဒေသက ဖြစ်ပြီးကေ Community Contributions တိ လုပ်ဆောင်ပီးဖို့ စိတ်ဝင်စားရေ ဇာလူငယ်မဆို (Regardless of race & religion) လျှောက်လို့ ရပါရေ ၊ လျှောက်ဖို့လေ့ ဖိတ်ခေါ်လိုက်ပါရေနန်း။
📍WIFI Talks က Non-profit Youth Org တစ်ခုဖြစ်ရေအတွက် အေဂု Volunteer က Unpaid Volunteer ယာ ဖြစ်ပါရေ။
👉Content Writing Team ကို လျှောက်ဖို့ စိတ်ဝင်စားရေ ညီအကိုမောင်နှမတိက
🔹️Content Writing ပိုင်းကို စိတ်ဝင်စားရေလူ ဖြစ်ရပါဖို့။
🔹️အနည်းဆုံး English Pre-Intermediate Level ရှိဖို့ လိုအပ်ပါရေ။
🔹️Exchange Programs တိ ၊ Opportunities တိနဲ့ ပတ်သတ်ရေ Post တိအတွက် Content Creation လုပ်ပီးရဖို့ ၊ ရခိုင်ပိုင် ဆီလျော်အောင် ဘာသာပြန်ပီးရဖို့ ၊ အခြား ဗဟုသုတမျှဝီစရာတိကို ဖန်တီးရေးသားရဖို့ ဖြစ်ပါရေ။
🔹️English Learners ဖြစ်ကေ ပိုလို့ ကောင်းပါရေ။
🔹️အတွိ့အကြုံမရှိကေလေ့ စိတ်ဝင်စားကေ လျှောက်လို့ ရပါရေ ၊ WIFI Talks က လက်တွဲခေါ်ပနာ သင်ပြပီးလားဖို့ ဖြစ်ပါရေ ... ယင်းအတွက် အထက်က ပြောထားရေပိုင် Passion ၊ Mutual Respect နဲ့ Enthusiasm ယာ ယူခဖို့ လိုအပ်ပါရေ။
👉Club Facilitating Team ကို လျှောက်ဖို့ စိတ်ဝင်စားရေ ညီအကိုမောင်နှမတိက
🔹️WIFI Talks ECC နှင့် WIFI Talks က အသစ်ပြုလုပ်လားဖို့ Club မှာ Facilitate လုပ်ပီးရဖို့ ဖြစ်ပါရေ။
🔹️English Speaking based Club တိမှာ လုပ်ရဖို့ဖြစ်တေအတွက် English Speaking ကို တိုးတက်ဖို့ စိတ်အားထက်သန်ရဖို့ ဖြစ်ပါရေ။
🔹️အနည်းဆုံး Intermediate Level ရှိဖို့လိုအပ်ပြီးကေ English Learners ဖြစ်ကေ ပိုလို့ ကောင်းပါရေ။
🔹️Facilitator အတွိ့အကြုံရှိကေ ပိုလို့ကောင်းပါရေ ၊ အတွိ့အကြုံမရှိကေလေ့ စိတ်ဝင်စားကေ လျှောက်လို့ ရပါရေ ၊ WIFI Talks က လက်တွဲခေါ်ပနာ သင်ပြပီးလားဖို့ ဖြစ်ပါရေ ... ယင်းအတွက် အထက်က ပြောထားရေပိုင် Passion ၊ Mutual Respect နဲ့ Enthusiasm ယာ ယူခဖို့ လိုအပ်ပါရေ။
👉Event Organizing Team ကို လျှောက်ဖို့ စိတ်ဝင်စားရေ ညီအကိုမောင်နှမတိက
🔹️Events တိ ၊ Webinars တိကို Organize လုပ်ဖို့ စီစိုင်ရဟာ၊ ဖန်တီးရဟာတိကို စိတ်ဝင်စားရေလူ ဖြစ်ဖို့ လိုအပ်ပါရေ။
🔹️WIFI Talks ကို ပိုကောင်းရေ Content တိ ၊ Events တိ ၊ Activities တိ ပြုလုပ်ဖို့အတွက် အကြံပီးနိုင်ရေလူ ဖြစ်ဖို့ လိုအပ်ပါရေ။
🔹️English Learners ဖြစ်ကေ ပိုလို့ ကောင်းပါရေ။
🔹️အတွိ့အကြုံမရှိကေလေ့ စိတ်ဝင်စားကေ လျှောက်လို့ ရပါရေ ၊ WIFI Talks က လက်တွဲခေါ်ပနာ သင်ပြပီးလားဖို့ ဖြစ်ပါရေ ... ယင်းအတွက် အထက်က ပြောထားရေပိုင် Passion ၊ Mutual Respect နဲ့ Enthusiasm ယာ ယူခဖို့ လိုအပ်ပါရေ။
👉Graphic Design Team ကို လျှောက်ဖို့ စိတ်ဝင်စားရေ ညီအကိုမောင်နှမတိက
🔹️Graphic Design နဲ့ ပတ်သတ်ပြီးကေ စိတ်ဝင်စားပနာ လေ့လာနိန်ရေလူ ဖြစ်ဖို့ လိုအပ်ပါရေ။
🔹️Graphic Design Field မှာ လုပ်နိန်ရေ အတွိ့အကြုံရှိရေလူဆိုကေ ပိုလို့ကောင်းပါရေ။
🔹️WIFI Talks Canva Pro Account ကို အသုံးပြုပနာ Content တိအတွက် Content Writer တိနဲ့ Collaboration လုပ်ပနာ သင့်တော်ရေ Graphic Design တိကို ဖန်တီးပီးရဖို့ ဖြစ်ပါရေ။
👉Public Relations Team ကို လျှောက်ဖို့ စိတ်ဝင်စားရေ ညီအကိုမောင်နှမတိက
🔹️လူတိနဲ့ စကားပြောဆိုဆက်ဆံရဟာ ကြိုက်ပြီးကေ ယဥ်ယဥ်ကျေးကျေး ပြောဆိုတတ်ရေလူ ဖြစ်ဖို့ လိုအပ်ပါရေ။
🔹️Facebook/ Email ကို အဓိက အသုံးပြုရဖို့ ဖြစ်ရေအတွက် Communication Skills တက်ချင်ရေ လူတိ ၊ သင်ယူချင်ရေလူတိဆိုကေ ပိုလို့ကောင်းပါရေ။
🔹️WIFI Talks Facebook Posting/ Reply တိအတွက် တာဝန်ယူရဖို့ ဖြစ်ပြီးကေ WIFI Talks ကို Partnership Collaboration တိအတွက် ဆက်သွယ်လာဟာတိအတွက် တာဝန်ယူဆက်သွယ်ဆောင်ရွက်ပီးရဖို့ ဖြစ်ပါရေ။
🔹️အတွိ့အကြုံမရှိကေလေ့ စိတ်ဝင်စားကေ လျှောက်လို့ ရပါရေ ၊ အထက်မှာ ပြောထားရေအတိုင်း WIFI Talks က လက်တွဲခေါ်ပနာ သင်ပြပီးလားဖို့ ဖြစ်ပါရေ ... Commitment အပြည့်နဲ့ Passion ၊ Mutual Respect နဲ့ Enthusiasm ယာ ယူခဖို့ လိုအပ်ပါရေ။ 😉✨️
👉 HR Team ကို လျှောက်ဖို့ စိတ်ဝင်စားရေ ညီအကိုမောင်နှမတိက
🔹️WIFI Talks' Volunteer တိ Record တိကို သေချာထိန်းသိမ်းပနာ HR နှင့် ပတ်သတ်တေ အရာချေတိကို ကူညီလုပ်ဆောင်ပီးရဖို့ ဖြစ်ပါရေ။
🔹️အတွိ့အကြုံမရှိကေလေ့ စိတ်ဝင်စားကေ လျှောက်လို့ ရပါရေ ၊ အထက်မှာ ပြောထားရေအတိုင်း WIFI Talks က လက်တွဲခေါ်ပနာ သင်ပြပီးလားဖို့ ဖြစ်ပါရေ ... Commitment အပြည့်နဲ့ Passion ၊ Mutual Respect နဲ့ Enthusiasm ယာ ယူခဖို့ လိုအပ်ပါရေ။😉✨️
ယပိုင်ဆိုကေ Volunteer အဖြစ် WIFI Talks မှာ ပါဝင်ဖို့ စိတ်ဝင်စားရေ ညီအကိုမောင်နှမလူတိက အောက်က Google Form ကနိန် လျှောက်ထားလို့ ရပါရေ။ 🤩🙌
https://docs.google.com/forms/d/1AUqAj4rnUQB0nG7CBXrsMLT5Sufqler8lferhqGPD6k/edit?edit_requested=true&pli=1
September ၂၀ ရက်နိန့်အထိ နောက်ဆုံးထားပနာ လျှောက်ထားလို့ရပါရေ ၊ အဂုချက်ချင်း လျှောက်ပနာ WIFI Talks Team ထဲကို လာလတ်ဖို့ ဖိတ်ခေါ်လိုက်ပါရေ... ရုပ်လှသဘောကောင်းရေ WIFI Talks က ကိုကို၊မမတိက အဆင်သင့် စောင့်ကြိုနိန်ပါယာဒေ 👀🙌
လျှောက်ထားရေ ညီအကိုမောင်နှမတိထဲက Shortlisted ဖြစ်ရေ လူတိကို September 22 ရက်နိန့်မှာ Interview အတွက် Email/ Telegram ကနိန် ဆက်သွယ်လားဖို့ ဖြစ်ပါရေ ✉️
ယင်းနိန့်မှာ Email/Telegram Inbox တိ စစ်ဖို့ မမေ့ပါကေ့နန်း ☘️
မိန်းခွန်းတိ ရှိကေ Comment Section မှာ ဖြစ်ဖြစ် Page Chatbox ကနိန်ဖြစ်ဖြစ် ဆက်သွယ်မိန်းမြန်းလို့ ရပါရေ> 🙌
အကျွန်ရို့ WIFI Talks' Telegram Channel ကို Join ထားပနာလေ့ ဝင်ရောက်လေ့လာနိုင်ပါရေနန်း 🙌
👉 https://t.me/wifitalks
အစစအရာရာ ဂရုစိုက်ကတ်ပါ ၊ အားလုံးကို ကျေးဇူးတင်ပါရေ 💚
WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks
သာလီစွပါ 👋🏼👋🏼👋🏼
EU MEETup Programme နှင့် ပတ်သတ်ပြီးကေ WIFI Talks ကလည်း Partnership အနိန်နှင့် ပါဝင်ပီးလားဖို့ Sharing Session ချေ ဖြစ်ပါရေ
အသေးစိတ်ကိုတော့ Please Stay Tuned ပါနန်း ✌🏼
Category
Contact the organization
Website
Address
Sittwe
Alerts
Be the first to know and let us send you an email when WIFI Talks posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.