Utopia Association
Utopia Association is a non profit organization helped to PLHIV in Rakhine State, Myanmar.
11/11/2025
ရခိုင်မှာ HIV ဝေဒနာရှင်များအတွက် ART ဆေးများ AA မှ အခမဲ့ ဖြန့်ဝေ
08/11/2025
မတည်ငြိမ်သောဒေသများမှ ART ဆေးသောက်နေသူများအနေဖြင့် ART tail-off ခေါ် ယာယီဆေးဖြတ်ထားခြင်းအကြောင်း သိထားကြပြီလား။ ART Holiday အကြောင်းကို.ဒီလိုအချိန်မှာ သိထားဖို့ လိုအပ်လာပါပြီ။
၁)ဆေးကိုထုတ်ယူနိုင်သ၍ ထုတ်ယူထားကြပါ။ ဒေသအခက်အခဲများရှိနေပါက ကြိုတင်ထုတ်ယူနိုင်က ထုတ်ထားကြပါ။ ရက်ချိန်းတွင်သွားမထုတ်နိုင်ပါကလည်း အဆင်ပြေတဲ့ရက်မှာ သွားရောက်ထုတ်ယူကြပါ။
၂)ဆေးထုတ်ယူရန်မဖြစ်နိုင်သောသူများအနေဖြင့် လက်ကျန်ဆေးကို နေ့တိုင်းအချိန်မှန်ပုံမှန်ဆက်သောက်ကြပါ။ဆေးကုန်သွား၍လုံးဝမသောက်ခြင်းသည်ဆေးယဉ်ပါးမှုဖြစ်နိုင်ချေ အလွန်နည်းပါသည်။ ဆေးကိုချွေတာ၍ နေ့စဉ်မသောက်တာမျိုး လုံးဝ လုံးဝ မလုပ်ပါနဲ့။ဆေးယဉ်ပါးမှုဖြစ်နိုင်လို့ပါ။(ဆေးကိုသောက်လိုက်မသောက်လိုက်လုပ်ခြင်းသည် ဆေးယဉ်ပါးမှုဖြစ်နိုင်ရန် ပိုမိုတွန်းအားပေးပါသည်)
၃)ဆေးသောက်ရန်မရှိ၍ မသောက်စဉ်အတွင်း အခွင့်ရေးယူရောဂါများမဝင်စေရန် ဂရုစိုက်ရပါမည်။ ကိုယ်ခံအားမကျစေရန် နေထိုင်စားသောက်ကြပါ။
၄)အခြေအနေတည်ငြိမ်/ဆေးပြန်လည်ထုတ်ယူနိုင်ပါက ဆေးပြန်လည်ထုတ်ယူသောက်သုံးကြရပါမည်။ ဖြစ်နိုင်ပါက ဆရာဝန်များနှင့်ပြသ၍ လိုအပ်သည်များစစ်ဆေးပြီးမှဆေးစသောက်သင့်သော်လည်း အခြေအနေမပေးပါက ဆေးကိုသာဆက်သောက်ကြရပါမည်။
၅)ယခု ART ကုထုံးများသည်ဆေးကိုရနိုင်သမျှပုံမှန်သောက်သုံးနေပါက ဆေးယဉ်ပါးမှုဖြစ်နိုင်ချေမရှိသလောက်နည်းပါးပါသဖြင့် ဆေးကိုရနိုင်သလောက် ပုံမှန်သောက်သုံးသွားရန်တိုက်တွန်းအပ်ပါသည်။
၆)ဆေးသွားရောက်ထုတ်ယူကြရာတွင် လိုအပ်ပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ ဆေးထုတ်စာအုပ်ပြ နားလည်အောင်ပြောဆိုရှင်းပြပြီး လမ်းခရီးအခက်အခဲများကို ကျော်လွှားကြပါ။
အကြံပေးဆွေးနွေးသူများအနေဖြင့်လည်း အထက်ပါ သတင်းအချက်အလက်များကို ဆွေးနွေးပေးကြပါရန် တင်ပြအပ်ပါသည်။
Credit - Nyi Nyi Soe
Category
Contact the organization
Website
Address
Sittwe
(+95)
Alerts
Be the first to know and let us send you an email when Utopia Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.