Goat Highlight
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Goat Highlight, Sports, Yangon.
18/02/2024
🔴FT : လူတန်တောင်း 1-2 ယူနိုက်တက် (Epl)
⚽ Morris 14' ⚽ Højlund 1' 7'
ပထမပိုင်းသွင်းဂိုးတွေနဲ့ အဝေးကွင်းမှာနိုင်ပွဲဆက်ခဲ့ပြန်တဲ့ ယူနိုက်တက်။
MUFC
17/02/2024
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွေ့မှာ ခေါ်ယူဖို့အတွက် တောင်ပံကစားသမား နှစ်ယောက်ကို ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်
ပက်ဒရိုနက်တို (ဝုဗ်) - အသက် 23
မိုက်ကယ်အိုလီဆီ (ပဲလေ့စ်) - အသက် 22
13/02/2024
ကိုဘီမိုင်နိုက လူငယ်ကစားသမားတစ်ယောက်အတွက် ထူးချွန်အောင် လုပ်ဆောင်ထားတယ်လို့ ကျွန်တော်ထင်ပါတယ်။
အင်္ဂလန်နည်းပြဆောက်ဂိတ်သူဟာ ယူနိုက်တက်အတွက် ကောင်းမွန်တဲ့စတင်ခြင်းကို ရရှိခဲ့တာပါ။သူက ခံစစ်ကွင်းလယ်ကစားသမားဖြစ်ဖို့တော့သေချာပေါက်မသိနိုင်ဘူးဗျ။
သူဟာ အတော်လေးကို တိုးတက်လာတဲ့ ကစားသမားဖြစ်ပေမယ့် သူ့ရဲ့ကစားသမားဘဝကို အံ့သြဖွယ်စတင်နိုင်ခဲ့ပြီး ရှေ့ဆက်ပြီးတော့ လျှောက်လှမ်းနေတဲ့အချိန်မှာ သူ့ကိုစောင့်ကြည်နေရတာဟာ ကောင်းတဲ့အရာပါ။
13/02/2024
Transfer News
လာမည့်နွေရာသီအပြောင်းရွှေ့တွင် အသင်း၏ ခံစစ်ပိုင်းကို ပြုပြင်ရန် ပြင်ဆင်နေသည့် ယူနိုက်တက်အသင်းသည် လေဗာကူဆင်နောက်ခံလူများဖြစ်သည့် ညာနောက်ခံလူ Jeremie Frimpong နှင့် ဗဟိုနောက်ခံလူ Edmond Tapsoba တို့၏ အခြေနေအား စောင့်ကြည့်နေကြောင်း သိရသည်။
Samuel Luckhurst
12/02/2024
FT : အက်စတွန်ဗီလာ 1-2 ယူနိုက်တက်
⚽Luiz 67' ⚽ Højlund 17'
⚽ McTominay 86'
ဟွိုက်လန်း၊ တော်မီနေးတို့ရဲ့သွင်းဂိုးတွေနဲ့ အဝေးကွင်းမှာအနိုင်ရခဲ့တဲ့ ယူနိုက်တက်။
အိုနာနာ နဲ့ မက်ဂွိုင်းယားကတော့ အတော်လေးကောင်းခဲ့ပါတယ်။ ကိုဘီမိုင်နူးကလဲ အဝါကဒ်ထိထားပေမယ့် အကောင်းဆုံးထိန်းကစားသွားခဲ့တာ တကယ်ကောင်းပါတယ်။
ကစားပုံကတော့ ပုံမှန်တိုင်း သိပ်အားရစရာမရှိပေမယ့် အနိုင်သုံးမှတ်ကအရေးကြီးနေတဲ့အချိန်မှာ ရအောင်ယူနိုင်ခဲ့လို့ ကျေးဇူးပါ သရဲနီတို့ရေ။
theunitedmyanmar
MUFC
11/02/2024
အက်စတွန်ဗီလာကို အနိုင်ယူနိုင်ဖို့ အဲရစ်တန်ဟတ်ပွဲထုတ်လာနိုင်တဲ့ ယူနိုက်တက်လူစာရင်း
11/02/2024
ယူနိုက်တက်သည် အသင်းကွင်းလယ်အား အားဖြည့်မှုပြုလုပ်နိုင်ရန်အတွက် နိုက်စ်အသင်း၏ ပြင်သစ်ကွင်းလယ်ကစားသမား Khephren Thuram ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
[Calcio Mercato]
Silent
11/02/2024
𝗠𝗔𝗧𝗖𝗛𝗗𝗔𝗬
🏆 Premier League / Round 24
🆚 Aston Villa
🏟️ Villa Park
🕙 11:00 PM ( Feb 11, 2024 )
🗣️ Robert Jones
ပထမအကျော့ပွဲစဉ်မှာ ဂါနာချို ၊ ဟွိုက်လန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ ၃-၂ အနိုင်ယူထားခဲ့တဲ့ ယူနိုက်တက် ဟာ ဒီနေ့ ဗီလာပါ့ခ် မှာ သွားရောက် ယှဉ်ပြိုင်ကစားရပါတော့မယ်။ ဗီလာ အသင်းကလည်း လောလောလတ်လတ် FA ပြိုင်ပွဲမှာ ချယ်ဆီးကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ထားသလို နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တချို့မှာလည်း နိုင်ပွဲတစ်လှည့် ရှုံးပွဲတစ်လှည့် သရေပွဲတစ်လှည့် ရရှိထားပါတယ်။ အမ်မရီ ရဲ့ အစောပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေက သက်သက်သာသာ ရှိခဲ့တယ်ဆိုပေမယ့်လည်း ဒီဇင်ဘာအရောက် ဇန်နဝါရီ အကူးမှာတော့ အဆင့် ၂ , ၃ ကနေ တဖြေးဖြေး အခု အဆင့် ၅ အထိ ရောက်လာခဲ့ပါတယ်။
သို့ပေမယ့် ဒီ ၂ သင်းရဲ့ အမှတ်ကွာဟမှုကတော့ ကြီးမားဆဲ မြင့်မားဆဲ အခြေအနေပါ၊ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲအတွက် ယူနိုက်တက် တကယ်အာရုံစိုက်ရမယ့် test ဖြေရမယ့် အကောင်းဆုံးပွဲစဉ်တစ်ပွဲပါပဲ၊ ဘယ်လိုနည်းနဲ့မှ ခြေချော်လို့ မဖြစ်သလို ၊ ရှေ့ပွဲစဉ်တွေမှာ ရရှိထားတဲ့ အသင်းလိုက် ကစားပုံတွေ၊ အပေးအယူ မျှတ နားလည်မှု ရှိရှိ ကစားသင့်တဲ့ ပွဲစဉ်တစ်ပွဲလို့ ထင်မြင်မိပါတယ်။
ဗီလာ က အဆင့် ၅ မှာ ၄၆ မှတ် နဲ့ ရပ်တည်နေတာဖြစ်သလို ယူနိုက်တက် ကတော့ ၃၈ မှတ် နဲ့ အဆင့် ၆ မှာ ရှိနေပါတယ်။ အမှားခံလို့မရ ၊ သရေကျလို့ မရ တဲ့အခြေအနေ တစ်ခုလို့မြင်ပြီး တစ်ခုခု ဖြစ်သွားရင် ချန်ပီယံလိဂ်ကို ဘိုင်းယီ တို့ လက်ပြ နှုတ်ဆက်ရမှာပါ။ ဗီလာ အသင်း လူစာရင်းမှာတော့ Mings, Digne, Konsa, Buendia တို့ ဒါဏ်ရာကြောင့် ပါဝင်နိုင်ဖို့ မသေချာသလို ယူနိုက်တက် ရဲ့ နောက်တန်းမှာလည်း အင်အားလျော့နည်းလာပြန်ပါတယ်။ လင်ဒီလောဖ့် ၊ မာလာစီယာ ၊ မာတီနက်စ် ၊ ဝမ်ဘစ်ဆာကာ ၊ မာစီရယ် နဲ့ မေဆင်မောင့် တို့ လွဲချော်ကြပါလိမ့်မယ်။
ဒီနေ့ပွဲစဉ်အတွက် ဒိုင်လူကြီးအဖြစ် ရောဘတ်ဂျုံးစ် က ကိုင်တွယ်မှာဖြစ်ပြီး ဂျုံးစ် ဟာ ယခုနှစ်ဘောလုံးရာသီ မန်ချက်စတာယူနိုက်တက် အသင်းပွဲစဉ် ၂ ပွဲကိုင်တွယ်ဖူးပြီး နယူးကာဆယ် အသင်း ကို ၁-၀ ၊ EFL ပြိုင်ပွဲမှာ နယူး'ကာဆယ်အသင်းကို ၀-၃ ဖြင့် ၂ ပွဲလုံး မန်ချက်စတာယူနိုက်အသင်း ရှုံးနိမ့်ခဲ့ပါတယ်။
MUFC
11/02/2024
ယခုနွေရာသီမှာ အိုင်ဗန်တိုနေးကို ခေါ်ယူမှာမဟုတ်ဘူးလို့ဆိုလိုက်တဲ့ ယူနိုက်တက်
ယူနိုက်တက်သည် နွေရာသီတွင် ဘရန့်ဖို့ဒ်တိုက်စစ်မှုး အိုင်ဗန်တိုနေးနှင့် ပတ်သက်၍ ခေါ်ယူသွားမဲ့ လေလံပွဲတွင် ပါဝင်မည်မဟုတ်ပါ။ ယူနိုက်တက် သည် သူ့ အတွက် ပြောင်းရွေ့ကြေးများများပေးချေ ရန် ဆန္ဒ မရှိဘူးလို့သိရသည်
05/02/2024
Garnacho ညာတောင်ပံမှာ ကစားတာနဲ့ပတ်သက်ပြီး Ten Hag ရဲ့ ပြောကြားချက်
အလွန် စိတ်ကျေနပ်ဖို့ကောင်းပါတယ်။ သူက ဘယ်ဘက်ခြမ်းမှည ကစားရတာကို ပိုကြိုက်တဲ့အတွက် ညာခြမ်းပြောင်းကစားဖို့ အချိန်အနည်းငယ်ယူခဲ့ရပါတယ်။ အခုချိန်မှာတော့ သူက ညာဘက်ခြမ်းမှာ လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးကစားနေသလို နေရာလွတ်တွေလဲ အများကြီးရှာပေးနိုင်ပါတယ်
Silent
Category
Website
Address
Yangon
HPAAN
Alerts
Be the first to know and let us send you an email when Goat Highlight posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.