Magic Leaf
Gardening means happiness.
01/08/2026
♌️ August ♍️
သြဂုတ်လရဲ့မွေးလပန်းလေးတွေကတော့ Gladiolus (သစ္စာပန်း) နဲ့ Poppy Flower (ဘိန်းပန်း) လေးပါ
🌷 Gladiolus ... သစ္စာပန်းလေးကတော့ ခွန်အားရှိခြင်း၊ တည်တံ့ခိုင်မာခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ရိုးသားခြင်း၊ အောင်မြင်ခြင်းနဲ့ဂုဏ်သိက္ခာ ဆိုတဲ့အဓိပ္ပါယ်ပါ။
အနီရောင်သစ္စာ ... အချစ်နဲ့ စိတ်အားထက်သန်မှု ပန်းရောင်သစ္စာ ... ကရုဏာနှင့် မိခင်မေတ္တာ
အဖြူရောင်သစ္စာ ... အပြစ်ကင်းစင်မှုနှင့် သန့်ရှင်းစင်ကြယ်မှု
အဝါရောင်သစ္စာ ... မိတ်ဆွေဖွဲ့မှုနှင့် ဝမ်းမြောက်မှု
ခရမ်းရောင်သစ္စာ ... ကံကောင်းမှုနှင့် အလှအပ
🌟 သစ္စာပန်းရဲ့ထူးခြားချက်က ... (နှစ်) အကြိမ် ၄၀ မြောက်နှစ်ပတ်လည်နေ့တွေမှာ ပေးကြတဲ့ အထိမ်းအမှတ်လက်ဆောင်ပန်းပါတဲ့ရှင်
🥀 Poppy Flower ... ဘိန်းပန်းလေးက အောက်မေ့သတိရခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ကူးဉာဏ်ထက်သန်ခြင်းနဲ့ အေးချမ်းစွာအိပ်စက်နိုင်ခြင်းစတဲ့ အဓိပ္ပါယ်တွေရှိပါတယ်။
🌟 ထူးခြားချက်ကတော့ ... ပထမကမ္ဘာစစ်အပြီးမှာ ကျဆုံးသွားတဲ့စစ်သားများအတွက် အနီရောင်ဘိန်းပန်းလေးတွေဟာ ကမ္ဘာလုံးဆိုင်ရာ အောက်မေ့ဖွယ်သင်္ကေတပန်းတစ်ခုအဖြစ် သမိုင်းရာဇဝင်တွင်ခဲ့တာပါပဲ
Just for sharing 💚
☘️MagicLeaf
07/07/2026
OMG 😲
အမိုးဖြုတ်လိုက်မှ သိသာတာ
သူ အတော်ကြီးလာတာပဲ 🤗
01/07/2026
♋️ July ♌️
ဇူလိုင်လရဲ့မွေးလပန်းလေးတွေကတော့ Larkspur (စာကလေးပန်း) နဲ့ Water Lily (ကြာပန်း) လေးပါ
🪻 Larkspur ... ချစ်စရာပန်းခရမ်းရောင်စာကလေးပန်းလေးက အပြုသဘောဆောင်ခြင်း၊ မေတ္တာတရားနှင့် ကျေးဇူးတရားဆိုတဲ့အဓိပ္ပါယ်ပါ၊ လှပတဲ့စိတ်ဓာတ်နဲ့ ပေါ့ပါးတဲ့စိတ်ကို ကိုယ်စားပြုပါတယ်။
🪷 Water Lily ... ကြာပန်းလေးကတော့ သန့်ရှင်းစင်ကြယ်ခြင်း၊ တည်ငြိမ်အေးချမ်းခြင်းနဲ့ ပြန်လည်မွေးဖွားခြင်း စတဲ့ အဓိပ္ပါယ်တွေရှိပါတယ်
ဒီပန်းနှစ်ပွင့်ပေါင်းရဲ့အဓိပ္ပါယ်က တက်ကြွပြီး စွမ်းအင်ပြည့်ဝတဲ့သဘာဝရယ်၊ တိတ်ဆိတ်ငြိမ်သက်တဲ့အခိုက်အတန့်တွေနဲ့ဟန်ချက်ညီမှုရယ်ကို ကိုယ်စားပြုပါတယ်။
Just for sharing 💚
☘️MagicLeaf
13/06/2026
ရင်ခတ်အလွမ်း 💛💛💛
☘️MagicLeaf
11/06/2026
တန်ဖိုးထားသူရဲ့လက်ထဲမှာ ...
အလေ့ကျပန်းလေးလည်း လှတာပဲ 💜💜
☘️MagicLeaf
05/06/2026
Climbing Fern 🌿
အနားလေးတွေလှလိုက်တာ 🤗
☘️MagicLeaf
04/06/2026
ဇွန်လမှာ ... ဇွန်ပန်းလေး ... လှူ 🤍🤍
☘️MagicLeaf
01/06/2026
♊️ June ♋️
ဇွန်လရဲ့မွေးလပန်းလေးတွေကတော့ Rose (နှင်းဆီပန်း) နဲ့ Honeysuckle (ရွှေတခက်ငွေတခက်/ပျားည်စုပ်ပန်း) လေးပါ
🌹 Rose ... အချစ်သင်္ကေတနှင်းဆီလေးက ချစ်ခြင်းမေတ္တာ၊ စိတ်အားထက်သန်မှုနှင့် လေးစားအားကျမှုကို ကိုယ်စားပြုပြီး မတူညီတဲ့အရောင်များမှတစ်ဆင့် မတူညီသော စိတ်ခံစားမှုများကို ဖော်ပြပါတယ်
❤️ အနီရောင်နှင်းဆီ ... နက်ရှိုင်းတဲ့ချစ်ခြင်း
🤍 အဖြူရောင်နှင်းဆီ ... သန့်ရှင်းစင်ကြယ်ခြင်း၊ အပြစ်ကင်းစင်ခြင်းနဲ့ အသစ်စတင်ခြင်း
💛 အဝါရောင်နှင်းဆီ ... ခင်မင်ရင်းနှီးခြင်း၊ ဂရုတစိုက်ရှိခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ နွေးထွေးခြင်း
🩷 ပန်းရောင်နှင်းဆီ ...ကျေးဇူးတင်ခြင်း၊ လေးစားအားကျခြင်း၊ ချီးမြှောက်ခြင်း
🏵 Honeysuckle ... ရွှေတခက်ငွေတခက်လို့ မြန်မာနာမည်လှလှလေးခေါ်ကြတဲ့ ပျားရည်စုပ်ပန်းလေးကတော့ ပျော်ရွှင်မှု၊ ချိုမြိန်သောချစ်ခင်မှုနှင့် ခိုင်မာသောနှောင်ကြိုးများ၊ သူငယ်ချင်းသံယောဇဥ်, စတာတွေကို ကိုယ်စားပြုပါတယ် 🩶
Just for sharing 💚
☘️MagicLeaf
29/05/2026
🎼🎵🎶 မိုးသားနဲ့တိမ်ညိုလာရင် ... လွမ်းနာကျ 🎶🎵🎼
☘️MagicLeaf
28/05/2026
🌿 Sales Post 🌿
✅ Anthurium Vittarifolium + SilverbackFern ---> 8000/-
⛔️ ရန်ကုန်ကပါ၊ နယ်မပို့ပါ ⛔️
❗️အိမ်အရောက်ငွေချေ၊ မြို့နယ်အလိုက် ပို့ခပေးရပါမယ်။ (💥မြေညီထိသာပို့ပါမယ်💥)
❗️ Deli အခက်အခဲကြောင့် Way တွေ စုပြီးမှ ပို့ပေးပါမယ်ရှင် 📌
📩 Cb (သို့) ☎️ 09782252599
Category
Telephone
Website
Address
Yangon