IXL Garden
IXL Garden is providing educational services for students who like to study at home.
23/07/2026
မင်္ဂလာပါ မိတ်ဆွေများရေ ..
လာ မယ့် စာသင် နှစ် အတွက် မူကြို ပြီး လို့ ကျောင်းကြီး တက်ရတော့ မယ့် ကလေး ငယ် များ အတွက်
မြန်မာစာ အရေး ၊ အဖတ် လေ့ကျင့် ချင် ရင်ပဲ ဖြစ်ဖြစ် ..
English အတွက် အခြေခံ ကောင်းကောင်းလေး ရ
စေချင် ရင်ပဲ ဖြစ်ဖြစ် ..
နေ့ခင်း / နေ့လယ် အချိန် လေး တွေ မှာ ရန်ကင်းမြို့နယ် မှာ ရှိ တဲ့ IXL Garden ရဲ့ စာသင်ခန်း လေး မှာ
လာ ရောက် သင် ယူ လို့ ရ နေပါ ပြီ ဆို တဲ့ အကြောင်း သတင်း ပါးပါတယ် ရှင် ..
စာသင်ခန်း တည်နေရာ 📍 တိုက် 270 ၊ အခန်း 8 ပထမထပ် ရန်အောင် 6 လမ်း ၊ ရန်ကင်းမြို့နယ် ။
☎️ 09941542623
11/07/2026
🌱 IXL Garden မှာ (online/offline)အတန်းသစ်များ အပ်နှံနိုင်ပါပြီ! 🌱
ကလေးတို့ရဲ့ ပညာရေးအတွက် အခြေခံကောင်းတွေ ပျိုးထောင်ပေးမည့် IXL Garden သင်တန်းကျောင်း ဖြစ်ပါတယ်ရှင် ..
📚 သင်ကြားပေးမည့် အတန်းများနှင့် သင်တန်းကြေးများ
🔹 KG မှ P3 အထိ (English / Maths / မြန်မာစာ)
* ကြာချိန်: ၁:၃၀ နာရီ | သင်တန်းကြေး: 15000 ကျပ်
🔹 P4 မှ P6 အထိ (English / Maths / မြန်မာစာ)
* ကြာချိန်: ၁:၃၀ နာရီ | သင်တန်းကြေး: 20000 ကျပ်
🎁 Special Promotion: ၁၀ ကြိမ် ဝယ်ယူပါက ၁ ကြိမ် FOC (အခမဲ့) တက်ရောက်ခွင့် ရရှိပါမည်။
📞 ဖုန်း: ၀၉၉၄၁၅၄၂၆၂၃ 📍 လိပ်စာ: အမှတ် ၂၇၀၊ အခန်း ၈၊ ပထမထပ်၊ ရန်အောင် ၆ လမ်း၊ ရန်ကင်းမြို့နယ်။
#မြန်မာစာ
26/06/2026
🪴မင်္ဂလာပါ အားလုံးရေ 🪴
🪴 IXL app ကို ဝယ် ပြီး မှ မလေ့ကျင့် ဖြစ် သေး ဘူး .. လေ့ကျင့် ဖို့ သတိ ပေး နေရ တယ် ..
အမေ က သတိ မပေး ရင် မလုပ် ဖြစ် တဲ့ ကလေး ငယ် များ ရှိ ခဲ့ရင် ဖြစ်ဖြစ်..🪴
🌱 မိမိကလေး ( KG to Primary 6 ) ရဲ့ ကျောင်း သင်ခန်းစာ ဘာသာရပ်များ ကို ထပ်ဆောင်း လေ့ကျင့် လိုရင်ပဲ ဖြစ်ဖြစ် ကျွန်မ တို့ရဲ့ IXL Garden က ကူညီ ဖို့ ရှိ နေတဲ့ အကြောင်း သတင်းပါး ပါ တယ် ရှင် ..🌱
🍀IXL Garden မှာ တော့ မိမိကလေး (KG to Primary 6 )အားလပ်တဲ့ အချိန် နဲ့ ညှိနှိုင်း ပြီး one on one class ဖြစ်စေ ၊ 3 to 5 class ၊ 5 to 10 class တွေ ကို online , offline လေ့ကျင့် နိုင် သလို ..🍀
🌷နိုင်ငံ ရပ်ခြား မှာ ရောက် ရှိ နေတဲ့ မြန်မာ ကလေး ငယ် များ အတွက် ရော ၊ International school တက်ရောက် နေတဲ့ မြန်မာ ကလေး ငယ် များ
အတွက် မြန်မာစာ အရေး ၊ အဖတ် သင်တန်း လေးတွေ လည်း online , offline ဖွင့်လှစ် ထားပါ တယ် ..🌷
🌹Cambridge Young Learners စာမေးပွဲ များ ဖြစ် တဲ့ (Starters, Movers, Flyers, KET & PET ) တွေကို ဖြေ ဆို ချင်ကြ တဲ့ ကလေးများ ..
Primary 6 အပြီး မှာ ဖြေ ဆို ရတဲ့ Check points exam များ အတွက် past paper များ လေ့ကျင့် ချင် ရင် ဖြစ်ဖြစ် ..🌹
☎️အချိန် မရွေး IXL Garden ရဲ့ CB မှ ဖြစ် စေ ..
09941542623 ( Viber ) မှ ဖြစ် စေ ဆက်သွယ် မေးမြန်းနိုင်ပါ တယ် ..☎️
In person class များ အတွက် -
🏡 တိုက် (270) အခန်း (8)
ပထမထပ် ၊ ရန်အောင် (6)လမ်း ၊ ရန်ကင်း မြို့နယ် မှာ ဖွင့်လှစ်ထားပါကြောင်း သတင်းပါးပါတယ် ရှင် ..
06/06/2026
မင်္ဂလာပါ အားလုံးရေ …
IXL account များ ကို စဉ်ဆက်မပြတ် ဝယ် ယူလေ့ကျင့် နေကြတဲ့ မိဘများ ၊ ဆရာ၊ ဆရာမ များ နဲ့ ကလေး ငယ် များ ကိုလည်း အမြဲ သတိတရ ကျေးဇူးတင် လျှက်ပါ..
ဒါ့အပြင် IXL Garden မှာ တစ်နှစ်ပတ် လုံး ရှိ နေတဲ့ သိပ်မကြော်ငြာ ဖြစ်တဲ့ သင်တန်း လေး များ လည်း ရှိ
နေ ပါသေး တယ် ..
IXL app ရဲ့ English, Maths လေ့ကျင့်ခန်း တွေ ကို အိမ်မှာ လေ့ကျင့် ဖို့ အတွက် အခက်ခဲ ရှိနေတဲ့ ကလေး ငယ် များ အတွက် one on one အတန်း လေး တွေ အပြင် .. class size 5 ယောက်ကနေ အများဆုံး 10 ယောက် ထိ ရှိ တဲ့ အတန်း များလည်းလစဉ် တိုင်း ရှိ နေပါတယ် ..
App လေးကို အသုံးပြုပြီး သင် ကြားတဲ့ အခါမှာ ကွန်ပြူ တာ သုံး ရတဲ့ လေ့ကျင့် ခန်း တွေ အပြင် ကလေး တစ်ယောက် ချင်းစီ ရဲ့ လို အပ် ချက်တွေ အလိုက် လေ့ကျင့် ရမဲ့ text books, workbooks, worksheets များ နဲ့ လေ့ကျင့် သင်ကြားပေးတာ ဖြစ်ပါတယ် ..
မိဘများ အနေနဲ့ ( KG to P6 ) lower & upper primary ကလေးငယ် များ ရဲ့ English & Maths လိုအပ်ချက် များ အတွက် လည်း အချိန် မရွေး လာ ရောက် ဆွေးနွေး နိုင် ဖို့အတွက် IXL Garden Team က အမြဲ အသင့် ရှိ နေပါတယ် ..
သင်တန်း တည်နေရာ - အမှတ် ( 270 ) အခန်း (8)
ရန်အောင် (6)လမ်း ၊ ရန်ကင်း မြို့နယ်
☎️ 09941542623 ( Viber )
အားလုံးပဲမင်္ဂလာပါရှင့်။ ဒီနေ့မှာ IXL ရဲ့ Feature အသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ First Grade, Second Grade, Third Grade and Fourth Grade သားသားမီးမီးတို့ အတွက် Fluency Zone အကြောင်းလေး မိတ်ဆက်ပေးထားလို့ ဗီဒီယိုလေးကို ကြည့်လိုက်ကြရအောင်နော်။
🌷မင်္ဂလာပါ ချစ်ခင်ရ တဲ့ မိဘများရေ 🌷
ကျောင်း ဖွင့် ရာသီ အတွက် ကြိုတင် ပြင်ဆင် ရမယ့် အချိန် တော့ ရောက်လာ ပြန် ပြီ ပေါ့နော် ..
တစ်နှစ်ထက် တစ်နှစ် မြင့်မား လာ တဲ့ ကျောင်း စရိတ်တွေ ၊ school bus ကြေး ၊ ကားစုံ မ တွေ နဲ့ ရုန်းကန် နေရ တဲ့ မိဘ များ ကိုလည်း အင်မတန် မှ ကိုယ်ချင်းစာနာ ရ ပါတယ်..
ကျောင်း စရိတ် တွေ ကြီး မြင့် လာတာ နဲ့အမျှ ကိုယ့်ကလေး စာ တတ် ဖို့ ၊ သူ့အရွယ် နဲ့ သူ ရှိ ရမယ့် life skills လေး တွေ ရပါ့ မလား ၊ ပါလာ ပါ့မလား ဆိုတာ လည်း မိဘ များအနေ နဲ့ မျက်ခြေမပျက် စောင့်ကြည့် နေ ဖို့ကတော့ အလွန် လို အပ်လှ ပါတယ် ..
ဒါဟာ မိမိ ရွေးချယ် ထား တဲ့ ကျောင်း ကို မယုံ ကြည် ခြင်း ကြောင့် မဟုတ် သလို ၊ မိမိ ကလေး ငယ်ရဲ့ တိုးတက်မှုဟာ မိဘ များ ရဲ့ ပူးပေါင်း ပါဝင် မှု အနည်းအများ အပေါ်မှာမူတည် နေတယ် ဆို တာ ငြင်းမရ တဲ့ အချက် တစ်ခု ပဲ ဖြစ်ပါတယ် …
ငါတို့ ဒီလောက် ပိုက်ဆံ တွေအများ ကြီး ကျောင်း ကို ပေး ထားတာ .. သင်လေ .. တတ် အောင်သင်ပေါ့ ..
တတ်အောင်သင်ရ မှာ ကျောင်း ကဆရာမ တွေ အလုပ် လေ ဆို တာ မျိုး တွေ ကို အမြဲ ကြားရလေ့ရှိပါတယ် ..
အိမ်ရောက် တာ နဲ့ လွယ် အိတ်တောင် ကားထဲ က
မချ ပဲ phone ကြည့် ၊ ဂိမ်း ဆော့ ၊ အိပ်ချိန် မမှန် ၊
ကြိုက် တာ ပဲ စား စေတဲ့ (အချို့သော)ကလေးများ ရဲ့ မှတ်ဉာဏ် အရည် အသွေး ဟာ ကျွန်မ တို့အများ ကြီး မျှော်လင့်လို့ မရ တာ တော့ အမှန် ပါပဲ ..
အဲ့တာ ရဲ့ဆန့်ကျင်ဘက် ကလေး ကို စိတ်ရော ကိုယ်ပါ အနား မရ စေ တဲ့ သင်တန်း တွေ ကျောင်း တွေ အဆမတန် ထား ခြင်း ကလည်း လိုချင် တဲ့ ရလာဒ်ရ ဖို့ ခက်ခဲ နိုင်ပါလိမ့်မယ် ..
အဲ့တာ ဆို ရင် မိဘ တွေ အနေ နဲ့ ဘာ လုပ် ရမှာ လဲ ?? ငါတို့ မှာ ကျောင်း ထားဖို့ ၊ လူ တန်းစေ့ နေနိုင် ဖို့ ပိုက်ဆံ ရှာ ရ တာ တစ်မျိုး ၊ သူတို့ ကို ဘာတွေ သင် နေလဲ နေ့တိုင်း စာအုပ် တွေ စစ် နေရ မှာ လား ??
After school class တွေ ပဲ ထပ်ထားရ ဦး မှာ လား ??
ဟုတ်ကဲ့ .. ကျွန်မ တို့ စိတ် ရှည် ကြရပါလိမ့် မယ် ..
စိတ် ကို မရှည် နိုင်တော့တဲ့ အထိ စိတ် ရှည် ကြ ရပါမယ် .. ဒီနေ့ ထလုပ် လိုက် .. နောက်နေ့ ကျ ဒုံရင်း ပဲ ဆိုတာ မျိုး တွေ အများ ကြီး တွေ့ ရ ပါတယ် ..
ကျွန်မအနေနဲ့ Consistency and discipline ဟာ ကလေး တွေ ဘဝ မှာ အင်မတန် ကို လို အပ် တဲ့ life skill တွေ ထဲ က အလို အပ် ဆုံး လို့တောင်ပြော ချင်ပါတယ် ..
သူများ တွေ IXL practice လုပ် ကြတယ် .. ရော့ တစ်နှစ်စာ ဝယ် ပြီး ပြီး .. လေ့ကျင့် ဖို့ ..
ဝယ် ပြီး တဲ့ နေ့ပဲ နောက်နေ့ကျ သတိကို မရ ကြတော့ တာ မျိုး တွေ က ပုံမှန်လိုတောင် ဖြစ် နေပါပြီ ..
ဒါ့ကြောင့်မိဘများ ကို ဆရာမ တစ်ယောက် အနေနဲ့ တိုက်တွန်း ချင် တာ က account တွေ ဝယ် ပြီး ရင် လည်း နေ့ စဉ် နေ့တိုင်း နာရီဝက် ၊လေးဆယ့်ငါးမိနစ် ၊
တစ်နာရီ စသဖြင့် goal လေးတွေ ထားပြီး လေ့ကျင့်စေချင် ပါတယ် ..
စျေးနှုန်း လေးတွေ အနည်းငယ် တက်လိုက် ရ တဲ့ အတွက်လည်း အားနာပါတယ် ..
E & M price
Per a month - 30000mmk
Per 3 months - 75000 mmk
Per 6 months - 150000mmk
Per year - 280000 mmk
Science price
Per a month - 25000mmk
Per 3 months - 65000mmk
Per 6 months - 130000mmk
Per year - 250000mmk
2026-2027 academic year အတွက် slot လေးတွေ အနည်း ငယ် ပဲ ကျန်ပါတော့တယ် ဆို တာ အသိပေး ပါတယ် မိဘ များ ရေ ..
ချစ်ခင်ကျေးဇူးတင်စွာဖြင့်..
IXL Garden
04/03/2026
မင်္ဂလာပါ အားလုံးရေ ..
ပူပြင်း တဲ့နွေရက် တွေ လည်း ရောက် လာ ပြီ ..
စာမေးပွဲ ပြီး လို့ပိတ်တဲ့ ကျောင်း တွေ လည်း ပိတ်ကြပြီ ..
နွေရာသီ ကို ကလေး တွေ ကို ဆော့ပါစေ ဆိုပြီး လွတ်လွတ်လပ်လပ် ထားချင် ကြတဲ့ မိဘများ ရှိသလို ပဲ .. သင်ခန်းစာ တွေကို အဆက်မပြတ် လေ့လာ စေချင်တဲ့ မိဘ များ လည်း ရှိ ကြ မှာ ပါ..
အပြင်သင်တန်း ပို့ ဖို့ ကားဆီ တန်း စီ ရတာ တစ်မျိုး ..
စုံ/မ ခွဲ နေရ တဲ့ မိဘ တွေ အတွက် တော့ အိမ်မှာ ပဲ
ဂိမ်းဆော့မယ့် အတူတူ IXL လေး နာရီဝက်၊ တစ်နာရီ လောက်တော့ လေ့ကျင့် ချင် ကြတယ် ဆိုရင်ဖြင့် ..
IXL Garden မှာ Eng , Maths , Sci ( US ) account လေး တွေ ကို စျေး မပြောင်း ပဲ ရနိုင် ပါဦး မယ် ..
နှစ်သစ်ကူး ရင်တော့စျေးလေး အနည်းငယ် ပြောင်း မှာ မို့ စျေး မပြောင်း ခင် ဝယ် ယူလို့ ရပါသေး ကြောင်း ဆရာ၊ ဆရာမ များရော မိဘများ ကိုရော လက်တို့ပါတယ် ရှင် ..
10/12/2025
Happy Wednesday ပါ မိတ်ဆွေများရေ...
ဒီနေ့ အတွက် IXL Garden ရဲ့ sharing section မှာ တော့ Maths သင်တန်း တွေ အများကြီး ထဲကမှ ဘယ်ဟာ ကောင်းလဲ စုံစမ်း နေကြတဲ့မေမေ များ အတွက် ကလေးများအတွက် အဆင်ပြေပျော် ရွှင်စေမဲ့ website လေးတစ်ခု ကို share ပေးလိုက်ပါတယ် နော် .. Addition, Subtraction, Multiplication, Division တွေ အတွက် ပျော် စရာ စိတ် ဝင်စားစရာ ကောင်း တဲ့ website လေးပဲ ဖြစ်ပါတယ်.. သိပြီးသားသူတွေ လဲ ရှိ ပြီး ဖြစ်မှာမို့ မသိ ရသေး သူများ အတွက် လေ့လာ ကြ ည့် နိုင် ကြစေဖို့ မျှ ဝေ ပေး လိုက်ရပါတယ် ...
link လေးကိုတော့ comment မှာ ချပေး ထားပါတယ် ရှင် ၊👇 ပါဝင် တဲ့လေ့ကျင့်ခန်းလေးတွေ ကို အနည်းငယ်ပြပေးထားပါတယ် .. ဝင်ပြီး လေ့လာကြည့်ပါဦး နော် .. အဆင်ပြေ ၊ မပြေ feedback လေးတွေ လည်းပေးသွားလို့ ရပါတယ် မိတ်ဆွေများရေ..
06/12/2025
Sweet December to you all!
Holidays season မို့ အားလုံးလည်း စိတ်အေးလက်အေး နဲ့ ခရီး တွေ စီစဉ် နေပြီး 2026 နှစ်သစ်အတွက် အားအင် တွေ မွေး နေကြမယ် လို့မျှော်လင့်မိပါတယ် ..
ရောက်ရှိလာတော့ မယ့် နှစ်သစ်အတွက် မိဘ တစ်ဦးအနေနဲ့ ဖြစ်ဖြစ်၊ဆရာ၊ဆရာမ တစ်ဦးအနေနဲ့ဖြစ်ဖြစ် မိမိ တို့ရဲ့ မျိုးဆက်သစ်များ အတွက် အဆင်ပြေ လွယ်ကူတဲ့ သင်ကြားရေးနည်းစနစ်များနဲ့ ကျောင်းသင်ခန်းစာတွေ ကို သင်ယူကြစေ လို ရင်တော့ဖြင့် ...
ကျွန်မတို့ရဲ့ IXL Garden မှာ English, Maths, Science ဘာသာရပ်များ အတွက်
လေ့ကျင့်လို့ရမယ့် US curriculum account လေးတွေ နေရာ အနည်းငယ်လွတ်နေပါသေးတယ်။
ဒါ့အပြင် Maths, Science ဘာသာရပ်တွေပါ မြန်မာ လို ဘာသာပြန် ထားပေး တဲ့ feature အသစ်လေး လည်း ပါလာပြီမို့ GS,PS ကလေးများအတွက်လဲ အတော်လေးအဆင်ပြေ တာ မို့ တစ်လချင်း စမ်းသပ် လေ့ကျင့် လို့ လည်း ရနိုင်ပါတယ် ဆို တဲ့အကြောင်း သတင်းပါးပါ တယ် မိတ်ဆွေများရေ..
Category
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when IXL Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.