Unity Federal School
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Unity Federal School, School, Yangon.
15/08/2026
“ဆရာများပေါင်းကူးချိတ်ဆက်ခြင်း” အစီအစဉ်
(Teachers Bridging Platform-TBP)
ပူးတွဲထုတ်ပြန်ကြေညာချက်
ရက်စွဲ။ ၁၅.၈.၂၀၂၆
နွေဦးတော်လှန်ရေးတွင် ဆရာ့အတတ်ပညာအတွက် ဆောင်ရွက်နေကြသော ဆရာ့အတတ်ပညာတက္ကသိုလ်များဖြစ်သည့် နွေဦးဆရာအတတ်ပညာတက္ကသိုလ် (SNU) နှင့် သင်ကြားရေး အတတ်ပညာတက္ကသိုလ် (UoT) တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဌာန၏ ချိတ်ဆက်ဆောင်ရွက်မှုဖြင့် ၂၀၂၆ ခုနှစ်၊ ကြားကာလအခြေခံပညာပြည်သူ့ပညာရေးကျောင်းအဖြစ် အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး ဆရာများပေါင်းကူးချိတ်ဆက်ခြင်း အစီအစဉ်တွင် ပါဝင်သော အွန်လိုင်းကျောင်း (၃၈) ကျောင်းတို့နှင့် တွေ့ဆုံခဲ့ကြပြီး “ဆရာများ ပေါင်းကူးချိတ်ဆက်ခြင်းအစီအစဉ်” ကို ပူးပေါင်းအကောင်အထည်ဖော်ကြရန် သဘောတူခဲ့ကြပါသည်။
“ဆရာများပေါင်းကူးချိတ်ဆက်ခြင်းအစီအစဉ် (TBP)” သည် နိုင်ငံ့ဝန်ထမ်းခန့်အပ်ခြင်း အစီအစဉ် မဟုတ်သော်လည်း ဤ TBP အစီအစဉ်ကို ပူးပေါင်းအကောင်အထည်ဖော်ခြင်းသည် ကြားကာလဆရာ့အတတ်ပညာတက္ကသိုလ်များမှ ကျောင်းဆင်းပြီးမြောက်လာသည့် ဆရာ၊ ဆရာမများကို ကြားကာလအခြေခံပညာပြည်သူ့အခြေပြုအွန်လိုင်းကျောင်းများနှင့် ပေါင်းကူးချိတ်ဆက်ပေး ခြင်းဖြင့် နွေဦးတော်လှန်ရေး၏ အရေးကြီးကဏ္ဍတစ်ခုဖြစ်သော ကြားကာလအခြေခံပညာရေး၏ ဆရာအရင်းအမြစ် အရည်အသွေးကို မြှင့်တင်ပေးရာရောက်မည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကြားကာလပြည်သူ့ပညာရေးအတွက် ဆရာလူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ပေးသည့် ဆရာ့အတတ်ပညာတက္ကသိုလ်များနှင့် အရည်အသွေးရှိသော ကြားကာလပြည်သူ့ပညာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် ကြားကာလအခြေခံပညာပြည်သူ့ ပညာရေးအွန်လိုင်းကျောင်းများအကြား အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဌာနက ပေါင်းကူးဆောင်ရွက်ပေးခြင်းဖြင့် ဤ TBP အစီအစဉ်သည် “အရည်အသွေး နှင့် အရေအတွက် အာမခံချက်ရှိသော၊ ရေရှည်ပြည်သူ့ပညာရေးအားကောင်းရေးကို ရှေးရှုရည်သန် ဦးတည်၍ လက်တွဲညီညွတ်စည်းလုံးစွာ ပူးပေါင်းဆောင်ရွက်သည့် ပြည်သူ့ပညာရေး ပေါင်းကူးအစီအစဉ်ကောင်းတစ်ခု” ဖြစ်လာမည် ဖြစ်ပါကြောင်း ပြည်သူများထံသို့ အသိပေးအစီရင်ခံ ပူးတွဲထုတ်ပြန် ကြေညာအပ်ပါသည်။
09/06/2026
၂၀၂၆ ခုနှစ်အတွက် ကြားကာလအခြေခံပညာရေးကျောင်းအသိအမှတ်ပြုသက်တမ်းတိုးဆောင်ရွက်ပြီးစီးကြောင်း....
22/05/2026
21/11/2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁၆/၂၀၂၅)
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက်နေ့
(၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်)
"အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍ အသိအမှတ်ပြုလက်မှတ်တွင် ထုတ်ပြန်ပေးမည့် ရမှတ်အဆင့်များကို အများပြည်သူသို့ အသိပေးကြေညာခြင်း"
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်မှစ၍ “အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း” အသိအမှတ်ပြုလက်မှတ်တွင် ဖော်ပြပါရမှတ်အဆင့်များဖြင့် ထုတ်ပြန်ပေးမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
05/10/2025
၂၀၂၅ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ဆရာများနေ့အား ဂုဏ်ပြုလျက်.....
"Recasting Teaching as a Collaborative Profession"
"ဆန်းသစ်သင်ကြား လက်တွဲထား၊ အနာဂတ်နိုင်ငံ့စွမ်းအား"
"ကမ္ဘာ့ဆရာများနေ့"
"World Teachers' Day”
(အောက်တိုဘာလ ၅ ရက်နေ့)
သူငယ်ချင်းတို့ရေ ...
ဒီနေ့ကတော့ (၃၁) နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ နေ့ထူးနေ့မြတ်ပဲ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့မှ စတင်ပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးမှာ "ကမ္ဘာ့ဆရာများနေ့" ကို ပုံစံအမျိုးမျိုးနဲ့ စတင်ကျင်းပခဲ့ကြပါတယ်။
ဒီနေ့က ဆရာ၊ဆရာများအနေနဲ့ ပညာရေးကို ပြုပြင်ပြောင်းလဲပုံဖော်နေမှုများ၊ မိမိတို့ရဲ့ အရည်အချင်းများနှင့် အသက်မွေးဝမ်းကျောင်းများကို လက်တွေ့မှာအကျိုးရှိရှိအသုံးချနိုင်ဖို့ လိုအပ်သည့် အထောက်အပံ့အကူအညီများကိုလည်း ပြန်လည်သုံးသပ်ခြင်း၊ အနာဂတ်မှာလည်း မိမိနိုင်ငံအတွင်းသာမက တစ်ကမ္ဘာလုံးဖြင့် ချိတ်ဆက်ပြီး သင်ကြားရေးလုပ်ငန်းများကို စွမ်းစွမ်းတမံလုပ်ဆောင်နိုင်ဖို့ လမ်းကြောင်းများကိုလည်း သုံးသပ်တွေးတောခြင်းတို့ကို ရည်ရွယ်ပြီး အသိအမှတ်ပြု ဂုဏ်ပြုသည့် နေ့ရက်လည်း ဖြစ်ပါတယ်။
သူငယ်ချင်းတို့ရေ ...
"ကမ္ဘာ့ဆရာများနေ့" ကို နှစ်စဉ်ကျင်းပကြရာမှာ ဦးတည်ချက်ဆောင်ပုဒ်များချမှတ်ကာ ဆောင်ရွက်ခဲ့ ပါတယ်။ ဆောင်ပုဒ်များ ရွေးချယ်ချမှတ်ရာတွင် ဆရာတွေရဲ့လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အားလုံး အကျုံးဝင် ပါဝင်နိုင်စေရေး၊ အရည်အသွေးရှိသောဆရာ နှင့် အရည်အသွေးရှိသော ပညာရေးဖြစ်စေရေး၊ သာတူညီမျှ ပညာရေး ဖြစ်စေရေး၊ ဆရာတို့ရဲ့အနာဂတ်ဘဝလှပစေရေး၊ လွတ်လပ်စွာသင်ကြားနိုင်ရေး၊ လူငယ်ဆရာများခန့် ထားရေး၊ ဆရာများအတွက် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ သင်ကြားသင်ယူမှုများကို ဆရာ၊ မိဘ၊ ကျောင်း၊ ပညာရေးလုပ်ငန်းတွင်တာဝန်ရှိသူများအားလုံး ပူးပေါင်းပါဝင်အကောင်အထည်ဖော်ရေး စတဲ့ ရည်ရွယ်ချက်များ ထားရှိကာ ဆောင်ပုဒ်များကို ချမှတ်လေ့ ရှိပါတယ်။
ယခု ၂၀၂၅ခုနှစ်၊ (၃၁) နှစ်ပြည့် "ကမ္ဘာ့ဆရာများနေ့" အတွက် ဆောင်ပုဒ်ကတော့ "Recasting Teaching as a Collaborative Profession" "ဆန်းသစ်သင်ကြား လက်တွဲထား၊ အနာဂတ်နိုင်ငံ့စွမ်းအား" ဖြစ်ပါတယ်။ ဒီနှစ်ချမှတ်ပေးတဲ့ "ကမ္ဘာ့ဆရာများနေ့" ဆောင်ပုဒ်လေးဟာ ဆရာ၊ဆရာမများ၊ ကျောင်းများ၊ ပညာရေးစနစ်များအတွက် အားလုံး ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပြီး တိုးတက်ကောင်းမွန်သော သင်ကြားရေးအသက်မွေးဝမ်းကျောင်းကို ပြုပြင်ပြောင်းလဲလက်တွဲကူညီဖော်ဆောင်ပြီး အနာဂတ်နိုင်ငံ၏ ပညာရေးစွမ်းဆောင်ရည်များကို မြှင့်တင်နိုင်ကြဖို့ အားလုံးအတူပူးပေါင်းပါဝင်ကြဖို့ မီးမောင်းထိုးပြလို့နေပါတယ်။
သင်ကြားရေးလုပ်ငန်းမှာ အချင်းချင်းအပြန်အလှန်လေးစားခြင်း၊ အပြန်အလှန် ထောက်ပံ့ကူညီမှု၊ အတွေ့အကြုံများကို မျှဝေခြင်းနှင့် တာဝန်ပူးတွဲယူခြင်းတို့ကို တန်ဖိုးထားသည့် မူဝါဒများ၊ လက်တွေ့ကျင့်သုံးမှုများ၊ ထိုသို့ ပတ်ဝန်းကျင်ဖြင့် ပံ့ပိုးပေးခြင်းသည် သင်ကြား၊သင်ယူရေးကို ပိုမိုအားကောင်းစေပြီး ဆရာ၊ဆရာမများ၏ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ ဆရာ၊ဆရာမဆိုသည့် အသက်မွေးဝမ်းကျောင်းကို အသိအမှတ်ပြုပြီး လုပ်ငန်းခွင်ကို ကျေနပ်မှုရရှိစေမှာ ဖြစ်ပါတယ်။
အားလုံးလက်တွဲဆောင်ရွက်မှုသည် အောင်မြင်မှု၏ သော့ချက်ဖြစ်ပြီး အတူတကွပူးပေါင်းဆောင်ရွက်မှုဖြင့်သာ တိုင်းပြည်၏ အနာဂတ်ပညာရေး
ကို စဉ်ဆက်မပြတ် ရေရှည် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
အိမ်အိမ်တို့ရဲ့ နွေဦးတော်လှန်ရေး၊ ကြားကာလစဥ်ဆက်မပြတ်ပညာရေး အကောင်အထည် ဖော်တဲ့ နေရာမှာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပညာရေးအသွင်ပြောင်းလဲမှုအတွက် အထက်မှာ ပြောပြထားတဲ့ အရာများကလည်း အခရာကျနေပါတယ်။ အိမ်အိမ်တို့နိုင်ငံရဲ့ ပြည်သူ့ဘက်တော်သား CDM ဆရာ၊ဆရာမများ၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးအတွက် ခွန်အားဖြစ်ပေးခဲ့သော ပညာရေးစေတနာ့ဝန်ထမ်းများအဖြစ် သင်ကြားပေးနေကြ တဲ့ ဆရာ၊ ဆရာမများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တက္ကသိုလ်ကျောင်းသား/သူများ၊ အုပ်ထိန်းသူ/မိဘများ၊ ကျောင်းတွင် တာဝန်ရှိသူများ၊ ပညာရေးလုပ်ငန်းတွင် တာဝန်ယူလုပ်ဆောင်နေသူများ နဲ့အတူ သင်ကြားသင်ယူရေးကို ပိုမိုကောင်းမွန်စေသော ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကြားကာလစဥ်ဆက်မပြတ်ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေကြပါတယ်။
မြေပြင်ပြည်သူ့ပညာရေးကျောင်းများ၊ အွန်လိုင်းဖက်ဒရယ်ကျောင်းများစသည်ဖြင့် နေရာစုံကနေ ပြည်သူ့ပညာရေးကို ဖော်ဆောင်ပေးနေကြတာကိုလည်း အိမ်အိမ်တို့ ဝမ်းသာဂုဏ်ယူစွာ တွေ့မြင်နိုင်ပါတယ်။
အိမ်အိမ်တို့ နွေဦးတော်လှန်ရေးကြီးမှာ အသက်ပေးဆပ် တိုက်ပွဲဝင်သွားကြတဲ့ ကျဆုံး ဆရာ၊ဆရာမများ၊ မတရားဖမ်းဆီးနှိပ်စက် အကျဉ်းချခံနေကြရတဲ့ ဆရာ၊ဆရာမများ၊ CDMပြုလုပ်ရင်း အာဏာရှင်ကို ကာယ၊ ဥာဏ စွမ်းအားနှစ်ဖြာနဲ့ အစွမ်းကုန် တွန်းလှန်နေကြတဲ့ဆရာ/ဆရာမများ၊ ဆရာအင်အားလိုအပ်မှု ပြဿနာကို အဖြေရှာရင်း တော်လှန်ပညာဖြင့်တိုက်ပွဲဝင်နေကြတဲ့ ပညာရေးစေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများအားလုံးကို ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် အိမ်အိမ်တို့အားလုံးက အတူတကွ ဂုဏ်ယူလေးစားစွာဖြင့် အလေးအနက် ဂါရ၀ထား ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။
05/10/2025
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာ့ပညာရေးစနစ် (Myanmar Education System-MES) နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း လုပ်ဆောင်မည်ဖြစ်ပါသဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်၊ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၉:၀၀ နာရီမှ ၁၂:၀၀ နာရီအတွင်း ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ မည်သည့်လုပ်ငန်းဆောင်တာကိုမျှ အသုံးပြု၍ ရမည်မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
19/07/2025
အာဇာနည်နေ့
(ဇူလိုင်လ ၁၉ ရက်နေ့)
အိမ်အိမ်ရဲ့သူငယ်ချင်းတို့ရေ
ဒီနေ့ ၂၀၂၅ ခုနှစ်၊ဇူလိုင်လ (၁၉) ရက်နေ့ဟာ အိမ်အိမ်တို့ မြန်မာနိုင်ငံရဲ့ (၇၈) နှစ်မြောက် "အာဇာနည်နေ့"ပဲဖြစ်ပါတယ်။ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း ကတော့ ၁၉၄၇ခုနှစ်၊ မြန်မာစံတော်ချိန် ၁၀နာရီ ၃၇ မိနစ်မှာ ရန်ကုန်မြို့လယ်က အတွင်းဝန်များရုံး (ခေါ်) ဝန်ကြီးများရုံးမှာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဝန်ကြီးများအားလုံး အစည်းအဝေးပြုလုပ်နေချိန်မှာ
အင်္ဂလိပ်မြို့စောင့်တပ် အမှတ် (၁၂) ရဲ့ စစ်ယူနီဖောင်းအပြည့်အစုံကိုဝတ်ဆင်ထားတဲ့သူအချို့ဟာ အစည်းအဝေးပြုလုပ်နေတဲ့ ခန်းမထဲကိုဝင်ရောက်လာပြီး စက်သေနတ်များနဲ့ပစ်ခတ်ခဲ့ကြပါတယ်။ ဒီလို ရက်ရက်စက်စက် လုပ်ကြံ ပစ်ခတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် (၉) ဦးတို့ ကျဆုံးသွားခဲ့ကြရပါတယ်။
ဒီပစ်ခတ်မှုကို နိုင်ငံတော်လုပ်ကြံမှုအဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။အတိုက်အခံ နိုင်ငံရေးအင်အားစုတစ်ခုက ကြိုတင်ကြံစည်လုပ်ဆောင်တာ ဖြစ်ပြီး အဓိက ကြိုးကိုင်သူက ဂဠုန်ဦးစောဖြစ်ပြီး အပေါင်းအပါတစ်သိုက်က သက်နှင်း၊ မောင်စိုး၊ မှုန်ကြီး၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ ဖြစ်ကြပါတယ်။ သူတို့ကိုတော့ ၁၉၄၈ခုနှစ်၊ မေလ ၈ ရက်နေ့မှာ ကြိုးပေးစီရင်ခဲ့ကြပါတယ်။
ရက်ရက်စက်စက် လုပ်ကြံခံရတဲ့ အာဇာနည်တွေကတော့
၁။ ဗိုလ်ချုပ်အောင်ဆန်း
၂။ ဦးဘချို
၃။ မန်းဘခိုင်
၄။ ဦးဘဝင်း
၅။ သခင်မြ
၆။ ဦးအဗ္ဗဒူရာဇတ်
၇။ စဝ်စံထွန်း
၈။ ဦးအုန်းမောင် နှင့်
၉။ ရဲဘော်ကိုထွေး တို့ ဖြစ်ကြပါတယ်။
အာဇာနည်ပုဂ္ဂိုလ် (၉)ဦးရဲ့ ကျဆုံးမှုဟာ အိမ်အိမ်တို့မြန်မာပြည်သူလူထုတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်နှင့်တကွ အာဇာနည် တွေကျဆုံးခဲ့ရတဲ့ ဒီနေ့ ဇူလိုင်လ (၁၉) ရက်နေ့ကို အာဇာနည်နေ့အဖြစ် ဂုဏ်ပြုကြတာပဲဖြစ်ပါတယ်။ “အာဇာနည်” ဆိုတဲ့ဝေါဟာရရဲ့ မူရင်းအဓိပ္ပာယ်က "အာဇာနေယျ" ဆိုတဲ့ ပါဠိဘာသာစကားက ဆင်းသက်လာတာပါ။ကိစ္စအရပ်ရပ်မှာ သင့်/ မသင့်၊ မှန်/ မမှန်၊ တော်/ မတော် တို့ကို ကောင်းစွာစီစဉ်ဆုံးဖြတ်ပြီး မိမိဆုံးဖြတ်ချက်အတိုင်း လုပ်ကိုင်အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေကို "အာဇာနည်" လို့ ခေါ်ဆိုတာပါ။ “အာဇာနည်” ဆိုတဲ့ ဂုဏ်ပုဒ်က လိုချင်တိုင်း အလွယ်တကူရနိုင်တဲ့ ဂုဏ်ပုဒ်မျိုး တော့မဟုတ်ပါဘူး သူငယ်ချင်းတို့ရေ။ တိုင်းပြည် နှင့် လူမျိုးအတွက် အသက်ကို ပဓာနမထားဘဲ ကြိုးစားခဲ့ကြသူတွေကိုသာ ပြည်သူလူထုက သူတို့ရဲ့ရင်ထဲမှာ “အာဇာနည်” ဆိုပြီး နေရာတစ်ခု ပေးထားတတ်ကြတာမျိုးပါ။
ဒီနွေဦးတော်လှန်ရေးကြီးမှာလည်း အိမ်အိမ်တို့ တိုင်းပြည်ရဲ့ နေရာဒေသအနှံ့အပြားမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ချက်ကြောင့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံအသီးသီးကနေ “အာဇာနည်” ပေါင်းများစွာ ဝမ်းနည်းစွာဖြင့် ပေါ်ထွက်လာခဲ့ရပါတယ်။ ကျဆုံးခဲ့ကြတဲ့ “အာဇာနည်” တစ်ဦးတစ်ယောက်စီတိုင်းကလည်း အိမ်အိမ်တို့ရဲ့ ပြည်သူလူထုတွေအားလုံး စစ်အာဏာရှင်လက်အောက်မှ အမြစ်ပြတ်လွတ်မြောက်ရေးအတွက်ဆိုတဲ့ စိတ်ဓာတ်တစ်ခုထဲနဲ့ စိတ်ရောကိုယ်ရောပေးဆပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့ အိမ်အိမ်တို့ရှေ့က “အာဇာနည်” တွေရဲ့ သွေး၊ချွေး၊သတ္တိ၊ခွန်အားတွေနဲ့ ရင်းနှီးထားတဲ့ စစ်အာဏာရှင်တော်လှန်ရေးခရီးလမ်းကို အိမ်အိမ်တို့တွေကလည်း စိတ်ဓာတ်ခွန်အားအပြည့်နဲ့ အပြန်အလှန်ရိုင်းပင်းချစ်ခင်ကူညီကြရင်း၊အာဏာရှင်တွေကို တိုက်ထုတ်ရင်းနဲ့ ကျဆုံးခဲ့ကြတဲ့ “အာဇာနည်” တစ်ဦးတစ်ယောက်စီတိုင်းကို ယနေ့ အာဇာနည်နေ့မှာ ဂုဏ်ပြု၍ အလေးပြုအပ်ပါတယ်။
#အာဇာနည်နေ့
15/07/2025
“ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး” ကမ်ပိန်း
ရည်မှန်းချက် - အမေရိကန်ဒေါ်လာ (၄) သိန်း
ကမ်ပိန်းကာလ - ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၅) မှ ဩဂုတ်လ (၃၁) အထိ
စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများကို အကြမ်းဖက်စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခြင်းများ၊ ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ဆရာများ၊ ကျောင်းသားများ၊ ကလေးသူငယ်များ သေဆုံးထိခိုက်ခဲ့ရပါသည်။
မြန်မာနိုင်ငံတွင် ကလေးသူငယ်များ ကာကွယ်ရေးအစီအမံများရှိသည့်ကျောင်းများတွင် ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူခွင့် ရရှိနိုင်စေရန်အတွက် “ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး” ကမ်ပိန်းတွင် ပါဝင်လှုဒါန်းကူညီပံ့ပိုးပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
ဆက်သွယ်လှုဒါန်းနိုင်မည့်နေရာများကို ဆက်လက်ကြေညာပေးသွားပါမည်။
"Safe Schools, Safe Education" Campaign
Target: USD 400,000
Campaign Duration: July 15 – August 31, 2025
Across Myanmar, schools—which should never be military targets—have been brutally attacked by the military junta through targeted airstrikes and armed assaults. As a result, many teachers, students, and children have been injured, displaced, or killed.
This campaign calls for support to ensure that children in Myanmar can continue their education in safe learning environments equipped with protection measures.
We invite you to join and support the “Safe Schools, Safe Education” campaign to help protect the right to education for every child in conflict-affected areas.
Donations and contact information will be announced soon.
Category
Contact the school
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |