Red Cat

Red Cat

Share

Art and Graphic design

05/05/2026

အတွေးတွေကို Positive တွေးကြည့်ပါ။

"ငါ့တို့က သူတို့လောက်မတတ်နိုင်လို့ ခုအလုပ်တွေမှာအရမ်းရုန်းကန်နေရတယ်။
Laptop ကောင်းကောင်းလေးတလုံးဝယ်ဖို့တောင်
မနည်းစုလိုက်ရတယ်။
ငါ Designer စဖြစ်လာတဲ့ချိန်မှာ သူတို့လိုတတ်နိုင်ရင်
ငါလဲရှေ့ကို မြန်မြန်ရောက်မှာပဲ"ဆိုတဲ့
အတွေးတွေဟာ ကိုယ့်ရဲ့ မရင့်ကျပ်မှု လူများကိုလိုက်ယှဉ်မှုကို ပြသနေတာပါပဲ။

ဒီလို Negative တွေကို အကောင်းဖတ်ကပြန်တွေးကြည့်ရအောင်
"ရုန်းကန်နေတာမဟုတ်ဘူး ကြိုးစားနေတာဖြစ်ပါတယ်။ စကားရတူသလိုရှိပေမယ့် အဓိပ္ပါယ်ကတော်တော်လေးကွဲပါတယ်။
ရုန်းကန်ရတဲ့စကားနောက်ကွယ်မှာ ပင်ပန်းမှု အားမရမှုတွေ ရောထွေးပါလာတယ်။
ကြိုးစားတာကရော ?
ကြိုးစားတယ်ဆိုတဲ့ စကားက တခုခုသေးသေးလေးဖြစ်မြောက်ရင်တောင် Yep! ဒါငါ့ကြိုးစားမှုကြောင့်ရတဲ့ ရလဒ်လေးပဲဆိုပြီး ကိုယ့်ကိုကိုယ် အမြဲကျေးဇူးတင်တတ်လိမ့်မယ်။ တခုခုလွဲချော်ရင်တောင် ငါ့ကြိုးစားမှုက လိုသေးတာပဲဆိုတဲ့ အမှားကိုပြန်ပြင်ဖို့အတွေးဝင်တယ်။ ပစ္စည်းတခုဝယ်နိုင်တာ projectတခုအောင်မြင်တာကစလို့ ငါကြိုးစားမှုကအရာထက်တာပဲဆိုတဲ့ အောင်မြင်တဲ့ခံစားချက်ကိုရပါလိမ့်မယ်။
ဒါကြောင့် ပထမဆုံးကိုယ်သုံးတဲ့စကားလုံးကို အရင်ပြောင်းလဲပါ။"

နောက်တခုက?

"အားကျနေမှု လိုက်ယှဉ်နေမှုတွေ
တဖတ်ကပြန်ကြည့်မယ် ငါသာမွေးထဲက လိုချင်တာအကုန်ရနေတာမျိုး
အိမ်က ပိုလုပ်ပေးနေတာမျိုးဆို ငါခုလို ကြိုးစားကောင်းရမှန်းသိပါ့မလား
ခုလုပ်နေတဲ့အလုပ်ကိုရောလုပ်ဖြစ်ပါ့မလား
ပိုက်ဆံအလွယ်လေးရနေရင် ငါလဲ သုံလိုက်ဖြုန်းလိုက်နဲ့
ဘဝကိုပေါ့ပေါ့ပဲ ဖြတ်သန်းနေမိမလား
ခုလိုလေ့လာမှုတွေကော သေချာအာရုံစိုက်ဖြစ်ပါ့မလား
ငါ့ဘဝမှာ အကုန်သာလွယ်နေရင်သေချာတယ်ငါခုလို level ရောက်မှာမဟုတ်ဘူးပေါ​့
ခဗျားတို့ဒါကိုစဉ်းစားမိလား?
ခုဆို ကိုယ်လိုချင်တာကို ကိုယ်ရအောင်ဝယ်ရမယ် ကိုယ်သွားချင်တဲ့ level ကို ကိုယ်ရအောင်သွားရမယ်ဆိုတဲ့
စိတ်ကူး ခဗျားတို့တွေးမိပါ့မလား?။
ကိုယ့်ကိုကိုယ်အရင်ချစ်တတ်အောင်လုပ်ပါ
ကိုယ်ဘဝကိုကိုယ်လက်ခံနိုင်မှ ကျတော်တို့ကပိုဖြစ်မြောက်မှာပါ။
ကိုယ်လိုက်ကြည့်ယှဉ်မိနေတဲ့သူတွေက ကိုယ်တွက်ဘာအထောက်ပံ့မှမဖြစ်သလို
သူတို့ဟာကိုယ်မဟုတ်ပါဘူး။
ကိုယ်ကြည့်ရမယ့် မိသားစုနဲ့ ကိုယ်တိုင်ရဲ့ဘဝကိုနားလည်လာရင်
ကိုယ်ဘာလုပ်ရမလဲသင်သိလာပါလိမ့်မယ်။"

ကျွန်တော့တွက်တော့ ကျွန်တော့ဘဝရဲ့မပြေလည်ခြင်းတွေက
ကျွန်တော့ရဲ့ လက်ရှိရောက်နေတဲ့ နေရာကို ဆွဲခေါ်သွားတာပဲလို့ခံယူထားတယ်

01/05/2026

. Unscripted Content .
Finding Light in the Dark.

04/03/2026

Ko Charlie at Red Cat 💥

Photos from Infinite Inc.'s post 17/02/2026

အမိုက်စားပွဲလေးမို့အားလုံးကိုဖိတ်ခေါ်ပါတယ်

01/02/2026

Evolution of Red Cat 🐈

Brand logo ပြောင်းလဲခြင်း ..

Category

Art

Website

Address


Yangon