KS languages studio
"ကိုရီးယားစာနဲ့ အင်္ဂလိပ်စာကို အခြေခံကနေ စတင်ချင်ပါသလား?
KS Languages Studio မှာ လိုအပ်တဲ့ သင်ကြားရေးစာအုပ်တွေကို တစ်ဝကြီး ဝယ်ယူနိုင်ပါပြီ။ စာအုပ်ကောင်းတွေနဲ့အတူ ပညာဗဟုသုတတွေကို စုဆောင်းလိုက်ရအောင်နော်။"
16/07/2026
စိတ်ကူးထဲက အစီအစဉ်တွေကို လက်တွေ့ဖြစ်လာစေဖို့ အမြဲတမ်း Planner သုံးတတ်တဲ့သူလေးတွေ ရှိလားရှင်။ 🥰
အလုပ်လုပ်တဲ့အခါ၊ ဒါမှမဟုတ် ဘာသာစကား လေ့လာတဲ့အခါ စိတ်အပန်းပြေစေဖို့အတွက် Cute & Minimalist vibes ရှိတဲ့ Planner templates လေးတွေကို သေချာစဉ်းစားပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။
ဒီ Planner လေးမှာဆိုရင် -
🎀 ရှေ့အဖုံး (Front Cover): ချစ်စရာ Ribbon ဒီဇိုင်းလေးနဲ့ စာအုပ်ရဲ့ အလှကို ပိုတောက်ပစေမှာပါ။
🍒 နောက်အဖုံး (Back Cover): ပန်းရောင် Background လေးပေါ်မှာ ချယ်ရီသီးလေးတွေနဲ့ အလွန်ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေး ဖြစ်ပါတယ်။
💡 ပရင့်ထုတ်ဖို့ အကြံပြုချက်:
ဖိုင်ကို A4 စာရွက်နဲ့ တိုက်ရိုက်ထုတ်လိုက်ရုံပါပဲရှင့်။ စာရွက်တစ်ရွက်မှာ A5 size မျက်နှာချင်းဆိုင် layout ပါဝင်ပြီးသားမို့ ထုတ်ပြီးရင် အလယ်ကေန ညှပ်ပြီး စာအုပ်ေလး ချုပ်လိုက်ရုံပါပဲရှင်။
📱 Digital သုံးချင်သူများအတွက် -
စက္ကူနဲ့ ပရင့်မထုတ်ဘဲ iPad ဒါမှမဟုတ် Tablet ထဲက GoodNotes, Notability စတဲ့ App တွေထဲမှာ Hyperlink ဖိုင်အဖြစ် တိုက်ရိုက်ထည့်ပြီး ဒစ်ဂျစ်တယ်စနစ်နဲ့လည်း စတိုင်ကျကျ ရေးမှတ်အသုံးပြုနိုင်ပါတယ်ရှင်။ ✨
💡 ဒီ Planner Template ရဲ့ ထူးခြားချက်များ -
Daily Planner: အရှေ့အနောက် နှစ်ဖက် (Double-sided) Print ထုတ်ရင် ရက်ပေါင်း ၁၈၀ (၆ လစာ) စိတ်ကြိုက်သုံးနိုင်ပါတယ်။
Weekly & Monthly Planners: တစ်နှစ်စာ (၁ နှစ်ပြည့်) အပြည့်အဝ အသုံးပြုပြီး ကိုယ့်အလုပ်တွေကို စနစ်တကျ စီမံနိုင်မှာပါ။
🛒 ဈေးနှုန်းနှင့် ဝယ်ယူနိုင်မယ့် နှုန်းထားများ -
Daily Planner သီးသန့် - ၄,၀၀၀ ကျပ်
Weekly & Monthly Planner သီးသန့် - ၄,၅၀၀ ကျပ်
✨ Full Set Package (အစုံလိုက်ယူမယ်ဆိုရင်) - ၈,၅၀၀ ကျပ် မဟုတ်ဘဲ ၇,၉၀၀ ကျပ် တည်းနဲ့ အတန်ဆုံး ရရှိမှာဖြစ်ပါတယ်ရှင်။
ဝယ်ယူချင်တယ်ဆိုရင် Page Messenger ကနေ အသေးစိတ် လာရောက်စုံစမ်းနိုင်ပါတယ်ရှင့်။ ငွေလွှဲဝင်ပြီးတာနဲ့ High-quality ဖိုင်တွေကို Messenger ကနေတစ်ဆင့် ချက်ချင်း ပေးပို့ပေးသွားမှာမို့ စိတ်ချလက်ချ မှာယူနိုင်ပါတယ်ရှင်။ 💕
"မှာယူလိုပါက အခုပဲ Message ပို့လိုက်ပါနော် 📩"
27/06/2026
စာအုပ်အကြောင်းမတင်ဖြစ်တာ ကြာသွားလို့ သတိရနေကြပြီလားရှင် 📚✨
ဒီနေ့မှာတော့ ကိုရီးယားစာ Level တက်ချင်သူတွေနဲ့ Intermediate (B1 Level) သမားတွေအတွက် အရမ်းအသုံးဝင်မယ့် Darakwon Reader Series ထဲက "The Story of Heungbu" (흥부전) ဆိုတဲ့ စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ကိုရီးယားရိုးရာ ပုံပြင်လေးတွေကို ဖတ်ရင်း Vocabulary နဲ့ Grammar ပိုင်းကို ပျော်ပျော်ရွှင်ရွှင် တိုးတက်အောင် လုပ်လို့ရမယ့် စာအုပ်ကောင်းလေးပါ။
ဒီစာအုပ်လေးရဲ့ အားသာချက်တွေကတော့ -
📖 B1 Level: စာလုံးအသုံးအနှုန်းနဲ့ ဝါကျတည်ဆောက်ပုံတွေက Intermediate သမားတွေ ဖတ်ရတာ အဆင်ပြေဆုံးဖြစ်အောင် ပြင်ဆင်ပေးထားတယ်။
🎧 Free MP3 Download: စာဖတ်ရုံတင်မကဘဲ အသံထွက်ပါ နားထောင်လို့ရအောင် Audio File အခမဲ့ ပေးထားလို့ Listening စွမ်းရည်ပါ တစ်ခါတည်း လေ့ကျင့်နိုင်မှာပါ။
🎨 လှပတဲ့ သရုပ်ဖော်ပုံများ: ရိုးရာပုံပြင်ရဲ့ ရသကို ပေါ်လွင်စေမယ့် ရုပ်ပြပုံလေးတွေ ပါဝင်လို့ ဖတ်ရတာ ပျင်းဖို့မကောင်းဘူးပေါ့။
ရိုးသားတဲ့ Heungbu နဲ့ လောဘကြီးတဲ့ Nolbu တို့ ညီအစ်ကိုနှစ်ယောက်အကြောင်းကို ကိုရီးယားလိုရော၊ အင်္ဂလိပ်လိုပါ အရသာရှိရှိ ဖတ်ရှုလေ့လာနိုင်မှာမလို့ ကိုရီးယားစာလေ့လာနေသူတွေ ဆောင်ထားသင့်တဲ့ စာအုပ်လေးတစ်အုပ်ပါပဲ။ ✨
ဒီစာအုပ်လေးကို ဖတ်ဖူးတဲ့သူတွေရှိရင်လည်း Review လေးတွေ Comment မှာ မျှဝေပေးခဲ့ကြဦးနော်။ 👇
#ကိုရီးယားစာလေ့လာရန်
07/02/2026
TOPIK I ဖြေမယ့်သူတွေအတွက် စာအုပ်ကောင်း ညွှန်းပါရစေ! 📖🙌
TOPIK I ဖြေဖို့ ပြင်ဆင်နေတဲ့သူတွေအတွက် "New TOPIK Master" စာအုပ်က တကယ်ကို ထိရောက်ပါတယ်။
ကျောင်းသားတော်တော်များများ ညွှန်းကြသလိုပဲ သူက မေးခွန်းပုံစံတွေကို အသေးစိတ် ရှင်းပြထားပေးတယ်။ အထူးသဖြင့် Mock Test တွေ အများကြီးပါလို့ စာမေးပွဲမဖြေခင် ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ဖို့ အရမ်းအဆင်ပြေတယ်။
ကိုရီးယားစာ လေ့လာနေတဲ့သူငယ်ချင်းတွေလည်း ဒီစာအုပ်လေးကို ရှာဖတ်ကြည့်ကြပါဦး။ အားလုံးပဲ Fighting ပါ! 💪🇰🇷
29/01/2026
TOPIK I (Basic) အတွက် အားကိုးရမယ့်စာအုပ်တစ်အုပ် ရှာနေလား? 🤔
ဒီ Complete Guide to the TOPIK စာအုပ်လေးကတော့ သင်ခန်းစာတွေရော၊ မေးခွန်းဟောင်း လေ့ကျင့်ခန်းတွေရော ပြည့်ပြည့်စုံစုံ ပါဝင်ပါတယ်။ အင်္ဂလိပ်-ကိုရီးယား နှစ်ဘာသာနဲ့ ရှင်းပြထားတာမို့ နားလည်ရတာ အရမ်းလွယ်ကူပါတယ်။
Listening အတွက် Audio ဖိုင်တွေလည်း Free Download ရလို့ တစ်ယောက်တည်း Self-study လုပ်တဲ့သူတွေအတွက်လည်း အဆင်ပြေဆုံးပဲ! 🎧📖 ကိုရီးယားစာ လေ့လာနေသူတွေ လက်မလွှတ်သင့်တဲ့ စာအုပ်လေးပါ။
27/01/2026
အခြေခံကို ပိုပိုင်နိုင်ပြီး စကားပြောစွမ်းရည် တိုးတက်စေမယ့် SNU Korean 1B 🧡
မနေ့က 1A အကြောင်း ပြောပြပြီးပြီဆိုတော့ ဒီနေ့မှာတော့ Level 1 ရဲ့ ဒုတိယပိုင်းဖြစ်တဲ့ SNU Korean 1B အလှည့်ရောက်ပါပြီ။ 🚀
1A မှာ အခြေခံဗျည်း၊ သရနဲ့ မိတ်ဆက်စကားပြောတွေကို လေ့လာပြီးပြီဆိုရင် 1B ကတော့ သင့်ကို ပိုပြီး ကျွမ်းကျင်တဲ့ ကိုရီးယားစကားပြောလောကထဲ ခေါ်ဆောင်သွားမှာပါ။
✨ SNU 1B မှာ ဘာတွေ ထူးခြားမလဲ?
ပိုမိုစုံလင်တဲ့ အကြောင်းအရာများ: ကျန်းမာရေး၊ဝါသနာ၊ ရာသီဥတု၊ အစားအသောက် မှာယူပုံနဲ့ ခရီးသွားလာခြင်း စတဲ့ နေ့စဉ်ဘဝမှာ တကယ်အသုံးချရမယ့် ခေါင်းစဉ်တွေကို သင်ယူရမှာပါ။
Grammar & Vocabulary: အခြေခံထက် တစ်ဆင့်မြင့်တဲ့ သဒ္ဒါပုံစံတွေနဲ့ ဝေါဟာရအသစ်တွေကို စနစ်တကျ ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။
Effective Practice: ကျောင်းသုံးစာအုပ် (Student's Book) နဲ့အတူ လေ့ကျင့်ခန်းစာအုပ် (Workbook) ပါ တွဲဖက်ပါဝင်လို့ ကိုယ်တိုင်လေ့လာသူတွေအတွက် အဆင်ပြေဆုံးပဲပေါ့။
💡 ဘာကြောင့် 1B ကို ဆက်တက်သင့်တာလဲ?
ကိုရီးယားစာကို "သိရုံ" ပဲမဟုတ်ဘဲ "ပြောတတ်၊ ဆိုတတ်" ဖို့အတွက် ဒီစာအုပ်က အထိရောက်ဆုံး လမ်းညွှန်ပေးနိုင်လို့ပါ။ 1A နဲ့ 1B နှစ်အုပ်လုံး ပြီးသွားပြီဆိုရင်တော့ သင်ဟာ ကိုရီးယားစာ အခြေခံ Level 1 ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်သွားပါပြီ။ 🎉
ကိုရီးယားစာ လေ့လာနေတဲ့သူတွေအားလုံး Fighting ပါနော်! 💪
#ကိုရီးယားစာလေ့လာကြစို့
26/01/2026
ကိုရီးယားစာကို အခြေခံကစပြီး စနစ်တကျ လေ့လာချင်သူတွေအတွက် SNU Korean 1A 🇰🇷
ကိုရီးယားစာကို အခုမှ စလေ့လာတော့မယ်ဆိုရင် ဘယ်စာအုပ်နဲ့ စရမလဲ ဝေခွဲမရဖြစ်နေပြီလား? 🤔
ကိုရီးယားနိုင်ငံရဲ့ နံပါတ် (၁) တက္ကသိုလ်ဖြစ်တဲ့ Seoul National University ကနေ တိုက်ရိုက်ထုတ်ဝေထားတဲ့ SNU Korean (Plus Version) ရှိတယ်နော်။ ဒီစာအုပ်က Speaking, Listening, Reading နဲ့ Writing ဆိုတဲ့ Skill (၄) ခုလုံးကို မျှမျှတတ လေ့လာနိုင်အောင် ပြုစုထားတာပါ။
✨ SNU 1A မှာ ဘာတွေ ပါမလဲ?
Student's Book: သင်ခန်းစာအသစ်တွေကို လေ့လာဖို့။
Workbook: သင်ထားတာတွေကို ပြန်လေ့ကျင့်ပြီး ပိုပိုင်နိုင်သွားအောင် လုပ်ဖို့။
ကိုရီးယားစာ အခြေခံဖြစ်တဲ့ ဗျည်း၊ သရကစပြီး နေ့စဉ်သုံး စကားပြောတွေ၊ အခြေခံ Grammar တွေကို အသေးစိတ် ရှင်းပြထားပါတယ်။
💡 ဘယ်သူတွေအတွက် သင့်တော်လဲ?
ကိုရီးယားစာကို အခြေခံကစပြီး Foundation ခိုင်ချင်သူတွေ။
Self-study လုပ်မယ့်သူတွေ (ရုပ်ပုံလေးတွေနဲ့မို့ နားလည်ရလွယ်ကူပါတယ်)။
TOPIK Test အတွက် ပြင်ဆင်ချင်သူတွေ။
ဒီနေ့တော့ အခြေခံ Level 1A ကို မိတ်ဆက်ပေးလိုက်ပါတယ်။ မနက်ဖြန်မှာတော့ နောက်တစ်ဆင့်ဖြစ်တဲ့ 1B အကြောင်းကို ထပ်တင်ပေးမယ်နော်။ 🧡
#ကိုရီးယားစာလေ့လာကြစို့
23/01/2026
ကိုရီးယားစာလေ့လာတဲ့အခါ လက်ရေးမလှလို့ စိတ်ညစ်နေရလား? 🤔
Goose Apple Books က ထုတ်ဝေတဲ့ "Korean Handwriting: Word by Word Vol. 02" လေး နဲ့ မိတ်ဆက်ပေးပါရစေရှင့်။ ဒီစာအုပ်လေးမှာ -
✅ ကိုရီးယားစကားလုံးတွေကို တစ်လုံးချင်း စနစ်တကျ ရေးသားပုံတွေ ပါဝင်မယ်။
✅ လက်ရေးလှရုံတင်မကဘဲ ဝေါဟာရအသစ်တွေကိုပါ တစ်ခါတည်း မှတ်သားပြီးသား ဖြစ်မယ်။
✅ စာအုပ်အရည်အသွေးနဲ့ Design ကလည်း Premium ဆန်လို့ သိမ်းထားချင်စရာလေးပါ။
ကိုရီးယားစာကို Level တက်ချင်တဲ့သူတွေအတွက် မရှိမဖြစ် စာအုပ်ကောင်းလေး တစ်အုပ်ပါ။
19/01/2026
ဒီနေ့တော့ KS ကနေ Fashion Bookလေးတစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေရှင့်။📚
"Fashion Design ကို စိတ်ဝင်စားသူတွေနဲ့ ကျောင်းသား/သူတွေအတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ 'The Visual Dictionary of Fashion Design' စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီစာအုပ်မှာ Fashion Design လောကမှာ အသုံးများတဲ့ ဝေါဟာရပေါင်း ၂၅၀ ကျော်ကို စုစည်းဖော်ပြပေးထားပါတယ်။ ထူးခြားချက်က စာသားတွေတင်မကဘဲ ပုံလေးတွေနဲ့တကွ (Illustrated) သေချာရှင်းပြထားတာမို့ နားလည်ရ လွယ်ကူစေပါတယ်။"
16/01/2026
📚 English Vocabulary In Use (Elementary) - Third Edition လေးပါ။
အခြေခံ English ဝေါဟာရတွေကို ကျွမ်းကျင်ပိုင်နိုင်ချင်သူတွေအတွက် ကမ္ဘာကျော် Cambridge တက္ကသိုလ်ထုတ် Vocabulary Reference and Practice စာအုပ်ကောင်းလေးပါ။
ဒီစာအုပ်ထဲမှာ ဘာတွေပါမလဲ?
🔹 Unit ပေါင်းများစွာကို အကြောင်းအရာအလိုက် ခွဲခြားပေးထားခြင်း (ဥပမာ - Parts of the body, Family, Food, etc.)
🔹 ရှင်းလင်းလွယ်ကူတဲ့ Grammar hints နဲ့ အသုံးအနှုန်းများ။
🔹 တစ်ဖက်မှာ သင်ခန်းစာ၊ တစ်ဖက်မှာ လေ့ကျင့်ခန်း ပုံစံမျိုးမို့ လေ့လာရတာ အရမ်းအဆင်ပြေပါတယ်။
အခြေခံ (Elementary Level) သမားတွေအတွက် Vocabulary foundation ကို ခိုင်မာအောင် တည်ဆောက်ပေးမယ့် စာအုပ်စစ်စစ်ပါ။
Self-study လုပ်မယ့်သူတွေအတွက်ရော၊ အခြေခံကို ပြန်နွှေးချင်သူတွေအတွက်ပါ မရှိမဖြစ် ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါပဲ။ ✨
15/01/2026
"ကိုရီးယားစာ လေ့လာရတာ ပျင်းစရာကြီးလို့ ထင်နေတုန်းလား? 🤔✨
Soo & Carrots က နောက်ထပ်ထွက်ထားတဲ့ 100 Days Korean Vocab Challenge စာအုပ်လေးနဲ့ဆိုရင် လေ့လာရတာ အရမ်းကို ပျော်ဖို့ကောင်းသွားမှာပါ။ ချစ်စရာကောင်းတဲ့ ရုပ်ပုံလေးတွေ၊ သပ်ရပ်တဲ့ Layout လေးတွေကြောင့် စာအုပ်ကို ဖွင့်ကြည့်ရုံနဲ့တင် စာလုပ်ချင်စိတ်တွေ တဖွားဖွား ဖြစ်လာမှာ အသေအချာပဲ။ 🐰🥕
တစ်ရက်ချင်းစီ အောင်မြင်သွားတိုင်း Check-box လေးတွေ ခြစ်ရတာကလည်း တကယ့် Feeling ပဲနော်! 📝✅"
ပြီးတော့ crossword လေးပါပါတော့ တကယ့်ကို လေ့လာရတာ စိတ်ဝင်စားဖို့ အကောင်းဆုံးပါပဲ။📝
Category
Contact the business
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when KS languages studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.