Easy English with Tr. Heather

Easy English with Tr. Heather

Share

Make Your Dream!

Photos from LEVEL UP - English Language School's post 27/09/2025

👶 Flashcards တွေက ကလေးငယ်တွေအတွက် ဘာကြောင့် အသုံးဝင်တာလဲ?

📌 1. စကားလုံး အသစ်များ သင်ယူနိုင်စေနိုင်တယ်
ကလေးငယ်လေးတွေ အတွက် Vocabulary အသစ်တွေကို လွယ်ကူစွာ မှတ်မိစေပါတယ်။
➡️ ဥပမာ – သစ်သီး၊ တိရစ္ဆာန် အမည်တွေကို ရုပ်ပြထားလို့ အလွယ်တကူ သင်ယူနိုင်မှာပါ။

📌 2. မှတ်ဉာဏ်ကို အားကောင်းစေတယ်
ကဒ်တစ်ချို့ကို တကြိမ်၊ နှစ်ကြိမ် ပြန်ပြန်ကြည့်တာကြောင့် မှတ်မိမှု ပိုကောင်းစေပါတယ်။

📌 3. စကားပြော အတတ်ပညာ တိုးတက်စေပါသေးတယ်။
Flashcards ပြပြီး မိဘက ဖတ်ပြ၊ ကလေးက ထပ်ပြော → Listening + Speaking တို့ကောင်းစေမယ်။

📌 4. ဂိမ်းပုံစံနဲ့ သင်နိုင်လို့ စိတ်ဝင်စားစေနိုင်တယ်
Flashcards ကို ဂိမ်းနဲ့ တွဲပြီး လေ့လာစေလိုက်ရင် ကလေးတွေ ပိုကြိုက်၊ ပိုဖတ်ချင်ကြပြီပေါ့။

📌 5. ဂရုတစိုက်ခြင်း & အာရုံစိုက်မှု တိုးစေမယ်
ကဒ်တစ်ချို့ကို တပြန်ပြန်ကြည့်ရတဲ့အခါ ကလေးတွေ အာရုံစိုက်ပြီး စိတ်ထဲမှတ်နေတတ်ပါတယ်

💡 Parent Tip:
Flashcards ကို မိဘနဲ့ ကလေးက ညအချိန် ၁၀ မိနစ်လောက်အချိန်ပေးပြီး ဂိမ်းလိုမျိုး ပြန်ကြည့်လိုက်ရင် လေ့လာမှု ပိုကောင်းလာမယ် 💛
ဒီတစ်ခါတော့ သားသားမီးမီးတို့ လေ့လာဖို့ ချစ်စရာ insects flashcards လေးကို share ပေးလိုက်ပါတယ် ရှင့် ။

13/05/2024

အိမ်မှာတွေ့ရတဲ့ ပစ္စည်းလေးတွေကို English လိုလေ့လာကြမယ် ❤️

13/05/2024

Place Prepositions လို့ခေါ်တဲ့ နေရာပြပုဒ်လေးတွေကိုမှန်မှန်ကန်ကန် သုံးတတ်နေပြီလား
😉😉😉

23/11/2022

Hello Everyone 😍😍😍
ဒီနေ့ကတော့ ပေါ့ပေါ့ပါးပါးဖြေလို့ရအောင် Quiz လေး ပဲ တင်ပေးလိုက်တယ် နော်
အချိန်ရရင် comment box မှာ ဖြေပေးသွားကြပါဦးရှင် 🥰

Photos from LEVEL UP - English Language School's post 21/11/2022

စာဖတ်ဖို့ အလေ့အကျင့် စယူနေတဲ့ Learners လေးတွေအတွက် ရည်ရွယ်ပြီး Simple sentence နဲ့ ရေးထားတဲ့ စာပိုဒ်လေးတွေ တင်ပေးလိုက်ပါတယ် 🙆‍♀️🙆‍♀️🙆‍♀️

ဒီ reading လေးတွေဟာ စာဖတ်တဲ့ အကျင့်လေးတွေကို ဖြစ်စေရုံသာမကပဲ ဝေါဟာရလေးတွေကိုလည်း ကြွယ်ဝစေပါသေးတယ်💁‍♀️💁‍♀️💁‍♀️

နောက်ထပ်အကြံပြုချင်တာ တစ်ခုက ကိုယ် မသိတဲ့ ဝေါဟာရလေးတွေ မသိတဲ့အခါ အဘိဓာန်မှာ အရင် မရှာလိုက်ပါနဲ့ 🙅‍♀️🙅‍♀️🙅‍♀️

အရင်ဆုံး ခန့်မှန်းကြည့်ပါ 💁‍♀️💁‍♀️💁‍♀️

ဥပမာ သင်ဟာ Coop ဆိုတဲ့ စာလုံးကို မသိခဲ့ဘူး ဆိုပါစို့
I'm a chicken. I live in a chicken coop.
ဒီ စာကြောင်းလေးဖတ်လိုက်ရင်တော့ Coop ရဲ့ အဓိပ္ပါယ်ကို ခန့်မှန်းရလွယ်ကူသွားပါပြီ

"ကြက်ကလေးဆိုတော့ ဘယ်နေရာမှာ နေမလဲ"

👉 ကြက်ခြံ ပေါ့ 👈

ဒီလို ဖတ်ပြီး အဓိပ္ပါယ်လေးတွေ ခန့်မှန်းတဲ့နည်းနဲ့လည်း ဝေါဟာရ အသစ်တွေကို လေ့လာလို့ ရပါတယ်

နောက်ထပ်လည်း English Language လေ့လာနည်းလေးတွေ အဆက်မပြတ် တင်ပေးသွားမှာမို့ like & share လေး လုပ်ပေးသွားပါဦး ရှင့် 🙆‍♀️🙆‍♀️🙆‍♀️

...

20/11/2022

Q: Start work လား Start working လား 🤔🤔🤔
A: ၂ ခုလုံးမှန်ပါတယ်

Start work ဆိုတာ အလုပ် စ တာ ဖြစ်ပြီး Start working ဆိုတာ အလုပ်စလုပ်တာကို ​ပြောတာ ဖြစ်ပါတယ်

ဥပမာ .. သင့်ရဲ့အလုပ်က ၉ နာရီ စ ပါတယ် .. အဲ့အခါမှာ "start work" ဆိုတဲ့အသုံးအနှုန်းကို သုံးလို့ရပါတယ်

I start work at 9 o'clock.

ဒါ​ပေမယ့် သင်က အလုပ် ​ရောက်​ရောက်ချင်း အလုပ်မစ​သေးပါဘူး . ပြင်ဆင်စရာရှိတာ​လေး​တွေ ပြင်ဆင်လိုက်တာ ၉ နာရီ ၁၅ ​လောက်မှပဲ အလုပ် စလုပ်ဖြစ်တယ်
ဒါဆို သင့်ဘက်က ဒီလို​ပြောလို့ရပါပြီ

I start working at 9:15.

သိချင်တဲ့ grammar point ​လေး​တွေလည်း ​​comment မှာ​မေးခဲ့​နော်

Photos from LEVEL UP - English Language School's post 20/11/2022

ဒီနေ့ တော့ Meaning တွေ Vocab တွေ လေ့လာရာမှာပါ သိထားသင့်တဲ့ Compound Words လေးတွေ လေ့လာကြရအောင်နော်
Compound word ရဲ့ သဘောကတော့ ဥပမာ အနေနဲ့💁‍♀️

Lip + Stick = Lipstick
(နှုတ်ခမ်း) (တုတ်ချောင်း) (နှုတ်ခမ်းနီ)

Sun + Flower = Sunflower
(နေ) (ပန်း) (နေကြာပန်း)

အလွယ်ဆုံး ပြောရရင်တော့ စကားလုံးတလုံး တည်းအနေနဲ့ အဓိပ္ပါယ်တမျိုး ထွက်ပေမဲ့ 🤷‍♀️🤷‍♀️

စကားလုံး ၂လုံး ၃လုံး ပေါင်းလိုက်ရင် အဓိပ္ပါယ်တမျိုးပြောင်းသွားတာကို compound word လေး အဖြစ် အကြမ်းဖျင်း မှတ်သားနိုင်ပါတယ်နော် 💁‍♀️💁‍♀️

သာယာသော နေ့လေးပိုင်ဆိုင်ကြပါစေရှင့် 🙆‍♀️🙆‍♀️🙆‍♀️

...

19/11/2022

ဒီတခေါက်က sharing လုပ်သွားမှာက တော့ supermarket သွားတာဖြစ်ဖြစ်
English စာတန်းထိုး Cooking video🖥️🖥️ တွေ ကြည့်တဲ့
အခါတွေမှာ ပဲ ဖြစ်ဖြစ် အဆင်ပြေနိုင် အောင်
အသီးအရွက်လေးတွေ 🥦🥬🍅ရဲ့ နာမည် နဲ့အသံထွက် တွေ လည်း သိဖို့ လိုအပ်မယ်နော်

နောက်ရက် တွေ လည်း ထပ်ပီး sharing လုပ်သွားပါ့မယ် နော် 👩‍💻👩‍💻👩‍💻

...

19/11/2022

Hello🙆‍♀️🙆‍♀️.. အားလုံးပဲ အလုပ်ကြောင့် တပတ်လုံး စိတ်ရော လူရော ပင်ပန်းနေကြပီ ထင်ပါတယ်နော်🥺

ဒီနေ့မှာတော့ တီချယ် တို့ ရဲ့ ကျောင်းသားကျောင်းသူလေးတွေ အတွက် I'm so tired 😫လို့ခေါ်တဲ့အရမ်းပင်ပန်းနေပီဆိုတဲ့ အသုံးနှုန်း လေး ကို နောက် ထပ် စကားလုံး ၄ မျိုး နဲ့ ဖော်ပြလို့ရတယ် ဆိုတာ လေး ကို sharing လုပ်ပေးလိုက်ပါတယ်နော် 🥰🥰🥰

ဒီ weekend လေးတွေ မှာ တော့ English နဲ့ ပက်သက်တဲ့ Tips လေးတွေကို ပိုမို sharing လုပ်သွားပါ့မယ် ရှင့်👩‍💻

.

18/11/2022

Hello everyone, ဒီနေ့အတွက်ကတော့ Grammar ဘက် လေး နည်းနည်း ပြန်သွားကြရအောင် နော် 💁‍♀️

Grammar အတွက် သာ မက speaking အတွက်ပါ နေ့စဉ် အသုံးပြု နေကျ ဖြစ်တဲ့ Wh Question လေးတွေကို ဖြေသွားကြပါဦးနော် 🙆‍♀️🙆‍♀️🙆‍♀️

မင်မင်တို့ page မှာ English နဲ့ ပက်သက်တဲ့ Tipsလေး တွေ ကို နေ့စဉ်တင်ပေးသွားမှာပါနော် 👩‍💻👩‍💻👩‍💻

English စာ လေး တွေ ကို ပေါ့ပေါ့ပါးပါး လေ့လာလို့ရအောင်
သူငယ်ချင်းတွေ ကို လည်း like and share လေးတွေ နဲ့ မျှ ဝေ ပေးကြပါဦးနော်.. 🥰🥰🥰

Category

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Easy English with Tr. Heather posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.