HighGround.
Authentic Streetwear Store
CarpiXo : ARCHIVE001 ☝️
🙇🏻♂️🙇🏻♂️🙇🏻♂️
02/09/2026
A Decade of BurmeseHype
As HighGround, we’re grateful to have been part of almost every BurmeseHype project over the years.
It’s been a real honor to grow alongside the movement.
Happy 10th bro 🖤
BURMESEHYPE4EVA
30/08/2026
Kith for Needles
DM us for more information.
X2 ⚽️
25/08/2026
Supreme®/Nike® Air Max 2001 Air
Ecstasy
August 29th ထွက်ပါမည်
မထွက်ခင်ကြိုမှာရင်တော့ လိုချင်တဲ့ size ကို store direct ရနိုင်ပါတယ်
19/08/2026
OMEGA × Swatch Mission to the Moon 1969
ထွက်ထားသမျှ MoonSwatch collaboration နာရီတွေထဲမှာ အထူးခြားဆုံးနဲ့ အရှားပါးဆုံး 1969 လုံးသာရှိတဲ့ limited release နာရီဖြစ်ပါတယ်
OMEGA ရဲ့ သမိုင်းဝင် 1969 ခုနှစ်ကို အမှတ်ရစေဖို့ ဖန်တီးထားပြီး အထူးခြားဆုံးအချက်ကတော့ နာရီထဲမှာ 18K Moonshine™ Gold အစစ် 11 grams အထိ အသုံးပြုထားတာပါ
ရွှေဖြစ်နေလို့ ထူးခြားတာမဟုတ်သေးပါဘူး
နာရီရဲ့ dial, hands, crown နဲ့ pushers တွေမှာ အသုံးပြုထားတဲ့ 18K Moonshine™ Gold ကို OMEGA ရဲ့ 1969 ခုနှစ်ကတည်းက ကျန်ရှိနေခဲ့တဲ့ spare parts အဟောင်းတွေကို အရည်ကျိုပြီး ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်
1969 ဟာ OMEGA နဲ့ Speedmaster သမိုင်းမှာ အဓိပ္ပာယ်ကြီးမားတဲ့နှစ်တစ်နှစ်ဖြစ်တာကြောင့် Mission to the Moon 1969 မှာပါတဲ့ ရွှေဟာ decoration သက်သက်မဟုတ်ဘဲ OMEGA ရဲ့ သမိုင်းအစိတ်အပိုင်းတစ်ခုကို လက်ကောက်ဝတ်ပေါ် ပြန်တင်ထားသလို ခံစားရစေမှာပါ
နာရီရဲ့နာမည်နဲ့ concept တစ်ခုလုံးမှာ အဓိကကျတဲ့ 1969 ကို production number မှာပါ ဆက်သုံးထားပြီး ကမ္ဘာတစ်ဝန်းလုံး 1,969 လုံးတိတိသာ ထုတ်လုပ်ထားပါတယ်
တစ်လုံးချင်းစီကိုလည်း individual နံပါတ်တစ်ခုစီနဲ့ လုပ်ထားတာကြောင့်လည်း သာမန် MoonSwatch release တွေထက် collectible value ပိုမြင့်တဲ့ edition တစ်ခုဖြစ်လာစေပါတယ်
MISSION TO THE MOON 1969 ဟာ နာရီရဲ့ material နဲ့ production number မှာတင် ထူးခြားတာမဟုတ်ဘဲ ရောင်းချပုံစနစ်ကိုယ်တိုင်ကိုပါ concept တစ်ခုအဖြစ် ဖန်တီးထားပါသေးတယ်
ပုံမှန် limited release တွေလို ဆိုင်ရှေ့တန်းစီပြီး အရင်ရောက်သူအရင်ဝယ်တဲ့စနစ်အစား ESTA (Electronic Swatch Timepiece Application) ကနေ ကိုယ်ရေးအချက်အလက်တွေ အရင်ဖြည့်ပြီး လျှောက်ထားရပါတယ်
Application ထဲက Moon Landing, OMEGA နဲ့ Swatch တို့နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကို 2 နာရီ 15 မိနစ်အတွင်း ဖြေဆိုရပြီး ဒီအချိန်ကလည်း 1969 ခုနှစ်က Neil Armstrong နဲ့ Buzz Aldrin တို့ လမျက်နှာပြင်ပေါ်မှာ စူးစမ်းလေ့လာခဲ့တဲ့ အချိန်ကာလနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ 2 နာရီ 15 မိနစ်ကို reference ယူထားတာဖြစ်ပါတယ်
မေးခွန်းတွေမှန်ရုံနဲ့ နာရီရတာမဟုတ်ဘဲ အရည်အချင်းပြည့်မီသူတွေထဲက 1,969 ယောက်ကိုသာ Swatch က ပြန်လည်ရွေးချယ်ပြီး ဝယ်ယူခွင့်ပေးခဲ့ပါတယ်
(အဖြေမှန်တဲ့သူ အနည်းငယ်ထဲကမှ 1,969 ယောက်ကို မဲထပ်နှိုက်ပေးတဲ့သဘောပါပဲ)
ဝယ်ခွင့်ရသူတွေက 48 နာရီအတွင်း purchase လုပ်ပေးရပြီး ချက်ခြင်းပို့ပေးတာမဟုတ်ဘဲ နာရီအဆင်သင့်ဖြစ်တဲ့အခါမှ အချက်အလက်တွေဖြည့်တုန်းက ကိုယ်ထုတ်ယူမယ့် အနီးဆုံး Swatch Store မှာ သူတို့ပြောတဲ့ရက်မှာ သွားရောက်ထုတ်ယူရမှာပါ
(ကိုယ့် ID ကြိုဖြည့်ထားရတဲ့အတွက် ကိုယ်မဲပေါက်မှ တခြားလူကို သွားထုတ်ခိုင်းလို့မရသလို ထုတ်ယူမယ့် store location လည်း ပြန်ပြောင်းခွင့်မပေးပါဘူး)
ESTA application form ဖြည့်ရတာ July 16-21 ဆိုပေမယ့် နာရီတွေကို ဒီရက်ပိုင်းထဲမှာမှ ထုတ်ပေးနေတဲ့ပုံပါပဲ
ဒါကြောင့်ပဲ တချို့အလုံးတွေက resale market မှာ ပြန်ရောင်းနေကြပြီး နံပါတ်လှရင်လှသလို သိန်း 400-500 ထိဈေးရှိနေပါတယ် 🫠
18/08/2026
Kith for BMW
Leather 3-Watch Roll & Watch Box
BMW နဲ့ collab ဒီနှစ် part 4 ထဲက အသစ်ထွက်တဲ့ဟာပါ
Co-branding နဲ့ဆိုတော့ ပိုတန်ပါတယ်
ဝယ်လို့ရတုန်း ဝယ်ကြပါနော်
ထွက်ပြီး တစ်နှစ်လောက်ကြာမှ ရှာခိုင်းကြတော့ မရှာပေးတတ်တော့ဘူး 🥲🫠
15/08/2026
Drake just got gifted a one-of-one Rolex Ice Gradient Daytona 🥶
Rolex made the Ice Gradient Daytona to celebrate Drake’s record-breaking milestones in 2026
Drake ကတော့ IG post မှာ ဒီနာရီကို Generational ticker လို့တင်စားထားပြီး Rolex က လုပ်ပေးထားတဲ့ တစ်လုံးတည်းသောနာရီမလို့ local jeweler တွေမှာ လိုက်မလုပ်ကြဖို့လည်း သတိပေးထားပါသေးတယ်
15/08/2026
Kith Monday Program
Kith for BMW 2026
Pre-order available
14/08/2026
ACNE STUDIOS TROMPE-L’ŒIL JEANS 1981 (FW26)
BurmeseHype ရဲ့ post မှာဝတ်ထားတဲ့ Jeans က Acne Studios ရဲ့ SS26 မှာပါတဲ့ဘောင်းဘီပါ
Trompe-l’œil ဆိုတာ French စကားလုံးဖြစ်ပြီး "မျက်စိကိုလှည့်စားခြင်း" တကယ်ရှိတဲ့အရာလို ထင်ရအောင် visual illusion နဲ့ ဖန်တီးခြင်းကို ဆိုလိုပါတယ်
ဒီ jeans ရဲ့ထူးခြားချက်က denim ရဲ့ pockets, stitching တွေနဲ့ ဘောင်းဘီခေါက်ရာတွေကို တကယ့် construction လို မြင်ရအောင် print / surface treatment နဲ့ ပေါင်းစပ်ထားတာပါ
ဒါကြောင့် အဝေးကကြည့်ရင် ရိုးရိုး distressed vintage denim တစ်ထည်လိုမြင်ရပေမယ့် အနီးကပ်ကြည့်ရင်တော့ မြင်နေရတာအကုန်လုံးက print လုပ်ထားတာပါ
store price ကတော့ 32500B (43 သိန်းဝန်းကျင်) ရှိပါတယ်
Acne Jeans တွေက store မှာတော့ size စုံမရှိလို့ ရှာဝယ်ရပါတယ်
You can pre-order.
Special thanks to BurmeseHype
Category
Telephone
Website
Address
No. 276 (D-1), Corner Of Moe Kaung Road & Pyi Thar Yar St. , Yangon
Tamwe
11211
Opening Hours
| Tuesday | 10:00 - 19:00 |
| Wednesday | 10:00 - 19:00 |
| Thursday | 10:00 - 19:00 |
| Friday | 10:00 - 19:00 |
| Saturday | 10:00 - 19:00 |
| Sunday | 10:00 - 19:00 |
Alerts
Be the first to know and let us send you an email when HighGround. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.