SOUL
Art is Everywhere.
28/09/2026
ပန်းသည်
ကြည်လင်မှုတွေကို စက္ကန့်မလပ်
သယ်ဆောင်လာပါတယ်
ရနံ့တွေကို ရောင်းပါတယ်
ပျော်ရွှင်မှုကို ရောင်းပါတယ်
အရောင်စုံပန်းပွင့်များကို ရောင်းပါတယ်
ချစ်ခြင်းမေတ္တာဟာ လူတန်းစားမခွဲခြားဘဲ
အလွှာအသီးသီးဆီ ရောက်ခဲ့ပါတယ် ။
ပန်းတွေမြင်တိုင်း
ကြည်လင်ပျော်ရွှင်ပါစေကွယ် ။
Moe Htet Myint's Art
Watercolor on paper
7.5" x 10.5"
🌹 သဘောကျနှစ်သက်လို့ ဝယ်ယူ စုဆောင်းချင်တယ်ဆို cb မှာ ဈေးလေးစုံစမ်းလို့ရပါတယ်
#အရာရာတိုင်းမှာအနုပညာ
27/09/2026
သီချင်းတွေဟာ ရှေးမြို့ရိုးဟောင်းများကို တူးဖော် ရှာဖွေပေးကြတဲ့သူတွေလိုပဲ။ စိတ်အလိုကျ play နှိပ်မိသွားတဲ့ သီချင်းတစ်ပုဒ်ဟာ အိပ်မက်ဆန်တဲ့ ခရီးတိုတစ်ခုထဲကို ခပ်နက်နက် ဆွဲခေါ်ချသွားတတ်တယ်။ မြင်ကွင်းအဟောင်းတွေ၊ ဓာတ်ပုံအဟောင်းတွေ၊ ဆက်သွယ်လှိုင်းအဟောင်းတွေ၊ ရေမွှေးနံ့အဟောင်းတွေ၊ ပျော်ခဲ့ရမှုအဟောင်းတွေ ... ဟာ လိုင်းမိသွားလို့ကြည်လင်သွားတဲ့ အသံတွေလိုပဲ။ ထားခဲ့လိုက်ရသမျှ အဟောင်းဆိုပေမယ့် အခုအကုန်အသစ်ပြန်ရတယ်။ ဖြတ်သွားသမျှနေရာတွေပေါ် ကျကျလာတဲ့ ဖျတ်ခနဲ အလင်းတွေ၊ ဖျတ်ခနဲ အမှောင်တွေဟာ မြူးနေ ကနေလို့ပဲ။ ရွေ့လျားနေတဲ့အိမ်အပြန်လမ်းတွေဟာ နီကိုတင်းငွေ့တွေနဲ့၊ လတ်ဆတ်တဲ့ရနံ့တွေနဲ့။ စတုရန်းရဲ့အနားများလို အပြိုင်သီဆိုခဲ့ကြသော အိပ်မက်ထဲကရထားကြီးဟာ ဘယ်ကိုဆက်သွားနေသလဲ မသိခဲ့တော့ပါ။ ကျန်သူများရဲ့ တခြမ်းပဲ့ညကိုယ်စီတွေကတော့ မှောင်ရီနေကြဆဲပါပဲ။
#ရေချယ်
#အရာရာတိုင်းမှာအနုပညာ
27/09/2026
🤍🤎 ဒီနေ့က SOUL တို့ရဲ့ Artist အချောတွေထဲက တစ်ယောက်ဖြစ်တဲ့ artist Hay ရဲ့ မွေးနေ့လေးပါရှင်။
မွေးနေ့မှစ ရှေ့လာမယ်နေ့သစ်တိုင်း
လိုအင်ဆန္ဒသူသမျှပြည့်စုံပါစေ။ သွားလေရာဘေးကင်းပါစေ၊ ချစ်ရတဲ့သူလည်း အမြန်ရှာတွေ့နိုင်ပါစေ😉😛 လို့ Soul အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🤍🤎
Happy birthday to you 🎂🎈💐🎉🎇🤍🥰🌸
Hay Man Hnin Khai
26/09/2026
"ပါရီအိပ်မက်"
တစ်ခါတလေ ဘယ်လိုမှ မဖြစ်နိုင်မှန်းသိပေမယ့် တချို့အိပ်မက်တွေကို ကျွန်မတို့က မက်ချင်ကြတာပဲ။ ပါရီအိပ်မက်လိုမျိုးပေါ့။ ပါရီက လမ်းမတွေကိုလျှောက်သွားမယ်။ ပန်းချီပြခန်းတွေဆီ သွားမယ်။ ကဖေးဆိုင်ထိုင်မယ်။ Croissant (လခြမ်းမုန့်)စားမယ်။ ရေမွှေးတွေဝယ်မယ်။ ပို့စကတ်တွေဝယ်မယ်။ စိန့်မြစ်ကမ်းဘေးမှာလေညင်းခံမယ်။ ဒါက ရိုးရိုးလေးပြောတာပေါ့။
ဒီ့ထက်ပိုပြောရရင် စိန့်ဂျာမိန်း လမ်းမကြီးပေါ် လမ်းလျှောက်ပြီး ဟဲမင်းဝေးအကြောင်း တွေးမယ်။ လူဇင်ဘတ်ဥယျာဉ်ထဲက သံကုလားထိုင်စိမ်းစိမ်းလေးတွေပေါ်မှာထိုင်ပြီး စာဖတ်မယ်။ ကားပေးမဝင်တဲ့ ခရီမြူးလမ်းမှာ ဓာတ်ပုံသွားရိုက်မယ်။ တောင်ကုန်းမြင့်လေးပေါ်က ကဗျာဆန်တဲ့ မွန်မာတာ ရပ်ကွက်ထိ သွားကြည့်မယ်။ မိုနေးနဲ့ ဗန်ဂိုးရဲ့ အရိပ်တွေကိုရှာမယ်။ ပန်းချီမှာ Impressionist ကို ကြိုက်တဲ့ကျမအတွက် ပါရီဟာ ရင်ခုန်စရာကောင်းမယ်။
တကယ်ဆို ပါရီဟာ သုံးလလောက် ခံစားနေထိုင်ရမယ့်မြို့ပဲ ..... စသည်ဖြင့်ပေါ့။
ဒီအိပ်မက်ဟာ မဖြစ်နိုင်မှန်း၊ ဒါမှမဟုတ် မသေချာနိုင်မှန်းလည်း ကျွန်မသိတာပါပဲ။ အဲ့ဒီလိုပဲ ပါရီအိပ်မက်တွေ ကျွန်မတို့ဆီမှာ များတယ်။ ဘယ်တတ်နိုင်မလဲ၊ ဒါ ဘဝပဲလေ။ ဘဝလမ်းမတွေပေါ်က လူတိုင်းဟာ ပါရီအိပ်မက်တွေကိုယ်စီနဲ့ပဲလို့ ကျွန်မထင်တယ်။
Photo: Café Terrace at Night, 1888 by Vincent Van Gogh
#ရေချယ်
#အရာရာတိုင်းမှာအနုပညာ
ဦးတည်ရာမရှိ လွင့်နေချင်တယ်
နေရောင်ခြည်လေးကို ရပ်ငေးမယ်
ပန်းတွေတွေ့ရင် ခဏနားမယ်
အခိုက်အတန့်လေးတွေကို ခံစားမယ်
အရာရာ ဖြည်းဖြည်းလေးပဲ
လိပ်ပြာလေးတစ်ကောင်လို… 🦋
📷 SOUL
#အရာရာတိုင်းမှာအနုပညာ
26/09/2026
ကုက္ကိုလ်ရွက်ကြွေလေး တစ်ရွက်ကိုတောင်
ကြောက်နေမိ
အဲ့သည့်လောက်အထိပါပဲ
ဒီမိုးအပြီးမှာ အကုန်ပါသွားစေချင်တယ်။
#အနားယူဖို့ခွင့်ပြုချက်
#ရေချယ်
📷 SOUL
#အရာရာတိုင်းမှာအနုပညာ
25/09/2026
စိတ်ပါလက်ပါ ရှိတဲ့နေ့မှာ
အိပ်ယာခင်းတွေကို
အဖြူရောင်တွေမထားတော့ဘူး
ခန်းစီး အနီရောင်တွေ ဖြုတ်ချပြီး
အဝါရောင် ခန်းစီးတွေ ပြန်တပ်ထားမယ်
ပန်းများ ပွင့်ပါစေ
တိုက်တဲ့လေဟာ ညင်သာပါစေ
သက်သာသော စိတ်နဲ့ခန္ဓာ ရှိပါစေ
နေတွေသာနေရင်ပဲ ဖြစ်ဖြစ်
မိုးတွေရွာနေရင်ပဲ ဖြစ်ဖြစ်။ ။
#အရာရာတိုင်းမှာအနုပညာ
24/09/2026
အသေးအဖွဲအရာတွေမှာ
စိတ်လှုပ်ရှားပျော်ရွှင်စေချင်တယ် အချစ်ရေ ...
အချိန်နဲ့အမျှ ဆုံးရှုံးမှုကမ္ဘာမှာ
အခု ရနိုင်တဲ့အရာတွေကို ယူပါ။
#အိုင်းဒီး
📷SOUL
#အရာရာတိုင်းမှာအနုပညာ
Category
Contact the establishment
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 23:00 |
| Tuesday | 09:00 - 23:00 |
| Wednesday | 09:00 - 23:00 |
| Thursday | 09:00 - 23:00 |
| Friday | 09:00 - 23:00 |
| Saturday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when SOUL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.