Pyae

Pyae

Share

Doll and Accessries

18/01/2023

နှစ်တွေကြာပေမယ့်ဒီနေ့ထိမမေ့သေးဘူး 😞 TzhhA

18/01/2023

ခဏတာဆုံတွေ့ခဲ့ရပေမယ့် တစ်သက်တာ တွက်မင်းကိုချစ်တယ် TzhhA

ခဏတာ ဆုံခဲ့ပေမယ့်
တစ်သက်စာအတွက်ချစ်တယ် ...

တစ်ရေးနိုးပဲထမေးထမေး
နောင် ဆယ်နှစ်ကြာမှ မေးမေး
သေချာတဲ့ အဖြေကတော့
မင်းကို ချစ်ပါတယ် ဆိုတာပါပဲ

သေချာလှချည်လားတဲ့
အင်း ...
ဘယ်တော့မှ မဝေးတော့သလိုမျိုး
အစကတည်းက
ချစ်ခဲ့တာလေ ...

ဒီကမ္ဘာမှာ မင်းတစ်ယောက်တည်း
ရှိသလိုမျိုး
မင်းကို ချစ်ခဲ့တာ
တစ်နည်းပြောရရင်
မင်း တစ်ယောက်တည်းကိုပဲ
လူထင်တာပေါ့ ...

ဒါပေမယ့်
ငါတို့က ခဏပဲ ဆုံခဲ့ကြတယ်နော်
ရေစက်ပါသလောက်ပေါ့လို့ ပြောပြီး
ဝေးသွားကြရတယ်

ခဏပဲဆုံခဲ့ရပေမယ့်
တစ်သက်စာအတွက်
မင်းကို ချစ်တယ် ...

#ကျေးကို

18/01/2023

ကျတော့တွက် သူ့ဘဝမှာနေရာ ရှိမနေတော့ဘူး 😞😢TzhhA

ကျွန်တော် အကြာကြီး ရပ်နေကြည့်ပြီးသွားပြီ ...နဲနဲလေးတောင် ပြန်ငဲ့မကြည့်ဘူး ။

ခင်ဗျားအနားမှာ ရှိနေချင်ရုံလေ ...စကားမပြောဘူး ပြီးတော့ နှောင့်လဲ မနှောင့်ယှက်ဘူး ခင်ဗျားအနားမှာ ရှိနေပါလားဆိုတဲ့ အသိလေးနဲ့ ပျော်ချင်ရုံပါ ...ခင်ဗျား ပြောချင်တဲ့လူနဲ့ စကားတွေ ပြောလို့ ရတယ် ခင်ဗျား ပျော်မယ်လို့ထင်တဲ့အရာတွေ ဘယ်အရာမဆို လုပ်နေလို့ရတယ် ။ မနှောင့်ယှက်ဘူးလေ ။

ဒုက္ခလဲ မပေးဘူး ... အသံမထွက်စေချင် အသံမထွက်ဘူးလေ ။ ထွက်သွားပါဆိုတဲ့စကားကလွဲရင် ကျန်တဲ့ ဘယ်အရာကိုမဆို ကျွန်တော် လက်ခံပေးမှာပါ ။ ဒါပေမယ့် နဲနဲလေးတောင် ရှိနေဖို့ မသင့်တော့ဘူးလား ။ ပြီးတော့ နည်းနည်းလေးတောင် ပြန်ငဲ့ကြည့်ပေးဖို့ မထိုက်တန်ဘူးလား ။ မေးခွန်းအများကြီး မေးနေမိမှာစိုးလို့ ချစ်လားဆိုပြီးတောင် အစဖော်ပြီး မမေးဖြစ်ခဲ့ပါဘူး ။

ကျွန်တော် ဒီတိုင်းလေး ခဏလေး ခင်ဗျားအနား နေခွင့်ရှိသလောက်လေး နေနေချင်ရုံပါ ။ ပြီးရင် ကျန်ခဲ့ရမယ်ဆိုတဲ့ အမှန်တရားကို ကောင်းကောင်းကြီး နားလည်သဘောပေါက်ပေမယ့် ဒီနေ့ ဒီအချိန်မှာ ခင်ဗျား အနားနေခွင့်ရခဲ့တယ်ဆိုတဲ့ အမှတ်တရလေးနဲ့ ဖြတ်သန်းချင်ရုံသက်သက်ပါ ။ လိုတာရှိရင်ပြောလေ ဘယ်အရာကို မဆိုပေါ့ ။

ဒါပေမယ့် ... ဒါတွေ အားလုံးဟာ အိပ်မက်သက်သက်ပါပဲ ။ ကျွန်တော် အကြာကြီး ရပ်နေကြည့်ပြီးသွားပြီ နည်းနည်းလေးတောင် ပြန်ငဲ့မကြည့်ဘူး ။ တောင်းပန်ပါတယ်ဆိုတဲ့ စကားတွေ အများကြီး ပြောပြီးသွားပြီ နည်းနည်းလေးတောင် နားမထောင်ဘူး ။ ခင်ဗျားအနားရှိချင်ရုံသက်သက်ပါဆိုပြီး ၀န်ခံကြည့်ပြီးသွားပြီ နည်းနည်းလေး ကျွန်တော့်အတွက် သူ့ဘ၀မှာ နေရာတွေ ရှိမနေတော့ဘူး ။

ထွက်သွားပေးပါဆိုတဲ့ စကားက လွဲလို့ ကျွန်တော့်အတွက် တခြားစကားလုံးတွေ ရှိမနေတော့ဘူး ။ သိပ်ချစ်တဲ့အကြောင်းကို သက်သေပြဖို့ လှည့်ထွက်ပေးခဲ့လိုက်ရုံကလွဲရင် ကျွန်တော့မှ တခြား ရွေးချယ်စရာတွေမှ ရှိမနေတော့တာ ။

ရပါတယ်ပေါ့ ........

#ကျေးကို

(ရင်နှင့်ရင်း၍ ရေးသည်)

03/12/2022

3.12.22(Saturday)
မြတ်စွာဘုရားရှင်နှင့်အတူ ရေတံခွန်လေး(ဗုဒ္ဓရေတံခွန်) ရောက်ရှိ ပင့်ဆောင်ထားသည့်အချိန်မှစ၍...ပိုမို အေးချမ်း
အောင်မြင်ကာ ပြည့်စုံကြွယ်ဝ ချမ်းသာမှုများ ရောက်ရှိလာပါစေ.. 🙏🙏🙏 ရေများ တစ်သွင်သွင်စီးဆင်းသလို ငွေများလည်း တစ်သွင်သွင် ဝင်ရောက်လာပါစေ..ပို၍ လှူဒါန်းပေးကမ်းစွန့်ကြဲ နိုင်သော လက်တစ်စုံ ဖြစ်လာနိုင်ပါစေ...... 🙏🙏🙏🙏🙏

Telephone

Website

Address


49 Street
Yangon

Alerts

Be the first to know and let us send you an email when Pyae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.