First Five Media

First Five Media

Share

သတင်းစုံလင် First Five တခွင်
အမှီအခိုကင်းသည့်မီဒီယာဖြစ်သည်

Photos from First Five Media's post 04/06/2026

ဒလတံတားအား ၂၄ နာရီ အသုံးပြုခွင့်ပြုရန် ဒေသခံများကိုယ်စား ဒလမြို့မစခန်းမှူးအကြံပြုပြောဆို
===========

ဒလ၊ ဇွန် ၃။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးဒလတံတားအား ၂၄ နာရီ ဖြတ်သန်းအသုံးပြုခွင့် ပြုလုပ်ပေးရန် ဒလဒေသခံများကိုယ်စား သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြလိုကြောင်း ဒလမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မြတ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာ-ကိုရီးယား ချစ်ကြည်ရေးဒလတံတားအား မနက် ၄ နာရီမှ ည ၁၀ နာရီအထိသာ ဖြတ်သန်းခွင့်ပြုထားသည့်အတွက်အရေးပေါ် ကျန်း
မာရေးကိစ္စများ၊ မိသားစုရေးရာ၊ ပညာရေးနှင့် စီး
ပွားရေးဆိုင်ရာ လိုအပ်ချက်များအတွက် ညအချိန် သွားလာရသူများ အခက်အခဲ ကြုံတွေ့နေရကြောင်း ဒုရဲမှူး အောင်မြတ်ဦးက ပြောသည်။

"နိုင်ငံတော်ရဲ့စေတနာနဲ့ ဒေသခံပြည်သူတွေအတွက် တည်ဆောက်ပေးထားတဲ့တံတားကိုငွေကြေးအကုန်ကျခံထားရသလောက် အပြည့်အဝ အကျိုးခံစားနိုင်စေချင်ပါတယ်"ဟု၎င်းက ဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြားမြစ်ကူးတံတားများအား ၂၄ နာရီ ဖြတ်သန်းသွားလာနိုင်သကဲ့သို့ မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတားကိုလည်း ၂၄ နာရီ အသုံးပြုခွင့်ပြုပါက ဒလဒေသခံများ၏ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေလာမည်ဖြစ်
ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခင်က ဒလဒေသခံများသည် ရန်ကုန်မြို့တွင်းသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် မြစ်ကူးချောင်းခြား သွားလာရပြီး သမ္ဗာန်များကိုအဓိကအားထား အသုံး
ပြုခဲ့ရကြောင်း၊ ရာသီဥတုဆိုးရွားမှုနှင့် လမ်းပန်း
ဆက်သွယ်ရေး အခက်အခဲများကြောင့် အသက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရကြောင်းပြောဆိူချက်အရ သိရသည်။

၂၀၁၈ ခုနှစ်တွင် မြန်မာ-ကိုရီးယား ချစ်ကြည်ရေးဒလတံတား စတင်တည်ဆောက်ခဲ့ပြီးနောက် ဒလဒေသခံများအတွက် မျှော်လင့်ချက်အသစ်တစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။ တံတားတည်ဆောက်မှု ပြီးစီးပြီး ဖွင့်လှစ်ခဲ့သည့်နောက် ဒလဒေသ၏ လမ်းပန်း
ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာခဲ့ပြီး YBS ယာဉ်လိုင်းများလည်း ပြေးဆွဲလာသည့်အတွက် ဒေသခံများ၏ သွားလာရေး ပိုမိုအဆင်ပြေလာခဲ့ကြောင်း သိရသည်။

အချိန်အကန့်အသတ်ဖြင့် သွားလာ​ရသည့် ဒလတံတားကို ၂၄ နာရီ သွားလာနိုင်ဖို့ ဒလမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မြတ်ဦးက ဒလဒေသခံပြည်သူများကိုယ်စား မီဒီယာများမှတစ်ဆင့် သက်ဆိုင်ရာ တာ
ဝန်ရှိသူများ သိရှိစေရန် ယင်းကိစ္စအား တင်ပြရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Crd: သတင်း ကျော်ကျော်

02/06/2026

ဒလ - တွံတေး YBS ယာဉ်များစမ်းသပ်ပြေးဆွဲ
===========

ရန်ကုန်။ ဇွန် ၂။

ရန်ကုန်ဘတ်(စ်)ကား အများနဲ့သက်ဆိုင်သောကုမ္ပဏီလီမိတက် YBS ယာဉ်တွေနဲ့ ဒလ-တွံတေး ယာဉ်လိုင်အဖြစ် စမ်းသပ်ပြေဆွဲနေတယ်လို့ သိရပါတယ်။

ပြေးဆွဲတဲ့လမ်းကြောင်းတွေကတော့ ဒသင်္ဘောဆိပ်က‌ေန တွံတေးရွှေဆံတော်ဘုရားထိပြေးဆွဲမယ့် YBS ယာဥ်လိုင်းအား ရှေ့ပြေးစီမံချက်အဖြစ် ဇွန်လ
၁ ရက်ကနေ ၅ ရက်နေ့အထိစမ်းသပ်ပြေးဆွဲသွားမယ်လို့ YBPC ကုမ္ပဏီရဲ့ထုတ်ပြန်ချက်အရသိရပါ တယ်။

ဒလ - တွံတေးခရီးစဥ်လမ်းကြောင်း၊ ဒလသင်္ဘော
ဆိပ် - ဒလ-တွံတေးလမ်း - ဘုရားငုတ်တို - ကံဘဲ့ - တွံတေးကမ်းနားလမ်း - တွံတေးစျေး - ရွှေဆံတော်ဘုရား ဖြစ်ကာ စုစုပေါင်းမှတ်တိုင် ၁၄ ခုနဲ့ပြေးဆွဲသွားမယ်လို့သိရပါတယ်။

ပြေးဆွဲချိန်ကတော့ နေ့စဉ် နံနက် ၆ နာရီက ညနေ ၆ နာရီအထိ နာရီ၀က်ခြားပြေးဆွဲမှာဖြစ်ကာယာဥ်
စီးခအနေနဲ့ ငွေသား ၈၀၀ ကျပ် ၊ YPS ကတ် ၇၀၀ ကျပ်ဖြစ်ပြီးရဟန်းသံဃာတော်‌ေတွက‌ေတာ့ အခမဲ့စီးနင်းခွင့်ပြုသွားမယ်လို့ဆိုပါတယ်။


ွံတေး

Photos from First Five Media's post 02/06/2026

ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုကာလအတွင်း ကျောင်းသား၊ ကျောင်းသူ ၅၇ သိန်းကျော် လာရောက်အပ်နှံခဲ့
===========

နေပြည်တော်။ ဇွန် ၂။

ကျောင်းနေအရွယ်ကလေးတွေအားလုံး ကျောင်းကိုရောက်ရှိစေဖို့နဲ့ ပညာသင်ယူခွင့် မဆုံးရှုံးစေဖို့ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေရဲ့ ကျောင်းအပ်နှံ ရက်သတ္တပတ်လှုပ်ရှားမှုကို မေလ ၂၅ ရက်က‌ေန ၃၁ ရက်အထိသတ်မှတ်ကာ ကျောင်းအပ်နှံတာတွေ လက်ခံဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

အီလိုဆောင်ရွက်ရာမှာတစ်နိုင်ငံလုံးအနနဲ့ ကျောင်း
သား၊ ကျောင်းသူ ၅၇၉၈၇၂၅ ဦး လာရောက်အပ်နှံခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။

ပြီးခဲ့တဲ့ပညာသင်နှစ်က တစ်နိုင်ငံလုံးမှာ ကျောင်းအပ်နှံသူစုစုပေါင်း ၅၄၇၁၃၁၆ ဦးရှိခဲ့တာဖြစ်လို့ အခုပညာသင်နှစ်မှာ ကျောင်းအပ်နှံသူ ၃၂၇၄၀၉ ဦးအထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

အခြေခံပညာကျောင်း‌ေတွမှာ အခမဲ့ပညာရေးစနစ်ဖြစ်တာကြောင့် ကျောင်းအပ်နှံရာမှာ ကျောင်းဝင်ကြေးနဲ့ အခြားဘာအခ‌ေကြး‌ေငွမှပေးသွင်းဖို့မလိုဘဲ အခမဲ့အပ်နှံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းအပ်နှံသူကြတဲ့ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ‌ေတွအတွက် သင်ရိုးပုံ
နှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်၊ ခဲတံ (၄) ချောင်းနဲ့ ကျောင်းဝတ်စုံ၊ အလယ်တန်းနဲ့ အထက်တန်းအဆင့်မှာ သင်ရိုးပုံနှိပ်စာအုပ် တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ (၂) ချောင်းနဲ့ ဘောပင်(၂)ချောင်းတို့ကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ပြီးကျောင်း
သား၊ ကျောင်းသူတွေဟာ ဇွန်လ ၁ ရက်နေ့က စတင်ပြီးပညာသင်ကြားနေကြပြီဖြစ်ပါတယ်။

02/06/2026

ရန်ကုန်တိုင်းအတွင်းကျောင်း‌ပေါင်း၃ ထောင်
ကျော်တွင်ကျောင်းသား‌ေကျာင်းသူ ၉ သိန်းကျာ်တက်ရောက်ပညာသင်ကြားနေ
===========

ရန်ကုန်။ ဇွန် ၂။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်ရဲ့ အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ပေးခဲ့ရာမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျောင်‌ေပါင်း ၃ ထောင်‌ေကျာ်မှာ ကျောင်းသား ကျောင်းသူ ၉ သိန်းကျာ် တက်ရောက်ပညာသင်ကြားလျက်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံကသိရပါတယ်။

ဖွင့်လှစ်သင်ကြားနတဲ့ အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်းကျောင်းတွေနဲ့ ဘုန်း‌ေတာ်ကြီးသင်ပညာ‌ေရး‌ေကျာင်းပါင်း ၃၃၂၆ ကျောင်းရှိပြီးကျောင်းသားကျောင်းသူ ၉၄၉၄၄၁ ဦး တက်ရောက်ပညာသင်ကြားနေတာဖြစ်တယ်လို့ သိရပါတယ်။

အခြေခံပညာကျောင်းတွေရဲ့ ကျောင်းအပ်နှံ‌ရေးရက်သတ္တပတ်အဖြစ် မေလ ၂၅ ရက်ကနေ ဇွန်လ ၃၁ ရက်အတွင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးအကြောင်း
အမျိုးမျိုးနဲ့ လာရောက်အပ်နှံဖို့ကျန်ရှိသေးတဲ့ကျောင်းသား‌ေကျာင်းသူတွေကိုလည်း ဆက်လက်လက်ခံ‌ေဆာင်ရွက်ပးနေတယ်လို့သိရပါတယ်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကစပြီး အကြောင်းအမျိုးမျိုးနဲ့ ကျောင်းပြင်ပရောက်ရှိနေတဲ့ အခြေခံ
ပညာမူလတန်းအဆင့်(Grade 2 မှ Grade 5)အထိနဲ့ အလယ်တန်းအဆင့် (Grade 6 မှ Grade 9)အထိ ကျောင်းသားကျောင်းသူတွေအတွက် Placement Test (အထူးအစီအစဉ်)ကို လည်းသက်ဆိုင်ရာမြို့နယ်တွမှာ ဇွန်လ ၁၅ ရက်ကစလို့ placement Test ဖြေဆိုကာ ကျောင်းဆက်တက်နိုင်ဖို့ ဆောင်
ရွက်နတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ပညာသင်နှစ်ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းသား ကျောင်းသူ ၁၀ သိန်းကျာ် တက်ရောက်ပညာသင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

25/05/2026

ရှမ်းဒေသထွက်‌ကော်ဖီဆံအစိမ်းများအမေရိကန်သို့တင်ပို့ရောင်းချမည်
===========

ရန်ပုန်။ မေ ၂၅။

ရှမ်းပြည်နယ် ဟိုပုံးနှင့်လွိုင်လင်မြို့နယ်များမှာစိုက်ပျိုးထားသည့်Green Goldကော်ဖီဆံအစိမ်းများကို အမေရိကန်သို့ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်းGreen Gold ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း မှသိရသည်။

Green Gold ကော်ဖီကို ဘိန်းအစားထိုးသီးနှံအဖြစ် လွိုင်လင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွေမှာ ဧက ၁၆၀၀၀ စိုက်ပျိုးထားရှိခြင်းဖြစ်သည်။

အဆိုပါ Green Gold ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းအနေ
ဖြင့် အမေရိကန်နိုင်ငံသို့ ကော်ဖီဆံအစိမ်းများ ကိုယခု ၂၀၂၆ ခုနှစ်အတွင်း တင်ပို့နိုင်ရေး ဆောင်ရွက်နေကာ ကနဦးအနေဖြင့် တစ်အိတ်လျှင် ၆၀ ကီလို
ဂရမ် ရှိသည့် အိတ် ၆၀ တင်ပို့ရန် လျာထားကြောင်း သိရသည်။

ထို့အပြင် Green Gold ကော်ဖီကို ၂၀၁၉ ခုနှစ်မှ စတင်၍ ပြင်သစ်၊ဘယ်လ်ဂျီယံအပါအဝင် ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့နေပြီး ပြီးခဲ့သည့် မေလအတွင်း၌လည်း ပြစ်သစ်နိုင်ငံအခြေစိုက် ကုမ္ပဏီသို့ စုစုပေါင်းတန်ချိန် ၃၄ ဒသမ ၀၈ တန် ကို နှစ်ကြိမ်ခွဲ၍ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

Photos from First Five Media's post 25/05/2026

အမြန်လမ်းယာဉ်တိမ်းမှောက်မှု ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ
===========

အမြန်လမ်း။ မေ ၂၅။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၃၃/၆)နှင့်(၃၃၃/၇)ကြားမှာ ဒီကနေ့မနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်ကယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာမှာ အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရှိခဲ့တယ်လို့အမြန်လမ်းမီးသတ်တပ်ဖွဲ့က သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ရတယ်လို့ သိရ ပါတယ်။

အဲဒီ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါအမျိုးသား(၃)ဦး၊ အမျိုးသမီး(၃)ဦးအနက် အမျိားသမီး(၂)ဦးသေဆုံးကာအမျိုးသား(၃)ဦး(မစိုးရိမ်ရ)နဲ့ အမျိုးသမီး(၁)
ဦး(စိုးရိမ်ရ)တို့ကိုတံတားဦးမြို့နယ်လူမှုကူညီရေးအသင်းယာဉ်နဲ့ တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photos from First Five Media's post 21/05/2026

မူ၊လယ်အဆင့် ကျောင်းပြင်ပရောက်က‌လေးများ
ကျောင်းသို့ပြန်လည်ရောက်ရှိရန် Placement Test
(အထူးအစီအစဉ်)ဆောင်ရွက်ပေးမည်
===========

နေပြည်တော်။ မေ ၂၁။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကစပြီး အကြောင်အမျိုးမျိုးနဲ့ ကျောင်းပြင်ပရောက်ရှိနေတဲ့ အခြေခံပညာမူလတန်းအဆင့်(Grade 2 မှ Grade 5)အထိနဲ့ အလယ်တန်းအဆင့် (Grade 6 မှ Grade 9)အထိ ကျောင်းသားကျောင်းသူတွေအတွက် Placement Test (အထူးအစီအစဉ်)ကို ဆောင်ရွက် ပေးသွားမယ်လို့ အခြေခံပညာဦးစီးဌာနက သိရပါတယ်။

Photos from First Five Media's post 18/05/2026

ပြင်အား ၅.၂ မဂ္ဂနီကျုရှိ မြေငလျင်လှုပ်ခပ်
===========

ရန်ကုန်။ မေ ၁၈။

ဒီကနေ့ မနက် ၈ နာရီ ၃၅ မိနစ်အချိန်ခန့်ကရန်ကုန်
မြို့ရဲ့ အရှေ့တောင်ဘက် (၂၅) မိုင်၊ကျောက်တန်း
မြို့ရဲ့ တောင်ဘက် (၁၃)မိုင်၊ဆယ်အိမ်တန်းကမ်း
ခြေရဲ့ အရှေ့မြောက်ဘက် (၁၆)မိုင်၊လက်ခုပ်ကုန်းရဲ့ မြောက်ဘက် (၃)မိုင်၊မြေအောက်အနက် (၆.၂) မိုင်အကွာကို ဗဟိုပြုပြီး ပြင်းအား (၅.၂) မဂ္ဂနီကျု့
ရှိမြေငလျင် တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။

မြေငလျင်လှုပ်ခတ်မှုကတော့ ၈ နာရီ ၃၅ မိနစ်ကနေ ၈ နာရီ ၃၇ မိနစ်အထိ ၃ မိနစ်နီးပါးလှုပ်ခတ်ခဲ့တာ ဖြစ်လို့ အထပ်မြင့်မှာနေထိုင်ကြတဲ့ ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ကြတာလည်းတွေ့ရပါတယ်။

အဆိုပါမြေငလျင်လှုပ်ခတ်မှုကြောင့် ရန်ကုန်မြို့ အထပ်မြင့်တွေမှာနေထိုင်သူအချို့ဟာ လမ်းမကြီတွေပေါ်ပြေးဆင်းလာတာကိုလည်းတွေ့ရပါတယ်။

ဒါ့အပြင် ၉ နာရီ ၄၈ မိနစ်အချိန်ခန့်မှာလည်း ရန်ကုန်
မြို့ရဲ့ တောင်ဘက် (၄၁) မိုင်၊ဆယ်အိမ်တန်းကမ်း
ခြေရဲ့ အရှေ့တောင်ဘက် (၁၃)မိုင်
မြန်မာ့ပင်လယ်ရေအောက်အနက် (၆.၂) မိုင်အကွာကို ဗဟိုပြုပြီးပြင်းအား (၃.၂) မဂ္ဂနီကျု့ ရှိငလျင် တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။

13/05/2026

လွှတ်တော်သုံးရပ်၏ဒုတိယပုံမှန်အစည်းအဝေးများကျင်းပမည်
===========

နေပြည်တော်။ မေ ၁၃။

တတိယအကြိမ် လွှတ်တော်သုံးရပ်ရဲ့ဒုတိယပုံမှန်
အစည်းအဝေးတွေကို လာမဲ့ ဇွန်လ ပထမပတ်မှာ စတင်ကျင်းပဖို့ ခေါ်ယူလိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ရုံးက မေလ ၁၂ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၇၉၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ နဲ့ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၈၊ နည်းဥပဒေခွဲ (ခ)တို့အရ တတိယအကြိမ် ပြည်ထောင်စုလွှတ်
တော် ဒုတိယပုံမှန်အစည်း အဝေးကို ခေါ်ယူခဲ့တာဖြစ်ပြီး ဇွန်လ ၄ ရက်နေ့မှာ ပြည်ထောင်စုလွှတ် တော်ဒုတိယပုံမှန်အစည်းအဝေးကို ကျင်းပဖို့ ခေါ်ယူတယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၆ ၊၂၀၁၂ ခုနှစ်ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နဲ့ ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေများရဲ့ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ)တို့ပါ ပြဌာန်းချက်
တွေနဲ့အညီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေးကိုလည်း ခေါ်ယူခဲ့တာဖြစ်ပြီး ဇွန်လ ၂ ရက်နေ့မှာ ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးကို ကျင်းပသွားမယ်လို့ သိရပါတယ်။

ဆက်လက်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၅ နဲ့၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နဲ့ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော် ဆိုင်ရာ နည်းဥပဒေများရဲ့ နည်းဥပဒေ ၃၊နည်းဥပဒေ
ခွဲ (ခ)တို့အရတတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ခေါ်ယူခဲ့တာဖြစ်ပြီး ဇွန်လ ၂ ရက်နေ့မှာ အမျိုးသားလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးကို ကျင်းပဖို့ ခေါ်ယူတယ်လို့ ကြေ
ညာထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကိုတော့ မတ် ၂၀ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်
တော်မှာ စတင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

12/05/2026

ကိုယ်၀န်ဆောင်မိခင်နှင့် ၂ နှစ်အောက်ကလေးငယ်များကို ငွေကြေးထောက်ပံ့မည်
===========
နေပြည်တော်။ မေ ၁၂။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon