Padaythar
ပဒေသာနာရီစတိုးမှ လူသုံးကုန်လျှပ်စ
ပစ္စည်းဒီနေ့ဝင်ပါတယ်နော်
မှာထားသူတွေ လာယူလို့ရပါပြီ
20/05/2023
Calculator အသုံးပြုနည်းများကို ရှဲထားကြနော် ☺️
KG+12 စနစ်သစ်ပညာရေးမှာ အထက်တန်း ကျောင်းသား/သူများအတွက် Calculators အသုံးပြုခွင့်ပေးထားပြီးမို့ အလွယ်တကူအသုံးပြုနိုင်ရန်အတွက် အသုံးပြုနည်းများကို မျှဝေပေးလိုက်ပါတယ်
Crd: Dr Win Swe
20/04/2023
ဂရုစိုက်ကြနော်ကာကာတို့
ရာသီကလည်း အရမ်းပူချိန်ဆိုတော့လေ
😫
အခုတလော ကိုဗစ်လူနာပြန်များလာပါတယ်။ အခုနောက်ဆုံးကိုဗစ်အသစ် အာကျူရပ်စ် (Arcturus) ကြောင့်လို့ဆိုပါတယ်။
အာကျူရပ်စ် (Arcturus) ဟာ အိုမာခရွန်ကဆင်းသက်လာတဲ့ သန္ဓေကွဲ XBB.1.16 ဖြစ်ပါတယ်။
WHO ကပြီးခဲ့တဲ့လကတည်းက အာကျူရပ်စ်ကိုသတိပေးခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းမှာ အတွေ့များလာခဲ့တာပါ။
အာကျူရပ်စ်ဟာ အရင်အိုမာခရွန်တွေထက် ပိုပြီးအခြေအနေဆိုးတာ မတွေ့ရသေးဘူးလို့ဆိုပါတယ်။
သို့သော် ကူးစက်နှုန်းများတဲ့အတွက် ပူအိုက်တဲ့အချိန်မှာ ကလေးနဲ့ လူကြီးတွေမှာဖြစ်ရင် မလွယ်ပါ။
အဓိကပြောချင်တာက အာကျူရပ်စ်ရဲ့လက္ခဏာတစ်ခုလို့ ပြောနေကြတဲ့ Conjunctivitis ပါ။
ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ဖြစ်ရင် Conjunctivitis မျက်လုံးပန်းရောင်ဖြစ်တာ အတွေ့များတယ်လို့ ဆိုကြပါတယ်။
ကမ္ဘာအနှံ့ကဆေးခန်းတွေက ကလေးတွေမှာ အဲ့ဒီလို မျက်လုံးပန်းရောင်ဖြစ်တာတွေ့ရတယ်လို့ဆိုပေမယ့် မျက်လုံးအပြင်လွှာရောင်ခြင်းဟာ အခြားအကြောင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
စင်ကာပူမှာ အခြေအနေဆိုးလာရင် Work from home ပြန်လုပ်သင့်ရင်လုပ်မယ်။ စာကျောင်းတွေမှာ mask ပြန်တပ်ခိုင်းရင် တပ်ခိုင်းမယ်လို့ ဆိုပါတယ်။
ရာသီဥတုကပူတဲ့အတွက် ကလေးတွေဖျားရင်မသက်သာပါ။ ကလေးတွေမှာ ကိုဗစ်ဖြစ်မဖြစ်သတိထားနိုင်ဖို့ မျှဝေလိုက်ပါတယ်။
Richard Myo Thant
19-April -2023
19/04/2023
အပူလိူင်းကျရင်...ဘာလုပ်ရမှာလည်း?
ပြင်ပအပူချိန်သည် ၄၅'စင်တီဂရိတ်ရောက်ရှိလာပါက
အပူရှပ်ပြီးသတိလစ်နိုင်ပါတယ်။
ကျန်းမာသူလူကြီးတစ်ယောက်၏
ကိုယ်တွင်းအပူချိန်သည် ၉၆.၇ဖာရဟိုက်ဖြစ်ပါတယ်။
၁၀၈ ဖာရင်ဟိုက်သည် လူအသက်သေဆုံးပါတယ်။
အပူလိူင်းမကျခင် ကြိုတင်ကာကွယ်ထားနိုင်မှကုသမူ အောင်မြင်နိုင်ပါတယ်။
သတိထားရမည့်သူများက အသက်ကြီးသူများ နှင့် ရောဂါအခံရှိသူများဖြစ်ပါတယ်။
Heat Stroke ရရှိသူအားကုသရာတွင် ရေခဲတုန်းများလိုအပ်ပါတယ်။
ထိုသို့ရေခဲများ ရရန်မဖြစ်နိုင်ပါ။
ကြိုတင်ကာကွယ်မူသာအသက်ရှင်နိုင်ပါတယ်။
အောက်ပါအချက်များကိုလိုက်နာထားရန်လိုအပ်ပါတယ်။
၁-အရက်၊ဘီယာ၊ဝိုင်များမသောက်သင့်တော့ပါ။
၂-လိုအပ်သည်ထက်ပိုမစားရန်
၃-နေပူအောက်တွင်ထီးမပါပဲမသွားရပါ။
၄-သွေးတိုးသမားများအငန်လျော့စားထားရန်
၆-ဆီးချိုသမားများအချိုလျော့စားထားရန်
၇-ရေကိုကြိုတင်သောက်ထားရန်
၈-ချွေးထွက်များပါက ရေ နှင့် ဓါတ်ဆားရည်ကြိုတင်သောက်ထားရန်
၉-သွေးပေါင်ကျဆေး နှင့် ဓါတ်ဆားရည်ကိုသွားလေရာ ယူဆောင်သွားရန်
၁၀-လူနာရှိအိမ်များတွင် ဓါတ်ဆားထုတ်အား ကြိုတင်ဆောင်ထားရန်
၁၁- ကလေးများနေပူအောက်တွင်မထားရန်
၁၂.အပူချိန်ပြင်းထန်နေချိန်တွင် အစားအစာကို လျော့စားထားရန်လိုအပ်ပါတယ်။
ကျောက်ကြည့်ဓါတ်မီးအရောင်၅မျိုးပါ video ပါ
17/10/2022
ဒီနေ့မိတ်ဆက်ပေးမှာကတော့ ကျောက်မျက်ရတနာများကြည့်တဲ့ဓါတ်မီးတွေပါဘဲခင်ဗျာ
မီးအရောင်၂မျိုး ၃မျိုး ၅မျိုး (အဖြူ အဝါ အနီ ခရမ်း အရောင်ဖျော့ )ရှိပါတယ်ခင်ဗျာ
ကျောက်များအပြင် ငွေစက္ကူ လိုင်စင် များလည်းစစ်လို့ရပါတယ်ခင်ဗျာ
ငွေစက္ကူ နဲ့လိုင်စင်ဘဲသီးသန့်စစ်လို့ရတဲ့ ဓါတ်မီးအသေးဆိုဒ်တွေလည်းရောင်စုံရှိပါတယ်
လက်လီလက်ကားရနိုင်ပါတယ် ဆိုင်ဖုန်းနံပါတ်ကို တိုက်ရိုက်ဆက်၍မေးမြန်းနိုင်ပါတယ်ခင်ဗျ
18/09/2022
မင်္ဂလာပါ မင်မင်တို့ရဲ့စျေးဝယ်သူများခင်ဗျာ
ဝါတွင်းကာလအတွင်း
လူကြီးမိဘတွေနဲ့မိတ်ဆွေတွေကို ဂါဝပြုဖို့ .......
ကိုယ်တိုင်လည်းအလုပ်လုပ်ရင်း ကားမောင်းရင်း ပုတီးစိတ်နိုင်ဖို့ လက်စွပ်တာလီ အမျိုးမျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ
တာလီတွေက မင်မင်တို့ဆိုင်မှာအစဥ်အမြဲပုံစုံရှိပါတယ်
ရွေးချယ်စရာအရောင်အမျိုးမျိုးလည်းရှိပါတယ်
ဆိုင်မှာလာရောက်၍စိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ
မိတ်ဆွေတို့ရဲ့ကားတွေရပ်ထားခဲ့ရင် ဆက်သွယ်ရန်ဖုန်းနံပါတ်ကပ်ထားရမဲ့ကဒ်တွေလည်းပုံစံအစုံထပ်ရောက်ပါတယ်ခင်ဗျာ
23/07/2022
မင်မင်လည်း အသံဝင်တာသုံးရက်နဲ့ လည်ချောင်းနာချင်သလိုဖြစ်ပါတယ်
ဘာဆေးမှ မသောက်ပါ ဆားရည်နဲ့ပလုတ်ကျင်းတာနဲ့ပျောက်သွားပါတယ်
"Saline Gargle"
***
တုပ်ကွေးရာသီမှာ နှာစေး ချောင်းဆိုး ဖျားနာကြတယ်။ ရံဖန်ရံခါ အရမ်း ချမ်းတုန်ဖျားပါတယ်။
ချောင်းဆိုးတဲ့အခါ သလိပ်ပါသလို မပါဘဲလည်း ဆိုးတတ်တယ်။ သလိပ်မထွက်တဲ့ dry cough ဆိုရင် ပိုခံစားရတယ်။
တွဲပါလာတတ်တာက လည်ပင်းနာတာပါပဲ။
ညအိပ်ပျော်နေရာက တရေးနိုးမှာ လည်ပင်းနာလို့ ဆက်မအိပ်နိုင်ရာကလည်း စဖြစ်တတ်ပါတယ်။
လည်ချောင်းအဝနဲ့ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းမှာ ပိုးဝင်တဲ့အခါ၊ အာသီးယောင်တဲ့အခါ အဲဒီနေရာတဝိုက်က တစ်ရှူးတွေဟာ ယောင်ယမ်း တင်းမာလာ(tissue oedema) တာကြောင့် နာကျင်တာဖြစ်ပါတယ်။
ဒီလို လည်ပင်းနာတဲ့ ဝေဒ နာကို ထိထိရောက်ရောက် အမြန်ဆုံး သက်သာစေတာကတော့ Saline gargling" ဆားရည်နဲ့ ပလုတ်ကျင်းတာပါပဲ။
ဆားရည်နဲ့ ပလုပ်ကျင်းတဲ့အခါ saline gargling လုပ်ပေးတဲ့အခါ ဆားရည်ဟာ တင်းနေတဲ့ tissue ထဲက ရေကို ဆွဲယူသွားလို့ အယောင်လျှော့သွားတဲ့အတွက် နာကျင်မှုဟာ အချိန်တိုအတွင်း သက်သာသွားပါတယ်။
Saline gargling ကို စံနစ်တကျ လုပ်တတ်ဖို့လိုပါတယ်။ ဆားရည်ကို ပါးစပ်ထဲငုံပြီး ထွေးလိုက်တာမျိုးတော့ မဟုတ်ပေဘူး။
"Saline gargling စံနစ်တကျ ဘယ်လို လုပ်မလဲ"
၁။ ရေ ၈အောင်စလောက် (၂၅၀) စီစီလောက် ဆန့်တဲ့ လက်ကိုင်ပါ ဖန်ခွက်တခွက်ယူပါ။
၂။ အိမ်သုံးဆား လက်ဖက် ရည်ဇွန်း ဇွန်းတဝက် ကျော်ကျော် ထည့်ပါ။
( အနည်းငယ်များ သွားလည်း ကိစ္စမရှိပါ)
၃။ ရေနွေးဆူဆူကို ဖန်ခွက် တဝက်အောက် (လက် ၂လုံး လျှော့လျှော့) ထည့်ပါ။
၄။ ဆားပျော်အောင် မွှေပါ။
၅။ ဆားပျော်တဲ့အခါ ဖန် ခွက်ပြည့်အောင် ရေအေးဖြည့်လိုက်ရင် ငုံလို့ ခံနိုင်ရည်ရှိတဲ့ အပူချိန် ရပါမယ်။
(ရေအေးနဲ့ လုပ်လည်းရပါတယ်။ ဆားပျော်ဖို့တော့ လိုပါတယ်)
၆။ ဆားရည်အနည်းငယ် ငုံပြီး ခေါင်းကို နောက်လှန်ပြီးမော့နိုင်သမျှ မော့ပါ။
အသက်ဝဝ ရှူသွင်းပါ။
၇။ ပြီးလျှင် ပါးစပ်ဟပြီးလည်ချောင်းကနေ လေကို ဖြည်းဖြည်း မှုတ်ထုတ်ပါ။
(၁၀ စက္ကန့်လောက်တော့ ကြာတတ်ပါတယ်။)
၈။ ဆားရည်ငုံထားတဲ့အတိုင်း ပါးစပ်ပိတ် ခေါင်းပြန်တည့်ပါ။ မထွေးထုတ်ပါနဲ့ဦး။
၉။ နောက်တကြိမ် ပြန်စဖို့ အသက်ဝဝ ရှုသွင်းပြီး အောင့်ထားပါ။
ခေါင်းပြန်မော့ပြီး ပါးစပ်ဟ အသက်ရှုထုတ်ပါ။
ဆားရည် တငုံစာကို မထွေးထုတ်ဘဲ ၆ကြိမ်လောက် မှုတ်ထုတ်ပြီးရင်တော့
ပလုတ်ကျင်းပြီး ထွေးထုတ်နိုင်ပါပြီ။
ဖန်ခွက်တခွက်စာ ဆားရည်အတွက် ၁၂-၁၅ ကြိမ်လောက် လုပ်ရပါလိမ့်မယ်။
ဒါကြောင့်မို့ ယောင်ယမ်းနေတဲ့ တစ်ရှူးတွေဟာ တကြိမ်လုပ်ရင် ၁၀မိနစ် ၁၅မိနစ်လောက် ထိတွေ့ရတာမို့ သိသိသာသာ အယောင်လျှော့ပြီး နာကျင်တာ သက်သာပါတယ်။
တနာရီ ၂နာရီခြားပြီး ၃-၄ကြိမ်လောက် လုပ်ပေးရင် သက်သာ ပျောက်ကင်းတတ်ပါတယ်။
ခံတွင်းလည်း သန့်ရှင်းပါတယ်။ ငွေကုန်ကြေးကျ မရှိသလို ချက်ခြင်း လုပ်နိုင်ပါတယ်။
မတော်တဆ မျိုချမိရင်လည်း အန္တရာယ် မရှိပါဘူး။
ကလေးဆိုရင် အသက် ၆နှစ်ကျော်လောက်ဆို လေ့ကျင့်ပေးထားလို့ရပါပြီ။
(ဆားရည်နဲ့ ပလုပ်ကျင်းပေးပါလို့ လူနာတွေကို မှာလိုက်ပေမယ့် ငုံပြီး ထွေးထုတ်လိုက်တာနဲ့ လွဲနေလို့ ရေးပေးလိုက်တာပါ။)
17/07/2022
ပဒေသာစတိုးရဲ့customer တွေကျန်းမာရေးဂရုစိုက်ဖို့
#ကိုဗစ်မျိုးကွဲOmicron BA.4 / BA.5နဲ့ စဖြစ်လာတာတွေနဲ့ လက်ရှိဆေးရုံဆေးခန်းများရှိ ဖျားနာကုသအတွေ့အကြုံ
ဒိီဖက်နိုင်ငံက ကျနော်တို့လက်ရှိအလုပ်လုပ်နေတဲ့ ဆေးရုံကို အရေးပေါ်/ပြင်ပလူနာတွေအနေနဲ့ ကိုဗစ်သံသယလူနာတွေ ရှေ့လ Juneလကုန်ကတည်းက ဆက်တိုက်လာနေတာ၊
အဲဒါနဲ့ Fever Clinic/ Suspect Cornerဆိုပြီး အရေးပေါ်အဝင်ဘေးနားမှာ ဖျားနာသူတွေကြည့်ဖို့ သီးသန့်နေရာလုပ်ပြီး ခွဲထုတ်ပစ်လိုက်ရတဲ့အထိ တဖြေးဖြေးများလာတယ်
ကျနော်တို့ထိုင်တဲ့ အခန်းဘေးကပ်လျက်မှာပဲ ပိုးရှိမရှိစစ်ဖို့ နှာခေါင်းတို့ဖတ်ယူတဲ့ Swab roomလုပ်ချလိုက်တော့ နေရင်းထိုင်ရင်း ရှေ့တန်းရောက်သွားတာပဲ၊ သိပ်မကြာလိုက်ပါဘူး၊ ဆေးရုံက ဆရာဝန်တွေ ဝန်ထမ်းတွေ အခုဆို ကူးကုန်ပြီ
လဆန်းကတည်းက ဆေးရုံမှာ တစ်ရက်ကို သံသယလူနာ သုံးလေးငါးဆယ် တွေ့ရတယ်၊ စစ်လိုက်ရင် အနည်းဆုံး တစ်ဝက်ကျော်က Positive ထွက်လာတာပဲ၊ BA.4/ BA.5စပြီး Dominant ဖြစ်ကတည်းက PCR False Negativeနဲ့ Symptomatic caseတွေ အများကြီးရှိတယ်၊ လက်ရှိ US UK EU Mid East Asia အကုန်လုံးမှာ BA.4/5 ရောက်နေပြီ
PCRစစ်လို့ Positiveဆိုပြီး ပိုးတွေ့ရင် ကိုယ်အိမ်ကိုယ်ယာနဲ့ လူနာတွေဆို Vital sign monitor လုပ်နည်းနဲ့ တခြားအရေးကြီးတာတွေ သင်ပေးပြီး Home Quarantineပေးတယ်၊ အိမ်မှာတခုခုဆိုရင် ဖုန်းဆက်မေးလို့ အကူညီတောင်းလို့ရတဲ့ Helplineတွေ Call centerတွေ ချိတ်ပေးလိုက်တယ်
လူတွေအများကြီးစုနေသူ Laborဝန်ထမ်းလိုမျိုးတွေမှာ Pဖြစ်တယ်ဆိုရင်တော့ Quarantine Campတွေဆီကို ပို့ပေးလို့ရတယ်၊ အနည်းဆုံး စဖြစ်တဲ့ရက်ကနေ တစ်ပတ်နေရတယ်၊ Day 6မှာ PCRထပ်စစ်ပေးတယ်၊ Negative ဆို ပြန်လွှတ်တယ်၊ ဆေးလည်းပေးတယ်၊ အစားအသောက်ရောပေါ့၊ အဲဒီမှာထားရင်း အခြေအနေဆိုးလာရင် Covid Treatment Centerတွေ ဆေးရုံတွေမှာ ကုသဖို့ တဆင့်ပြန်ပို့ပေးတယ်
ာတွေဖြစ်လဲဆိုတော်တော်ခံရတယ်၊ Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအနေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ စပြတော့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ
Day 0 - ကူးစက်ခံရတယ်ဆိုပါတော့
Day 1 - မှာ ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်
Day 2 - တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊ ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်
Day 3 - လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊ ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်
Day 4 - နှာစစီးလာမယ်၊ နှာရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊ တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ
Day 5 - နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုးနံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆားရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်
Day 6 - တော်ရုံခုခံအားရှိသူတွေက ဒီနေ့မှာ စသက်သာလာမယ်၊ တချို့တွေမှာ PCR Negative ပြန်ပြနိုင်ပေးမဲ့ အစားမစားနိုင်သူ ကိုယ်ခံအားနည်းသူတွေအတွက် ဆက်တိုက်ပွဲဝင်ရပါဦးမယ်၊ ချွဲကြပ်တဲ့ဒဏ်နဲ့အတူ အအေးမိပြီး အဆုတ်ထပ်မရောင်အောင် ဂရုစိုက်ပေးမှ စိတ်ချရပါ့မယ်
Day 7 - ရောက်တာကိုမှ အပေါ်ကလက္ခဏာတွေ ဆိုးဆိုးဝါးဝါးဆက်ခံစားနေရသေးရင် သို့ Swab test Positive ပြနေသေးရင် သို့ အောက်စီဂျင် စကျလာရင်တော့ နီးစပ်ရာ ဆရာဝန်၊ ဆေးရုံဆေးခန်းမှ လိုအပ်သည့် အကူအညီ အမြန်ဆုံးရယူဖို့လိုပါတယ်၊ Omicronအစကလို မပေါ့ကြပါနဲ့
တစ်ယောက်တစ်လေမဟုတ်ပဲ လက်ရှိကိုဗစ်ကူးစက်ခံရသည့် လူနာတော်တော်များများမှာ အထက်ပါလက္ခဏာအများစုကို ပြင်းပြင်းထန်ထန်ခံစားရပါတယ်
ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊
Vit C , D, Zinc အစရှိတာတွေနဲ့အတူ အရေးကြီးဆုံးက
ORS ခေါ် လူကြီးတိုင်း ကလေးတိုင်းအတွက်ဓါတ်ဆားပါပဲ၊ သောက်ချင်ချင် မသောက်ချင်ချင် တစ်ရက်ကို 1 to 2 Liter လောက် သောက်လိုက်ပါ၊ ဒီလိုအိမ်မှာ ဆောင်ထားလို့ရသည့် တော်ရုံဆေးတွေနဲ့ မသက်သာရင်တော့ ဆေးခန်းပြပါခင်ဗျာ
ဆီးချိုသမားတွေ အချိုဓါတ် နေ့စဉ်စစ်ကြည့်သင့်သလို သွေးတိုးနှလုံးသမားတွေက သွေးတိုင်းနှလုံးခုန်သတိထားသင့်ပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ဖြစ်ပျက်ပုံချင်း မတူညီနိုင်သည့်အတွက် အိမ်မှာနေရင်း မိမိအခြေအနေကို အားမရဘူးဆို ဆရာဝန်တစ်ယောက်ယောက်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး ကျန်းမာရေးအကြံဉာဏ် အကူအညီရယူတာကတော့ စိတ်ချရဆုံး အကောင်းဆုံးပါပဲလို့ နှိုးဆော်ပါရစေ
and respect to bro
Dr. Hadee Maung © July 2022
18/06/2022
ဆိုင်ဖွင့်တာကြာပြီဆိုသော်လည်းPage အသစ်လေးဖြစ်တာကြောင့် page ကို like လုပ်ပေးကြပါနော်💞💕💓
မင်မင်တို့ဆိုင်က ရောင်းနေကျ ပစ္စည်းလေးရောက်ပြီနော်
🎙ဒီပစ္စည်းတွေကို ဝယ်နေကျဖောက်သည် တွေလာမေးကြပေမဲ့ ပစ္စည်းပြတ်တာကြာနေပါပြီ
မှာထားတဲ့သူတွေကို ဖုန်းဆက်ပြီးရောင်းပြီးပါပြီ ကျန်တာလေးတွေကို မင်မင်တို့ရဲ့ဖောက်သည်အသစ်တွေနဲ့မိတ်ဆက်ပေးမယ်နော် 🤑
🔊VOICE RECORDERစက်လေးပါ
📑📚သင်တန်းတွေတက်ရာမှာ NOTEတွေမမှီလိုက်ရင် အသံသွင်းထားပြီး ပြန်လေ့လာလို့ရတယ်
🕐MEETING တွေမှာလည်းသုံးလို့ရတယ်
⏳️စာကျက်ရာမှာလည်း အကြိမ်ကြိမ်နားထောင်လို့ရတယ်
အားပေးကြပါဦးနော်
ကာကာတို့ စိတ်အေးချမ်းသာရှိကြပါစေ 🙏
Category
Contact the business
Website
Address
No. 474, Mahar Bandula Road, Corner Of Bo Soon Pat Street, Pabedan Township
Yangon
11143
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |
Alerts
Be the first to know and let us send you an email when Padaythar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.