Prevent Yangon

Prevent Yangon

Share

Prevent is a page where you can find useful information about all HIV prevention tools. You can also reach out experts anonymously to ask your questions.

This page is created by Medical Action Myanmar, a medical charity based in Yangon-treating HIV/AIDS.

30/09/2026

ထွန်း အခမဲ့ဆေးခန်းရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို သိပါသလား?

ထွန်းအခမဲ့ဆေးခန်း
09453512012
Viber>09453512012
Telegram>https://t.me/Tun_Free_Clinic
Messenger>http://m.me/PreventYangon

#ထွန်းအခမဲ့ဆေးခန်း #ကျန်းမာရေး #ကာလသား #ဂနို #ကြွက်နို့

28/09/2026

ကဲ မေးခွန်းလေး တစ်ခု လောက်ဖြေကြည့်ကွာ

HIV ပိုးကူးစက်ခြင်းမှ ကာကွယ်ဖို့အတွက် သောက်ရတဲ့ အရေးပေါ်ကာကွယ်ဆေး PEP က

ကူးစက်နိုင်တဲ့အပြုအမူ မဖြစ်ခင် သောက်ရတဲ့ ဆေးလား?

‌ဖြစ်ပြီးမှ သောက်ရတဲ့ဆေးလား ?

အဖြေမှန်ကို comment မှာ ဖြေခဲ့ပေးနော်

#ထွန်းအခမဲ့ဆေးခန်း

25/09/2026

ကျန်းမာရေးနဲ့ပတ်သက်ပြီး မေးချင်တာရှိနေပြီလား?

စိုးရိမ်တာတွေရှိပေမယ့် ဆေးခန်းကို ကိုယ်တိုင်လာပြီး မေးဖို့အဆင်မပြေဘူးလား?

ဆွေးနွေးတိုင်ပင်လိုတဲ့ ကျန်းမာရေးအကြောင်းအရာအားလုံးကို Online ကနေတဆင့် လုံခြုံစိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို လေးစားစွာ ထိန်းသိမ်းပေးထားပါတယ်။ မေးမြန်းလိုတဲ့ ကျန်းမာရေးအကြောင်းအရာတွေကိုလဲ ကိုယ့်ရင်ထဲရှိတဲ့အတိုင်း အဆင်ပြေသလို ပြောပြနိုင်ပါတယ်။

မေးဖို့ မရှက်ပါနဲ့။ သင့်ကျန်းမာရေးအတွက် ကျွန်တော်တို့နဲ့ဆက်သွယ်လိုက်ပါ။
ထွန်းအခမဲ့ဆေးခန်း
09453512012
Viber>09453512012
Telegram>https://t.me/Tun_Free_Clinic
Messenger>http://m.me/PreventYangon

#ထွန်းအခမဲ့ဆေးခန်း #ကာလသား #ကျန်းမာရေး

23/09/2026

🦠 ဂနိုရောဂါ (Gonorrhea) ဆိုတာဘာလဲ?

ဂနိုရောဂါ (Gonorrhea) က ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါ (STI) တစ်မျိုးပါ။

ရောဂါပိုးရှိတဲ့ သူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ပါးစပ်ဖြင့် ဆက်ဆံခြင်းတို့ကြောင့် ကူးစက်နိုင်ပါတယ်။

🔍 ကူးစက်ခံရပြီဆိုရင် တချို့လူတွေမှာ လက္ခဏာပြတတ်ပေမယ့် လက္ခဏာမပြဘဲနဲ့ဘလဲ ရှိနေနိုင်ပါတယ်။

လက္ခဏာပြလာရင်တော့—

ဆီးသွားတဲ့အခါ ပူစပ်/နာကျင်ခြင်း

လိင်အင်္ဂါကနေ အဖြူ၊ အဝါ၊ အစိမ်းရောင် အရည်ထွက်ခြင်း

စတဲ့လက္ခဏာများပြတတ်ပါတယ်။

ဒါကြောင့် ဂနိုမဖြစ်စေဖို့ လိင်မှုကိစ္စပြုတဲ့အခါ အကာကွယ် ကွန်ဒုံးသေချာသုံးပါ။ အကယ်၍ ကူးစက်ခံရပါကလဲ ပေါ့ဆ မနေဘဲ ကုသမှုခံယူပါ။
ကုသဖို့နှင့် လိင်မှတဆင့်ကူးစက်ရောဂါများရှိမရှိကို ထွန်းအခမဲ့ဆေးခန်းမှာ အခမဲ့ စစ်ဆေးကုသနိုင်ပါတယ်။
ဆက်သွယ်ပါ။
ထွန်းအခမဲ့ဆေးခန်း
09453512012
Viber>09453512012
Telegram>https://t.me/Tun_Free_Clinic
Messenger>http://m.me/PreventYangon

#ဂနို #ကာလသား #ထွန်းအခမဲ့ဆေးခန်း

21/09/2026

🏥 အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ပါပြီ! 💙

ကျန်းမာရေးအတွက် စိုးရိမ်စရာရှိပါသလား?
အခမဲ့ ကျန်းမာရေးစစ်ဆေးကုသမှုများကို ထွန်းအခမဲ့ဆေးခန်းမှာ အခမဲ့ ရယူနိုင်ပါတယ်။

✨ အခမဲ့ ဝန်ဆောင်မှုများ ✨

🩺 အခမဲ့ ဆေးခန်းပြသခြင်း
🔬 HIV အပါဝင် လိင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ (STIs)များ ရှိ/မရှိ စစ်ဆေးခြင်း
ကာလသားရောဂါများ ကုသခြင်း
💊 ဆီးချို၊ သွေးတိုးရောဂါများ စစ်ဆေးကုသခြင်း
🩺 ချောင်းဆိုး ဖျားနာအပါဝင် အထွေထွေရောဂါများ စစ်ဆေးကုသခြင်း

📍 အခါကြီးရက်ကြီးမှ အပ နေ့စဉ်ဆေးခန်းဖွင့်ပါတယ်။
⏰ ဆေးခန်းဖွင့်ချိန်အတွင်း မည်သူမဆို အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုများရယူနိုင်ပါသည်။

ဆေးခန်းလိပ်စာများနှင့် သိလိုတဲ့ကျန်းမာရေးအကြောင်းအရာများမေးမြန်းဖို့ ဆက်သွယ်ပါ။
👇👇👇👇👇
ထွန်းအခမဲ့ဆေးခန်း
09453512012
Viber>09453512012
Telegram>https://t.me/Tun_Free_Clinic
Messenger>http://m.me/PreventYangon

#ကျန်းမာရေး #ကာလသား #ကြွက်နို့ #ဂနို #ထွန်းအခမဲ့ဆေးခန်း

18/09/2026

🚨 HIV ကူးစက်နိုင်တဲ့အခြေအနေတစ်ခု ကြုံခဲ့ပြီဆိုရင်…

မမျှော်လင့်ဘဲ HIV ကူးစက်နိုင်တဲ့အခြေအနေမျိုး ကြုံခဲ့ရင် PEP ဆိုတဲ့ HIV အရေးပေါ်ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်ပါတယ်။ 💊

HIV ကူးစက်နိုင်တဲ့အခြေအနေ ကြုံပြီး ကိုယ်ဖြစ်ခဲ့တဲ့အချိန်ကနေ 72 နာရီ (၃ ရက်) အတွင်း စတင်သောက်၍ HIV ကူးစက်ခြင်းကို ကာကွယ်လို့ရပါတယ်။

ဒါကြောင့် ကူးစက်နိုင်တဲ့အခြေအနေ ကြုံခဲ့ရင်

📍 ဆရာဝန်များ (သိုမဟုတ်) ကျန်းမာရေးဝန်ထမ်းများစီ အမြန်ဆုံးသွားရောက်ပါ။
📍 လိုအပ်တဲ့ သွေးစစ်ဆေးမှုတွေပြုလုပ်ပါ။
📍ဆရာဝန်ညွှန့်ကြားချက်အတိုင်း ဆေး စ သောက်ပါ။
📍ကူးစက်နိုင်တဲ့အပြုအမူများထပ်မလုပ်မိအောင် သတိပြုပါ။
📍ရက်ချိန်းပြည့်တဲ့အခါ သွေးပြန်စစ်ပါ။

သတိပြုဖို့ကတော့ 👉 စောစောစတင်လေလေ ပိုကောင်းလေလေမို့
အချိန်မဆွဲဘဲ ကျန်းမာရေးဝန်ထမ်းတွေစီအမြန်လေးသွားဖို့တော့လိုမယ်နော်။
တိုင်ပင်ဆွေးနွေးလိုပါက ဆက်သွယ်ပါ။
👇👇👇👇👇
ထွန်းအခမဲ့ဆေးခန်း
09453512012
Viber>09453512012
Telegram>https://t.me/Tun_Free_Clinic
Messenger>http://m.me/PreventYangon

#ကျန်းမာရေး #ထွန်းအခမဲ့ဆေးခန်း

16/09/2026

အမှတ်မှားနေကြတဲ့ HIV ရှိ/မရှိ စစ်တာနဲ့ Viral Load (ပိုးကောင်ရေစစ်ဆေးမှု) အကြောင်း

💁HIV ကုသမှုခံယူထားတဲ့သူတွေမှာ ပထမ စစခြင်း ၆လ နှင့် နောက်ပိုင်း တစ်နှစ်တစ်ခါ Viral Load (ပိုးကောင်ရေစစ်ဆေးခြင်း) ကို ပြုလုပ်ပါတယ်။

✔️ဒီစစ်ဆေးမှုသည် ဆေးကုသမှုအောင်မြင်လား နှင့် ပိုးကောင်ရေထိန်းချုပ်နိုင်လားဆိုတာကို စစ်ဆေးတာဖြစ်ပါတယ်။
❌HIV ရှိ မရှိ ကို ထပ် စစ်တာမဟုတ်ပါဘူး။

🧑‍⚕️ART ကုသမှု မစတင်ခင် HIV ရှိတာ သေချာစေဖို့အတွက် ကနဦးစစ်ဆေးခြင်း နဲ့ အတည်ပြုစစ်ဆေးခြင်း ဆိုပြီး အဆင့်ဆင့် စစ်ဆေးမှုများပြုလုပ်ပြီး ပိုးရှိတယ်လို့အဖြေရမှာ ကုသမှုစတင်တာဖြစ်ပါတယ်။

💯သေချာစေဖို့အတွက် ဆေးမစခင်မှာ အကြိမ်ကြိမ် စစ်ဆေးပြီးပြီ မို့ နောက်ထပ် ဘယ်တော့မှ HIV ရှိမရှိကိုထပ်မစစ်ပါဘူး။ ဒါအပြင် HIV ပိုးဟာ ခန္ဓာကိုယ်ထဲမှာ အမြဲရှိနေမှာမို့ ဆေးထိန်းချုပ်နိုင်လား ကျန်းမာနေလား သိဖို့အတွက်သာ ပိုးကောင်ရေကိုသာ နှစ်စဉ် စစ်ဆေးတာဖြစ်ပြီး HIV ရှိမရှိကို မစစ်ပါဘူး။

ဒါကြောင့် နှစ်စဉ်နှစ်တိုင်း စစ်တာသည် ပိုးကောင်ရေစစ်တာ ပါ။✔️✔️✔️

❌❌❌ HIV ရှိမရှိကို ထပ် စစ်တာမဟုတ်ပါဘူး❌❌❌

ဒါဆို ဒီ နှစ်ခုကို လွဲမနေတော့ဘဲ နားလည်သွားမယ်ထင်ပါတယ်။

တိုင်ပင်ဆွေးနွေးလိုပါက ဆက်သွယ်ပါ။
👇👇👇👇👇
ထွန်းအခမဲ့ဆေးခန်း
09453512012
Viber>09453512012
Telegram>https://t.me/Tun_Free_Clinic
Messenger>http://m.me/PreventYangon

#ထွန်းအခမဲ့ဆေးခန်း

14/09/2026

👀 “ငါ HIV ကူးစက်ခံထားရရင် ဘာလုပ်ရမလဲ…”

💡HIV ကူးစက်ခံရတာနဲ့ ဘဝကြီးဆုံးသွားတာ မဟုတ်ပါဘူး

HIVပိုး ကိုယ့်မှာ ရှိနေတယ်ဆိုရင်တောင် ART ကုသမှု ရှိပါတယ်။

ဆေးကုသမှုခံယူမယ်၊ ဆရာဝန်များရဲ့ ညွှန်ကြားချက်အတိုင်း
ဆေးပုံမှန်သောက်မယ်၊ ကျန်းမာရေးဂရုစိုက်မယ်ဆိုရင် ဆက်လက်၍ ကျန်းမာပျော်ရွှင်နိုင်ပါတယ်။

ကုသမှုကောင်းကောင်းခံယူပြီး Viral Load ကို Undetectable အဆင့်အထိ ထိန်းထားနိုင်မယ်ဆိုရင် ကိုယ်စီကနေ တခြားသူတွေစီကို လိင်မှတစ်ဆင့် HIV ကို မကူးစက်စေနိုင်တော့ပါဘူး ❤️

🌱ဒါကြောင့် HIV ဆိုတာ
❌ ဘဝကို အဆုံးသတ်ပေးတဲ့အရာ မဟုတ်ပါဘူး။
❌ အချစ်နဲ့ ဆက်ဆံရေးတွေကို အဆုံးသတ်လိုက်ရတဲ့ အရာတွေလဲ မဟုတ်ပါဘူး။

ကုသမှုခံယူမယ်၊ ကိုယ့်ဘဝကို ဆက်လက်တည်ဆောက်မယ်၊ နားလည်မှုရှိရှိနဲ့ ချစ်ခြင်းတွေကို ဖန်တီးမယ်။ လုံခြုံပျော်ရွှင်ခြင်းတွေနဲ့ လှပတဲ့ နေ့စွဲလေးတွေ က သင့်အတွက် ဆက်လက်ရှိနေပါသေးတယ်။

ဒါကြောင့် စိတ်ပူနေမယ့်အစား
👉 HIV Test မစစ်ဖူးသေးရင် စစ်ဆေးကြည့်ပါ။
👉 HIV ရှိနေတယ်ဆိုရင် ကျန်းမာရေးဝန်ဆောင်မှုပေးသူနဲ့ တိုင်ပင်ပြီး ကုသမှုစတင်ပါ။
👉 HIV နဲ့ပတ်သက်တဲ့ အချက်အလက်မှန်တွေကို လေ့လာပြီး အခြားသူတွေကိုလည်း မခွဲခြားဘဲ နားလည်ပေးပါ။

ရင်ဖွင့်တိုင်ပင်ပြောပြချင်တယ်၊ ဆွေးနွေးချင်တယ်၊ HIV ရှိမရှိ သွေးစစ်ချင်တယ်၊ ကုသမှုတွေစတင်ချင်တယ်ဆိုရင်.....ယုံကြည်စိတ်ချစွာနဲ့ ဆက်သွယ်လိုက်ပါ။
👇👇👇👇👇
ထွန်းအခမဲ့ဆေးခန်း
09453512012
Viber>09453512012
Telegram>https://t.me/Tun_Free_Clinic
Messenger>http://m.me/PreventYangon

#ထွန်းအခမဲ့ဆေးခန်း

12/09/2026

🚨 “HIV ရှိတယ် = တခြားသူကို ကူးစက်မယ်”

ဒီလို ထင်နေ တုန်းလား ?

အမှန်တရားကတော့ မဟုတ်ပါဘူး။

💊 HIV ရှိသူတစ်ယောက်က ART ဆေးကို ပုံမှန်သောက်ပြီး ဗိုင်းရပ်စ်ပမာဏကို သွေးထဲမှာ မတွေ့နိုင်တဲ့အဆင့် (Undetectable) အထိ ထိန်းထားနိုင်ရင်...

❤️ လိင်ဆက်ဆံမှုကနေ HIV ကို မကူးစက်နိုင်ပါဘူး။

ဒါကို U=U (Undetectable = Untransmittable) လို့ ခေါ်ပါတယ်။

U=U ဆိုတာက HIV ပိုးကောင်ရေ ပမာဏ ကို သွေးထဲမှာ စက်နဲ့ ရှာဖွေလို့ မတွေ့တော့တဲ့အထိ ထိန်းချုပ်ထားနိုင်တာပါ။ စက်နဲ့ရှာဖွေမတွေ့တော့တဲ့အထိ ထိန်းထားနိုင်တဲ့အတွက် တခြားသူကို ကူးဖို့ ပိုးဟာလဲ မလုံလောက်တော့တဲ့အတွက် ကူးစက်မှုကို ရပ်တန့်လိုက်နိုင်ပါပြီ။

🚨 HIV ရှိတယ် ဆေးကုသမှုခံယူတယ် ပိုးကောင်ရေကို Undetectable ထိ ထိန်းထားနိုင်ရင် တခြားသူကို ကူးစက်ဖို့ဆိုတာ NO! No no!!!!!!! ပါနော်

U=U ဆို >> HIV ရှိတယ် = တခြားသူကို လိင်မှုကိစ္စကနေ “ လုံးဝ လုံးဝ မကူးစက်ပါ”

#ထွန်းအခမဲ့ဆေးခန်း

10/09/2026

Su***de လုပ်ဖို့စဉ်းစားနေသူတိုင်းဟာ “အသက်သေဆုံးချင်လို့ မဟုတ်ပါဘူး”...

Su***de အကြောင်းပြောကြတဲ့အခါ ကိုယ့်အသက်ကိုယ်ကို တန်ဖိုးမထားလို့၊ သေဆုံးချင်လို့ ဒီလို လုပ်တာလို့ ထင်မြင်နေတတ်ကြပါတယ်။ သင့်အတွေးအမြင်နဲ့ ရှုထောင့်မှာ ဒီလို ဖြစ်နေနိုင်ပေမယ့် သူတို့ ဘက်မှာတော့ ဒီလို “လုံးဝ” မဟုတ်ပါဘူး။

သူတို့ဟာလဲ သင်လိုပဲ ရှင်သန်ချင်ကြပါတယ်၊ အသက်နဲ့ခန္ဓာ ကိုလဲ ချစ်မြတ်နိုးကြပါတယ်။
သူတို့ဖြစ်ချင်တဲ့ဆန္ဒဟာ ရိုးရိုးလေးပါပဲ
ကြုံတွေ့နေရတဲ့ “နာကျင်မှုကနေ လွတ်မြောက်ချင်တာ”ပါ။

သူတို့ ကြုံတွေ့နေရတဲ့ အဆင်မပြေမှု၊ စိတ်နာကျင်ထိခိုက်မှု၊ ဖိအားတွေနဲ့ မျှော်လင့်ချက်ကင်းမဲ့မှု တွေဟာ သူတို့ ခံနိုင်ရည်ရှိတာထက် ကျော်လွန်သွားတဲ့အခါ စိတ်ဖိစီးမှုတွေနဲ့ ဒါတွေကနေ လွတ်မြောက်ဖို့အတွေးဟာ ပိုပြင်းထန်လာပါတယ်။

ဒီနာကျင်မှုတွေကနေ ဘယ်လိုလွတ်မြောက်ရမလဲ? ဆိုတဲ့မေးခွန်းရဲ့ အဖြေကို ရှာဖွေရင်း တခြားနည်းလမ်းတွေ မမြင်တဲ့အခါ သေဆုံးခြင်းကသာ ဒီနာကျင်မှုကို ရပ်တန့်နိုင်မယ့် တစ်ခုထဲသောနည်းလမ်းလို့ ထင်မြင်လာပါတယ်။ ဒါကြောင့် Su***de လုပ်ဖို့ရွေးချယ်မိကြတာပဲဖြစ်ပါတယ်။

ဒါကြောင့် Su***de ကို အာရုံစိုက်ခံချင်လို့၊ ပျော့ညံလို့၊ ဘဝကို လွယ်လွယ်နဲ့လက်လျှော့တာလို့ မမြင်ပါနဲ့။

🌻အဖြစ်ပျက်တွေနဲ့ ဒီအဖြစ်ပျက်တွေနဲ့အတူ ရှိနေတဲ့ သူတို့ရဲ့နာကျင်မှုတွေကို မြင်အောင်ကြည့်ပေးပါ။
🌻သူဘယ်လို ဆိုတဲ့အဓိပ္ပာယ်သတ်မှတ်ခြင်းတွေထက် နားလည်မှုတွေပေးပါ။
🌻အပြစ်တင်ခြင်းတွေ ကိုယ့်အထင်မြင်တွေ ပြောခြင်းတွေထက် များများနားထောင်ပေးပါ။
🌻သူတစ်ယောက်ထဲ ရှိနေခြင်းထက် အတူတူရှိပေးပါ။ အတူတူရှိပေးနေပါတယ်ဆိုတဲ့ခံစားချက်ကလေးကို သက်တောင့်သက်သာ ဖြစ်စွာ ရရှိစေပါ။
🌻 တတ်ကျွမ်းနားလည်တဲ့ စိတ်ကျန်းမာရေးပညာရှင်များ (သို့မဟုတ်) သေချာလေ့ကျင့်ထားသော အရည်ချင်းပြည့်ဝတဲ့ နှစ်သိမ့်ဆွေးနွေးသူ(Counselor) များနှင့် ချိတ်ဆက်ပေးပါ။

🌞ပြဿနာ အခက်အခဲအားလုံးကို ကျွန်တော်တို့ ဖြေရှင်းပေးဖို့ မတတ်စွမ်းနိုင် ခဲ့ရင်တောင်မှ

💓နားလည်ပေးနိုင်တဲ့ စိတ်နှလုံးသားကိုသိမြင်စေခြင်း၊
💓စိတ်ခံစားချက်တွေအကုန်လုံးကို ကောင်းစွာပြောပြလို့ရခြင်း၊
💓ချစ်ခြင်းမေတ္တာနဲ့ အတူတူရှိနေပေးပါတယ်ဆိုတဲ့ ကောင်းမွန်တဲ့ခံစားချက်တွေ ရရှိသွားစေခြင်းဟာ ရှင်သန်ခြင်း မနက်ဖြန် တွေကို ရှေ့ဆက်ပေးနိုင်ပါလိမ့်မယ်။

💛 World Su***de Prevention Day — September 10

#ထွန်းအခမဲ့ဆေးခန်း

Telephone

Website

Address


ဘားအံလမ်းနှင့် မင်းလှ လမ်း​ထောင့်၊ စ​နေမ မှတ်တိုင်အနီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်။
Yangon
11401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 12:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Prevent Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.