Classmm

Classmm

Share

Welcome to classmm learning hub! Learn English online with finest and qualified teachers for any skill you need.

Preparing for IELTS exams, 4 skills language courses and consulting overseas education are the core main services available at classmm!

09/09/2026

IELTS Band Score ကို မြှင့်တင်ဖို့ အားနည်းတဲ့ Skill တွေကို သိရှိပြီး ထိရောက်စွာ ပြင်ဆင်ချင်ပါသလား? 🎯

ClassMM ရဲ့ IELTS Intensive Course က IELTS Exam အတွက် အချိန်တိုအတွင်း အာရုံစိုက်ပြင်ဆင်ချင်တဲ့ students တွေအတွက် ရည်ရွယ်ထားပါတယ်။

သင်ဘာတွေမှားနေလဲ သိရုံနဲ့ မလုံလောက်ပါဘူး။
ဘာကြောင့်မှားနေလဲ သိပြီး ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ သိဖို့လိုပါတယ်။

ဒါကြောင့် ဒီ Course မှာ Practice → Feedback → Identify Weaknesses → Improve ဆိုတဲ့ learning process နဲ့ လေ့လာနိုင်မှာဖြစ်ပါတယ်။

🎯 WORK TOWARDS A BETTER BAND SCORE

IELTS Band Score တိုးတက်လာစေဖို့—

✔️ Weak Areas Identification
ကိုယ့်ရဲ့ အားနည်းတဲ့ Skill နဲ့ မတတ်သေးတဲ့ Question Types တွေကို ရှာဖွေသတ်မှတ်ခြင်း

✔️ Detailed Feedback
Writing & Speaking အပါအဝင် Practice တွေကို အသေးစိတ် Feedback ရယူပြီး ဘယ်နေရာတွေ ပြင်ဆင်ရမလဲ သိရှိခြင်း

✔️ Targeted Improvement
ကိုယ့်ရဲ့ Weak Areas တွေကို အထူးအာရုံစိုက်ပြီး လေ့ကျင့်ခြင်း

✔️ Exam-Focused Practice
IELTS Question Types နဲ့ Exam Tasks တွေကို စာမေးပွဲပုံစံအတိုင်း လေ့ကျင့်ခြင်း

✔️ Mock Examination
ကိုယ့်ရဲ့ လက်ရှိ Exam Readiness ကို စမ်းသပ်ပြီး နောက်ထပ်တိုးတက်ဖို့ လိုအပ်တဲ့နေရာတွေကို သိရှိခြင်း

👥 SMALLER CLASS SIZE

လူနည်းနည်းနဲ့ ပိုမိုအာရုံစိုက်သင်ကြားပေးခြင်း

Class size ကို သေးငယ်စွာထားရှိပေးတာကြောင့် Teacher နဲ့ Student interaction ပိုမိုရရှိပြီး မေးခွန်းမေးခြင်း၊ Practice ပြုလုပ်ခြင်းနဲ့ Feedback ရယူခြင်းတွေမှာ ပိုမိုအာရုံစိုက်နိုင်မှာဖြစ်ပါတယ်။

🔥 5 WEEKS OF FOCUSED IMPROVEMENT

Starting Date: 18 June 2026
Duration: 5 Weeks
Class: Friday, Saturday & Sunday
Format: Live Online Class

IELTS ကို အချိန်တိုအတွင်း ပိုမိုစနစ်တကျ၊ ပိုမိုအာရုံစိုက်ပြီး ကိုယ့်ရဲ့ Weak Areas တွေကို ပြုပြင်ချင်တယ်ဆိုရင် IELTS Intensive Course ကို စတင်လိုက်ပါ။

📩 ClassMM ကို Message ပို့ပြီး သင့် IELTS Goal နဲ့ လက်ရှိ Level အကြောင်း မေးမြန်းနိုင်ပါတယ်။

08/09/2026

IELTS Band Score တိုးတက်ချင်ပေမယ့် ဘယ်နေရာကစပြီး ပြင်ဆင်ရမလဲ မသိသေးဘူးလား?

Student တစ်ယောက်နဲ့တစ်ယောက်ရဲ့ လက်ရှိ Level၊ Target Band Score နဲ့ အားနည်းတဲ့ Skill တွေ မတူကြပါဘူး။

ဒါကြောင့် ClassMM ရဲ့ IELTS One-to-One Coaching မှာ လူတိုင်းအတွက် တစ်ပုံစံတည်းသင်ပေးတာမဟုတ်ဘဲ သင့်ရဲ့ လိုအပ်ချက်နဲ့ ရည်မှန်းချက်အပေါ်မူတည်ပြီး Personalised Learning Plan တစ်ခုကို တည်ဆောက်ပေးပါတယ်။

💡 What makes it different?

🎯 PERSONALISED LEARNING PLAN
သင့်ရဲ့ လက်ရှိ Level နဲ့ Target Band Score အပေါ်မူတည်ပြီး ကိုယ်ပိုင်လေ့လာမှုအစီအစဉ် ပြုလုပ်ပေးခြင်း

📈 FOCUS ON YOUR WEAK AREAS
အားနည်းနေတဲ့ Skill နဲ့ Question Types တွေကို ရှာဖွေပြီး တိုးတက်အောင် အထူးအာရုံစိုက်လေ့ကျင့်ခြင်း

✍️ DETAILED FEEDBACK
Writing & Speaking Practice တွေမှာ ဘာတွေကောင်းလဲ၊ ဘာတွေလိုအပ်လဲ၊ ဘယ်လိုပြင်ဆင်ရမလဲဆိုတာ အသေးစိတ် Feedback ရယူနိုင်ခြင်း

🗓️ FLEXIBLE SCHEDULE
Weekdays / Weekends — ကိုယ့်အချိန်ဇယားနဲ့ အဆင်ပြေမယ့်အချိန်ကို ညှိနှိုင်းနိုင်ခြင်း

👩‍🏫 LEARN WITH TR. JASMINE

Bachelor of Business — University of Newcastle, Australia
TEFL Certification — OISE, University of Toronto, Canada

သင်ယူရမယ့်အရာတွေကိုသာ ပြောပြပေးတာမဟုတ်ဘဲ သင့်ရဲ့ လက်ရှိအခြေအနေကို နားလည်ပြီး ဘယ်နေရာကို ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာ တစ်ဆင့်ချင်း လမ်းညွှန်ပေးမယ့် Personal Coaching ဖြစ်ပါတယ်။
Your goal is personal. Your preparation should be too.

IELTS ကို ကိုယ့်ရဲ့ Weak Areas တွေကို တိတိကျကျပြင်ဆင်ပြီး Target Band Score ဆီ ပိုမိုထိရောက်တဲ့လမ်းကြောင်းနဲ့ သွားချင်တယ်ဆိုရင် One-to-One Coaching ကို ရွေးချယ်နိုင်ပါတယ်။

📩 ကိုယ့်ရဲ့ IELTS Goal နဲ့ လက်ရှိ Level ကို ClassMM ကို Message ပို့ပြီး ပြောပြပါ။
ကိုယ့်အတွက် သင့်တော်မယ့် Coaching Plan ကို ဆွေးနွေးပေးပါမယ်။

ClassMM Learning Hub
More Than English. A Brighter Tomorrow.

05/09/2026

Grammar နဲ့ Vocabulary ကောင်းကောင်းသုံးနိုင်ရုံနဲ့ IELTS Writing Band Score မြင့်မယ်လို့ မဆိုနိုင်ပါဘူး။

Why?

Because IELTS Writing isn't only about using “big” words or complicated grammar.

IELTS Writing မှာ အရေးကြီးတဲ့အရာတစ်ခုကတော့ ကိုယ်ပေးထားတဲ့ Idea ကို ရှင်းရှင်းလင်းလင်းနဲ့ ပြည့်ပြည့်စုံစုံ develop လုပ်နိုင်ခြင်း ဖြစ်ပါတယ်။ 💡

❌ A common mistake

Many students write an idea and immediately move on to their next point.

ဥပမာ —

“Studying abroad is beneficial because students can improve their English.”

အကြောင်းအရာက မှန်ပါတယ်။ ဒါပေမယ့် Idea က အရမ်း basic ဖြစ်ပြီး explanation မလုံလောက်သေးပါဘူး။

Instead, ask yourself:

👉 WHY? — ဘာကြောင့်လဲ?
👉 SO WHAT? — ဒါကြောင့် ဘာအကျိုးရလဒ် ရလာလဲ?
👉 CAN I GIVE AN EXAMPLE? — တိကျတဲ့ ဥပမာတစ်ခု ပေးလို့ရလား?

💡 Use this simple structure:

IDEA → WHY → RESULT → EXAMPLE

ဒီ structure လေးကို အသုံးပြုပြီး Idea တစ်ခုကို ပိုပြီး develop လုပ်ကြည့်ပါ။

IDEA:
Studying abroad can improve students' English communication skills.

WHY?
They communicate with local people every day.

RESULT:
This gives them regular opportunities to practise English naturally.

EXAMPLE:
For example, students may need to use English when attending lectures, working part-time or interacting with local communities.

See the difference? 👀

ပထမစာကြောင်းတစ်ကြောင်းတည်းနဲ့ ရပ်လိုက်တာထက် Why → Result → Example ထည့်ပြီး ရှင်းပြလိုက်တဲ့အခါ Idea က ပိုပြီး clear, logical and well-developed ဖြစ်လာပါတယ်။

🎯 Remember:

❌ Don't just try to write MORE.
❌ Vocabulary အခက်ကြီးတွေကို အတင်းထည့်မရေးပါနဲ့။
❌ Idea တွေ အများကြီးထည့်ပြီး explanation မပေးဘဲ မထားပါနဲ့။

Instead:

✅ Make your ideas clearer.
✅ Explain your ideas deeper.
✅ Connect your ideas logically.
✅ Support your points with relevant examples.

Idea ရှိရုံနဲ့ မလုံလောက်ပါဘူး။ Idea ကို develop လုပ်တတ်ဖို့ လိုပါတယ်။

နောက်တစ်ခါ IELTS Writing Task 2 ရေးတဲ့အခါ —

“What is my idea?” လို့ပဲ မမေးဘဲ
“WHY?” → “SO WHAT?” → “CAN I GIVE AN EXAMPLE?”
လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ 💡

ဒီလိုစဉ်းစားတဲ့ habit လေးက ပိုပြီးပြည့်စုံပြီး logical ဖြစ်တဲ့ paragraph တွေ ရေးနိုင်အောင် ကူညီပေးပါလိမ့်မယ်။

Photos from Classmm's post 31/08/2026

September IELTS Course Launch!

IELTS ဖြေဖို့ စီစဉ်နေပြီလား?
ဘယ် Course ကိုရွေးရမလဲ၊ ဘယ်လောက်အချိန်ယူပြီး ပြင်ဆင်သင့်လဲ၊ ကိုယ့်ရဲ့ Learning Style နဲ့ ဘယ် Course က ပိုသင့်တော်လဲ မသေချာသေးဘူးလား?

classmm Learning Hub မှာ ကိုယ်ရည်ရွယ်ထားတဲ့ IELTS Goal, ပြင်ဆင်ဖို့အချိန်နဲ့ လေ့လာသင်ယူချင်တဲ့ပုံစံ အလိုက် ရွေးချယ်နိုင်မယ့် IELTS Preparation Pathway ၃ မျိုးရှိပါတယ်။

📘 IELTS Preparation Course — 8 Weeks
IELTS Skills တွေကို အဆင့်ဆင့် စနစ်တကျ တည်ဆောက်ချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။
IELTS 4 Skills အားလုံးကို လေ့ကျင့်ပေးပြီး Structured Lessons, Writing & Speaking Feedback, Mock Tests နဲ့ AI-supported Practice တွေ ပါဝင်ပါတယ်။

🚀 IELTS Intensive Course — 5 Weeks
အချိန်တိုအတွင်း အာရုံစိုက်ပြီး Intensive Preparation လုပ်ချင်တဲ့သူတွေအတွက် ဖြစ်ပါတယ်။
4-Skill Training, Regular Feedback, Mock Examinations, Personal Improvement Plan နဲ့ AI IELTS Practice တွေ ပါဝင်ပါတယ်။

👩‍🏫 IELTS Personal Coaching — 1:1
တစ်ဦးချင်းအလိုက် သီးသန့်လမ်းညွှန်မှုနဲ့ ကိုယ့်အတွက်ကိုယ် Personalised Preparation လိုချင်သူတွေအတွက် ဖြစ်ပါတယ်။
Personal Study Plan, Individual Feedback, Speaking & Writing Assessment နဲ့ Progress Tracking တွေကို Tr. Jasmine နဲ့အတူ လုပ်ဆောင်နိုင်ပါတယ်။

📅 Course အားလုံးကို 18th September မှာ စတင်ပါမယ်။

စနစ်တကျ ပြင်ဆင်ချင်တာလား၊ အချိန်တိုအတွင်း Intensive လုပ်ချင်တာလား၊ ဒါမှမဟုတ် ကိုယ့်အတွက်ကိုယ် 1:1 Coaching လိုချင်တာလား — ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ IELTS Preparation Pathway ကိုရွေးချယ်ရုံပါပဲ.....

💬 ဘယ် Course က ကိုယ့်အတွက် အသင့်တော်ဆုံးလဲ မသေချာသေးရင် classmm ကိုသာ Message ပို့လိုက်ပါ။
သင့် IELTS Goal နဲ့ အကိုက်ညီဆုံး Preparation Path ကို ရွေးချယ်နိုင်အောင် ကူညီပေးဖို့အဆင်သင့်ပါပဲဗျာ!!

Learn. Practise. Improve.

23/08/2026

10-SECOND ENGLISH CHALLENGE!

“S” နဲ့စတဲ့ English စကားလုံး ၅ လုံး
၁၀ စက္ကန့်အတွင်း စဉ်းစားကြည့်ပါ!

⏱️ READY? GO!

1. ________
2. ________
3. ________
4. ________
5. ________

⭐ BONUS CHALLENGE
“S” နဲ့စတဲ့ စကားလုံး ၃ လုံး
ထပ်စဉ်းစားနိုင်လား?

💬 Comment မှာ အဖြေတွေ ရေးခဲ့ပေးပါဦး!

သူငယ်ချင်းတွေကိုလည်း Challenge လုပ်ကြည့်ဖို့ Share လိုက်ကြရအောင်! 😆
ClassMM နဲ့အတူ English ကို စာအုပ်ထဲမှာပဲ မလေ့လာဘဲ နေ့စဉ်ဘဝမှာ အသုံးချနိုင်အောင် လေ့ကျင့်ကြမယ်။ 💙

22/08/2026

IELTS Writing: Examiner က ဘာတွေကို အဓိကကြည့်သလဲ? 🎯

IELTS Writing ရဲ့ score ကို Band 0–9 အထိ သတ်မှတ်ပေးပြီး အဓိက Assessment Criteria ၄ ခု ပေါ်မှာ အခြေခံပြီး အမှတ်ပေးပါတယ်။

1. 🎯 Task Achievement / Task Response
မေးခွန်းကို ပြည့်ပြည့်စုံစုံ ဖြေထားနိုင်လား?

Task 1 မှာ အဓိကအချက်တွေကို ရွေးချယ်ဖော်ပြပြီး ကောင်းမွန်စွာ ဖွဲ့စည်းထားတဲ့ report တစ်ခုရေးနိုင်ရပါမယ်။ ထို့အပြင် overall trend / overview ကိုလည်း ရှင်းလင်းစွာ ဖော်ပြသင့်ပါတယ်။

Task 2 မှာတော့ မေးခွန်းရဲ့ အပိုင်းအားလုံးကို ဖြေဆိုရပါမယ်။ ကိုယ့်ရဲ့ position/opinion ကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီး သက်ဆိုင်ရာ explanation နဲ့ example တွေကို အသုံးပြုပြီး idea တွေကို support ပေးရပါမယ်။

2. 🔗 Coherence & Cohesion
ကိုယ့်ရဲ့ idea တွေကို ဖတ်တဲ့သူက လွယ်လွယ်ကူကူ လိုက်နိုင်ပါသလား?
ကောင်းမွန်တဲ့ Writing တစ်ခုမှာ—
* Paragraph တွေကို ရှင်းလင်းစွာ ဖွဲ့စည်းထားရမယ်
* Idea တွေကို logical order နဲ့ တင်ပြရမယ်
* Idea တစ်ခုနဲ့တစ်ခုကို သဘာဝကျကျ ချိတ်ဆက်ရမယ်
* Linking words တွေကို သင့်တော်စွာ အသုံးပြုရမယ်
👉 Firstly, Secondly, Moreover စတဲ့ linking words တွေကို အလွတ်ကျက်ပြီး နေရာတိုင်းမှာ ထည့်ရေးရုံနဲ့ မလုံလောက်ပါဘူး။ Idea တွေရဲ့ logical connection က ပိုအရေးကြီးပါတယ်။

3. 📚 Lexical Resource
Vocabulary ကို ဘယ်လောက်ထိ ထိရောက်စွာ အသုံးပြုနိုင်သလဲ?
Band မြင့်ဖို့အတွက်—
* Vocabulary အမျိုးမျိုးကို အသုံးပြုနိုင်ရမယ်
* Word choice မှန်ကန်ရမယ်
* Topic နဲ့ သင့်တော်တဲ့ vocabulary တွေ သုံးရမယ်
* တူညီတဲ့စကားလုံးတွေကို ထပ်ခါထပ်ခါ မသုံးသင့်ပါဘူး
⚠️ ခက်ခဲတဲ့ vocabulary တွေကို အထင်ကြီးအောင် ရေးဖို့ မလိုပါဘူး။
မှန်ကန်ပြီး သဘာဝကျတဲ့ vocabulary ကို အသုံးပြုနိုင်တာက မသေချာတဲ့ advanced words တွေကို မှားယွင်းစွာသုံးတာထက် ပိုကောင်းပါတယ်။

4. ✍️ Grammatical Range & Accuracy
Grammar ကို အမျိုးမျိုးနဲ့ မှန်မှန်ကန်ကန် အသုံးပြုနိုင်ပါသလား?
အောက်ပါ sentence structures တွေကို ပေါင်းစပ်အသုံးပြုဖို့ ကြိုးစားပါ—
* Simple sentences
* Compound sentences
* Complex sentences
ဒါပေမယ့် မှတ်ထားရမှာက—
Variety + Accuracy = Better Grammar Score
Grammar ခက်ခက်တွေကို သုံးပေမယ့် အမှားများနေမယ်ဆိုရင် Band မြင့်လာမှာ မဟုတ်ပါဘူး။

⏱️ Writing Test မှာ အချိန်ကို စနစ်တကျ ခွဲသုံးပါ
Task 1: 20 minutes → 150+ words�Task 2: 40 minutes → 250+ words
စာမေးပွဲဖြေတဲ့အချိန်မှာ—
✅ Question ကို သေချာဖတ်ပါ�✅ ဘာကို ဖြေရမလဲ အရင်သတ်မှတ်ပါ�✅ Question ထဲက sentence ကို တိုက်ရိုက်မကူးဘဲ paraphrase လုပ်ပါ�✅ Paragraph တွေကို ရှင်းလင်းစွာ ရေးပါ�✅ နောက်ဆုံးမှာ ကိုယ့်ရဲ့အမှားတွေကို ပြန်စစ်ဖို့ အချိန်ချန်ထားပါ

🧠 IELTS Writing ရဲ့ 3-Step Method ကိုအမြဲလက်ကိုင်ကျင့်သုံးဖို့လိုပါတယ်_

PLAN → WRITE → REVISE

PLAN → Idea တွေ၊ paragraph structure တွေကို အရင်စီစဉ်ပါ။
WRITE → Idea တွေကို ရှင်းလင်းစွာ ဖွံ့ဖြိုးပြီး ရေးပါ။
REVISE → Grammar, spelling နဲ့ word choice တွေကို ပြန်စစ်ပါ။

⭐ Higher Band ရဖို့ အဓိက ၄ ချက် ကိုသေချာပိုင်နိုင်ဖို့လိုပါတယ်_
➕ Answer the question�➕ Organise your ideas�➕ Use vocabulary effectively�➕ Control your grammar

👉 မေးခွန်းကို မှန်မှန်ကန်ကန် ဖြေပါ။ Idea တွေကို စနစ်တကျ ဖွဲ့စည်းပါ။ Vocabulary ကို ထိရောက်စွာသုံးပါ။ Grammar ကို မှန်ကန်စွာ ထိန်းချုပ်အသုံးပြုပါ။

Adapted from Barron's Writing for the IELTS.

Photos from Classmm's post 09/08/2026

Big things are happening at ClassMM! 🎉

English ကနေ စတင်ခဲ့တဲ့ ClassMM ဟာ ဒီနေ့မှာတော့ သင့်ရဲ့ Education Journey အတွက် ပိုမိုကျယ်ပြန့်တဲ့ အခွင့်အလမ်းတွေကို ယူဆောင်လာပါပြီ။ 💙

သင်ယူချင်တာပဲဖြစ်ဖြစ်၊ Career တိုးတက်ချင်တာပဲဖြစ်ဖြစ်၊ နိုင်ငံခြားမှာ ပညာသင်ဖို့ အိပ်မက်ရှိတာပဲဖြစ်ဖြစ် —
သင့်အနာဂတ်အတွက် လိုအပ်တဲ့အရာတွေကို တစ်နေရာတည်းမှာ ရှာတွေ့နိုင်ဖို့ ClassMM က ပိုပြီးကျယ်ပြန့်လာပါပြီ။

💙 ClassMM English
English skills နဲ့ IELTS ကနေ သင့်ရဲ့ ပညာရေးနဲ့ Career Goals တွေအထိ။

💜 ClassMM Digital
Digital Marketing နဲ့ Digital Skills တွေကနေ Career & Business အခွင့်အလမ်းတွေအထိ။

💚 ClassMM Global
နိုင်ငံခြားပညာရေး၊ University ရွေးချယ်မှု၊ Application နဲ့ Study Abroad Journey အတွက် လမ်းညွှန်ပေးဖို့။

One trusted learning hub.
More ways to learn. More opportunities to grow.

✨ One Future. Endless Possibilities.

ClassMM ရဲ့ အခန်းသစ်မှာ ဘာတွေရှိလာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးပါ။ 👀

15/06/2026

📚 IELTS Vocabulary Tip

IELTS Writing နှင့် Speaking အမှတ်များ ပိုမိုတိုးတက်ချင်ပါသလား?

ကျောင်းသားအများစု ပြုလုပ်တတ်သော အမှားတစ်ခုမှာ "very" ကို မကြာခဏ အသုံးပြုလွန်းခြင်း ဖြစ်ပါတယ် …

ဥပမာ -

❌ Very happy
✅ Delighted (အလွန်ပျော်ရွှင်သော)

❌ Very tired
✅ Exhausted (အလွန်ပင်ပန်းနွမ်းနယ်သော)

❌ Very important
✅ Crucial (အလွန်အရေးကြီးသော)

❌ Very big
✅ Enormous (အလွန်ကြီးမားသော)

ပိုမိုကောင်းမွန်ပြီး တိကျသော Vocabulary များကို အသုံးပြုခြင်းဖြင့် IELTS စာမေးပွဲတွင် အရေးကြီးသော Vocabulary Range ကို ပိုမိုကောင်းမွန်စွာ ပြသနိုင်မှာပါ။

🎯 Today's Tips:

IELTS မှာ အခက်ခဲဆုံး စကားလုံးတွေ သုံးဖို့ မလိုပါဘူး။

✅ သင့်တော်မှန်ကန်တဲ့ စကားလုံးကို အသုံးပြုနိုင်ဖို့က ပိုအရေးကြီးပါတယ်။

💡 Today's Challenge

အောက်ပါ စကားလုံး (၁) လုံးကို အသုံးပြုပြီး ဝါကျတစ်ကြောင်း ရေးကြည့်ပါ။

✅ Delighted
✅ Exhausted
✅ Crucial
✅ Enormous

👇 Comment မှာ ရေးပေးခဲ့ပါ။

🚀 Vocabulary ကို အနည်းငယ်တိုးတက်စေခြင်းက IELTS Score ကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါတယ်။

IELTS Tips & Strategies များကို ဆက်လက်လေ့လာနိုင်ရန် ClassMM Learning Hub ကို Follow လုပ်ထားဖို့ မမေ့ပါနဲ့။

11/06/2026

📖 IELTS Reading Tip: Don't Read Every Word!

IELTS Reading ဖြေဆိုရာမှာ အချိန်မလုံလောက်ခြင်းက ကျောင်းသားများအတွက် အဓိကပြဿနာဖြစ်
တတ်ပါတယ်။ အကြောင်းရင်းအများစုကတော့ စပိုဒ်တိုင်း စာကြောင်းတိုင်းကို အသေးစိတ်နားလည်အောင်ဖတ်ရင်းနဲ့ အချိန်မမှီရခြင်းပါပဲ။

The truth is...

❌ IELTS Reading is NOT a comprehension exam.

✅ It's a time-management exam.

စာကြောင်းတိုင်းကို အသေးစိတ်ဖတ်ခြင်းမဟုတ်ပဲ အောက်ပါ ဖတ်နည်းများနဲ့ သေချာဖတ်ပြီး အဖြေကိုရှာနိုင်အောင်ကြိုးစားကြည့်ပါ

🔹 SKIM
စာပိုဒ်၏ အဓိကအကြောင်းအရာကို အမြန်နားလည်အောင် ဖတ်ရှုပါ။

🔹 SCAN
Keywords များကို ရှာဖွေ၍ လိုအပ်သော အချက်အလက်များကို ဖော်ထုတ်ပါ။

🔹 ANSWER
အဖြေကို လျင်မြန်စွာ ရှာပြီး နောက်မေးခွန်းသို့ ဆက်သွားပါ။

💡 Top IELTS candidates don't read more.
They read smarter.

Reading Band အမှတ်ကောင်းရဖို့ နောက်ပိုင်းလေ့ကျင့်တဲ့အခါ ဒီနည်းလမ်းလေးတွေသုံးပြီး လေ့ကျင့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် …

👇 Comment below:
What's your biggest challenge in IELTS Reading?

03/01/2026

🎯 IELTS Preparation Course (All 4 Skills)
Are you planning to take the IELTS exam in the next two months or more?
လာမည့် ၂ လ သို့မဟုတ် ထို့ထက်ပိုသောအချိန်အတွင်း IELTS စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်နေပါသလား?

This IELTS Preparation Course is designed for learners who want to improve their performance and aim for a higher band score!

IELTS အကြောင်း အခြေခံအဆင့် သိရှိထားပြီးသားဖြစ်ပေမယ့် မှန်ကန်တဲ့ လေ့ကျင့်မှုစနစ်နဲ့ ဆရာရဲ့ လမ်းညွှန်ချက်တွေကို လိုအပ်နေပါသလား?

ဒီ IELTS Preparation Course သည် စာမေးပွဲကိုသာ ဖြေဆိုရန်မက၊ Band Score ကို ပိုမိုမြင့်တင်လိုသူများအတွက် အထူးသင်ကြားဒီဇိုင်းပြုလုပ်ထားတဲ့ သင်တန်းပါ။

✅ Who is this course for?
ဒီသင်တန်းကို ဘယ်သူတွေတက်သင့်လဲ?

✔ ၂ လ သို့မဟုတ် ထို့ထက်ပိုသောအချိန် အတွင်း IELTS ပြင်ဆင်နေသူများ
✔ စနစ်တကျ လေ့ကျင့်ချင်သူများ
✔ အတန်းထဲမှာ ဆရာနဲ့အတူ လေ့ကျင့်ချင်သူများ
✔ IELTS Band Score ပိုမိုမြင့်တင်လိုသူများ
✔ IELTS အခြေခံအဆင့် သိရှိပြီးသားသူများ (Beginner မဟုတ်သူများ)

📘 What you will learn
သင်တန်းတွင် ဘာတွေသင်ယူရမလဲ?

This course covers ALL 4 IELTS skills.
IELTS Skill လေးမျိုးလုံးကို အပြည့်အစုံ သင်ကြားပေးပါသည်။

🟦 Listening

Question types နားလည်ခြင်း

အဖြေခန့်မှန်းနည်းနှင့် trap များကို ရှောင်ရှားနည်း

🟦 Reading

Skimming & Scanning strategies

Paraphrasing နှင့် အဖြေရှာနည်းများ

🟦 Writing

Task 1 & Task 2 structure များ

Idea development၊ vocabulary နှင့် grammar တိုးတက်အောင်လုပ်နည်း

🟦 Speaking

Fluency နှင့် confidence တိုးတက်အောင်လုပ်ခြင်း

Exam-style speaking practice + feedback

🧠 Why choose this course?
ဒီသင်တန်းကို ဘာကြောင့် ရွေးချယ်သင့်လဲ?

✨ ရှင်းလင်းပြီး အကျိုးရှိသော လေ့ကျင့်မှုစနစ်
✨ အတန်းတိုင်းတွင် ဆရာ၏ ညွှန်ကြားမှုဖြင့် လေ့ကျင့်ခြင်း
✨ စာမေးပွဲအတွက် တကယ့်ကို အထောက်အကူဖြစ်စေသော သင်ကြားမှု
✨ ဖြေပြီးအောင်မက၊ အမှတ်မြင့်ဖို့ အထူးရည်ရွယ်ထားသော သင်တန်း

🚀 Your IELTS score can improve — with the right system and practice.
မှန်ကန်တဲ့ စနစ်နဲ့ လေ့ကျင့်မယ်ဆိုရင် IELTS အမှတ်တိုးတက်နိုင်ပါတယ်။

📩 Enroll now and start preparing the smart way.

Category

Telephone

Address


Yangon

Alerts

Be the first to know and let us send you an email when Classmm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.