Dee For You

Dee For You

Share

Dee's always here for you ^_^

13/09/2026
Photos from Meow Win Oo - မြောင်ဝင်းဦး's post 06/09/2026
19/08/2026

When your cat says “I love you” in the most unexpected way 💖😹🐾

09/08/2026

Your fried chicken is ready 🍗

07/08/2026

😹😹😹

Photos from Dee For You's post 22/07/2026

Product Review ဆိုတာထက်…
ကိုယ်နဲ့အဆင်ပြေပြီး result သိသာတဲ့ 345 လေး…🫶🏻
-Hormonal Acne အမြဲထွက်တတ်တဲ့သူမို့
ဆေးခန်းမပြရင် မျက်နှာမှာ ဘယ်တော့မှ ဝက်ခြံမပျက်တဲ့သူတယောက်ရဲ့daily life မှာ..
မနက်အိပ်ယာထလို့ မျက်နှာသစ်ရင် မျက်နှာပေါ်က အဆီဖုသေးသေးလေးတွေကို အမြဲထိမိလို့ ဘယ်တော့များမှ ငါ့မျက်နှာလေး အရင်လိုအခြေအနေ ပြန်ရောက်မှာလဲ လို့ ခနခနတွေးမိနေတဲ့သူပါ…
-အရင်က ဝက်ခြံတဖုတောင် မထွက်တဲ့သူက stress တွေပိပြီး breakout တွေ ခနခနဖြစ်လွန်းလို့..
အမြဲစိတ်ဓါတ်ကျနေရတဲ့သူလည်း ဖြစ်ခဲ့ဖူးတယ်…
Night Shift (၃) လမှာ မေးရိုးတလျှောက်နဲ့လည်ပင်းမှာ ဝက်ခြံတွေ အများကြီးထွက်လာလို့…တော်တော်လေးကိုမှ စိတ်ဆင်းရဲခဲ့ရတာ…
-သုံးနေကျ skin care တွေလည်း မကူနိုင်လောက်အောင်
တော်တော့်ကို အခြေအနေဆိုးခဲ့တာ…
Morning Shift ပြန်ရောက်တော့ skin ပြန်care မယ်ဆိုပြီး..
Moisturizer ကောင်းတာလေး လိုက်ရှာရင်း
ဒါလေး တော်တော် hype နေလို့ စမ်းသုံးကြည့်တာ…
တဗူးမကုန်ခင် တလအတွင်းမှာပဲ result က တော်တော်သိသာပြီး ဝက်ခြံ တဖု နှစ်ဖုကလွဲရင် အရင်လိုအပြုံလိုက် ထွက်မလာတာတော့အမှန်ပဲ..
-အရင်ကလို ဆေးခန်းတွေပြဖို့ .. treatmentတွေလုပ်ဖို့ အချိန်မပေးနိုင်တဲ့ ကိုယ့်အတွက် ဒီ 345 က skin barrierကို တော်တော်လေးကိုမှ ပြန်ကောင်းလာအောင် ကူညီပေးခဲ့တာ…
သူက နှာခေါင်းတဝိုက်က ဆားဝက်ခြံနဲ့ မေးစေ့မှာထွက်တတ်တဲ့ sebaceous filaments တွေကိုတော့ မသက်သာလာစေဘူး…
ဒါပေမယ့် ပါးနဲ့နဖူးမှာ အမြဲထွက်တတ်တဲ့ ဝက်ခြံပုန်းလေးတွေ အဆီဖုလေးတွေကိုတော့ သိသိသာသာကို သက်သာလာပြီး မျက်နှာအသားအရည်ကိုလည်း တင်းတင်းရင်းရင်းနဲ့ glow လာတယ်…
အောက်ခံ skin က ကောင်းလာတာနဲ့အမျှ မိတ်ကပ်လိမ်းတဲ့အခါလည်း မိတ်ကပ်သားတက်ပြီး တနေကုန်ခံလာတယ်..
- second time ဝယ်ဖို့စဉ်းစားတော့ 8.8 sales ရှိတာနဲ့ serum နဲ့ cream အတွဲလိုက်လေး ဝယ်လိုက်ပေမယ့်
Serum ကိုတော့ အခုထိ သုံးလည်း မသုံးရသေးဘူး..သိပ်လည်း မမျှော်လင့်ထားတာမို့…သူကတော့ ဘယ်လိုနေလဲ မသိသေးဘူးပေါ့နော်…
-serum ကတော့ Ordinary ရဲ့ Niacinamide 10% + Zinc 1% ပဲ သုံးနေကျဆိုတော့… တခြားတခု အသစ်မစမ်းရဲတာလည်း ပါတယ်…🥹
- Facial Cleanser ပါ တွဲသုံကြည့်တာလည်း အတော်လေး အဆင်ပြေသောပါပဲ…

👉🏻 သတိပြုရမယ့် တချက်ကတော့.. ပထမလက်ဟောင်း 345 Cream ဟာ Centella ပါဝင်ထားတာဖြစ်ပြီး
အခုလက်သစ်မှာတော့ Centella အစား TeaTree ကိုပြောင်းလဲထားတာကြောင့်
TeaTree နဲ့မတညိ့တဲ့သူတွေအတွက် အဆင်မပြေနိုင်ပါဘူးရှင့်…

345 cream နဲ့ မတည့်တဲ့သူတွေ အဆင်မပြေတဲ့သူတွေ result မသိသာတဲ့သူတွေလည်း ရှိမှာပါပဲ…
ကိုယ်တွေလည်း skin care တိုင်းနဲ့တော့ အဆင်မပြေဘူးလေ နော်…
ဒါလေးကတော့ result သိသာလို့ စာအရှည်ကြီးရေးမိသွားတာပါ..🫶🏻

** အဓိက ကတော့ skin care ဘယ်လောက်အကောင်းစားဝယ်ဝယ်…အိပ်ရေးမဝရင်..cleansing သေချာမလုပ်ရင်..skin care step တွေ သေချာမလုပ်ရင်…sunscreen မလိမ်းရင်…MLM က ပစ္စည်းတွေ သုံးမိရင်…
အသားအရည်က ဘာskincareသုံးသုံး ဘာမှ မသိသာဘဲနေမှာပါပဲလို့…🥹🫶🏻
Nadi ရဲ့ daily skincare steps တွေက..
Toner - Serum - Moisturizer- sunscreen- lip balm ပဲ..
အဲ့တာကိုမှ တခါတလေ မိတ်ကပ်လိမ်းတယ်…
တခါတလေ အပေါ်ကနေ powder လောက်ပဲ လိမ်းပြီး နှုတ်ခမ်းနီဆိုးတယ်…
ညဖက်ဆိုလည်း Toner - Serum -Moisturizer-Lip balm
တပတ် တခါ sheet mask ကပ်တယ်…( အရင်ကတော့ (၃)ရက်တခါ ကပ်ပေမယ့်..အခု အလုပ်များလို့ mask ကပ်ဖို့ကို အချိန်မပေးနိုင်…)
၂ ပတ် တခါ peeling လုပ်တယ်…peeling လုပ်တဲ့နေ့ sheet mask ကို ကပ်ဖြစ်အောင် ကပ်တယ်..🫶🏻
Cleansing ကတော့ ညတိုင်း micellar cleansing water သုံးတယ်..ပြီးရင် မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်တယ်..
Simple Step တွေပဲ လုပ်ပါတယ်…🫶🏻
နေုက်တချက်ကတော့ ဆံပင်ညှပ်လိုက်တယ်…
အဲ့တာကလည်း ဝက်ခြံသက်သာဖို့အတွက် 5% လောက်တော့ အကူအညီပေးပါတယ်…🫶🏻
ဆက်မရေးတတ်တော့လို့ ဒီလောက်ပါပဲရှင်…
ချစ်ပါတယ်…😘💖🐰
#나디
🫶🏻

Category

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Dee For You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.