Pinkish Diary
Cosmetic Retail and Wholesale Service
SkincareတွေReview မဟုတ်ဘဲ ရေမွှေး Review ပေးချင်လို့ပါရှင်💝
ဒီနေ့က Diptyque ရဲ့Fleur De Peau & L’Eau Papierကို Layerလုပ်ပြီးဆွတ်ခဲ့တဲ့နေ့ပါရှင် အလွန်လိုက်ဖက်ပြီးစွဲဆောင်မှုရှိပါတယ်ရှင် Skin Scentရေမွှေးချင်း ပေါင်းစပ်ပုံတော်တော်လေးလှပါတယ်ရှင့် Fleur De Peauရဲ့ ပေါင်ဒါရနံ့ဖျော့ဖျော့လေးကို ဂုတ်နဲ့ရင်ဘတ်တွေမှာဆွတ်ပြီး L’Eau Papierကိုလက်မောင်းလက်ကောက်ဝတ်မှာဆွတ်ပါတယ်ရှင် ရေမွှေးလုံးဝမကြိုက်ပါဘူးဆိုတဲ့ကိုယ့်အစ်မတစ်ယောက်နဲ့တူတူထိုင်တော့ “ရေမွှေးရနံ့ပြင်းတာမကြိုက်တဲ့သူတောင်ညီမလေးဒီနေ့ဆွတ်လာတဲ့ရနံ့လေးကြိုက်လိုက်တာ မွှေးနေတာဘဲ သင်းသင်းလေး ‘’ ဆိုပြီး Compliment ရခဲ့ပါတယ်ရှင် 💝 Tryကြည့်ဖို့အကြံပြုပါတယ်ရှင် ကိုယ်ကတော့ဒီနေ့အရမ်းကို Clean Girlလေးဖြစ်တယ်ခံစားရလို့ အရမ်းကျေနပ်ခဲ့ရတဲ့Comboလေးပါဘဲ
ကိုယ်ပျောက်နေတဲ့ချိန် The Magic Scent ဆိုတဲ့ ရေမွှေးဆိုင်Page လေးမှာရောက်နေတာပါ ရေမွှေးစိတ်ဝင်စားတဲ့သူတွေ ဆို ကိုယ့်ဆိုင်အသစ်လေးနဲ့တစ်ခါတည်း မိတ်ဆက်ပေးပါရစေရှင် 💝
📍 ဘားအံ ၊ ထွန့်ပတိုင် သစ္စာတိုင်တံတား
ဘားအံရဲ့အလှဆုံးနေရာလေးတွေထဲကတစ်ခု 🤍 မိုးတွေအဆက်မပြတ်ရွာပေမယ့် ဘားအံကလှမြဲလှဆဲဘဲ🤍
📍- ဘားအံ ၊ အာလဝံအင်း 🤍
22/08/2026
Tik Tok မှာတော်တော်လေးအမေးများခဲ့တဲ့ ကိုယ့်ရဲ့ Weight loss Journey လေးကို Facebook မှာ ပြန် Sharing လုပ်ပါရစေရှင် 🤍 ဒီနှစ်အစပိုင်းနဲ့ April မှာ 120 lbs, 125 lbs ,130 lbs ဝန်းကျင်မှာ တက်လိုက်ကျလိုက် ရှိနေခဲ့ပါတယ် အဲ့ကနေ ထပ်ချမယ်လို့တွေးပြီးတစိုက်မတ်မတ်စလုပ်ဖြစ်တာက April မှာပါဘဲ
နှစ်ခုနဲ့ဘဲအဓိက ဝိတ်ထပ်ချခဲ့တာ 108 lbs ထိရောက်ခဲ့ပါတယ် ခက်ခက်ခဲခဲ ဘာတစ်ခုမှမလုပ်ဘဲ Consistent ရှိရှိလုပ်ခဲ့တာဘဲရှိပါတယ်ရှင် ဒီနေရာမှာထပ်ဖြည့်ပြောချင်တာက Gymသွားပြီး Muscles တည်ဆောက်တာက အဖြစ်သင့်ဆုံးအဖြေပါ ကိုယ်ကအဲ့ဒါကိုမလုပ်နိုင်တဲ့သူမို့ Calories Deficit & လမ်းလျှောက်ခြင်းကိုဘဲစွဲစွဲမြဲမြဲလုပ်ခဲ့ပါတယ် 6 လပိုင်းလောက်နဲ့ 7 လပိုင်းလောက်မှာ လိုချင်တဲ့ Weightကို ရောက်ခဲ့ပါတယ် 🤍
မနက်စာကတော့ Black Coffee + ကြက်ဉ နှစ်လုံးပါ အရမ်းအဆာခံပါတယ်ရှင့် ညစာကို ဝဉကြာဇံက်ိုတခုခုလုပ်စားပါတယ် နေ့လည်တော့ထမင်းကိုလျှော့ပီးစားလို့ရတယ်ရှင့် ထမင်း ငါးဇွန်း အရွက်ကြော်များများတစ်ပွဲကို အသားများများနဲ့စားပါတယ် ဘာပဲစားစားဆီလျှော့စားပါတယ် ဆီကိုအတတ်နိုင်ဆုံးဖယ်စားပါတယ်ရှင့်
မုန့်နဲ့ အချိုရည် အအေး Snack အကုန်ဖြတ်ပါတယ်ရှင့် ရေတစ်နေ့သုံးလီတာသောက်ပါတယ်ရှင့် တစ်နေ့ခြေလှမ်းအနည်းဆုံး တစ်သောင်းကို Stepsappနဲ့လျှောက်ပါတယ်ရှင့်
ဘာပဲစားချင်စားချင် ကိုယ်တိုင်လုပ်စားပါတယ်ရှင့်
*တစ်ပတ်စာအတွက် မနက်စာကို Black coffee ( ရွာငံကော်ဖီ / ရဲမွန်တောင် ကော်ဖီ ) ရယ် ကြက်ဉ ၁၄ လုံးကိုပြုတ်ပြီး ရေအေးနဲ့ဆေး အအေးခံပြီး ရေခဲသေတ္တာထဲထည့်ပြီးသိမ်းလိုက်ပါတယ်ရှင့်
*တစ်ပတ်စာအတွက် ညစာကို ကွေ့တီယိုအနှစ် ၊ Spicy အနှစ် ၊ မြန်မာSauce လေးတွေကို တစ်ပတ်စာလောက်ကြိုပြင်ပြီး ဗူးတွေကို သိမ်းဆည်းပြီး တစ်ခါတည်း ရေခဲသေတ္တာထဲထည့်ထားလိုက်ပါတယ်ရှင့် ပြီးရင် အသား ( ကြက်သား ) နဲ့ ဝဉ ကြာဇံ / ဝဉခေါက်ဆွဲကိုသုတ်ပြီး စားပါတယ်ရှင့် ရိုးလာတဲ့နေ့တွေမှာဆို အရွက်ကြော်ကိုအများကြီးကြော်စားပါတယ်ရှင့်
Snack လုံးဝရှောင်ရတာမို့မုန့်တွေလုပ်စားပါတယ် အိမ်မှာအမြဲဆောင်ထားရမယ့်လိုအပ်ချက်တွေဆို ကြက်ဉ ၊ ဝဉ ကြာဇံ ၊ Oat meal ၊ Nom Nom Sauce ( လျှော့သုံးပါတယ်ရှင့် ) ၊ ပန်းရောင်ဆား ၊ ပျားရည် ၊ ဂျုံကြမ်းပေါင်မုန့် wholemeal bread တွေပါရှင့်
အမြဲဆောင်ထားပါတယ်ရှင့် Healthy Land by Keto Landက Keto တုန်ယမ်းအနှစ်ဗူးဝယ်ထားပါတယ် အရသာအရမ်းကိုကောင်းမွန်လွန်းလို့ ဝိတ်ချနေတယ်လို့တောင်မခံစားမိခဲ့ဘူး
ထမင်းဖြတ်ရင်တော့မြန်ပေမယိ့ ရေရှည်မလုပ်နိုင်ရင်ပြန်တက်မှာပါ အဲ့တော့အတတ်နိုင်ဆုံးcaloriesလျှော့ပြီးစားတာရယ် အိမ်မှာအလွယ်တကူလုပ်စားလို့ရတဲ့နည်းလေးတွေကိုဘဲလုပ်စားပြီး calories deficitလုပ်တဲ့နည်းနဲ့ဘဲချတာပါရှင့် လုပ်ရလွယ်တာတွေချည်းဘဲလုပ်စားပါတယ်ရှင့် အဓိကမနက်စာနဲ့ညစာကတော့ကြက်ဉနဲ့ဝဉကြာဇံကိုသုတ်စားအသားကိုသုတ်စားတာမျိုးဘဲလုပ်ပါတယ်ရှင့် လမ်းများများလျှောက်ပေးဖို့လည်းအဓိကကျပါတယ်ရှင့်
အဓိိက ထမင်းလျှော့စားပြီး အသားနဲ့အရွက်ပိုစားမယ် မနက်ဆိုအတတ်နိုင်ဆုံး ကြက်ဉပြုတ်စားမယ်သာတွေးရင် တစ်လခွဲလောက်ဆိုတော်တော်စသိသာပါတယ်ရှင့်
အအေးသောက်ချင်ရင်ရေသောက်တယ်
မုန့်အစား အသီးစားပါတယ် ငှက်ပျောသီး ပန်းသီး ကန်စွန်းဉ မုန်လာဉနီကို ကြိုက်လာတဲ့ထိ စားပေးပါရှင် တစ်သက်လုံးစားသွားရမယ့် အသီးတွေဖြစ်ပါတယ်ရှင့် အအေးသောက်ချင်စိတ်ထိန်းမရရင်အသီးဖျော်ရည်စစ်စစ်လုပ်သောက်လိုက်တယိရှင့် အုန်းရည်လည်းသောက်ပါတယ်ရှင့် အသားအရေအတွက်ပါအရမ်းကောင်းမွန်ပါတယ်ရှင်
အမျိုးစုံလုပ်စားတတ်သွားပြီး calories deficit ကိုနားလည်ရင် တစ်နေ့တာရဲ့ Caloriesကိုစားသင့်တဲ့ပမာဏ ကိုမကျော်အောင်စားနိုင်ရင် ဝိတ်ကကျိန်းသေကျပါတယ်ရှင့် ဒီတစ်ခေါက်ဝိတ်ချခဲ့တာ အလွယ်ကူဆုံးနဲ့အပျော်ဆုံးပါဘဲရှင်
အရေးကြီးဆုံးမှတ်ထားရမှာက Calories တွက်စားမယ် ကြက်ဉပြုတ်နဲ့ကော်ဖီကိုမနက်စာအနေနဲ့စားမယ် ခြေလှမ်းတစ်သောင်းပြည့်အောင်လျှောက်မယ် ရေတစ်နေ့သုံးလီတာပြည့်အောင်သောက်မယ်
အနှစ်တွေကိုကြိုလူပ်ပီးသိမ်းထားမှသာ ရေရှည်လုပ်နိုင်မယ်ဆိုတဲ့အချက်ပါဘဲ
ကြိုမပြင်ထားရင်နေ့တိုင်းမလုပ်နိုင်ပါဘူးရှင့် အပြင်စာနဲ့ အိမ်ကစားနေကြပုံစံကိုပြန်ပြန်စားမိမှာပါ ကိုယ့်တစ်ကိုယ်စာကြိုပြင်တဲ့အလေ့အကျင့်လေးနဲ့စကြည့်ပါရှင့်
Calories တွက်စားတတ်သွားတဲ့အခါ ကိတ်မုန့်တစ်လုံး Bubble teaတစ်ခွက်သောက်ပြီး calories / sugarတွေအများကြီးစားမယ့်အစား အသားသုတ် စွပ်ပြုတ်တပွဲလောက်စားပြီး ဗိုက်အပြည့်ခံတာက ပိုအားသာချက်များတယ်ဆိုတာကိုသိလာတာပါဘဲရှင့်
21/08/2026
ကိုယ်ကတစ်ခုခုကိုကြိုက်ရင်အပိုတွေဝယ်ပြီးကြိုကြိုစုထားတတ်တာပါ ပစ္စည်းပြတ်မှာ စိုးရိမ်ကြီးတတ်တာ
စိတ်အရမ်းပူတတ်တာပါ
အဲ့တော့လေပစ္စည်းတစ်ခုကိုကြိုက်ပြီဆို ဗူးအရေအတွက်အများကြီးမြင်နေရ မှသာလျှင်စိတ်ချမ်းသာပါတယ်ရှင်
Suppin Skin Care Powder ကိုကြိုက်လွန်းလို့အပိုနှစ်ဗူးကြိုဝယ်ထားပြီးနှစ်ဗူးကိုပြိုင်သုံးနေတဲ့ထိပါဘဲရှင် နှစ်ဗူးလုံးကလည်းကုန်ခါနီးတွေပါဘဲ သူ့ကိုသူ့မှာပါတဲ့ Puffနဲ့ မသုံးဘဲ Powder Brushနဲ့ဘဲပုတ်ပုတ်ပြီးလိမ်းပါလို့ အကြံပြုပါရစေရှင် သူ့ကိုပုတ်လိမ်းပြီးရင် အဆီပြန်တာ၊ oxidizeဖြစ်တာတွေ လုံးဝမဖြစ်ဘဲ ရေချိုးပြီးခါစ မျက်နှာကြည်ကြည်လင်လင်လေး ဖြစ်သွားတာကိုအရမ်းသဘောကျပါတယ်ရှင် Make Up , Foundation ဖြတ်ထားချိန်မှာ Suncream + Skincare Powder Duoလေးက တော်တော်ကိုအဆင်ပြေနေတာပါဘဲ
အသားအရေ အရောင်သိပ်မရွေး ဘူးလို့ယူဆပါတယ်ရှင် အစိမ်းလေးလည်းသုံးရအဆင်ပြေပါတယ်ရှင့် Teenagers လေးတွေကျောင်းသူလေးတွေကအစလိမ်းနိုင်တဲ့Skincare Powderဖြစ်ပါတယ်ရှင့် ကိုယ်လိမ်းလာတာ 10 လဝန်းကျင်ရှိပြီမို့ ကိုယ်တွေလို Sensitive Skinတွေ Acne Journey ဆိုးဆိုးရွားရွားတစ်ခုကိုဖြတ်သန်းဖူးတဲ့သူတွေ လည်းစိတ်ချစွာအသုံးပြုနိုင်ပါတယ်လို့ Recommend လုပ်ပါရစေရှင်
Japan Cosmetics, Skincare တွေကိုလေ အရမ်းသဘောကျပါတယ် Blush,Eyeshadow,Lip Stick,Powder Pact အကုန် လုံးကို Japan Madeတွေဘဲလက်ရှိသုံးနေတာပါရှင် Canmake ပါးနီတွေဆိုလည်း(၃) ဗူးတောင်ကြိုဝယ်ထားတဲ့ထိကြိုက်ပါတယ်တခြားစုံပလုံစိလေးတွေလည်းဝယ်ထားသေးတာမို့ အဲ့ဒါလေးတွေလည်း သပ်သပ်ထပ်တင်ပါရစေနော်💝
Pinkish Diary Pageကို Postပြန်တင်ဖို့စလုပ်တဲ့အချိန်မှာ တော်တော်ကိုကြောက်နေခဲ့တာ😁 ဘယ်သူမှမမှတ်မိမသိလောက်တော့ဘူးလို့ထင်ခဲ့တာ Page Messenger ကစာတွေ Viberကစာတွေအများကြီးမြင်ထားတာတောင် စိတ်ပူတာမလျော့ပါဘူး
Page လေးပြန်သုံးပါရစေရှင် 💝 စျေးကခုချက်ချင်းတော့မရောင်းသေးဘဲ အချိန်လေးတစ်ခုယူပြီးမှ ပြန်ရောင်းပါမယ်ရှင် အခုတော့ပထမဆုံး တော်တော်လေးလွမ်းလို့ ပြန်သုံးဖို့ခွင့်တောင်းရင်း Postsလေးတွေတင်ပါရစေရှင်💝
Hello💕
မင်မင်ခရီးကပြန်ရောက်ပါပီရှင်💗
Lavender ပန်းခင်းထဲပြေးခဲ့ရတာတော့ အကျေနပ်ရဆုံးဘဲရှင်🫣 ပြင်ဦးလွင် နှင်းဆီခြံထဲက Lavender ပန်းခင်းကို သွားလည်ကြည့်ပါနော် မင်တိူ့သွားတုန်းကတော့ခုလိုပန်းတွေအပြည့်မို့ အချိန်ပေးရတာနဲ့အရမ်းတန်ခဲ့တယ်💕
23/01/2026
FYI💗
22/01/2026
လက်ရှိမင်ကိုယ်တိုင်ဖြစ်နေတာပါ
17/01/2026
မင်မင်ခရီးထွက်နေလို့Page Updateလေးနဲ့Replyလေးတွေနောက်ကျနေတာပါရှင့်💗
အများကြီးလည်ပြီးရင်Updateအသစ်တွေပြန်တင်တဲ့အခါအားပေးကြပါဦးနော် 💕
Category
Contact the business
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Pinkish Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.