Community Development Network

Community Development Network

Share

Community Development Network (Pa-O) CDN
3E:
- Education
- Empowerment
- Environment

ဒေသဖွံ့ဖြိုးရေးကွန်ယက် CDN ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၇-၉)ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့သော meeting မှ စတင်ဖွဲ့စည်းခဲ့သော လူထုအကျိုးပြုအဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေးနှိမ့်ကျသော ဒေသနှင့် ပဋိပက္ခများကြောင့် စစ်ဘေးသင့်ဒဏ်ခံရသော ဒေသတို့တွင် အထူးဦးစားပေး၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံကျသည့် လုပ်ငန်းအစီအဥ်များဖြစ်သော ပညာရေး၊ စွမ်းရည်မြှင့်တင်ရေး၊ သဘာ၀ပတ်ကျင်ထိန်းသိမ်းမြှင့်တင်ရေးတို့နှင့် လူသားချင်းစာနာထောက်ထားမူအကူအညီအတွက်ကိုလည်း တတ်နိုင်ဖက်မှ ပံ့ပိုးဆောင်ရွက်လျက်ရှိသည်။

ဒေသဖွံ့ဖြိုးရေးကွန်ယက်
Community Development Network - CDN

22/08/2026

ချင်ခင်​မြတ်နိုး လေးစားအပ်ပါသော တေးရေးတေးဆို ပအိုဝ်းအနုပညာရှင်များ ခင်ဗျား

မင်္ဂလာပါခင်ဗျား

* မိမိတို့ Community Development Network. မှ page ပေါ်ကနေ video အတိုတွေကို ပအိုဝ်းသီချင်းတွေနဲ့ ထည့်သွင်းပြုလုပ်ခဲ့တာတွေရှိပါတယ်။
ယင်းသီချင်းများ၏ တေးရေးတေးဆို မူရင်းပိုင်ရှင် သို့မဟုတ် မူပိုင်ခွင့် ရှိသူများထံ ခွင့်မတောင်းဘဲ Short videos ရုပ်သံအတိုတွေ ပြုလုပ်ပြီး post တင်ခဲ့တဲ့အပေါ် ၎င်းမူပိုင်ခွင့်ရှိသော တေးရေးတေးဆို ပအိုဝ်း အနုပညာရှင်များအား လေးနက်တည်ကြည်စွာ တောင်းပန်အပ်ပါတယ်။
* မိမိတို့ CDN ၏ page ပေါ်မှာ ရုပ်ပုံလွှာနဲ့ဖြစ်စေ၊ ရွှေ့လျားရုပ်သံနဲ့ဖြစ်စေ ပအိုဝ်းသီချင်းများ ထည့်သွင်းပေါင်းစပ်ပြုလုပ်ပြီး Post တွေ တင်ခဲ့ပြီးတာတွေရော နောက်နောင် မိမိတို့ CDN တို့၏ ပအိုဝ်းဒေသအတွင်း ပံ့ပိုးမှုပြုလုပ်လျက်ရှိသော ပညာရေးကဏ္ဍအပါအဝင် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်ပံ့ဖြစ်စေမဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ရုပ်သံအတိုဖြင့် မိမိတို့ CDN page ပေါ် တင်ဆက်သွားမည့်အရာများကိုလည်း ခွင့်ပြုပေးနိုင်ပါရန်လည်း တဆက်တည်း ချစ်ခင်လေးစားစွာ တောင်းခံအပ်ပါတယ်။
* ချစ်ခင်​​မြတ်နိုး လေးစားရပါသော မူရင်းပိုင်ရှင် တေးရေးတေးဆို အနုပညာရှင်များအားလုံး အထူးပင် ကျေးဇူးတင်ရှိပါတယ်။
* Page မှာ တင်ဆက်ခဲ့တဲ့ ရုပ်သံအတိုတွေအားလုံးမှာ ပါဝင်တဲ့ သီချင်းများ၏ မူရင်းပိုင်ရှင် တေးရေးတေးဆို အနုပညာရှင်များအား Credit ပေးပါတယ်။

ချစ်ကြည်လေးစားစွာ
Community Development Network - CDN

# # -220826 # # #
(22/08/2026)

Photos from Community Development Network's post 21/08/2026

2025-2026 ပညာသင်နှစ်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ် (4)မြို့နယ်အတွင်းရှိ ကျေးလက်အခြေခံပညာရေး ၏ သင်ကြားသင်ယူမှုဆိုင်ရာ သင်ထောက်ကူပစ္စည်းများ Teaching and Learning Materials (TLMs) ဖြန့်ဝေပံ့ပိုးမှုလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။

# # -210826 # # #
(21/08/2026)

21/08/2026
21/08/2026

Big shout out to my new rising fans! Nang Kham Kaung

Photos from Community Development Network's post 16/08/2026

TVET ပညာရပ်သင်တန်းဆိုင်ရာ Interview လူတွေ့ တွေ့ဆုံမေးမြန်းမှု နှစ်ရပ်ကို သီးခြားစီ လုပ်ဆောင်ဆောင်နေကြစဥ် မှတ်တမ်းပုံရိပ်အချို့။

# # /01-25/26-01/2026 # # #
(16/08/2026)

22/07/2026

Thanks for being a top engager and making it onto my weekly engagement list! 🎉 Kĥűñ Ță Sôê, Sayar Khun, KyawHtwe, Hkun Hkun Hkun, Nang Ngwe Khaing, KhunToe Naing, Sai Saw Kyaw Htet, Nang San Phyoe, Emerald Cool, Ohnmar Htwe

Photos from Community Development Network's post 17/07/2026

၂၀၂၆ ခုနှစ် ဇူလိုင်လ အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ မောက်မယ်မြို့နယ်၊ လွိုင်လင်မြို့နယ် နှင့် ဆီဆိုင်မြို့နယ် တို့အတွင်းရှိ ကိုယ်ထူကိုယ်ထကျောင်းများနှင့် ဘုန်းတော်ကြီးသင် (ဘက) ပရဟိတကျောင်းများအပါအဝင် ပအိုဝ်းဒေသတွင် အခြေခံပညာရေးအဆင့် စာသင်ကျောင်းများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် သင်ကြားသင်ယူရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ (Teaching and Learning materials- TLMs) စုစုပေါင်း (၆၅%) စတင်ပံ့ပိုးဖြန့်ဝေပေးနိုင်ခဲ့ပါသည်။

ကျန်ရှိ (၃၅%)သော မြို့နယ်များရှိ ကျောင်းများကို ဆက်လက်ပံ့ပိုးဖြန့်ဝေပေးလျက်ရှိနေပါသည်။

အားလုံးဝိုင်းဝန်းပံ့ပိုးကူညီပေးကြသော မြို့နယ်များအတွင်းရှိ ဒေသခံပြည်သူများ နှင့် မိတ်ဖက်
အဖွဲ့- လူပုဂ္ဂိုလ်တစ်ချင်းဦးချင်းစီတိုင်းတို့ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

ချစ်ကြည်လေးစားစွာဖြင့်

ဒေသဖွံ့ဖြိုးရေးကွန်ယက် (ပအိုဝ်းဒေသ) -
CDN
Community Development Network

# # -001-EASE/12072026 # # #
(12 July 2026)

Telephone

Website

Address


Taunggyi

Opening Hours

Monday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Alerts

Be the first to know and let us send you an email when Community Development Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Taunggyi.