Clicker's Corner
fb.com/ccorner54
t.me/ccorner54
www.ccorner54.com
🔹Premium VPN အကူအညီ
VPN 2 CLICK
https://www.facebook.com/VPN2CLICK/
VF+
https://t.me/VPNLocation
Clicker's Corner
https://www.ccorner54.com
𝒲𝑒 𝒶𝓇𝑒 𝒮𝓉𝓇𝒾𝓀𝑒𝓇𝓈
19/07/2026
"အာဇာနည်နေ့ ဒို့မမေ့"
၁၉၄၇ ဇူလိုင် ၁၉၊ မနက် ၁၀ နာရီ ၃၇ မိနစ်။ သေနတ်သံတွေနဲ့အတူ အတွင်းဝန်များရုံးရဲ့ အစည်းအဝေးခန်းမတစ်ခုလုံး သွေးချင်းချင်းနီသွားခဲ့ရတဲ့ အဲဒီစက္ကန့်ပိုင်းဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ရုတ်တရက် အမှောင်ချပစ်လိုက်တဲ့ သမိုင်းဝင်နေ့ရက်ပါပဲ။
အဲဒီနေ့က ပစ်ခတ်ခဲ့တဲ့ကျည်ဆန်တွေဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ထိမှန်ခဲ့ယုံမျှမက တိုင်းပြည်ရဲ့ မျှော်လင့်ချက်အနာဂတ်နဲ့ ဖက်ဒရယ်အိပ်မက်တွေကိုပါ အပိုင်းပိုင်း ဖြိုဖျက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာတော့ မောက်မာရိုင်းစိုင်းတဲ့ စစ်အာဏာရှင်စိတ်ဓာတ်ဟာ ခေတ်အဆက်ဆက် ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်ပြီး ယနေ့ထက်တိုင် အမြစ်တွယ် တည်ရှိနေဆဲ ဖြစ်ပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့ကို အောက်မေ့တယ်ဆိုတာ အတိတ်ကို ပြန်လည်သတိရယုံသက်သက်မဟုတ်ပဲ သူတို့ဘာကိုယုံကြည်ခဲ့ကြသလဲ၊ သူတို့ဘာအတွက် အသက်ပေးခဲ့ကြသလဲ။ အဲ့ဒီရည်မှန်းချက်တွေကို ဒီနေ့မျိုးဆက်တွေ ဘယ်လိုဆက်လက်ထိန်းသိမ်းကြမလဲ စတဲ့မေးခွန်းတွေကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တဲ့နေ့လည်းဖြစ်ပါတယ်။
သမိုင်းကိုမမေ့တဲ့ လူမျိုးဟာ အနာဂတ်ကို ပိုကောင်းအောင် တည်ဆောက်နိုင်ပါတယ်။ ဒါကြောင့်မို့ ဒီကနေ့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်တစ်စုကို တွန်းလှန်ယုံတင်မကဘဲ၊ လွန်ခဲ့တဲ့ ၇၉ နှစ်ကတည်းက တရားခံတွေ လုယူဖျက်ဆီးသွားခဲ့တဲ့ ‘စစ်မှန်တဲ့ လွတ်လပ်ရေး’ ကို ပြည်သူ့လက်ထဲ ပြန်အရယူပေးနေတဲ့ သမိုင်းပေးတာဝန် ဖြစ်ပါတယ်။
အတိတ်က အာဇာနည်ကိုးဦးရဲ့ သွေးသစ္စာကနေ ဒီနေ့ နွေဦးတော်လှန်ရေးမှာ တိုင်းပြည်အတွက် ဘဝနဲ့အသက်ကို ပေးဆပ်နေကြတဲ့ ခေတ်သစ်အာဇာနည်တွေအထိ ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းတွေ အားလုံးအတွက် ကျွန်တော်တို့ ပေးနိုင်တဲ့ အကောင်းဆုံးကတိကတော့ ဒီတိုက်ပွဲကို အောင်ပွဲရတဲ့အထိ ဆက်လျှောက်ပြီး စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အမြစ်ဖြတ်ပစ်ဖို့ပါပဲ။
၇၉ ကြိမ်မြောက် အာဇာနည်နေ့မှာ ခေတ်အဆက်ဆက် မြန်မာပြည်လွတ်လပ်ရေးနဲ့ တရားမျှတမှုအတွက် အသက်သွေးချွေး ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းအားလုံးကို လေးနက်စွာ ဦးညွှတ်အလေးပြုအပ်ပါတယ်။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
19/07/2026
ဇူလိုင်ဆယ့်ကိုး ရက်မြတ်မဟီ၊တိုင်းပြည်အတွက် အသက်ကိုစတေး
ကျေးဇူးတရားတွေ ကြီးမားလှပေ။
ဗိုလ်ချုပ်နှင့်တကွ အာဇာနည်အပေါင်း
သမိုင်းစာမျက်နှာ ထက်ထက်လင်းအောင်၊
လွတ်လပ်ရေးအလံတော် မလဲစေချင်
သွေးနဲ့ရေးခဲ့တဲ့ သစ္စာတရား။
ဥဩသံရှည် အောက်မေ့ချိန်ဝယ်
ရင်ထဲကအလွမ်း ကမ္ပည်းတင်တယ်၊
ခေါင်းဆောင်တို့ မျှော်မှန်းတဲ့ နိုင်ငံ့ပန်းတိုင်
တို့တစ်တွေ လက်တွဲလို့ ရှေ့ဆက်စို့နိုင်။
#အာဇာနည်နေ့
၁၉/၇/၂၀၂၆
19/07/2026
(၇၉) နှစ်မြောက် အာဇာနည်နေ့
အာဇာနည်ဟူသည် တိုင်းပြည်နှင့် လူမျိုးအတွက် နောက်ဆုံးအချိန်အထိ ရိုးသားစွာ အနစ်နာခံ ပေးဆပ်သွားခဲ့သည့် ‘စိတ်ဓာတ်’ ကြောင့်သာ ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ်က အာဇာနည်များကို လုပ်ကြံခဲ့သော အာဏာရူးစိတ်ဓာတ်နှင့် ယနေ့ စစ်အာဏာရှင်စိတ်ဓာတ်သည် အတူတူပင် ဖြစ်ရာ၊ သမိုင်း၏ အဓိကတရားခံ ရှိနေသရွေ့ ဤတိုက်ပွဲ ရပ်တန့်သွားမည်မဟုတ်ပါ။
အတိတ်နှင့် ပစ္စုပ္ပန် အာဇာနည်သူရဲကောင်းများ၏ စွန့်လွှတ်ပေးဆပ်မှုအပေါ် အကောင်းဆုံး ဦးညွှတ်အသိအမှတ်ပြုသည့် နည်းလမ်းမှာ ယနေ့ နွေဦးတော်လှန်ရေးကို အောင်ပွဲရသည်အထိ ဆက်လက်လျှောက်လှမ်းပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် အမြစ်ဖြတ်ပစ်ရန်သာ ဖြစ်သည်။
(၇၉) ကြိမ်မြောက် အာဇာနည်နေ့တွင် ခေတ်အဆက်ဆက် မြန်မာပြည်လွတ်လပ်ရေးနှင့် တရားမျှတမှုအတွက် အသက်သွေးချွေး ပေးဆပ်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းအပေါင်းအား လေးနက်စွာ ဦးညွှတ်အလေးပြုအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
#မောနီးပါချစ်သောတို့ရေ
်ရှင့်
( or ) yesterday click SS ကို Page cbမှာပို့ထားပီးလာယူလို့ရပါတယ်ရှင့်
certificate တွေမပို့ပါနဲ့ရှင့်
Click ထားတဲ့ SS ကိုပဲစစ်ပီး ပေးမှာပါရှင့်
28/06/2026
"မင်းတို့စစ်ဖိနပ်အောက်မှာငါဘယ်တော့မှဒူးမထောက်နိုင်ဘူး"
#ဆလိုင်းတင်မောင်ဦး
25/06/2026
နိုင်ငံတော်အတိုင်ပင်ခံ "ဒေါ်အောင်ဆန်းစုကြည်"
State Counsellor
Born: 19 June 1945 (81 years)
20/06/2026
မိစ္ဆာ နဲ့နှင်းဆီနီ
နှင်းဆီ
မနီနဲ့ ။
မွှေးရနံ့
မပျံ့နဲ့ ။
ရွက်နုသစ်
မဖြစ်နဲ့ ။
မာယာ ပဥ္စလက်
ဉာဏ်နီ ဉာဏ်နက်
မိစ္ဆာ ရဲ့လက်တွေဟာ
နှင်းဆီခက်တွေပေါ်မှာ တစ်ညလုံး ။
နံနက်ခင်း
အလင်းတခါး ကိုအဖွင့်
နှင်းဆီပွင့် ပင်လယ်ဟာ
မယုံနိုင်စရာ
မိစ္ဆာကို ဖုံးလွှမ်းသွားပေလိမ့်မည်။
သရဝဏ်(ပြည်).......
The Demon and the Red Rose
Rose,
Do not turn red.
Fragrance,
Do not spread.
Fresh young leaves,
Do not sprout.
Illusions and sorcery,
Cunning and dark schemes—
The hands of the demon
Linger upon the roses all through the night.
In the morning,
As the door of light opens,
A vast sea of blooming roses,
Beyond belief,
Will completely overwhelm and bury the demon.
Tharawon (Pyay)
"ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံရေးလုပ်ရင်...
အဲဒါ နိုင်ငံရေး လုပ်တာမဟုတ်ဘူး"
ဆရာတင်ညွန့်
Category
Contact the business
Website
Address
Bogyoke Aung San Road
Yangon
Alerts
Be the first to know and let us send you an email when Clicker's Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.