War War - Success In Short Time
သူများနဲ့ မတူတဲ့ လမ်းကြောင်းကနေ ထိုးဖောက်ပြီး အချိန် ၁ လအတွင်း အောင်မြင်ချင်သူတွေအတွက်
13/03/2023
မအောင်မြင်တဲ့ သူတွေဆီမှာ ရှိတဲ့ အချက်များ
==================================
🔺ရည်မှန်းချက် မရှိခြင်း
🔺ဆင်ခြေပေးခြင်း
🔺အချိန်ဆွဲတယ်
🔺လေ့လာသင်ယူမှု မလုပ်ခြင်း
🔺သတ္တိမရှိခြင်း
🔺ဆုံးဖြတ်ချက် မခိုင်မာခြင်း
🔺Plan မရှိခြင်း
သင့်မှာ ဒီအချက်တွေထဲက တစ်ချက် ရှိနေပြီဆိုရင်
မအောင်မြင်ဖို့ သေချာနေပါပြီ
30/01/2023
🏆Success in Short Time သင်တန်း
By One သင်တဲ့ ညီမလေးကို
🎟Day - 1 မှာ
🌟သူ ရောင်းနေတဲ့ အရာတွေနဲ့
သူ့ရဲ့ ဝါသနာကို ချိတ်ဆက်ပေးပြီး
📛တခြားသူတွေ မလုပ်သေးတဲ့ အရာနဲ့
လမ်းဖောက်ပေးလိုက်ပြီ
🔥သူဖြစ်နေတဲ့ အတွေးများတဲ့
ပြဿနာကို ဖြေရှင်းပြီး
Mindset လည်း change ပေးလိုက်ပြီ
🧠စိတ်စွမ်းအားနဲ့ ငွေဝင်စေတဲ့ နည်း
လိုချင်တာကို ပုံဖော်ပြီး ဘယ်လို ရယူရမလဲ
စတဲ့ နည်းလမ်းတွေ ပေးလိုက်ပြီ
တကယ်လိုက်လုပ်မယ်လို့
ယုံကြည်ပါတယ် ညီမလေးရေ
29/01/2023
🔥အရှုံးထဲက အမြတ်ယူပါ
ကိုယ့်ဘဝမှာ ဆုံးရှုံးမှု
နာကျည်းမှုတွေ ရှိခဲ့ဖူးပါလိမ့်မယ်
ဆုံးရှုံးမှုတွေ နာကျည်းမှုတွေကြုံလာရင်
ဝမ်းသာလိုက်ပါ
ရှုံးတဲ့အခါ စိတ်ဓာတ်ကျဆင်းတတ်ပြီး
နာကျည်းတဲ့အခါ ဒေါသဖြစ်ပေါ်လာတယ်
ဒီနာကျည်းမှုကို လှေခါးထစ်အဖြစ်
ကိုယ့်ရဲ့အောင်မြင်မှုအတွက် အသုံးချလိုက်ပါ
အရှုံးထဲက အမြတ် ယူတတ်ဖို့ လိုပါတယ်
ပြီးရင် ဆုံးရှုံးမှုတွေ ဖြစ်အောင်
နာကျည်းစရာတွေ ခံစားရအောင်
လုပ်ခဲ့တဲ့ သူတွေကို ကျေးဇူးတင်လိုက်ပါ
ကျွန်မလည်း ဒီလို နာကျည်းမှုတွေကနေ
ပိုပို အောင်မြင်တဲ့သူ ဖြစ်လာတာပါ
28/01/2023
🔥တစ်ခါ ကျရှုံးရုံနဲ့ အရှုံးပေးတော့မှာလား❓
အောင်မြင်မှုကို ရှာဖွေကြတဲ့သူတိုင်း ရှုံးနိမ့်မှုတွေကို ဖြတ်သန်းခဲ့ကြရပါတယ်
အဲ့နေရာမှာ စိတ်ဓာတ် မကြံ့ခိုင်တဲ့သူတွေကတော့ တစ်ခါကျရှုံးရုံနဲ့ စိတ်ဓာတ်ကျပြီး ရပ်တန့်လိုက်လိုက်တယ်
အောင်မြင်မှုလိုချင်ရင် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိဖို့လိုပါတယ်
ယုံကြည်မှုမရှိရင် မစခင်ကတည်း ရှုံးနေပြီးသားပါ
ဒါကြောင့် အောင်မြင်ချင်တယ်ဆိုရင် စိတ်ဓာတ်ကြံ့ခိုင်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ
သင်ရော တစ်ခါရှုံးနိမ့်ရုံနဲ့ ရပ်တန့်လိုက်တဲ့သူလား❓
စိတ်ဓာတ်ကြံ့ခိုင်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိသူလား❓
18/01/2023
တကယ်တော့
လူတိုင်းက #စွမ်းအားရှင် တွေ ဖြစ်ပါတယ်
ထုတ်မသုံးတတ်လို့သာ
#စွမ်းအား ရှိတယ်ဆိုတာကို မသိကြတာပါ
ကျွန်မတို့ရဲ့ ခန္ဓာကိုယ်မှာ စွမ်းအား အကြီးဆုံးနဲ့
တန်ခိုး အရှိဆုံးအရာ ရှိပါတယ်
အဲ့ဒါကတော့ #စိတ် ပါပဲ
အဲ့ဒီ #စိတ် တန်ခိုးရဲ့ စွမ်းအားကို
ကောင်းကောင်း ထုတ်သုံးတတ်မယ်ဆိုရင်
လိုချင်တာတွေကို ရယူနိုင်တယ်ဆိုတာ
ကျွန်မကိုယ်တိုင် လက်တွေ့ရခဲ့ဖူးလို့
ကျွန်မကတော့ #စိတ် #စွမ်းအား ကို ယုံကြည်ပါတယ်
ဒီလို #စိတ် စွမ်းအားနဲ့ ငွေဝင်အောင်
ဘယ်လို အသုံးချရမလဲဆိုတာ
သိချင်တဲ့သူရှိလားနော်
🔥အတွေးအခေါ်ကောင်းဖို့
ဘာကြောင့် လိုအပ်တာလဲ❓❓❓
ကျွန်မတို့ ဘဝ တိုးတက်ဖို့အတွက်
အတွေးအခေါ်တွေ အကြံဉာဏ်တွေ
ကောင်းနေဖို့ လိုအပ်ပါတယ်
ဘာကြောင့် လိုအပ်တာလဲဆိုတာ
Video လေးထဲမှာ ပြောပြပေးထားပါတယ်
10/01/2023
ထိထိရောက်ရောက် ကြိုးစားပါ
ဒါကတော့ သိပ်အထူးအထွေတောင် ပြောနေစရာ မလိုပါဘူးနော်။
ဖြစ်ချင်ရင်တော့ ကြိုးစားကြရမှာပါပဲ။
ဒါပေမယ့် ကိုယ့်ရဲ့ ကြိုးစားချင်စိတ်ဟာ ခဏလေးနဲ့ ပျောက်ပျက်သွားလို့ မရပါဘူး။
အခက်အခဲလေး တစ်ခုနှစ်ခု ရင်ဆိုင်ရတာနဲ့ စိတ်ပျက်အားလျော့သွားတာမျိုး၊ အချိန်တစ်ခုအထိ ဖြစ်မလာတာနဲ့ မဖြစ်နိုင်ဘူးလို့ တွေးလိုက်တာမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။
တကယ်ဖြစ်ချင်ရင် ကြိုးကြိုးစားစား လုပ်ရမှာဖြစ်ပြီး အဆုံးအစွန်အထိ ကြိုးစားပါ။
ဒါက သင့်ကို လုံးဝနောင်တရစေမှာ မဟုတ်ပါဘူး။
07/01/2023
🌷အားလုံးပဲ မင်္ဂလာနံနက်ခင်းလေးပါ🌷
💪ဒီနေ့အတွက် ကြိုးစားအားထုတ်မှုက
အကျိုးရှိတဲ့ ကြိုးစားအားထုတ်မှု ဖြစ်ပါစေနော်
Physics သဘောတရားနဲ့ ပြောရမယ်ဆိုရင်
အရွေ့မပါတဲ့ အလုပ်ဟာ ပြီးမြောက်မှု မရှိပါဘူး
ကိုယ်လုပ်နေတဲ့အလုပ်အပေါ်
မဆင်ခြင် မသုံးသပ်နိုင်ရင်
အရွေ့မပါတဲ့ အလုပ်ကို လုပ်နေသလိုပါပဲ
အကျိုးမရှိတဲ့ ကြိုးစားအားထုတ်မှုကို
နားလည်ထားဖို့ လိုအပ်ပါတယ်နော်
ဒါကြောင့် ဒီနေ့အတွက် ကြိုးစားအားထုတ်မှုက
အကျိုးရှိတဲ့ ကြိုးစားအားထုတ်မှု ဖြစ်ပါစေ
04/01/2023
🏆အောင်မြင်မှုဆိုတာ ဘာလဲ❓
ကျွန်မတို့အတွက် အောင်မြင်မှုဆိုတာ ထိုင်စောင့်နေလို့ရတဲ့ အရာ မဟုတ်ပါဘူး။
အဲ့ဒီအောင်မြင်မှုကိုရဖို့ ကျွန်မတို့ရဲ့ ကာယအစွမ်း၊ ဉာဏ အစွမ်းတွေတွေကို အပြည့်အဝ အသုံးပြုရမှာ ဖြစ်ပါတယ်။
ကိုယ်လိုချင်တဲ့အရာ ရယူဖို့အတွက် လိုချင်တဲ့ဆန္ဒက အားကောင်းနေဖို့ လိုအပ်ပါတယ်။
အောင်တော့ အောင်မြင်ချင်တယ်။ ဒါပေမယ့် သိပ်ပြီး ဆန္ဒ မပြင်ူပြဘူးဆိုရင် အဲ့ဒီဆန္ဒနောက်ကို ဝီရိယလိုက်လာမှာ မဟုတ်ပါဘူး။
ဒါကြောင့် ဖြစ်ချင်တဲ့ ဆန္ဒဟာ အလွန်အရေးကြီးတဲ့ နေရာမှာ ရှိနေပါတယ်။
မိတ်ဆွေ သင်ရော သင့်ရဲ့ အောင်မြင်ချင်တယ်ဆိုတဲ့ ဆန္ဒက ပြင်းပြနေပြီလား❓
Category
Contact the school
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when War War - Success In Short Time posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.