RACE Applied Engineering Group
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from RACE Applied Engineering Group, Damaryone, Yangon.
10/08/2026
Before & After
30/07/2026
ဒီလို စနစ် ပြုပြင် တပ်ဆင်လိုပါက ဆက်သွယ်နိုင်ပါတယ်ဗျာ။
26/07/2026
Cold Machine တွေ ပြင်နေကြ ထိန်းသိမ်းနေကြတာတွေ မြင်နေတွေ့နေရတာ စိတ်မသက်သာပါဘူး။အဓိကနဲ့ သာမည မကွဲကြဘူး။Gas Pressure နဲ့ Amp ကို တွဲပြီး နားမလည်ကြဘူး။Gas Circulation & Gas Flow ကို မသိကြတာတွေ Temperature 🌡️ Control 🎛️ ပိုင်းတွေ နားမလည်ကြဘူး။ဒါမြင် ဒါလုပ် တွေ များပါတယ်။ဆရာတွေ လုပ်နေတဲ့ စက်တွေ မဆိုလိုပါဘူး။On line မှာ မြင်တွေ့နေရတာကို ပြောတာပါ။
20/07/2026
VRV Fan Motor Ball Change
05/07/2026
Photos Save
27/06/2026
ဗျိုင်း နား မင်း ဆိုတာ ဘာကို ဆိုသလဲ။
တခါက ဗာရာဏသီပြည်မှာ ထုံးတမ်း အစဉ်အလာ တစ်ခု ရှိခဲ့ ဖူးသတဲ့။အဲ့ဒီအစဉ်အလာ ဆိုတာက ဘုရင်မင်းမြတ် နတ်ရွာစံလို့ ကံကုန်တဲ့အခါ မင်းမဲ့ တိုင်းပြည် ဖြစ်ရပြီပေါ့။ဒီလို အခြေအနေမှာ ဘယ်အစဉ်အလာမှ မရှိခဲ့ဖူးတဲ့ နန်းမွေ ဆိုတာ ဘယ်ဘုရင်ကမှ ပေးခဲ့လေ့ မရှိပါဘူး။နန်းတက်ဖို့ ဘုရင်ရွေးချယ်တဲ့ အခါမှာ တိုင်းသူ ပြည်သား အါးလုံးက ဘုရင်အဖြစ် ရွေးချယ်ခံဖို့ နန်းရင်ပြင် ကွင်းကျယ်ကြီးမှာ ဗျိုင်း နား ခံရဖို့ စုဝေးနေကြရသတဲ့။အစဉ်အလာအရ လူတစ်ဦးတစ်ယောက်ရဲ့ ဦးခေါင်း အပေါ် ဗျိုင်းက လာနားတာနဲ့ ဘုရင် ဖြစ်ခွင့်ရပြီး နန်းအပ်ကြသတဲ့။နန်းရင်ပြင် ဗျိုင်း နား ခံဖို့ စောင့်နေတဲ့ လူအုပ်ကြီးထဲမှ သား အဖ နှစ်ယောက် ဟါ အချင်းချင်း အပြန် အလှန် ဆွေးနွေး နေကြသတဲ့။အဖေက သားကို မေးသတဲ့။ငါ့သား မင်းခေါင်းပေါ် ဗျိုင်း နား လို့ ငါ့သား ဘုရင် ဖြစ်ရင် ဘယ်က စ လုပ်မလဲ လို့ မေးသတဲ့။ဒီအခါ သား က အဖေကို ပြန် ဖြေတာက ဒီလို အဖေ သား ဘုရင် ဖြစ်တာနဲ့ အရင်က အခြေအနေတွေနဲ့ ဆန့်ကျင် ဘက်တွေဘဲ လုပ်ပြီး ပြန်ပြင်တာက စ မှာဗျ။ဟ မင်း ဟါက ဘယ်လိုကြီးလဲ ရှင်းပါဦး ဆိုတော့ လွယ်ပါတယ် အဖေ ရယ် ညီလာခံ ခေါ်မယ် အရင် ထီးတော်မိုး အမတ်မင်း အညတရ လယ်လုပ်သား လုပ်ခိုင်းမယ်။တောင်ယာ လယ်လုပ် လုပ်သားကို ထီးတော်မိုး ခန့်လိုက်တာပေါ် အဖေရာ လို့ ပြောနေချိန်မှာဘဲ သား ခေါင်း ပေါ် ဗျိုင်း လာနား လို့ ဘုရင် ဖြစ်သွားပါသတဲ့။
အခုလဲ ကျုပ် ခေါင်းပေါ်တော့ ဗျိုင်းနားလာပြီပေါ့ဗျာ။
19/06/2026
ကျွန်တော် တွေ့မိတာလေးပါ။
အအေးခန်းတွေ တည်ဆောက်ဖို့ လုပ်ငန်းရှင်တွေ စဉ်းစားပြီဆိုရင် ပညာရှင်တွေနဲ့ အရင်ဆုံး အသေးစိတ် ဆွေးနွေးဖို့ လိုပါတယ်။မိမိတို့ သိုလှောင်လိုတဲ့ ပစ္စည်း ကါလ နဲ့ အပူချိန်ကို မဖြစ်မနေ ဆွေးနွေးကြပါ။ကါကြာလ ထားသိုလိုသော ပစ္စည်းတွေ အတွက် ထုတ်ပိုးမှု စနစ်ကိုလည်း ကြိုတင်လေ့လာထားပြီး ရေငွေ့ ပါဝင်မှု ရာခိုင်နှုန်းကိုပါ လေ့လာထားဖို့ လိုပါတယ်။အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက သိထားပြီး ဖြစ်သော်လည်း အသေးစား အလတ်စား လုပ်ငန်း စတင်လိုသူများအနေနဲ့ အဓိက မဖြစ်မနေ သိထားဖို့ လိုအပ်ပါတယ်။တခြားသူ လုပ်နေတာကြည့်ပြီး စမ်းလုပ်မယ်ဆိုရင် ကိုယ်တိုင်အရင် လေ့လာဖို့ လိုပါတယ်။ငွေ အရံထားရှိလို့ လွဲသွားသူတွေအတွက် ပထမခြေလှမ်းက သင်ခန်းစာ ဖြစ်စေပေမယ်လို့ အရံငွေ မရှိရင် အရင်းပါဆုံးသွား တတ်ပါတယ်။အသီးအနှံနဲ့ အစားအစာတွေ ကါလတို ယာယီ သိမ်းသူများအနေနဲ့ကလဲ ထုတ်ပိုးမှု စနစ် မှန်ကန်ဖို့က ကျန်းမာရေးနဲ့ အရသာကို အထောက်အကူပြုသလို ဘေးထွက် ဆိုးကျိုးကိုလဲ ဖြစ်စေပါတယ်။
14/12/2025
Finished
Contact the business
Telephone
Website
Address
Damaryone
Yangon