IXL Learning Hub

IXL Learning Hub

Share

IXLLearningHub

GCEGuide 28/06/2026

IGCSE မှာ A ရဖို့ Past Papers နဲ့ Notes တွေ အခမဲ့ရနိုင်မယ့် 'Free Study Bank' ဝဘ်ဆိုက်ကြီး ၄ ခု

IGCSE ဖြေဆိုဖို့ ပြင်ဆင်နေတဲ့
ကျောင်းသားတွေအနေနဲ့
စာမေးပွဲနီးလာလို့
Past Papers တွေ ရချင်တာပဲဖြစ်ဖြစ်၊
အခန်းလိုက် Notes တွေ ရှာပြီး
စာပြန်နွှေးချင်တာပဲဖြစ်ဖြစ်
Resource ကောင်းကောင်း ရှာမတွေ့လို့
ခေါင်းခဲနေကြပြီလား?

စာအုပ်တွေ အပုံလိုက်ကြီး ငွေကုန်ကြေးကျခံ ဝယ်စရာမလိုဘဲ အခုခေတ်မှာ ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းကျောင်းသားတွေ သုံးနေတဲ့ Free IGCSE Study Bank တွေကို သိထားရင် အိမ်မှာတင် ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ စမတ်ကျကျ လေ့လာနိုင်ပါတယ်နော်။

ကိုယ့်ရဲ့ Grade ကို အချိန်တိုအတွင်း တစ်ဆင့်မြှင့်တင်ပေးမယ့် ရတနာသိုက် ဝဘ်ဆိုက်ကြီး ၄ ခုကို သေသေချာချာ စုစည်းပေးလိုက်ပါတယ်။

🌐 ဝဘ်ဆိုက်တစ်ခုချင်းစီရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက်များ

၁။ Physics & Maths Tutor (PMT)
Link: https://www.physicsandmathstutor.com/

နာမည်က Physics & Maths လို့ ပေးထားပေမဲ့ တကယ်တော့ English (EFL/ESL), Chemistry, Biology, Economics, Geography စတဲ့ ဘာသာရပ်စုံအတွက် Past Papers တွေနဲ့ Topical Questions (အခန်းလိုက်မေးခွန်းဟောင်းများ) ကို စုံစုံလင်လင် ရနိုင်ပါတယ်။

အသုံးချနည်း - ဒီ website မှာ ဘာသာရပ်အလိုက် ထုတ်ပေးထားတဲ့ Revision Notes တွေနဲ့ Flashcards တွေဟာ စာမေးပွဲမဝင်ခင် Formula တွေနဲ့ Definition တွေကို အမြန်ပြန်နွှေးဖို့ အရမ်းအသုံးဝင်ပါတယ်။

၂။ Save My Exams
Link: https://www.savemyexams.com/

စနစ်တကျနဲ့ ဖတ်ရလွယ်ကူလှပအောင် ပြုလုပ်ထားတဲ့ Revision Notes တွေ၊ အဆင့်အလိုက် (Easy, Medium, Hard) ခွဲထားတဲ့ Topic Questions တွေနဲ့ အဖြေလွှာ (Model Answers) တွေအတွက် အကောင်းဆုံး ဝဘ်ဆိုက်ဖြစ်ပါတယ်။

အသုံးချနည်း - သူတို့ရဲ့ စာရှင်းလင်းချက်တွေက ရိုးရှင်းပြီး စာစစ်သူတွေ အမှတ်ပေးမယ့် Keywords တွေကို သေသေချာချာ Highlight လုပ်ပြထားလို့ Marking Scheme သဘောတရားကို နားလည်ဖို့ အထူးသင့်လျော်ပါတယ်။

၃။ ZNotes
Link: https://znotes.org/

ဒါကတော့ နိုင်ငံတကာက Top Scorer (အမှတ်အများဆုံးရ) ကျောင်းသားကြီးတွေ ကိုယ်တိုင် ရေးသားပြုစုထားတဲ့ High-quality Summary Notes တွေကို ရနိုင်တဲ့နေရာပါ။ သင်ရိုးညွှန်းတမ်း (Syllabus) တစ်ခုလုံးကို အချက်အချာကျကျ အတိုချုပ်ပေးထားတာ ဖြစ်ပါတယ်။

အသုံးချနည်း - စာမေးပွဲဖြေခါနီး ရက်ပိုင်းအလိုမှာ စာအုပ်အထူကြီးတွေ ပြန်မဖတ်နိုင်တော့ရင် ZNotes က PDF လေးတွေကို ဖတ်ပြီး ခေါင်းအေးအေးထား ပြင်ဆင်နိုင်ပါတယ်။

၄။ PapaCambridge / GCE Guide
Link: https://papacambridge.com/
Link: https://gceguide.com/

နှစ်ပေါင်းများစွာက ထွက်ခဲ့သမျှ Past Papers, Marking Schemes နဲ့ Examiner Reports အကုန်လုံးကို တစ်နေရာတည်းမှာ အစုံလင်ဆုံး ဒေါင်းလုဒ်ဆွဲနိုင်တဲ့ "ဒီဂျစ်တယ် စာကြည့်တိုက်ကြီး" ပါပဲ။

အသုံးချနည်း - မေးခွန်းဟောင်းတွက်ရုံတင်မကဘဲ 'Examiner Report' ကိုပါ တွဲဒေါင်းပြီး ဖတ်ပါ။ ကျောင်းသားအများစု ဘယ်နေရာမှာ အမှားများတတ်လဲဆိုတာကို စာစစ်သူတွေ ကိုယ်တိုင် ရေးသားထောက်ပြထားတာမို့လို့ ကိုယ်တိုင်အမှတ်မလျော့အောင် ကြိုတင်ဗျူဟာချလို့ရပါတယ်။

🎯 ဒီ Study Bank တွေကို စမတ်ကျကျ ဘယ်လိုအသုံးချမလဲ?

Website တွေကို သိရုံနဲ့တင် အမှတ်က အလိုအလျောက် တက်မလာပါဘူး။ ထိရောက်မှုရှိအောင် ဒီနည်းလမ်းလေးတွေအတိုင်း သုံးစွဲကြည့်ပါ။

◼️Resource Hoarding (စာရွက်စာတမ်းတွေ ဇွတ်စုဆောင်းခြင်း) ကို ရှောင်ပါ။
ဖုန်းထဲမှာ၊ ကွန်ပျူတာထဲမှာ PDF တွေ ရာနဲ့ချီ ဒေါင်းလုဒ်ဆွဲ သိမ်းထားပြီး တစ်မျက်နှာမှ မဖတ်ဖြစ်တာမျိုး မလုပ်ပါနဲ့။ ကိုယ်လေ့လာမယ့် ဘာသာရပ်တစ်ခုချင်းစီအတွက် လိုအပ်တဲ့ Notes တစ်ခု၊ နှစ်ခုကိုပဲ ရွေးချယ်ပြီး အဆုံးထိ ဖတ်ပါ။

◼️Topical Questions ကို အရင်နိုင်အောင်လုပ်ပါ။
Past Paper တစ်စောင်လုံးကို ဇွတ်သိမ်းကျုံးတွက်မယ့်အစား ကိုယ်အားနည်းနေတဲ့ အခန်း (ဥပမာ - English ရဲ့ Summary Writing သို့မဟုတ် Math ရဲ့ Trigonometry) ကို PMT သို့မဟုတ် Save My Exams မှာ Topical အလိုက် အရင်ရှာပြီး ကျွမ်းကျင်အောင် လေ့ကျင့်ပါ။

◼️ဒီဝဘ်ဆိုက်တွေကို ဖုန်း ဒါမှမဟုတ် ကွန်ပျူတာရဲ့ Browser မှာ Bookmark (သို့မဟုတ်) Add to Favorites လုပ်ထားပါနော်။ ဒါမှသာ စာလေ့လာတဲ့အခါ ဒါမှမဟုတ် မေးခွန်းဟောင်း ရှာချင်တဲ့အခါတိုင်း အချိန်မရွေး ချက်ချင်း ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

# IXLLearninghubs

GCEGuide

20/06/2026

ကျောင်းလခ သိန်းရာချီ မပေးနိုင်လည်း... ကလေးကို နိုင်ငံတကာအဆင့်မီ ပညာရေး စနစ်တကျ လေ့လာခွင့်ပေးလို့ ရနေပါပြီ!

မြန်မာပြည်ပညာရေးစနစ်လို အောင်/ရှုံးထက် ကလေးရဲ့ တကယ့်အရည်အချင်း (Skill Set) ကိုပဲ အဓိက အကဲဖြတ်တဲ့ Cambridge, Pearson Edexcel စတဲ့ နိုင်ငံတကာ အဆင့်မြင့်စာမေးပွဲတွေကို ဘယ်ကျောင်းမှမတက်ဘဲ အိမ်ကနေ Homeschooling လုပ်ပြီး ဝင်ဖြေလို့ရတဲ့ခေတ်မှာ အိမ်မှာတင် Self-study လုပ်တဲ့အခါ ကလေးက ဘယ်ကစရမှန်းမသိတာ၊ သင်ရိုးညွှန်းတမ်း လမ်းကြောင်းပျောက်နေတာမျိုးတွေ ဖြစ်နေလား?

မိမိကလေးကို ပိုက်ဆံအများကြီး ကုန်စရာမလိုဘဲ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေကို နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်သွားစေချင်ပါသလား?

နိုင်ငံတကာက ကျောင်းသားပေါင်း (၁၅) သန်းကျော် အသုံးပြုနေတဲ့ ကမ္ဘာ့နံပါတ် (၁) အွန်လိုင်းသင်ကြားရေး Platform ဖြစ်တဲ့ IXL Education ရှိပါတယ်။

UK, US နဲ့ အဆင့်မြင့်အပြည်ပြည်ဆိုင်ရာကျောင်း (International Schools) တွေမှာ အဓိက အသုံးပြုနေတဲ့ IXL Learning Platform ကို အိမ်မှာတင် သုံးနိုင်မယ့် အခွင့်အရေးလေး လာပါပြီရှင်

ဈေးနှုန်းသက်သာပြီး သုံးစွဲရလွယ်ကူတဲ့ IXL Student Account (Full Access) များကို စိတ်ချရသော ဝန်ဆောင်မှုဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးနေပါပြီ

အကောင့်ရေအတွက် များများလိုအပ်သော သင်တန်းများ၊ ကျောင်းများ ၊ Guide Teacher များနအတွက်လဲ အထူးနှုန်းထားများရှိပါတယ်ရှင်

လူဦးရေကန့်သတ်ချက်ရှိလို့ အမြန်ဆုံး အကောင့်ဗားရှင်းအပြည့် (Full Access) ရယူနိုင်ဖို့ အခုပဲ Page Messenger မှာ လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

Photos from IXL Learning Hub's post 31/05/2026

#နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့်သင်ကြားသော ပုဂ္ဂလိကကျောင်းအဖြစ် ဖွင့်လှစ်ခွင့်ပြုထားသော ကျောင်းစာရင်း (ရန်ကုန်တိုင်း MOE registered IS ကျောင်းများ စာရင်းဖြစ်ပါတယ်းရှင်)

Link ထဲကနေလည်း ဝင်ရောက်ကြည့်ရှူလို့ရပါတယ်ရှင်

https://www.moe.gov.mm/my/node/5357/

Photo Credit:

10/12/2025

🎄 ခရစ်စမတ်လက်ဆောင်တစ်ခုက သားသားမီးမီးတို့ရဲ့ အနာဂတ်ကို ပုံဖော်ပေးနိုင်တယ်ဆိုရင်... 🎁

ဒီအားလပ်ရက်မှာ ကလေးတွေ အချိန်ဖြုန်းနေတာကို စိတ်ပူနေတဲ့ မေမေများအတွက်

ခရစ်စမတ်အားလပ်ရက်ဟာ မိသားစုနဲ့ ပျော်ပျော်ပါးပါး အချိန်ပေးရမယ့် အချိန်ဖြစ်ပေမယ့်၊ တစ်ခါတစ်ရံမှာ ကလေးတွေဟာ စာနဲ့အလှမ်းဝေးသွားပြီး စာမေးပွဲတွေနီးလာတဲ့အခါ နောက်ကျန်ခဲ့မှာကို မေမေတို့ စိုးရိမ်မိမှာပါ။

"Screen Time" တွေကို အဓိပ္ပာယ်ရှိရှိ အသုံးချဖို့ ဘယ်လိုလုပ်မလဲ?

IXL က သင့်အတွက် အဖြေပေးပါလိမ့်မယ်။

IXL ရဲ့ အဓိက အကျိုးကျေးဇူးများ (မေမေတို့ စိတ်ဝင်စားမယ့်အချက်များ),ဘာကြောင့် ဒီအားလပ်ရက်မှာ စတင်သင့်တာလဲ?

🧠 လေ့လာမှု နစ်မြုပ်နေခြင်း (Personalized Learning),"ကလေးတစ်ဦးစီရဲ့ လိုအပ်ချက်နဲ့ သင်ယူနိုင်စွမ်းအပေါ် အခြေခံပြီး လေ့ကျင့်ခန်းတွေက အလိုအလျောက် ချိန်ညှိပေးပါတယ်။ ဒါကြောင့် ""သိပြီးသား"" အရာတွေအတွက် အချိန်မကုန်ဘဲ ""အားနည်းချက်"" တွေကို တည့်တည့်မတ်မတ် လေ့ကျင့်နိုင်ပါတယ်။"

✅ စာမေးပွဲ ရလဒ် ပိုမိုကောင်းမွန်ခြင်း (Proven Results),လေ့လာချက်တွေအရ IXL သုံးစွဲတဲ့ ကျောင်းသားတွေဟာ နိုင်ငံတော်အဆင့် စာမေးပွဲတွေမှာ ပိုမိုမြင့်မားတဲ့ ရမှတ်များ ရရှိကြပါတယ်။ အားလပ်ရက်မှာ လေ့ကျင့်ထားရင် ကျောင်းပြန်ဖွင့်တဲ့အခါ အတန်းဖော်တွေထက် တစ်လှမ်းသာ နေမှာပါ။

📚 ဘာသာရပ်စုံ လေ့ကျင့်မှု (Comprehensive Coverage),"Math, English and Science စတဲ့ ဘာသာရပ်အားလုံးကို Pre KG to Year 13 အထိ ပြည့်ပြည့်စုံစုံ လွှမ်းခြုံပေးထားပါတယ်။"

💡 မိဘများအတွက် အစီရင်ခံစာ (Actionable Insights for Parents),ကလေးရဲ့ တိုးတက်မှု၊ ကျွမ်းကျင်မှုနဲ့ အားနည်းချက်တွေကို အပတ်စဉ် Email Report ကနေ အသေးစိတ် သိရှိနိုင်မှာပါ။ ကလေးကို ဘယ်နေရာမှာ ပိုကူညီပေးရမလဲဆိုတာ သင်တိတိကျကျ သိရှိနိုင်ပါမယ်။

🎮 ပျော်စရာကောင်းသော သင်ယူမှု (Fun & Engaging),ဆုတံဆိပ်များ၊ ဆုလက်မှတ်များနဲ့ အပြန်အလှန်အကျိုးပြုတဲ့ လေ့ကျင့်ခန်းတွေကြောင့် ကလေးတွေဟာ ကစားနေသလိုမျိုး ပျော်ရွှင်စွာ သင်ယူနိုင်ပါတယ်။ Screen Time ကို အကျိုးရှိတဲ့ သင်ယူချိန် အဖြစ် ပြောင်းလဲလိုက်ပါ။

🎄🎄Christmas Promotion ကာလအတွင်း ဝယ်ယူသူများအတွက် အထူး သက်သာခွင့်လေးများ စီစဉ်ထားပါတယ် Promotion လေးကတော့ December 15 အထိသာဖြစ်တဲ့အတွက် account လေးတွေ အကုန်မြန်လို့ မြန်မြန်လက်ဦးထားမှ ရပါမယ်ရှင့်

ဖေဖေ မေမေတို့ရေ... ဒီနှစ် ခရစ်စမတ်မှာ သားသားမီးမီးလေးတွေကို အပျော်သက်သက် ကစားစရာတစ်ခု အစား၊ သူတို့ရဲ့ အနာဂတ်အတွက် အဖိုးမဖြတ်နိုင်တဲ့ ပညာရေးလက်ဆောင် တစ်ခု ပေးလိုက်ပါ။

👉 အခုပဲ IXL Account ကို ဝယ်ယူပြီး သင့်ကလေးရဲ့ အနာဂတ်အတွက် အကောင်းဆုံး စတင်လိုက်ပါ!

10/10/2025

📣 10.10 FLASH SALE — Thadingyut Special 🎉
📚 IXL Education Account Promotion is HERE!

Upgrade your child’s learning journey with IXL, the trusted platform for Math, English & Science — perfect for the new school season.

⏰ Limited Time Only
🎁 Perfect Thadingyut Gift for Students
💻 Access Anywhere, Anytime

🔥 Special Offer: Only 5 Accounts Available for this promotion — each account comes with 11 months of access, valid until 9 September 2026!

👉 Tap “Send Message” to grab your IXL Account during the 10.10 Flash Sale before it’s gone!

သီတင်းကျွတ်လ၏ မြင့်မြတ်သော အလင်းရောင်ဖြင့် သားသားမီးမီးတို့၏ ပညာရေး ခရီးလမ်းကို အစဉ်ထွန်းလင်းတောက်ပစေရန် အချိန်ကုန်လူပမ်း ခရီးသွားစရာမလိုတဲ့ အွန်လိုင်းပညာရေး အခွင့်အရေးကောင်းလေးကို ဒီအခါသမယမှာ မလွတ်တမ်း ယူလိုက်ကြရအောင် !

02/05/2025

May လဆန်းမှာ UK Curriculum လေး တစ်နှစ်စာအကောင့်လေးတွေ စတင်ဖို့ ရှိပါတယ်ရှင်

ဒီတစ်ခေါက်ကတော့ ဖေဖေ မေမေတွေစောင့်စားနေတဲ့ Science Subject လေးပါ UK curriculum မှာပါဝင်လာတာဖြစ်ပါတယ်

English, Maths နှင့် Science (၃) ဘာသာပါဝင်မယ့် UK curriculum လေးကို တစ်နှစ်စာသွင်းရုံနှင့် 13 months (390 days) အသုံးပြုခွင့်ရမှာဖြစ်ပါတယ်

လူဦးရေကန့်သတ်ထားသည့်အတွက် စိတ်ပါဝင်စားသူများ အမြန် စာရင်းပေးသွင်းနိုင်ပါတယ်ရှင့်

17/04/2025

"နှစ်သစ်ဆုတောင်း"

ငြိမ်းချမ်းသောအရပ်မှာ နေထိုင်ခွင့်ရ၍
ပိုကောင်းတဲ့အနာဂတ်ကိုသာ ပိုင်ဆိုင်ခွင့်ရပါစေ🙏

အပူအပင်ကင်းကင်း အိပ်စက်ပြီး
အေးချမ်းစွာ နိုးထနိုင်ပါစေ🙏

ဒုက္ခရောက်နေသူနဲ့ တွေ့တဲ့အခါ
အားပေးနိုင်သူဖြစ်ရပါလို့၏🙏

အဆင်ပြေတဲ့သူနဲ့ တွေ့တဲ့အခါ
ဝမ်းသာပေးနိုင်သူ ဖြစ်ရပါလို့၏🙏

မြင်သမျှ မေတ္တာဖြင့်ကြည့်ရှုနိုင်ရပါလို့၏
မုန်းသူမရှိ ချစ်သူသာ ရှိရပါလို့၏🙏

မကောင်းသောအလုပ်ဖြင့် အသက်မွေးမြူရခြင်းမှ
ကင်းလွတ်ရပါလို၏🙏

သူတစ်ပါးတို့သည် မိမိကြောင့် မငိုကြွေးရပါစေနှင့်
သူတစ်ပါးတို့ကြောင့် မိမိသည် မငိုကြွေး၊
မပူလောင်ရပါလို၏🙏

မြန်မာနိုင်ငံသူ၊မြန်မာနိုင်ငံသားအားလုံး၊
ကမ္ဘာသူ၊ကမ္ဘာသား အားလုံးစိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာ
ဖြင့် ကပ်ကြီး ၃ပါးကင်းဝေး၍ ကောင်းကျိုးလိုအင်ဆန္ဒများ
ပြည့်ဝကြပါစေ🙏🙏🙏

Photos from Pyin Oo Lwin Travel's post 04/04/2025

Category

Telephone

Address


Yangon
11181