Chan Myae Chef

Chan Myae Chef

Share

KMA Shwe Pyi Resort (Bgo)

Photos from Chan Myae Chef's post 26/10/2024

ပြိုင်ပွဲ တုန်းက ...

Photos from Chan Myae Chef's post 23/10/2024

KMA Hotel Group 🤍🤍🤍
NayPyiTaw ...

29/09/2024

#မာလာရှမ်းကောအနှစ်ပြုလုပ်ပုံ🎁
ပါဝင်ပစ္စည်းများ
-သစ်ဂျပိုး_1ချောင်း
-ကရဝေးရွက်_4ရွက်ခန့်
-နာနတ်ပွင့်_3ပွင့်
-ရှားကောလုံး_2လုံး
-ငြုပ်သီးစိမ်းအနီ_5ကျပ်သား
-ပန်းငြုပ်ပွအနီ_2လုံး
-ဂျင်း_အနည်းငယ်
-ငြုပ်အစိမ်းမှုန့်_1tbsp
-ဖာလာစေ့_6စေ့
-ငြုပ်သီးခြောက်တောင့်_20တောင့်
-စမုံစပါး_1tbsp
-ဇီယာ_1tbsp
-စီချွမ်ငြုပ်ကောင်း_1tbsp
-ပဲငါးပိအငန်_1tbsp
-ပဲငါးပိအချဉ်_1tbsp
-ဆား
-ပဲငံပြာရည်အကြည်
-သကြား

ပထမဆုံး ဒယ်အိုးထဲဆီထည့်ပြီး ပါဝင်ပစ္စည်းများ2မိနစ်ခန့်ကြော်ပါ။
ကြော်ထားပြီး ဆယ်ထုပ်ပါ။ငြုပ်ဆုံဖြင့်အကုန်ထောင်းပါ။
ပြီးနောက်ဆီဒယ်အိုးကိုပြန်အပူပေးပြီး ဆီ25ကျပ်သားခန့်ထပ်ထည့်ပါ
ပြီးလျင်ထောင်းထားသောပါဝင်ပစ္စည်းများကိုထည့်ဆီသတ်ပါ။မီးအေးအေးဖြင့်
ပဲငံပြာရည်၊သကြား၊ဆား အရသာထည့်ပါ
ဆီနီထွက်လာလျှင်မီးဖိုမှ အိုးချပြီး အအေးခံထားပေးပါ။
အသင့်ချက်ပြုတ်လို့ရပါပြီဗျ ☺️

28/09/2024

ကြက်ဆီထမင်း

ဆန် နို့ဆီဘူး ၂ဘူး (၅ပွဲ) စာ

အရင်ဆုံး သန့်စင်ပြီး အနေတော်ဖြတ်ထားတဲ့
ကြက်အရေခွံ ၂၅ကျပ်သားကို ဒယ်အိုးထဲထည့် မီးအလည်အလတ်နဲ့တည်ကာ ကြက်ဆီထုတ်ပေးပါ

မကြာခဏတော့မွှေပေးရပါမယ်

ကြက်အရေခွံတွေ အနီရောင်သန်းပြီး ကြွပ်လာပြီဆို
အိုးထဲကဖယ်ထုတ်ပါတယ်

ကြက်ဆီအိုးထဲကို ပါးပါးလှီးထားတဲ့ ဂျင်းကြက်သွန်ဖြူ အနည်းငယ်ထည့် ပြီး ဆီသတ်ပေးပါတယ်

အနံ့မွှေးလာရင် အိုးကို မီးဖိုပေါ်ကချ ပြီး ပန်းကန်ထဲပြောင်းထည့်ပေးထားပါတယ်

*ကြက်ဆီထမင်းချက်ဖို့ လိုအပ်တဲ့ ​ကြက်ပြုတ်ရည်အတွက် ကြက်အရိုး​တွေကို အရင်ပြုတ်ထားပါမယ် ( ပြုတ်ရည် ၂လီတာ နီးပါးလိုပါတယ်)

၅မိနစ်လောက်တည်ပြီးရင် တက်လာတဲ့ အမြုပ်တွေ
အကုန်ခပ်ထုတ်ပေးပါ

ဒါမှ ဟင်းရည်ကြည်ကြည်လေး ရပါမယ်

မထူမပါးလှီးထားတဲ့ ဂျင်း ၅လွှာ ခန့်ထည့်ပေးပါတယ် ပြီးရင်အဖုံးအုပ်ပြီး ပြုတ်ရည်ထဲအချိုအရသာကောင်းကောင်းထွက်တဲ့အထိတည်ပေးပါမယ် (အခြား အရသာမထည့်ပါဘူး)

*ထမင်းနဲ့တွဲစားဖို့အတွက် ကြက်ပေါင်ရင်းပိုင်း
၆ခုကိုသုံးပါတယ် (မိမိနှစ်သက်ရာ ရင်အုံ ပေါင်
နှစ်သက်သလောက်သုံးပါ)

ခုနက တည်ထားတဲ့အရိုးပြုတ်ရည်ထဲ အသားတွေကိုထည့်ပြုတ်ပါပါ

အသားအတန်အသင့်ကျက်ပြီဆို ပန်းကန်တစ်ခုထဲ
ဆယ်ထုတ်ထားပြီး ဟင်းရည်အိုးကိုလဲ မီးဖိုပေါ်ကချထားပါတယ်

*အခု ကြက်ဆီထမင်းချက်ဖို့ အဆင်သင့်ဖြစ်ပါပြီ
ထမင်းပေါင်းအိုးထဲကို ရေဆေးထားတဲ့ ဆန် နို့ဆီဗူး ၂ဗူးထည့်ထားပါ ( ရွှေဘိုပေါ်ဆန်းနဲ့ ချက်ထားပါတယ်)


* ဆန် နိုဆီဘူး ၁ဘူးစာအတွက်....
ကြက်ဆီ စတီးဟင်းခပ်ဇွန်းတို ၃ဇွန်း
သကြား စတီးဟင်းခပ်ဇွန်းတို ၂ဇွန်း
ဆား လဘက်ရည်ဇွန်း လေးပုံတစ်ပုံ နှုန်း နဲ့
နို့ဆီဘူး ၂ ဘူးစာ ထည့်ပေးပါတယ်

*ရေချိန်ကတော့... (ကြက်ပြုတ်ရည်ချိန်)
ကြက်ပြုတ်ရည်ကို ပုံမှန် ထမင်းချက်နေကျ ပမာဏအတိုင်းအရင် ထည့်ပေးရပါတယ်
ပြီးမှ ကိုယ်ချက်တဲ့ ဆန်ပမာဏရဲ့ ၃ပုံ၁ပုံ ထပ်ထည့်ပါတယ် ( ဥပမာ ဆန်နို့ဆီဘူး ၁ဘူး ချက်တယ်ဆို ခါတိုင်းပုံမှန် ရေထည့်နေကျ အတိုင်းအရင်ထည့်ပြီးမှ
နောက်ထပ် နို့ဆီဘူးရဲ့ ၃ပုံ၁ပုံ ထပ်ထည့်ပေးတာပါ)
ဆီထည့်ချက်ထားတဲ့ထမင်းက အနည်းငယ်မာတတ်လို့ ပိုထည့်ပေးရတာပါအားလုံးအဆင်သင့်ဖြစ်ရင် လျှပ်စစ်ထမင်းပေါင်းအိုး ခလုတ်နှိပ်ပြီး ချက်ပေးရုံပါ

*ခုနက ဆယ်ထုတ်ထားတဲ့ အသားတွေကို ဒယ်အိုး
တစ်လုံးထဲထည့်ပါ အသားထဲ အရသာဝင်ဖို့အတွက်
ကြက်ပြုတ်ရည် ယောက်ချိုဇွန်းကြီး ၁ဇွန်းခွဲ နဲ့ အချိုမှုန့် ဆား ပဲငံပြာရည် နှမ်းဆီမွှေး အနည်းငယ်စီ ထည့်ပြီး ရေခမ်းတဲ့ထိပြန်တည်ပေးပါတယ်
ဒါမှ အသားက အရသာဝင်ပြီး စားလို့ကောင်းပါတယ်

#ကြက်ကင်နဲ့စားရတာကြိုက်တဲ့သူတွေအတွက်
အိမ်မှာကင်တဲ့နည်းပါ🍗

ကြက်သားကို ...
ရှာလကာရည်/ဗနီကာ
ပဲငံပြာရည်အကျဲ
ခရုဆီ
ပဲငံပြာရည်အပျစ်
သကြား နဲ့ အချိုမှုန့်
ငရုတ်ကောင်းမှုန့် နဲ့ နာနာပွင့်မှုန့် အနည်းငယ်စီ
အရောင်လှဖို့ အနီရောင်ဆိုးဆေး အနည်းငယ်တို့နဲ့ အရသာဝင်အောင်နယ်ပေးပြီး အနည်းဆုံး 2-3နာရီလောက် နှပ်ထားပေးပါတယ်

ပြီးမှ Air Fryer မှာ 150°C နဲ့ 15-20မိနစ် ကင်ပေးပါတယ် oven နဲ့လဲ ကင်လို့ရသလို
ရိုးရိုးမီးဖိုနဲ့လဲ ကင်လို့ရပါတယ်
အသားကို အရမ်းခြောက်သွားတဲ့အထိ မကင်ပဲ ကျက်တယ်ဆိုရုံ ခပ်စိုစိုအနေကလေးပဲ ကင်ပါတယ်

အပေါ်အရေခွံကြွပ်တာလိုချင်ရင် ဆီကိုပူနေအောင်တည်ပြီး အရေခွံပေါ်ထပ်ကာ ထပ်ကာလောင်းပေးရပါမယ်

*ဟင်းချိုအတွက် ကျန်တဲ့ စွပ်ပြုတ်ရည်ထဲကို အရွယ်တော်တုံးထားတဲ့ မုန်လာဥဖြူ ကြက်သားမှုန့်အနည်းငယ်နဲ့ငရုတ်ကောင်းအနည်းငယ်ထည့်ပြီး မုန်လာဥနူးတဲ့အထိ ပြန်တည်ပေးထားပါတယ် (မုန်လာဥအစား မုန်ညင်း​ဖြူထုပ်နဲ့ချက်လို့လဲရပါတယ်)

စားကာနီးမှ ဟင်းရည်ထဲကြက်သွန်မြိတ်အနည်းငယ်ခပ်ပေးပါမယ်
(ချဉ်စပ်ဟင်းရည်သောက်ချင်တယ်ဆိုရင်တော့ ဟင်းရည်ထဲ ငရုတ်ကောင်းမခပ်ပဲ ငရုတ်သီးစိမ်း ဂျင်း ကြက်သွန်ဖြူ မညက်တညက်ထောင်းထားတာနဲ့ ဗနီကာ အနည်းငယ်ထည့်ချက်ပေးပါ)

*အချဉ်ဖျော်ပါမယ် 😁
ငရုတ်သီးစိမ်း ၁၅-၂၀ခန့်
ကြက်သွန်ဖြူ ၄-၅တက် ဂျင်းအနည်းငယ်နဲ့
နံနံအရိုး အနည်းငယ်ကို ကြိတ်စက်နဲ့ ကြိတ်ပေးပါ
ပြီးရင် ပျစ်ပျစ်ဖျော်ထားတဲ့
မန်ကျည်းရည် စတီးဟင်းခပ်ဇွန်းတို ၂ဇွန်း
ထန်းလျှက်ရည်(သို့)သကြားရည် ၂ဇွန်း
ပဲငံပြာရည် ၁ဇွန်းခွဲ
နှမ်းဆီမွှေးအနည်းငယ်ထည့်မွှေပေးပါတယ်
အနံ့မွှေးဖို့အတွက် သံပုရာသီးတစ်ခြမ်း
ညှစ်ထည့်ပြီး မွှေပေးပါ

*သခွားသီးကို ပါးပါးလှီးပြီး နံနံရွက်ကိုရေဆေးသန့်စင်
ထားပါ ထမင်းကျက်ပြီဆိုရင် ပွဲပြင်ဖို့ အဆင်သင့်
ဖြစ်ပါပြီ😘

28/09/2024

#အကြော်မှု့န်စပ်နည်း😋
လုပ်ရလွယ်ပြီး စားလို့လည်းကောင်းသွားမယ်😋

(1)ပဲစိမ်းမှုန့်အထုတ်ကြီး 1ထုပ်
(2)ကောက်ညှင်းမှုန့် 1ထုပ်
(3)ရွှေကြည်မှုန့် 1ထုပ်
(4)ဆန်စိမ်းမှုန့် 1ထုပ်
(5)ယိုးဒယားမယ် 1ထုပ်
(6)ရွှေလိပ်ပြာ 1ထုပ်

ခြောက်သွေ့နေတဲ့အိုးထဲအကုန်လုံးဖောက်ထည့်ပြီးခြောက်သွေ့နေတဲ့ဇွန်းကြီးနဲ့မွှေပေးပါ...

ပြီးရင်ခြောက်သွေ့နေတဲ့လေလုံဘူးထဲထည့်ပြီးသိမ်းလိုက်ပါ...

လိုအပ်တဲ့အချိန် ထုတ်ပြီးဘူးသီးကြော်/ ငှက်ပျောကြော် /အာလူးကြော် တို့ကြော်မယ်ဆို ပျစ်ပျစ်လေးဖျော် ဂျင်းထောင်းရည်လေးနဲနဲထည့် ဆားဆော်ဒါလေးနဲနဲထည့်ပြီး 15မိနစ်လောက်ထားထားလိုက်ပါ...

ဆားကို ထည့်ချင်လဲထည့် မထည့်ချင်လဲ မထည့်နဲ့
ဆားထည့်ရင် ပျော့တာမြန်လို့ မထည့်ကြဘူး

အရွက်ကြော်တွေ ကြက်သွန်ကြော်တွေ ကြော်မယ်ဆို...
အရည်ကျဲကျဲလေး ဖျော်ရပါတယ်...
ဂျင်းထောင်း ဆားဆော်ဒါထည့်ပြီး
ကိုယ်ကြော်မယ့်အရွက်ပါ ရောနယ်လိုက်ပါတယ်...

အိမ်မှာ မိမိ ကြိုက်တဲ့အချိန် ကြော်စားတော့ ရပြီ...

#အချဉ်ရည်စပ်နည်း🫙

မကျည်းသီးမှည့်ကို ရေဆေး
ထန်းလျက်ကို ရေဆေး
နံနံပင်အနည်းငယ်ကို ရေဆေး
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
ဆား သို့ ငံပြာရည်
ငရုတ်ဆီအနီကြိုက်ရင်ထည့်
အခု ငရုတ်ချဉ်စပ်ပြီးသားအထုတ်တွေလဲ လာပါတယ်...ကြိုက်ရင်ထည့်...
ရေလိုသလောက်ထည့်ပြီးမီးဖိုပေါ် ကောင်းကောင်း အဆူပေးခံလိုက်ပါ...

ပြီးရင် အအေးခံပြီး ဖျော်ရည်စက်နဲ့ ကြိတ်လိုက်ပါ...
အရသာက ချိုချဉ်စပ်လေးပေါ့...

အချဉ်ရည်နဲ့အကြော်မျိုးစုံနဲ့ အသုပ်မျိုးစုံတို့တွင် အသုံးပြုနိုင်ပါသည်...

ဆူအောင်တည်ထားတဲ့အတွက်ဗိုက်မနာတော့ပါ...

17/10/2023

ကျိုင်းတုံမြီးရှည် ချက်နည်း
**************************

🌷ဟင်းရည်ချက်ရန်🌷

ဝက်ရိုး သို့ နံရိုး ... ၅၀ ကျပ်သား
ဝက်သား ... ၂၅ ကျပ်သား(နှုတ်နှုတ်စင်းထားရန်)
ရှမ်းပဲပုပ် မှုန့် ... ၅ ချပ် (ကင်ပီးထောင်းထားရန်)
ခရမ်းချဉ်သီး ... ၉ လုံး
ဆနွင်း ... အနည်းငယ်
အရောင်တင်မှုန့်.... အနည်းငယ်

၁.. ရေသန့် ထဲသို့ ဝက်နံရိုး +ပဲပုပ်မှုန့်+ခရမ်းချဉ်သီး
ထည့်၍ ဆူပွက်လာအောင်တည်ပါ...

၂.. ခရမ်းချဉ်သီးအခွံ အနည်းငယ်ကွဲ၍ လိတ်တက်
လျှင် ဆယ်၍ နှုတ်နှုတ်စင်းပါ.

၃..ဒယ်အိုးတစ်လုံးတွင် ဆီ ပါလေရုံထည့်၍ ဆနွင်းနှင့်
အရောင်တင်မှုန့်လေးထည့် နှုတ်နှုတ်စင်းထား
သော အသားထည့်၍ဆီသတ်ပါ..
အသားနည်းနည်းကျက်လျှင် ခရမ်းချဉ်သီးထည့်၍
၅ မိနစ်ခန့် ရောဆီသတ်ပါ...

၄.. ဆီသတ်ထားတဲ့အသားနဲ့ခရမ်းချဉ်သီးများကို ဟင်း
ရည်အိုးထဲထည့်၍ မိနစ်၃၀ မှ ၄၅ မိနစ်လောက်
အရည်ကျအောက်တည်ပေးပါ..
*ဆားနှင့်ဟင်းခတ်မှုန့် မိမိတို့အကြိုက်မှန်းထည့်ပါ*

🚨ဝက်သားမစားသူများ ကြက်ရိုးနှင့်ကြက်သား အစား
ထိုး သုံးလို့ရပါတယ်နော်....

🌷ခေါက်ဆွဲပြင်ရန်🌷

မုန်တီဖတ်
ကြက်သွန်ဖြူဆီချက်
နှမ်းလှော် ... မညက်တညက်ထောင်းထားရန်
ပဲပင်ပေါက် ... ရေနွေးဖျောထားရန်
ဂေါ်ဖီထုပ် ..နှုတ်နှုတ်လှီးရေနွေးဖျောထားရန်
လက်ပံပွင့် ... ရေနွေးဖျောထားရန်
ကြက်သွန်ပင် .. နှုတ်နှုတ်လှီးပါ...
အချဉ်ကြိုက်လျှင် သံပုရာသီးညစ်၍စားနိုင်ပါတယ်

🌸စိတ်ကြိုက် ပြင်ဆင် သုံးဆောင်နိုင်ပါပီရှင်🌸

*ဝက်ခေါက်ကြော်+ရှမ်းမုန်ညင်းချဉ်နှင့်တွဲစားလျှင်
အရမ်းလိုက်ပါတယ်😋

ချက်တတ်သလိုလေးသာ ရေးပေးထားတာပါ

Photos from Chan Myae Chef's post 13/08/2023

ချာပါတီတွေ ပူရီတွေ ရမယ် 😁🍪🌮🪷🪷🪷

02/08/2023

Today .... lunch 🥙🧆🥘🍚

Photos from Chan Myae Chef's post 01/08/2023

Breakfast ....အတွက် 😘
KMA shwepyi 💞

01/08/2023

Chef ပေါက်စဘဝတုန်းက လုပ်ခဲ့တာလေးတွေ 🥰

Photos from Chan Myae Chef's post 01/08/2023

Little soup 🍲🥣🍲

Photos from Chan Myae Chef's post 28/07/2023

အောင်မဲညိုနဲ့လုပ်တဲ့ခေါက်ဆွဲလေး💐🥰

Category

Website

Address


Taikkyi

Alerts

Be the first to know and let us send you an email when Chan Myae Chef posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Taikkyi.