Life Of Balance
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Life Of Balance, Writer, Mayangone Tsp, Yangon.
ဒဏ်ရာတွေနဲ့လူဆိုတော့ ခံစားချက်တွေပျင်းပြနေခဲ့တာ
ဒဏ်ရာတွေက တစ်ဖြည်းဖြည်းများလာပြီ
အဲ့ချိန်တစ်ချိုလူတွေလုပ်လေ့ရှိတာထဲကတစ်ခု
အနားမှာရှိတဲ့သူတိုင်းကို ဒီဒဏ်ရာတွေအကြောင်း
ပြောနေမိတယ် ဒီလူတွေကိုရှိရှိသမျှအကုန်ပြောပြမိတယ်
ဒီလူတွေကို မပြောသင့်မှန်းသိတယ်
နောင်တရမယ်ဆိုတာလဲသိတယ်
ဒါပေမယ့် စိတ်ခံစားချက်အမြင့်ဆုံးအချိန်ဖြစ်နေတယ်
သတိတွေပြန်ဝင်လာတဲ့အချိန် ကိုယ့်ကိုကိုယ်ပြန်ပြောတယ်
စိတ်ခံစားချက်နုနေသေးတယ် self control မရှိသေးဘူးလို့ပဲ
ခံယူတယ် ဒီလိုနဲ့ဒီအကျင့်တွေပြင်ဖို့ကြိုးစားတယ်
နောက်ဆုံးတော့ ဒီလူဟာအသံတွေတိတ်ဆိတ်သွားတယ်
အားလုံးရဲ့အဝေးကို တစ်ဖြည်းဖြည်းရောက်သွားတယ်
သူ့ကိုယ်သူပြုပြင်ဖို့ကြိုးစားနေတာ
ဒီလိုလူတွေကို သတိပေးချင်တာက ပြုပြင်တာအချိန်မကြာသွားနဲ့ လူတွေနဲ့ဝေးနေတဲ့သူက လူတွေရဲ့တိုက်ခိုက်ခြင်းကိုပိုခံရတယ် ဆိုတာမမေ့ပါနဲ့
“မင်းပုံစံအတိုင်း မင်နေ ဒါပေမယ့် “
သတိမမူမိတဲ့ Solution လေးတစ်ခုပေးချင်ပါတယ်
လူတော်တော်များများက ကိုယ့်ဖြစ်တည်မူကို လက်မခံကြပါဘူး ။ ကိုယ်ဘာဖြစ်ချင်လဲဆိုတာ ပတ်ဝန်းကျင်ကဖြစ်စေချင်တဲ့ ပုံစံအတိုင်း နေတတ်ကြတယ် ။
ဒါကြောင့် ခံယူသင့်တဲ့ solution လေးတစ်ခုစပေးချင်တယ်
ကိုယ်ပုံစံတိုင်းကိုယ်နေ ၊ ဘယ်သူတွေ ကြည်နေအောင်မှနေစရာမလိုဘူး ၊ ကိုယ်ကြိုက်တဲ့အရာတွေက ကိုယ်သွားမယ့်လမ်းနဲ့ သင့်တင့်တယ်ဆို ဆက်လုပ်ပါ ၊ ကျန်တာတွေသိပ်မတွေးပါနဲ့ ။
သူများရဲ့ အမြင်ကို ဂရုစိုက်လွန်းတဲ့ အကျင့်တစ်ခုကို
Change လုပ်လိုက်တော့ နေရထိုင်ရ အတော်လေးပေါ့ပါးသွားပါလိမ့်မယ် ။
ဒီလောက်နဲ့ မပြီးသေးပါဘူး ။ ငါ့ရဲ့ပုံစံတိုင်းငါနေပြီဆိုပြီး
ရပ်မနေပါနဲ့ ။ နောက်ထပ် ပြသနာနဲ့ ထပ်ကြုံရပါအုံးမယ် ။
ကိုယ့်ပုံစံတိုင်း ကိုယ်နေတာက control မရှိရင် ကိုယ့်ချစ်တဲ့သူတွေနဲ့ ကိုယ့်ဘေးကသူတွေအတွက် ကိုယ်က toxic ဆန်လာပါလိမ့်မယ် ။
ကိုယ်ကြိုက်တာတွေပဲ ဇွတ်လုပ်၊ ဝယ်ချင်တာဝယ်၊ စားချင်တာစား ၊ ရှာသမျှ သဲထဲရေသွန် ၊ ဘယ်သူနဲ့မှ သင့်တင်အောင်မနေ ၊ မလိုအပ်ပဲဂရုမစိုက်ဘူး ငါကြိုက်တာလုပ်မယ်ဆိုတာကနေ control မရှိရင်
လက်ဗလာနဲ့ တစ်ကိုယ်ထဲ တစ်ဦးထဲဖြစ်နေပါလိမ့်မယ် ။
ဘယ်သူ့မှ ဂရုမစိုက်တာက ကိုယ့်ကိုကိုယ်ပါ ဂရုမစိုက်တော့တဲ့ Toxic ဆန်လာတာပါပဲ ။
ဒါကြောင့် နေထိုင်ရမယ့် solution လေးတစ်ခုသိပ်ကိုရိုးရှင်းပါတယ် ။
ကိုယ့်ပုံစံတိုင်းကိုယ်နေပါ ၊ ထိန်းထိန်းသိမ်းသိမ်းနေပါ။
စကားပြောယဉ်ကျေးပါ ၊ ဖော်ဖော် ရွေရွေဆက်ဆံပါ ၊
သန့်သန့်ရှင်းရှင်းနေပါ ၊ ဂရုဏာထားကာစကားပြောပါ ။
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာခွဲခြားပါ ။
လိုချင်တဲ့ပစ္စည်းတစ်ခုဟာ လိုအပ်တာမဟုတ်ရင်
တစ်လလောက်သည်းခံစောင့်စားကြည့်ပါ ။
ဆက်လိုချင်နေသေးတယ်ဆိုရင်တော့ ဒါကိုကိုယ်တကယ်လိုအပ်နေတာ လိုချင်နေတာ ဖြုန်းတာမဟုတ်တာသေချာပါပြီ ။
မင်းပုံစံတိုင်းမင်းနေပါ ၊ ဒါပေမယ့် မင်းရဲ့ပုံစံက
မင်းအတွက် Toxic ဆန်နေပြီး ဘေကသူတွေအတွင်ပါ
ထိခိုက်စေရင် ဒီအရာတွေကို မင်းပြင်ဆင်ပါ ။
ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်ပါစေ
▪️နေရာတိုင်း နယ်ပယ်တိုင်းမှာ မဟာမိတ်ရှိသူဖြစ်ပါစေ
▪️ပေါင်းသင်းဆက်ဆံရေးမကောင်းသူဟာ ကိုယ့်ဘယ်လောက်ပဲ ချော့ပေါင်းပါစေ အဖက်လုပ်မခံရပါဘူး
▪️တိုင်တစ်လုံးနဲ့ အိမ်တစ်အိမ် ဖြစ်မလာနိုင်ပါဘူး
▪️အကျဉ်မခံရပါစေနဲ့ အပယ်ခံဘဝထက်ဆိုးတာမရှိပါဘူး
▪️လူမုန်းမခံပါနဲ့ ၊ ငြိုငြင်ခံရအောင်မနေပါနဲ့
▪️လူတွေရဲ့အကြိုက်ကို လိုက်ပေါင်းတတ်ပါစေ သို့သော်
မဖားမိပါစေနဲ့
▪️မှန်းတိုင်းမပြောပါနဲ့
▪️ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အဆက်သွယ်မပြတ် ပေါင်းသင်းဆက်ဆံပါ
▪️တစ်ကိုယ်တည်းနေခြင်းဟာ သေရေးကိုတွေးကြောက်မိတတ်ပါတယ်
▪️လောကကြီးကို နန်းတော်လို သတ်မှတ်ထားပါ
▪️ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်မှသာ လူပေါ်ကလူဖြစ်မှာပါ
▪️ဆင်းရဲပါစေ ပေါင်းသင်းဆက်ဆံရေးကောင်းသူဟာ
အန္တရာယ်တွေကို အေးဆေးကျော်ဖြတ်နိုင်ပါတယ်
▪️အတွင်းသိုစိတ် အပြင်ဖြန့်ကျက်လိုစိတ်ဖြင့် ပြောင်းလဲမွေးမြူပါ
ခန့်မှန်းရလွယ်တဲ့သူတွေဟာ တိရစ္ဆာန်အကျင့်တွေနဲ့လူတွေပါ
▪️လူတွေဟာ အစွဲလန်းကြီးတဲ့ သတ္တဝါတွေဖြစ်ကြတယ်
▪️သူတစ်ပါးအကြောင်းကိစ္စတွေကို စိတ်ဝင်စားကြပါတယ်
▪️ကိုယ်သိထားတဲ့ အရာတွေကို ထုတ်ပြချင်ကြပါတယ်
▪️ထုတ်ပြချင်တဲ့စိတ်တွေကြောင့်ပဲ ခန့်မှန်းရလွယ်တဲ့သူတွေဖြစ်လာကြပါတယ်
▪️တိရစ္ဆာန်တွေဟာ ဘာပဲလုပ်လုပ် ပုံစံတစ်မျိုးတည်းလုပ်တတ်လို့ မုဆိုးတွေက ခန့်မှန်းနိုင်ပြီး ဖမ်းရလွယ်သွားပါတယ်
▪️လောကသဘာဝမှာပြောင်းလဲနိုင်စွမ်းရှိတဲ့ သတ္တဝါဟာ
“လူ “ ပဲရှိပါတယ်
▪️အပြောင်းအလဲမရှိတဲ့သူတွေရဲ့ လုပ်ရပ်တွေဟာခန့်မှန်းရလွယ်ပါတယ်
▪️နားလည်ရခက်အောင် ပြုမူပြောဆိုနေထိုင်တတ်ခြင်းဟာတစ်ဖက်သားကို ကြောက်သွားအောင် ခြောက်လို့ရတဲ့နည်းပဲဖြစ်ပါတယ်
▪️အတူတူနဲ့ အနူနူအဖြစ်မခံပါနဲ့
▪️လူတွေ မျက်စိလည်အောင်နေပါ
▪️ကိုယ့်အတွေးတွေကို လူတွေမသိပါစေနဲ့
▪️အနေအထိုင် ပိရိပါစေ
▪️မြင်နေသော်လည်း မတွေ့နိုင်
▪️သိနေသော်လည်း သဘောမပေါက်နိုင်အောင်နေပါ
▪️လေယူရာကို ယိမ်းတတ်မှ လေပြင်းဒဏ်ကိုခံနိုင်သူလဲဖြစ်မှာပါ
▪️ခန့်မှန်းရခက်သောသူများဟာ ကြံစည်သမျှအောင်မြင်မှုရကြသူများဖြစ်ပါတယ် ။
02/09/2025
အမှား တစ်ခုခု လုပ်မိတိုင်း
" မှားနေပြီနော် " လို့ အမုန်းခံပြီး
သတိပေးတတ်တဲ့ မိတ်ဆွေတွေ
ရှိနေတာလည်း မင်္ဂလာ တစ်ပါးပါပဲ။
မှားနေတာ မြင်နေတာတောင်
မြှောက်ပေးတတ်တဲ့ မိတ်ဆွေ
ဆယ်ဦးထက်၊
မှားနေတာကို မှားနေတယ်လို့
အမုန်းခံ ပြောပြတတ်တဲ့ မိတ်ဆွေတစ်ဦးက
ဘဝ တိုးတက်ဖို့အတွက်ပိုပြီး
အထောက်အကူ ဖြစ်စေတတ်ပါတယ်။♥
24/11/2022
♡အနားတော့ရှိတယ်
♡အနေတော့မနီးကြဘူး
¿ဒါဟာဖြစ်သင့်ရဲ့လား.....
21/11/2022
တစ်ယောက်ထဲလျှောက်ဖြစ်တဲ့လမ်းတွေတိုင်းကို ကျွန်တော်အားတွေအပြည့်နဲ့လျှောက်ဖို့ပဲစိတ်အားပိုထည့်ဖြစ်တယ်......
Category
Website
Address
Mayangone Tsp
Yangon