M Shop

M Shop

Share

🇲🇲Ⓜ️📦

Photos from M Shop's post 02/08/2026

ကားမောင်းနေရင်း ဖုန်းကို ဘယ်မှာထားရမှန်း မသိဖြစ်နေပါသလား။ ကားအမျိုးအစားမရွေး၊ ဘယ်နေရာမှာမဆို အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်တဲ့ Vacuum Magnetic Folding Holder လေး ရှိပါတယ်။

✨ ဘာတွေထူးခြားလဲဆိုရင်တော့ -
Vacuum Magnetic: ဖုန်းကို အမြဲတမ်း ခိုင်ခိုင်မာမာ ဆွဲကပ်ထားပေးလို့ ပြုတ်ကျမှာ စိတ်ပူစရာမလိုပါဘူး။
Zinc Alloy Support Rod: ကြာရှည်ခံပြီး ဖုန်းကို လှုပ်ခါမှုမရှိဘဲ တည်ငြိမ်စွာ ကိုင်ထားပေးပါတယ်။

360° Rotation: စိတ်ကြိုက်လှည့်လို့ရလို့ ဗီဒီယိုကြည့်တာပဲဖြစ်ဖြစ်၊ မြေပုံကြည့်တာပဲဖြစ်ဖြစ် အဆင်ပြေစေပါတယ်။
Compact and Portable: သေးငယ်ပေါ့ပါးလို့ သယ်ဆောင်ရလွယ်ကူပြီး ကားအတွင်းခန်းနေရာလည်း မယူပါဘူး။

ကားမောင်းရတာ ပိုအဆင်ပြေချောမွေ့စေဖို့ အခုပဲ မှာယူလိုက်ပါ။

Price - 45000 kyats
💌 Messenger 💬

10/08/2025

😥

မန္တလေးမှာ ထိုင်းနိုင်ငံထုတ် လူသုံးကုန်ပစ္စည်း ပြတ်လပ်ကာ ဈေးတက်၊
စစ်အုပ်စုက ထိုင်းကုန်စည်တွေ အဝင်မခံဘဲ ပိတ်ဆို့ဖမ်းဆီးနေပြီး သုံးရက်အတွင်း ဒေါ်လာ နှစ်သိန်းကျော်ဖိုး ဖမ်း၊

စိုးမိုးနိုင်/MFP ၊ ဩဂုတ်- ၇

ထိုင်းနိုင်ငံထုတ် လူသုံးကုန်ပစ္စည်းတွေ မန္တလေးမြို့ကို ဝင်ရောက်လာခြင်း မရှိတာကြောင့် မြို့တွင်းစျေးကွက်မှာ ကုန်ပစ္စည်း ပြတ်လပ်ကာ စျေးနှုန်းမြင့်တက်နေတယ်လို့ ထိုင်းကုန်စည် ရောင်းချတဲ့ လုပ်ငန်းရှင်တွေက MFP ကို ပြောပါတယ်။

"ပစ္စည်းတွေ ထပ်မဝင်တာ ကြာနေပြီ၊ ရောင်းစရာလဲ မရှိတော့ လုပ်ငန်း မလည်ပတ်နိုင်တော့ဘူး၊ ရှိတဲ့ ပစ္စည်းပဲ ရောင်းနေရတာ၊ ဒီချိန်ဆိုရင် အရင်နှစ်တွေက ငွေဈေး အရမ်းခုန်တက်ပြီး ဈေးမငြိမ်တော့ အလုပ်လုပ်ရတာ ခက်တယ်၊ ဒီနှစ်က ငွေဈေးငြိမ်နေလို့ လုပ်ရတာ အဆင်ပြေမယ် ရှိသေးတယ် ကုန်ကား ပေးမသယ်တော့ ဘာမှ ဆက်လုပ်လို့ မရတော့ဘူး" လို့ ထိုင်းကုန် ပစ္စည်းရောင်းချ သူတစ်ဦး က ပြောပါတယ်။

စစ်အုပ်စုက ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင်ကုန်စည်အဖြစ် သတ်မှတ်ကာ အလွယ်တကူ သယ်ယူခွင့် မပေးဘဲ ပိတ်ဆို့ဖမ်းဆီးနေတာကြောင့် မန္တလေးကို ထိုင်းပစ္စည်းတွေ အဝင်မရှိဘဲ လုပ်ငန်းရှင်တွေလည်း အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အရေးပါတဲ့ ကရင်ပြည်နယ် မြဝတီလမ်းကြောမှာ ဇူလိုင်လလယ် ကတည်းက တရားမဝင် သယ်ဆောင်လာတဲ့ ကုန်စည်အားလုံးကို စစ်အုပ်စုက အတင်းအကြပ် ဖမ်းဆီး စစ်ဆေးနေသလို ကုန်ကား‌‌တွေကို ‌ငွေတောင်းပြီး ပြန်လွတ်တာ၊ လာဘ်ငွေယူပြီး ဖြတ်သန်းခွင့် ပြုတဲ့ စစ်အုပ်စု တာဝန်ရှိသူတွေကိုလည်း တန်ပြန် ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက ကရင်၊ မွန်၊ ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေမှာ နိုင်ငံခြားကုန်စည်တွေကို သွင်းကုန်လိုင်စင်နဲ့ သက်ဆိုင်ရာ စာရွက်စာတန်း မပါဘဲ သယ်ဆောင်လာရင် တရားမဝင် ကုန်စည်အဖြစ် သတ်မှတ်ပြီး ဖမ်းဆီးတာ၊ ပစ္စည်းသိမ်းတာ၊ ကားသိမ်းတာနဲ့ လူကိုပါ ထောင်ချဖို့ ကြိုးစားတာတွေ လုပ်ဆောင်နေတာပါ။

“တရားမဝင် ကုန်စည်တိုက်ဖျက်မှု ဦးဆောင်ကော်မတီကို ဒုစစ်ခေါင်းဆောင်စိုးဝင်းက ခေါင်းဆောင် နေပြီး နိုင်ငံခြား ပစ္စည်းမှန်သမျှကို လိုင်စင်မရှိ၊ အခွန်မဆောင်ဟုဆိုကာ သိမ်းဆည်းနေတာပါ။ တဖက်မှာလည်း ထိုင်းဘက်က လူသုံးကုန်ပစ္စည်းတွေကို သွင်းကုန်လိုင်စင်ချပေးဖို့ သင့်လျော်တဲ့ အခွန်ဆောင်ဖို့ စီစဉ်ပေးတာလည်း မရှိပါဘူး” လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ဇူလိုင်လ နောက်ဆုံးပတ်ကစလို့ မြဝတီနဲ့ ဖားအံ့လမ်းတကြောက ထိုင်းကုန်စည် ကားတွေကို ဖြတ်သန်း သယ်ဆောင်ခွင့် မပြုတော့ဘဲ ပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။

"တိုက်ပွဲဖြစ်နေလို့ သယ်မရလိုက်၊ ‌မြဝတီဘက် ရေကြီးနေလို့ သယ်မရလိုက်နဲ့ ပုံမှန်ထက် ပိုကြာပြီး သယ်ခ ဈေးကြီးရတဲ့ထဲ ခုကျတော့ ဘယ်ကုန်ကားမှကို ပေးမသွားတော့ တစ်နိုင်ငံလုံး ဒုက္ခရောက်တာပဲ၊ အထည်ရောင်းတဲ့သူရော၊ စားစရာရောင်းတဲ့သူရော၊ လူသုံးကုန်တွေရော၊ Online shop သမားတွေရော၊ ပစ္စည်းမဝင်လို့ စိတ်ညစ်နေရပြီ၊ သုံးလ‌လောက် ပိတ်မယ်လို့‌ ကြားတာပဲ။ အခုက နိုင်ငံတော်အဆင့် ပိတ်ထားတာဆိုတော့ ဘယ်သူကမှ ဘာမှကို လုပ်မရတဲ့ အခြေအနေဖြစ်နေတာ" လို့ ထိုင်း-မြန်မာ Cargo လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပစ္စည်းပို့ဆောင်တာ ယခင်က တစ်ပတ်အတွင်း ရောက်နိုင်ပေမဲ့ လက်ရှိမှာတော့ တစ်လကျော် ကြာမြင့်တယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။ တန်ဆာခမှာ ယခင်နှုန်းထားထက် လေးဆလောက် ဈေးပိုပေးရလို့ တွက်ခြေမကိုက်တဲ့အတွက် အရေးကြီး လိုအပ်တဲ့ ပစ္စည်းတွေလောက်ပဲ သယ်ယူကြတယ်လို့ ဆိုပါတယ်။

“ပစ္စည်းသယ်ယူချင်တယ် ဆိုရင်တော့ အိမ်စီးကားအသေးနဲ့တော့ တစ်ကိုယ်စာ သယ်လို့ရတယ် “လို့ ကုန်သည်တစ်ဦးက ပြောပါတယ်၊

ဒုစစ်ခေါင်းဆောင် စိုးဝင်းဦးဆောင်တဲ့ ကော်မတီဟာ စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်တွင် စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၁၅ သန်း တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို ဖမ်းဆီးပြီးပြီလို့ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးရေးကို အရှိန်မြှင့်နေပြီး ယခု ဩဂုတ်လဆန်း ပထမ သုံးရက်အတွင်းမှာပဲ အမေရိကန် ဒေါ်လာ နှစ်သိန်း ကျော် တန်ဖိုး ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။


#စစ်ကိုင်း #မန္တလေး #မကွေး #မန္တလေးမှာထိုင်းကုန်စည်ပြတ်လပ်

28/03/2025

အမြန်လမ်းအသုံးပြုသူများ သတိပြုရန်

၂၀၁/၀ ပ​လွေးတံတားနိမ့်ကျ
၁၉၄/၂ အသွားလမ်း ကျိုး
၁၉၃/၁ ၂ တံတားအဝင်နိမ့်
၁၉၀/၁-၂ ​မှောက်ခုံ​ချောင်းတံတား သွား+ပြန် နိမ့်
၁၈၉/၁ အပြန်လမ်း တွန်​့​ခေါက်
၁၈၈/၇ အသွားလမ်း box အဝင်နိမ့်ကျ
၁၈၈/၁-၂ အပြန်လမ်း ကျိုး(​ဘေးကသွားလို့ရ)
၁၈၆/၂ လမ်းသားကွဲအက်
၁၇၉/၄ အပြန်လမ်းကျိုး
၁၇၇/၂ အသွားလမ်းကျိုး
၁၇၆/၀-၁ အသွားလမ်းကျိုး
၁၇၃/၆ အပြန်း box အဝင်လမ်းacကျိုး
၁၇၂/၅ အပြန်လမ်း ​ပေ၂၀၀ ac တွန့်​ခေါက် (​ဘေးကသွားလို့ရ)
၁၇၁/၆ အပြန်လမ်း ​တံတားဝင်လမ်း တွန့်​ခေါက် (​ဘေးကသွားလို့ရ)
၁၆၈/၅ အပြန်လမ်း တံတား​ပေါ် ac ကျိုး (​ဘေးကသွားလို့ရ)
၁၆၈/၀ အပြန်လမ်း လမ်းကျိုး (​ဘေးကသွားလို့ရ) grader / dozer ဝင်ရမယ်
၁၆၇/၆ ပြန် ကွန်ကရစ် လမ်းကျိုး
၁၆၇/၅ ပြနိ ကွနိကရစ်လမ်း ကျိုး
၁၆၇/၁-၂ ပြန် ကွန်ကရစ်လမ်းကျိုး
၁၆၆/၆-၇ ပြန် ကွန်ကရစ်လမ်းကျိုး
၁၆၀/၀-၁ ပြန် လမ်း/ကွဲ/ကျိုး ပြင်းထန်
Dozer

၁၆၅/၇ ပြန် လမ်းကျိုး
၁၆၅/၁ ဆွာ​ချောင်း ၈၀၀ ​ပေ ,P3,4,5 ယိုင်, လမ်းသား အပြန်လမ်း ၄ ​​ပေ နိမ့်ကျ, diversion လိုသည်

28/03/2025
28/03/2025

အသက်အန္တရာယ် ဘေးမှ ကင်းလွတ်ကြပါစေ 🙏

14/03/2025

ရန်ကုန်နွေက ပူလား?

မီ :

13/03/2025

13/3/2025 🌖
တပေါင်းလပြည့် အခါသမယမှာ
ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ🙏🏻
ဘေးအန္တရာယ်တွေ ကင်းရှင်းကြပါစေ 🙏

Telephone

Website

Address


Yangon