Skin Secrets by Pyae
For all queens
15/03/2026
Discover the secret to glowing skin
Skin Secrets by Pyae on TikTok .secrets.by.py 0 Followers, 0 Following, 2 Likes - Watch awesome short videos created by Skin Secrets by Pyae
"ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေပွေလှိုင်းသည် ပိုမိုအားကောင်းလာပြီး နောက် (၄၈) နာရီ အတွင်း အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းနှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်၊ မြန်မာနိုင်ငံကမ်းရိုတန်းဒေသများနှင့် အလယ်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်"
အားလုံးဘေးအန္တရာယ်အပေါင်းမှကင်းဝေးနိုင်ကြပါစေ
မွန်ပြည်နယ်ရေဘေးတုန်းက ရှိတာအကုန်ပြောင်သွားတဲ့အထိရေဘေးခံခဲ့ရဖူးတယ်။ ဒုက္ခသည်နေရာကနေပဲ လိုအပ်တာလေးတွေကို လိုတိုရှင်းရေးကြည့်ပါမယ်။
(၁) ရေကျပြီးစအချိန်
((ဗိုက်အရမ်းဆာတယ်၊ ရေတအားငတ်တယ်။ တပတ်လောက်မိုးမိထားလို့ အရမ်းချမ်းနေတယ်။))
ရေကျပြီးစအချိန်မှာ ဆန်နဲ့ဆီနဲ့လာပေးရင် ဘာလုပ်ရမှန်းမသိဘူး၊ မီးမလာ၊ထင်းမရှိ၊ ဂတ်စ်မရှိမို့လို့ပါ။
ထမင်းထုပ်နဲ့ရေသန့်ဗူးတွေလာပေးရင်တအားပျော်တယ်။ ထမင်းထုပ်ကအမြဲဝေနိုင်မှာမဟုတ်တော့ တပတ်လောက်စားလို့ရမယ့် EXP Date ကျန်သေးတဲ့ ပေါင်မုန့်နဲ့ လက်နဲ့ဆွဲဖွင့်လို့ရတဲ့ ငါးသေတ္တာဗူးတွေရရင်လည်းပျော်ပါတယ်။(လက်နဲ့ဆွဲဖွင့်လို့ရမှဖြစ်မယ် ငါးသေတ္တာဖောက်စရာ ဓါးကိုမရှိတော့)
((အဝတ်နဲ့ အိပ်ယာလိပ်တွေရေစိုလို့ကုန်ပြီ))
အဝတ်လေးနှစ်စုံလောက်နဲ့ စောင်ပါးလေးတထည်လောက်ရရင်လည်းအရမ်းပျော်ပါတယ်။ ခြင်ထောင်ပါးလေးပါရရင်ပိုကောင်းတာပေါ့၊ ခြင်မကိုက်တဲ့လူးဆေးတို့ ဖြန်းဆေးတို့ပေးနိုင်လည်းကောင်းပါတယ် ။
((ဖိနပ်တွေလည်းမျောကုန်ပြီ))
ခြေညှပ်ဖိနပ်လောက်ရရင်အဆင်ပြေပါတယ်
((အအေးမိထားလို့တချို့ကဖျားနေကြပြီ))
ပါရာစီတမောလို အိမ်သုံးဆေးတွေလိုပါတယ်၊ ဝမ်းရောဂါနဲ့ပက်သက်တဲ့ဆေးတွေ၊ ရေသန့်ဆေးပြားတွေ၊ နာတာရှည်သမားတွေအတွက် နေ့စဉ်သောက်ဆေးလည်းလိုတယ်၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေလည်းလိုတယ်။
((လျှပ်စစ်ပစ္စည်းတွေဘာမှမရှိတော့ဘူး))
ဖုန်းတွေပျက်ကုန်တယ်၊ ကွန်ပြူတာ၊ ကား၊ ဆိုင်ကယ်၊ မီးစက် အကုန်ပျက်တယ်၊ ဓါတ်တိုင်ကျိုးလို့မီးလည်းမလာဘူး။
နိုကီယာလိုဟန်းဆက်လေးနဲ့ ဘေတသောင်းတန်ကဒ်လေးတွေ အယောက်စီတိုင်းမဟုတ်တောင် အစုအဖွဲ့အလိုက်ပေးသင့်ပါတယ်။
ပါဝါဘန့်လိုတယ်၊ မီးတလလောက်ပျက်နိုင်တဲ့အတွက် မီးစက်အသေးလေးနဲ့ဆီပေးနိုင်ပိုကောင်းတယ်။ မိုးရွာနေအုံးမယ် ဆိုလာအလုပ်မဖြစ်ပါ။
((ရေကျပြီးတပတ်အကြာ ပြန်လည်ထူထောင်ခါစအချိန်))
ဒီအချိန်မှာ ဆန်၊ဆီ၊ဆားနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေလိုပါပြီ။ ထင်း၊ မီးသွေး ရဖို့မလွယ်သေးတာမို့ ဂတ်စ်အိုးတွေလိုပါတယ်။
ရေသန့်ဗူးတွေလည်းလိုနေအုံးမှာပါ။
ပိုက်ဆံလိုပါပြီ၊ အလှူငွေရရင်အရမ်းပျော်ပါတယ်။
ဒီလောက်ပါပဲ၊ အတွေ့အကြုံအတိုင်းလိုတိုရှင်းရေးလိုက်တာပါ။
((ရှောင်ရန်))
ဘုရားဆင်းတုတို့ စာအုပ်တို့လာပေးရင် ဘယ်နားထားရမှန်းမသိပါ။
(ကူညီကယ်ဆယ်ရေးများ ထိရောက်စေရန်အတွက် ရေဘေးတွေ့ကြုံခံစားခဲ့ရသူ
ပြည်သူတစ်ဦး၏ အကြံပြုချက်ကို
ထပ်ဆင့်မျှဝေလိုက်ပါတယ်။)
ဖိနပ်လှလှလေးတွေနဲ့
ခြေလှမ်းလေးတွေလှနိုင်ကြပါစေ
ကိုယ့်လိုပဲ ဖိနပ်ဒီဇိုင်းဆန်းဆန်းလေးတွေကြိုက်သူများအတွက်
ဘာပဲဝတ်ဝတ် စတိုင်ကျဖို့နဲ့
ဖက်ရှင်အမြင်ရှိဖို့ပဲလိုတာနော်
15/01/2024
တရုတ်ရိုးရာ ဗေဒင်အရဆို
ဒီနှစ်ရဲ့ ကံအကောင်းဆုံးအရောင်က မြစိမ်းရောင်ပါတဲ့ ချစ်တို့ရေ
14/01/2024
ပါးချိုင့်လေးရဲ့ ပွဲတက်ဝတ်စုံဒီဇိုင်းလေး
လှလိုက်တာ 😍
14/01/2024
2024 ခုနှစ်ရဲ့ Pantone’s colour of the year ကတော့ Peach Fuzz ပါ။
ပန်းရောင်နဲ့ လိမ္မော်ကြားက အရောင်ဖြစ်ပြီး နွေးထွေးခြင်း၊နူးညံ့သိမ်မွေ့ခြင်းနဲ့ ကြင်နာခြင်းကို ဖေါ်ပြတဲ့ အရောင်ဖြစ်ပါတယ်။
Pantone’s colour of the year 2024 is : Peach Fuzz
A light, delicate shade that sits between pink and orange, Peach Fuzz marks the 25th anniversary of Pantone's Color of the Year program. This soft, heartfelt hue expresses the desire to nurture kindness, compassion, and connection—all while fostering a deep coziness as we seek a peaceful future.
Shirt
အလွယ်တကူ ပြုလုပ်နိုင်သောဆံပင်ပုံဆန်းလေးများ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 07:00 - 11:00 |
| Tuesday | 07:00 - 11:15 |
| Wednesday | 07:00 - 11:00 |
| Thursday | 07:00 - 11:00 |
| Friday | 07:00 - 11:00 |
| Saturday | 07:00 - 12:00 |
| Sunday | 07:00 - 12:00 |