Maple JLS

Maple JLS

Share

Japanese Language Classes

Photos from Myanmar Association of Japan Alumni (MAJA)'s post 12/02/2023

JLPT ဖြေဆိုလိုသူများ အတွက်ပါ💪

Photos from Maple JLS's post 10/02/2023

🎆Comiket အကြောင်း တစ်စေ့တစ်စောင်း🎆...........................................................................
🎆Comic Market သို့မဟုတ် Comiket ဟာ Manga၊ Anime၊ ဗီဒီယိုဂိမ်းများနဲ့ pop သီချင်းတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်များအတွက် ဂျပန်နိုင်ငံရဲ့ အကြီးဆုံးပွဲပဲဖြစ်ပါတယ်။ ဒီ post လေးမှာ comiket ဟာ ဘယ်လိုပွဲလဲ ဘယ်လိုကျင်းပလဲ ဘာတွေလဲဆိုတာကို ပြောပြပေးထားတာဖြစ်တဲ့အတွက် သင်ဟာ anime manga ကြိုက်တဲ့သူဆိုရင်တော့ သိထားသင့်တယ်လို့ ပြောလို့ရပါတယ်။ အောက်မှာ ပုံလေးတွေပါ တင်ပေးထားပါတယ်နော်❤

🇯🇵 ဒီလိုcomiket ပွဲတော်ကြီးကို နွေရာသီနှင့်ဆောင်းရာသီတိုင်းမှာ ကျင်းပပြီးတော့ ထောင်နှင့်ချီတဲ့ လူကြီးလူငယ်မရွေး သွားကြပြီး ပွဲအတွက်နာရီများစွာကြိုတင်တန်းစီနေသူများနဲ့ အလွန်စည်ကားတဲ့ ပွဲဖြစ်ပါတယ်။ လူတန်းရှည်ကြီးတွေနဲ့ လူစုလူဝေးများကြောင့် comiket အကြောင်း မသိဘူးဆိုရင်တော့ ဘာလို့ လူတွေ အဲ့လောက်များနေရလဲဆိုတာ စဥ်းစားရခက်သွားမှာပါ။🤔

🎇ဘာလို့ အဲ့လောက် စည်ကားတဲ့ ပွဲကြီးဖြစ်နေရလဲဆိုတော့ Comiket ဟာ manga နှင့် anime အပြင် doujinshi (ကိုယ်တိုင်ထုတ်ဝေသောလက်ရာများ) လို့ ခေါ်တဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်ကောင်တွေ ရုပ်ပုံတွေ ကို တစ်ယောက်ချင်းစီ အဖွဲလိုက်စီ အသီးသီးရောင်းချကြတဲ့ စျေးကွက်နှင့်တူသော ကြီးမားသောပွဲကြီးပဲ ဖြစ်ပါတယ်။🙌

🎌ဒီ comiket ကို တစ်နှစ်ကို နှစ်ကြိမ်ကျင်းပပါတယ်။ "NatsuComi" ဟုလူသိများတဲ့နွေရာသီအရောင်းပွဲဟာသြဂုတ်လတွင်ဖြစ်ပြီး၊ ဆောင်းရာသီအရောင်းပွဲ "FuyuComi" ဟာ နှစ်ကုန်တွင်ဖြစ်ပါတယ်။ ကျင်းပတဲ့ ရာသီတိုင်းအတွက် ပွဲတော်ရက်ဟာ လေးရက်ကြာမြင့်ပါတယ်။ အရောင်းပွဲနှစ်ခုလုံးကို Odaiba အနီးရှိ နိုင်ငံတကာ ပြပွဲစင်တာတစ်ခုဖြစ်တဲ့ Tokyo Big Sight တွင် ကျင်းပပါတယ်။

🤝ပွဲအတွင်းမှာ anime နဲ့ game ထုတ်လုပ်သူတွေ ကုန်ပစ္စည်းထုတ်လုပ်သူတွေဟာ ကိုယ်ပိုင်ဖန်တီးထားတဲ့ လက်ရာအမျိုးမျိုးကို ပြသပြီး ကုန်ပစ္စည်းများကို ရောင်းချကြပါတယ်။ Anime တွေ game တွေထုတ်လုပ်တဲ့ production studio လက်အောက်ကနေမဟုတ်ပဲ freelance သဘော "doujinshi" လို့ခေါ်တဲ့ ကိုယ်ပိုင်လက်ရာဝါသနာရှင်စာအုပ်တွေ (တစ်သီးပုဂ္ဂလ သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်) အတွက် ဖန်တီးထားတဲ့လက်ရာများနဲ့ ရောင်းကုန်များကို ပြသဖို့အတွက် နေရာလည်း ရှိပါတယ်။

💃စျေးရောင်းပွဲအပြင်ကို Comiket ဟာ လူအများအပြားလာရောက်ကြည့်ရှုတဲ့ (cosplay) အတွက်လည်း လူသိများပါတယ်။ ပွဲတော်ကို လာကြတဲ့ Cosplayers များဟာ ပွဲအတွက် သေချာပြင်ဆင်လာကြပြီး ဓာတ်ပုံဆရာတွေနဲ့ အကျအန ဓာတ်ပုံရိုက်ကြပါတယ်။ တစ်ချို့သော သူများကတော့ တစ်ခုထက်ပိုတဲ့ cosplay တွေကို လုပ်ကြတဲ့အတွက်ကြောင့် ခန်းမထဲမှာ အဝတ်လဲခန်းများပါ ထားပေးထားပါတယ်။ ဒါပေမဲ့ အလကားတော့ မဟုတ်ပါဘူး။ cosplay ခွင့်နဲ့ အဝတ်လဲခန်း အသုံးပြုဖို့အတွက်ကိုတော့ Yen 1000 ပေးရပါတယ်။

💸Comiket ဟာလည်းပဲ တစ်ချိန်က အခမဲ့ဖြစ်ခဲ့ပေမဲ့ 2019 နွေရာသီမှစတင်ပြီး ဝင်ခွင့်ကြေးကို စတင်ကောက်ခံခဲ့ပါတယ်။ ပွဲတက်ရောက်သူများဟာ ကွင်းအတွင်းသို့ ဝင်ရောက်ရန်အတွက် လက်ပတ်တစ်ခုကို ဝယ်ယူရပါမယ်။ လက်ပတ်ရဲ့ စျေးနှုန်းအနေနဲ့ကတော့ တစ်ရက်စာအတွက် 500 Yen ဖြစ်ပြီး လေးရက်စာအတွက် 2000 Yen သာဖြစ်ပါတယ်။

🚃ဒါပေမယ့် လက်မှတ်ဝယ်ရလို့ မသွားကြတော့ဘူးတော့ မဟုတ်ပါဘူး။ ပွဲတော်စကျင်းပတဲ့ရက်ရောက်ရင်ကိုပဲ မနက် 4 နာရီလောက်သွားရင်တောင် လူအုပ်ထဲ တိုးလို့ရမှာ မဟုတ်ပါဘူး။ ညအိပ်စောင့်တဲ့သူတွေရှိတဲ့အထိကို စည်ကားတာကြောင့်ပါ။

📣ဘာလို့ အဲ့လိုညအိပ်စောင့်ရတဲ့ထိ ဖြစ်သလဲဆိုရင် တစ်ချို့ နာမည်ကြီး စာအုပ်တွေ ရုပ်ပုံတွေက ဆိုင်စဖွင့်ပြီး ၁ နာရီ အတွင်း ရောင်းကုန်သွားကြလို့ ဖြစ်ပါတယ်။ နေ့လည်လောက်မှ အေးဆေးဆေးဆေး သွားမယ်လို့ စဥ်းစားထားရင်တော့ ဆိုင်တွေ ကူသိမ်းပေးဖို့ပဲ ရှိပါတော့မယ်။ ဝယ်စရာ ကြည့်စရာ ဘာမှ ကျန်မှာ မဟုတ်တော့ပါဘူး။

🙌Comiket နေ့မှာ ဖွင့်ချိန် သို့မဟုတ် ပိတ်ချိန်ရောက်တဲ့အခါမှာတော့ ပွဲကျင်းပသည့်နေရာရှိလူတိုင်းဟာ လက်ခုပ်တီးပြီး ပွဲတော် အဖွင့်အပိတ်ကို အားပေးကြပါတယ်။

💪ဒါဆိုရင်တော့ comiket အကြောင်း တစ်စေ့တစ်စောင်းကို သိသွားပြီလို့ မျှော်လင့်ပါတယ်။ admin ကိုယ်တိုင်ကတော့ ဂျပန်ရောက်ရင် comiket က သွားဖြစ်အောင် သွားမယ့်နေရာထဲမှာ ပါပါတယ်။ ဒီ post ကို ဖတ်နေတဲ့သူလည်း japan ရောက်ရင် comiket ကို တစ်ခေါက်လောက်ရောက်ဖူးအောင် သွားကြည့်ပါ လို့ အားပေးချင်ပါတယ်။💪

Photos from Maple JLS's post 04/02/2023

အားလုံးပဲ Happy Pre-Valentine ပါ။❤

🍫Valentine ‘s Day နီးလာပြီဆိုတဲ့ အတွက်ကြောင့် အားလုံးကိုယ်စီမှာ date plan လေးတွေ စီစဥ်နေကြပြီထင်ပါတယ်။ single ဆိုလည်း single အလျှောက် relationship ဆိုလည်း relationship အလျောက် မိမိကိုယ်ကို ချစ်ခြင်း၊ တစ်ပါးသူကို ချစ်ခြင်းကို ဖော်ပြနိုင်တဲ့နေ့မို့လို့ မေ့လျော့နေကြမယ်လို့တော့ မထင်ပါဘူး။

💏Valentine's Day ဟာ မိမိအတွက် တန်ဖိုးထားရတဲ့ လူတစ်ဦးတစ်‌ယောက်အတွက် မိမိရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့နေ့လို့ လူသိများပါတယ်။ နှစ်တိုင်းနှစ်တိုင်း ဖေဖော်ဝါရီ ၁၄ ရက်နီးလာတဲ့အခါမှာတော့ ကမ္ဘာတစ်ဝှမ်းက အမျိုးသားတွေကတော့ မိမိချစ်ခင်ရတဲ့သူအတွက် လက်ဆောင်တစ်ခုခု သို့မဟုတ် ချိန်းတွေ့ လျှောက်လည်တာတွေအတွက် စီစဥ်တတ်ကြပါတယ်။

🇯🇵ဒါပေမဲ့ ဂျပန်နိုင်ငံမှာတော့ Valentine's Day ဟာ အနည်းငယ်ကွဲပြားပါတယ်။ အနောက်နိုင်ငံကဆင်းသက်လာတဲ့ ပွဲတစ်ခုဖြစ်နေပေမဲ့လည်း ဂျပန်နိုင်ငံရဲ့ကိုယ်ပိုင် Valentine's Day ဓလေ့နှင့် ထုံးစံတွေ ရှိပါတယ်။

👩ပထမဦးစွာဆိုရင်တော့ လက်ဆောင်ပေးတဲ့သူနဲ့ ပေးခံရတဲ့သူဟာ ပြောင်းပြန်ဖြစ်နေပြီး အမျိုးသမီးဘက်ကနေ စတင်ပြီး လက်ဆောင်ပေးရတဲ့ အလေ့အထဖြစ်နေတာပါ။

Valentine’s day ပြီးဆုံးပြီး တစ်လတိတိအကြာ မတ်လ ၁၄ ရက်နေ့ White Day လို့ ဂျပန်နိုင်ငံမှာ လူသိများသောနေ့ရောက်မှ Valentine’s day တုန်းက လက်ဆောင်တွေပေးခဲ့တဲ့ အမျိုးသမီးများကို အမျိုးသားများက လက်ဆောင်များပြန်လည်ပေးခြင်းနဲ့ မိမိရဲ့ တုံ့ပြန်ခံစားချက်ကို ပြန်လည်ဖော်ပြကြပါတယ်။

⛩Valentine's Day ဟာ 1950 ခုနှစ်များကနေစပြီး ဂျပန်နိုင်ငံတွင် နာမည်ကြီးလာခဲ့ပါတယ်။ အထူးသဖြင့် February လမှာ အသဲပုံသဏ္ဍာန်ချောကလက်များကို Valentine’s sale လို့ အနောက်နိုင်ငံများအတိုင်း စတင်ရောင်းချရာကနေ ဂျပန်နိုင်ငံမှာလဲ အနောက်နိုင်ငံက Valentine’s day အငွေ့အသက်တွေ ကူးစက်လာပြီး လက်ရှိ ယနေ့အချိန်ထိ valentine day ကို လူကြီး လူငယ်တွေ အကြား ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။

🍫ဂျပန်နိုင်ငံက Valentine’s day ရဲ့ အဓိကဖောက်သည်တွေကတော့ အမျိုးသမီးများဖြစ်ပြီး ဘဝမှာ ချစ်ခင်ရတဲ့ အမျိုးသားတွေ၊ ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေတွေ အတွက် လှပပြီး အရသာရှိတဲ့ ချောကလက်များကို ဝယ်ယူလေ့ရှိကြပါတယ်။

🍫ဂျပန်အမျိုးသမီးတွေရဲ့ Valentine's Day မှာပေးတဲ့ ချောကလက်အားလုံးဟာတော့ စတိုးဆိုင်က အသင့်လုပ် ချောကလက်ချည်းပဲတော့ မဟုတ်ပါဘူး။ ချစ်သူရည်းစားတွေနဲ့ တစ်ချို့သော အိမ်ရှင်မတွေကတော့ မိမိရဲ့ ချစ်သူ၊ခင်ပွန်းအတွက် မိမိကိုယ်တိုင် ရောစပ်ပြုလုပ်ထားတဲ့ အိမ်လုပ်၊လက်လုပ် ချောကလက်ကို ပေးကြပါတယ်။ စတိုးဆိုင်က အသင့်စား ချောကလက်တွေထက်စာရင် ချစ်သူ ဇနီးက မေတ္တာအပြည့်နဲ့ လုပ်ပေးထားတဲ့ ချောကလက်ကတော့ Valentine's Day အတွက် တုနှိုင်းမမှီတဲ့ လက်ဆောင်တစ်ခု ဖြစ်နေမှာပါပဲ။

👨‍👩‍👦‍👦ဂျပန်နိုင်ငံက Valentine's Day နဲ့ပက်သက်တဲ့ နောက်ထပ်သတိပြုရမည့်အချက်မှာ တော့ အမျိုးသမီးများဟာ အချစ်ရေးခံစားချက်ရှိတဲ့ အမျိုးသားများကိုသာ ချောကလက်ပေးရုံမဟုတ်ပဲ မိသားစုဝင်များနှင့် လုပ်ဖော်ကိုင်ဖက်များကိုလည်း ပေးခြင်းဖြစ်ပါတယ်။

🍫သို့ပေမဲ့ ချောကလက်အားလုံးကို တန်းတူလို့ မယူဆဘဲ ပေးတဲ့ ချောကလက်အမျိုးအစားဟာ ပေါင်းသင်းဆက်ဆံရေးအပေါ် မူတည်ပြီး အခေါ်အဝေါ် ကွဲပြားသွားပါတယ်။

👨‍👩‍👦‍👦"Giri Choco" - 義理チョコ
Giri Choco ကို အလုပ်ဖော်များ၊ မိသားစုဝင်များနဲ့ အသိမိတ်ဆွေများအတွက်ပေးတဲ့ ချောကလက်များဟု လူသိများပါတယ်။ ပုံမှန်အားဖြင့် ဒီချောကလက်အမျိုးအစားဟာ စျေးသက်သာပြီး ရိုမန်တစ်ဆန်တဲ့ ခံစားချက်ပါဝင်တယ်လို့ မယူဆပါဘူး။

❤"Honmei Choco" - 本命チョコ
Honmei choco ဟာ ချစ်သူ လက်တွဲဖော် သို့မဟုတ် အမျိုးသမီး တစ်ဦးရဲ့ အချစ်ရေး ခံစားချက် ရှိသူကို ပေးရန် ရည်ရွယ်ပါတယ်။ တစ်နည်းအားဖြင့် honmei Choco ဟာ အရည်အသွေးပိုမြင့်ပြီး ပိုပြီး လှပ ဆွဲဆောင်မှုရှိပြီး ဈေးနှုန်းလည်းပိုမြင့်တဲ့ honmei choco ကို အမျိုးသမီးအနေနဲ့ ရင်ထဲကခံစားချက်အစစ်အမှန်ကို ထုတ်ပြချင်တဲ့အခါမှာ ရွေးဝယ်လေ့ရှိပါတယ်။

👩Tomo Choco - 友チョコ
Valentine's Day မှာ ချောကလက် ပေးဖို့ ချစ်သူရည်းစားရှိနေမှ မဟုတ်ပါဘူး။ ဆိုတဲ့အတွက်ကြောင့် single ဖြစ်နေပေမဲ့လည်း သူငယ်ချင်းအချင်းချင်းကို ချောကလက်ပေးတာမျိုးကလည်း အမျိုးသမီးတွေအတွက် အရမ်းရေပန်းစားပါတယ်။ ဒါကို Tomo Choco လို့ ခေါ်ပါတယ်။

📆တစ်လတိတိအကြာ မတ်လ 14 ရက်နေ့ကို ဂျပန်နိုင်ငံက “White Day” လို့ ခေါ်တဲ့နေ့ကို ကျင်းပပါတယ်။ ထိုနေ့မှာတော့ Valentine's Day မှာ ချောကလက်လက်ခံခဲ့သူများဟာ ချောကလက်ပေးခဲ့တဲ့သူကို ခံစားချက်ကို ပြန်လည် တုံ့ပြန်ပေးတဲ့အနေနဲ့ လက်ဆောင်တစ်ခုခု ပြန်ပေးရပါတယ်။ အကယ်၍ မေ့လျော့ပြီး ပြန်မပေးခဲ့ရင်တော့ အဲ့အမျိုးသားကတော့ နောင်တရဖို့ ပြင်ထားပေတော့ပဲ။ မိမိရဲ့ ခံစားချက်ပေါ်မူတည်ပြီး လက်ဆောင် ပြန်ပေးခြင်း ဖြစ်တဲ့အတွက် အရှိအတိုင်း ခံစားချက်အတိုင်း ပြန်ပေးလိုက်ခြင်းသာ အကောင်းဆုံးပါပဲ။

❤အချစ်ကိုရူးသွပ်စွာချစ်မိသည်ဖြစ်စေ ခင်မင်ရင်းနှီးမှုခံစားချက်ကိုဖော်ပြလိုသည်ဖြစ်စေ၊ ရိုးရိုး ပေးချင်စိတ်ရှိလို့ ပေးသည်ဖြစ်စေ ဂျပန်နိုင်ငံရဲ့ Valentine’s day ကတော့ အားလုံးအတွက် မေတ္တာတွေ မျှဝေခံစားနိုင်တဲ့ နေ့တစ်နေ့ပါပဲ။❤

Photos from Maple JLS's post 29/01/2023
Photos from Maple JLS's post 28/01/2023

🇯🇵အားလုံးပဲ မင်္ဂလာပါ 🇯🇵

ဒီတစ်ခေါက်မှာတော့ January လအတွင်းမှာ နှစ်စဥ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိတဲ့ 成人の日 ( Seijin no hi အရွယ်ရောက်သူများနေ့ ) ကိုပြောပြပေးသွားပါမယ်။
ဒီ post လေးမှာ ဂျပန်နိုင်ငံရဲ့ အရွယ်ရောက်သူများနေ့ကို ဘယ်လိုကျင်းပတယ် ဘယ်လိုဝတ်စားဆင်ယင်တယ် ဆိုတာကို တစ်ခုချင်းစီ ပြောပြပေးထားတာဖြစ်တဲ့အတွက်ကြောင့် ဆက်လက်ဖတ်ရှုပေးကြပါအုံး❤

🇯🇵ဂျပန်နိုင်ငံရဲ့ နှစ်စဉ် ဇန်န၀ါရီလမှာ အရွယ်ရောက်သူများနေ့ 成人の日( Seijin no hi )လို့ခေါ်တဲ့ လူငယ်များအတွက်အလွန်အရေးကြီးသော အားလပ်ရက်တစ်ရက်ရှိပါတယ်။ နိုင်ငံတစ်ချို့မှာ ဆယ်ကျော်သက်အရွယ်မှ အရွယ်ရောက်ပြီးသူအဖြစ်သို့ ပြောင်းလဲခြင်းကို ကိုယ်စားပြုသည့် ထူးခြားတဲ့နေ့တစ်နေ့ သတ်မှတ်ထားလေ့ရှိပါတယ် ။အဲ့ဒီလို သတ်မှတ်တဲ့ အသက်အရွယ်ဟာ အများအားဖြင့် အသက် 18 နှစ် သို့မဟုတ် 21 နှစ်အရွယ်တွင်ဖြစ်ပြီး အရက်ဝယ်ခြင်း သို့မဟုတ် မဲပေးခြင်းကဲ့သို့သော အရာများကို တရားဝင်လုပ်လာနိုင်တာကို ဆိုလိုတာပါ။

🎌 ဂျပန်နိုင်ငံမှာဆိုရင်တော့ နှစ်စဉ် ဇန်န၀ါရီလ ဒုတိယပတ် တနင်္လာနေ့မှာ အသက် 20 နှစ်ပြည့်မည့်သူများကို ဂုဏ်ပြုရန်အတွက် 成人の日( Seijin no hi )ကို နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။ ဂျပန်လူငယ်တစ်ယောက်အတွက် ထိုနေ့ဟာ ဂျပန်လူ့အဖွဲ့အစည်းအတွင်း တရားဝင်လူကြီးဖြစ်လာသည့်နေ့ကို ကိုယ်စားပြုပါတယ်။ အသက် 20 ပြည့်ပြီးသည်နှင့် ၎င်းတို့သည် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် လောင်းကစားခြင်း၊ မဲပေးခြင်းတို့ကို တရားဝင်လုပ်နိုင်လာပါတယ်။

👘ဝတ်စားဆင်ယင်ပုံကို ပြောပြရမယ်ဆိုရင်တော့ အမျိုးသမီးများဟာ 振袖 ( Furisode ) လို့ခေါ်တဲ့ ပန်းအလှမျိုးစုံ ဆင်ယင်ထားတဲ့ ဂျပန်ရိုးရာ ကီမိုနိုများ၊ ဂျပန်ရိုးရာခြေညှပ်ဖိနပ်များနှင့် သေသပ်လှပတဲ့ ဆံပင်များကို ဆင်ထုံးခြင်းဖြင့် အရွယ်ရောက်သည့်နေ့ကို ကျင်းပကြပါတယ်။ သို့ပေမဲ့ 振袖 ( Furisode ) ကဲ့သို့သော ရိုးရာကီမိုနိုတွေဟာ နွေရာသီဝတ်တဲ့ yukata လိုမျိုး စျေးမသက်သာပဲ စျေးအတော်အသင့်ကြီးတဲ့ အတွက်ကြောင့် တစ်ချို့သော လူငယ်တွေကတော့ မိဘများ သို့မဟုတ် အကိုအမတွေ ဝတ်ဆင်ခဲ့ကြတဲ့ ကီမိုနိုကို ဝတ်ဆင်ခြင်းများလည်းရှိတတ်ပါတယ်။ ရိုးရာ ထိန်းသိမ်းတဲ့အနေနဲ့ ဝတ်ဆင်ခြင်းမျိုးလည်း ရှိပါတယ်။ ကီမိုနိုဟာ ဝတ်ဆင်ရတာ ခက်ခဲတဲ့အတွက်ကြောင့်လည်း အလေ့အကျင့်မရှိဘဲ ကီမိုနိုကို မိမိကိုယ်တိုင် ၀တ်ဆင်ဖို့အတွက်ကတော့ တော်တော်ကို ခက်ခက်ခဲခဲနဲ့မှ ရမှာပါ။ အဲ့လိုအချိန်ကာလရောက်လာရင်တော့ အလှပြင်ဆိုင်တွေအတွက် အင်မတန်မှ လူကျတဲ့အချိန်လို့တောင် ပြောလို့ရပါတယ်။

🤵 အမျိုးသားများကတော့ 羽織袴 ( Haori Hakama )လို့ခေါ်တဲ့ ဂျပန်ရိုးရာ အနက်ရောင်ကုတ် နဲ့ အမျိုးသားဝတ် ကီမိုနို ကို ဝတ်ဆင်ကြပါတယ်။ ယနေ့ခေတ်မှာတော့ အနောက်တိုင်းစတိုင်လ် ၀တ်စုံနှင့် လည်စည်းကို အမျိုးသားများ ၀တ်ဆင်လေ့ရှိသော်လည်း ရိုးရာအတိုင်း ဝတ်ဆင်သူအချို့လည်း ရှိပါသေးတယ်။

⛩ဒီအားလပ်ရက်မှာ ဆယ်ကျော်သက်မှ အရွယ်ရောက်ပြီးသူအဖြစ် တရားဝင်အမှတ်အသားပြုတဲ့ အရွယ်ရောက်ပြီးသူများအတွက် အရွယ်ရောက်ခြင်း အခမ်းအနား 成人式 ( Seijin shiki )ကို နိုင်ငံတစ်ဝှမ်းတွင် ကျင်းပပါတယ်။ ဂျပန်နိုင်ငံက မြို့နယ်ဒေသတိုင်းမှာ အခမ်းအနားတစ်ခုကျင်းပလေ့ရှိတဲ့အတွက်ေကြာင့် မိမိဟာ မိမိနေထိုင်ရာ မြိ့နယ်မှာ နိုင်ငံသားတရားဝင် မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့သူ ဖြစ်ရုံနဲ့ အဆိုပါဒေသရဲ ပွဲတော်များကို ပါဝင်ဆင်နွှဲနိုင်ပါတယ်။

⛩ အခမ်းအနားကို ဒေသဆိုင်ရာမြို့တော်ခန်းမ၊ လူထုဗဟိုပြု သို့မဟုတ် ကျောင်းအားကစားရုံမှာ နံနက်ပိုင်းမှစပြီး ကျင်းပလေ့ရှိပါတယ်။ မြို့တော်ဝန် သို့မဟုတ် တာဝန်ရှိ အုပ်ချုပ်ရေးတာဝန်ခံတစ်ဦးဦးကနေ အရွယ်ရောက်ပြီးသူအသစ်များအား နှုတ်ဆက်စကားပြောခြင်း၊ အရွယ်ရောက်သူတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို မိန့်ခွန်းပြောခြင်းများ အစရှိတဲ့ အခမ်းအနားများကို ကျင်းပလေ့ရှိပါတယ် ။

🙏အခမ်းအနားအပြီးမှာ မိသားစုများနှင့်အတူ ဒေသဆိုင်ရာ နတ်ကွန်းတစ်ခုသို့ သွားလေ့ရှိကြပြီး အရွယ်ရောက်ပြီးသူ အသစ်များရဲ့ ကျန်းမာချမ်းသာခြင်းနဲ့ အောင်မြင်ခြင်းအတွက်ကို ဆုတောင်းကြပါတယ်။

📸လူငယ်တစ်ယောက်အတွက် တစ်သက်မှာ တစ်ခါသာရှိတဲ့ အထူးအချိန်အခါဖြစ်တဲ့အတွက် မိသားစုများဟာ မမေ့နိုင်တဲ့နေ့တစ်နေ့အဖြစ် အမှတ်တရ ဓာတ်ပုံများရိုက်တာကိုလည်း ပြုလုပ်ပါတယ်။ ပုံကောင်းကောင်းလှလှထွက်ချင်သူများကတော့ ဓာတ်ပုံဆရာများပါ ငှားရိုက်ကြတာပေါ့။

🍷အခမ်းအနားတွေ အားလုံးပြီးဆုံးသွားရင်တော့ 20 ပြည့် လူငယ်တစ်ယောက်အတွက်ကတော့ ပြောစရာမလိုတော့ပါဘူး။ 居酒屋 ( Izakaya ဂျပန်အရက်ဆိုင်) ကို မိသားစုလိုက် အဖွဲ့လိုက် သွားကြတော့တာပါပဲ။ အရက်ဆိုင်တွေအတွက် လူကျတဲ့နေ့ဆိုလည်း မှားမယ် မထင်ပါဘူး။

🎌ဒါဆိုရင်တော့ 成人の日( Seijin no hi ) ရဲ့ ကျင်းပပုံ ဝတ်ဆင်ပုံကို သိသွားပြီရင် ဒီ post ကို ဖတ်နေသူလည်း ဂျပန်ရောက်ရင်成人の日( Seijin no hi )နေ့မှာ ကိုယ်တိုင် သွားရောက်လည်ပတ်ကြည့်လိုက်ပါအုံး။❤

Photos from Maple JLS's post 26/01/2023

☺️☺️အားလုံးပဲ မဂ်လာပါ 😊😊
ဒီ post လေးကို ဖတ်နေသူအားလုံး မဖြေရသေးတဲ့စာမေးပွဲတွေအတွက်ရော ဖြေရတော့မယ့် စာမေးပွဲတွေ အတွက်ပါ အသီးသီး စာတွေ ကြိုးစားနေကြမယ်လို့ ထင်ပါတယ်။

ဒါဆိုရင် နေ့တိုင်း ပုံမှန် သင်တန်းတွေကပေးတဲ့ အိမ်စာတွေရော လုပ်ဖြစ်ကြရဲ့လား. များသောအားဖြင့်တော့ အကြောင်းအမျိုးမျိုးကြောင့် လုပ်ဖို့ မေ့လျော့တာတွေ ရှိမယ်လို့ ထင်ပါတယ်။

ဒီအတွက် ဒီ post မှာတော့ အိမ်စာတွေ လေ့ကျင့်ခန်းတွေ ပုံမှန် လုပ်ရင်ရမယ့် အကျိုးရလဒ်တွေကို ပြောပြပေးသွားမှာဖြစ်လို့ ဒီ post ကို ဖတ်ပြီးသွားရင်တော့ စာလုပ်ချင်စိတ် အိမ်စာလုပ်ချင်စိတ် ပေါ်လာမယ်လို့တော့ မျှော်လင့်မိတဲ့ အတွက် ပုံလေးတွေကိုထောက်ပီး ဆက်လက် ဖတ်ရှူပေးပါအုံး 🥝🥝

18/01/2023

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) လျှောက်ထားရာတွင် အကျုံးဝင်သည့် သက်သေခံကတ်ပြား (ID) နှင့် ပတ်သက်၍ ကြိုတင်ကြေငြာချက်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပမည့် JLPT စာမေးပွဲမှ စတင်၍ နောင်ကျင်းပမည့် JLPT စာမေးပွဲများအတွက် လျှောက်လွှာလက်ခံရာတွင် အောက်ဖော်ပြပါ သက်သေခံကတ်ပြား (ID) များကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြေငြာအပ်ပါသည်။
သတ်မှတ်ထားသော သက်သေခံကတ်ပြား (ID) များ
(၁) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)
(၂) သက်တမ်းရှိ နိုင်ငံကူးလက်မှတ်
(၃) သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှာ မွေးသက္ကရာဇ်မပါသဖြင့် အကျုံးမဝင်ပါ။)
(၄) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)

စာမေးပွဲဖြေဆိုရာတွင်လည်း စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) နှင့်အတူ အထက်ပါ သက်သေခံကတ်ပြား (ID) မူရင်း တစ်ခုခုမပါရှိပါက လုံးဝ ဖြေဆိုခွင့်ရရှိမည်မဟုတ်ပါ။ စာမေးပွဲလျှောက်ထားလိုသူများ ကြိုတင်ပြင်ဆင် ထားနိုင်ရန်အတွက် အသိပေး ကြေငြာအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

09/09/2022

😍😍😍

Photos from J.Test -Yangon, Myanmar's post 05/08/2022

Training Visa, Work Visa, Student Visa များအတွက်အသုံးပြုနိုင်ပါသည်။

Category

Telephone

Website

Address


No. 775, Zayarthukha Street , Myittarnyunt Ward, Tamwe Township
Yangon
11211

Alerts

Be the first to know and let us send you an email when Maple JLS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.