Pot Landscape

Pot Landscape

Share

မင်္ဂလာပါ POT LANDSCAPE Pots And Plants
မှကြိုဆိုပါတယ?

04/11/2025

#တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့🙏🙏🙏

#ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်🙏

သာမညဖလ ၏ အဓိပ္ပာယ်အကျဥ်းချုပ်မှာရဟန်းပြုရခြင်း၏အကျိုး ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟုလည်း ခေါ်ဆိုကြပါသည်🙏

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသောပွဲတော်များမှာ👉

🙏တန်ဆောင်တိုင် မီးထွန်းပွဲတော်🙏
🙏ကထိန်သင်္ကန်း အလှူပွဲတော်🙏
🙏မသိုးသင်္ကန်း ရက်လုပ်ပွဲတော်🙏
🙏မဲဇလီဖူးသုပ် ဝေငှသောပွဲတော်🙏
🙏ကျီးမနိုး ပွဲတော်🙏
🙏သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။

မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့၌သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်ပါသည်။

(၁) သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏အကျိုးဟု အဓိပါယ်ရပါသည်🙏

(၂) ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုကြပါသည်🙏

(၃) သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ ပါရှိပါသည်🙏

(၄) သာမညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့်ထင်ဟပ်စေနိုင်ပါသည်🙏

(၅) သာမညဖလသုတ်သည် လူဒါယကာများအဖို့ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်🙏

(၆) အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ပါသည်🙏

(၇) ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံသွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး
(သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သောအဖြေကို မရရှိခဲ့ပါ🙏

(၈) နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပြုချက်အရ ရာဇဂြိဟ်မြို့အနီး ဆရာဇီဝကလှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံး
လျက်ရှိသောမြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်🙏

(၉) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်🙏

(၁၀) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော
မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်ပေါ့သောလေဟ ကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ ဝိဇိတာဝီ မည်သော ပစ်စကေဗုဒ်ဓါ
ဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်🙏

(၁၁) အဇာတသတ်မင်းတရားသည်
-ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊
-မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်း
သိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊
-ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်
ကျေးဇူးကြီးလှပါပေသည်🙏

(၁၂) ပိဋကတ်တော်များကို မပျက်စီးရအောင် သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါပေသည်🙏

(၁၃) အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော် များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်🙏

(၁၄) ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏ကျေးဇူး၊သာမညဖလသုတ်၏ အကျိုးဆက်ဟု ဆိုထိုက်ပါသည်🙏

အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ အခါတော်နေ့များ-နှာ၁၇၅-မှကောက်နှုတ်ထားပါသည်
ပုံများမူရင်းရေးသားသူများကို အမှီပြုပြန်လည်ဖော်ပြပေးခြင်းပါ

#တန်ဆောင်မုန်းလပြည့်
Credit မူရင်း

Photos from Pot Landscape's post 30/08/2025

#မြေပန်းအိုး🪴🪴🪴🪴🪴🪴ပုံစံ၄မျိုးရပါတယ်ရှင့်

🪴အိုးအဝ 4လက်မပါရှင့်

🪴😍Price 2000 ks
😍🪴လက်ကားဈေး 10 အိုး 1800
😍🪴🪴🪴အိုး 100နှင့်အထက် ဈေး 1500 ks

🪴🙏🏻ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေပို့ပေးပြီး နယ်မြို့အစုံကားဂိတ်တင်ပေးပါတယ်ရှင့်။
📱09777436210(Viber)
#မြေအိုး #မြေပန်းအိုး

20/07/2024

ဝါဆိုလပြည့်နေ့(ဥပုသ်နေ့) ၏ထူးခြားချက်များ❤️
==============🙏🙏🙏==============

မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက်
၀ါဆို လပြည့်နေ့သည် -

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း
တောထွက်တော် မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်၍
ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင်ကြားရသော နေ့ဖြစ်၍ ထူးခြားခြင်း
ဟူ၍ဖြစ်ပါသည် …။

* ဝါဆိုလပြည့်
* ဓမ္မစကြာ အခါတော်နေ့နှင့်
* ထူးခြားချက်များ

❝ သန္ဓေ , တောထွက် , ဓမ္မစက် , တစ်ချက် ပြာဋိဟာ ❞
၀ါဆိုလပြည့် ထူးခြားနေ့ အောက်မေ့ ဤလေးဖြာ။

"ဓမ္မစင်္ကြာဟောကြားခြင်း"

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို
ဟူသော စကားနှင့်အညီ
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
တုသိတာ နတ်ပြည်မှ နတ်သား အပေါင်းတို့မှ
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု
လာရောက်ကာ တောင်းပန်ကြသောကြောင့်
သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက်
မယ်တော် မာယာ၏ ဝမ်းတွင်ဝယ်
ဝါဆို လပြည့်နေ့တွင် ပဋိသန္ဓေ နေတော်မူပါသည်။

ဖွားမြင်မြောက်သော အခါ
❝ သိဒ်ဓတ်ထ ❞ ဟု အမညျရလေ၏။

ဆယ့်ခြောက်နှစ်ဝယ်
ယသော်ဓရာနှင့်
ထိန်းမြှား လက်ထပ်လေ၏။

ရာဟုလာ အမည်ရသော
သားတော်တစ်ပါး မွေးဖွားလေ၏။

ထိုနောက်
သူအို, သူနာ, သူသေ, ရဟန်း, ဟူသော
နိမိတ်ကြီး လေးပါးကို မြင်တော်မူကာ
အိုခြင်းသဘော, နာခြင်းသဘော,
သေခြင်းသဘော တရားတို့ကို ကြောက်လန့်ကာ
အိုခြင်းကင်းရာ, နာခြင်းကင်းရာ, သေခြင်းကင်းရာ
ရဟန်း တစ်ပါး၏ ချမ်းသာတရားကို တွေးသိကာ
တောထွက်ရန် ကြံစည်တော်မူပြီး
ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင်
ဖွားဖက်တော် ဆန္ဒအမတ် ကဏ္ဍကမြင်း တို့နှင့်
ဥရုဝေလ တောသို့ ကိလေသာ ကုန်ခန်းပြီး
ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန်
တောထွက်တော် မူခဲ့ပါသည်။

မဂဓတိုင်း ဂယာမြို့အနီး
ဥရုဝေလတောဝယ် ( ၆ ) နှစ်တာ ကာလပတ်လုံး
ဒုက္ကရစရိယာ အကျင့်ကို ကျင့်ခဲ့ပါသည်။

အတ်တကိလမထာ
( ပင်းပန်းစွာ ခန္ဓာကိုယ် ညင်းဆဲကြောင်း )
အကျင့်တို့ကို့ ထိုတောဝယ် ( ၆ ) နှစ်တိုင်တိုင်
ပင်းပန်းစွာ ကျင့်ကြံသော်လည်း
တရားထူးကို မရရှိခဲ့ပေ။

အစွန်းလွတ်သော
မဂ္ဂင် ( ၈ )ပါး နည်းလမ်းသစ်ဖြင့်
၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်
သဗ္ဗညုတ ဉာဏ်တော်ကို ရရှိကာ
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။

ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက်
အားထုတ်ခဲ့သော တရားများနှင့်
လောကကို ဆင်ခြင်ကြည့်သော်
မိမိရရှိ ကျင့်ကြံထားသော တရားတို့သည်
အလွန်သိမ်မွေ့ နက်နဲ ခက်ခဲလွန်းနေ၏။

လောကလူသားတို့၏ အသိဥာဏ်ကား
ကိလေသာ အမှောင်တို့ဖြင့်သာ
ထာဝစဉ် ပိတ်ဖုံးနေ၏။

ပုထုဇဉ်တို့အား ဟောကြားရန်
မတန်တဆ ခက်ခဲပင်ပန်းလိမ့်မည်ဟု
ဆင်ခြင်နေစဉ်
သဟပတ်တိ ဗွဟ်မာမငျး၏
လျှောက်ထား တောင်းပန်ချက်အရ
အဘယ်သူ့ကို တရားဦး ဟောကြားအံ့နည်းဟု
ဆင်ခြင်တော်မူ၏။

အရင်က မိမိ တပည့်တော်ခဲ့ဘူးသော
ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော
"ပဉ္စဝဂ္ဂီ ငါးဦး"
( ပဉ္စ - ငါးခု ငါးယောက် ၊ ၀ဂ္ဂ - အစု အဖွဲ့ )တို့ကို
တရားဦးဟောကြားရန် ကြွချီတော်မူလေသည်။

အချိန်ကား
နေမင်းကြီး ဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏
ဆည်းဆာ ညချမ်း ဖြစ်သည်။

သူတော်မြတ် ဓာတ်ကြောင့်
သာယာဖွယ် ကောင်းလှပေ၏။

မိဂဒါဝုန်တောကား
ရွှင်ပျအေးမြနေ၏
ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏
ထိုအခိုက်တွင်
မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်။

ထို့နောက်
❝ ရဟန်းတို့ ❞ ဟု ခေါ်ဝေါ်ကာ
နှုတ်ခွန်း ဆက်တော်မူလိုက်၏။
ဤကား
တရားဦးဟောရန် ဖိတ်ခေါ်သံ အစတည်း။

ပဉ္စဝဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများ
ဖြစ်ကြသည့် အပြင်
သဒ္ဓါ, ဆန္ဒ, ဝီရိယ စိတ်ထား
ပြည့်စုံနေပြီးသူများ ဖြစ်ကြလေရာ
မြတ်စွာဘုရား၏ စကားအစသည်
သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက
မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်တော်မူ၏။

တရား နာယူကြရန်လည်း
တစ်ဆက်တည်း တိုက်တွန်း၏။

သို့သော်
မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာ နေကြ၏။

မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း
ထပ်မံ သိစေပြန်၏

ပြီးမှ ❝ တရားဦး ❞ ခေါ်
❝ ဓမ္မစက္က ပဝတ္တန သုတ္တ ❞ ကိုဟောကြား တော်မူလေသည်။

"ဓမ္မစက္က_ပ၀တ္တန ၏ အဓိပ္ပာယ်မှာ
တရား တည်းဟူသော
အသိစက်ကို ဖြစ်စေ, လည်စေတော်မူခြင်းဟု
အဓိပ္ပာယ်ရပါသည်
( ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ ၊
လည်စေခြင်း )

ဓမ္မစကြာ တရားတော်သည်
သစ္စာလေးပါး တရားကို
ညွှန်းဆို ဟောကြားသော ဒေသနာဖြစ်၍
ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု
ဆိုထိုက်ပါသည်။

ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ -

အစွန်း နှစ်ခု ကို ရှောင်ကြဉ်ရေး
မဇ္စျိမပဋိပဒါ မဂ္ဂင် ရှစ်ပါး လမ်းစဉ်မှန်ကို
ကျင့်သုံးရေးတို့ကို ညွှန်ကြားထားကာ
သစ္စာလေးပါး တရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ထိုတရားတော်၏ အဆုံးဝယ်
"အရှင်ကောဏ္ဍည" သည်
လူသားများ အနက် ပထမဦးဆုံး
သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထိုနေ့သည်
ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်
ဒေသနာကို ဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော်
( ၁ ) ရက်နေ့၌ အရှင်ဝပ။
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ။
( ၃ ) ရက်နေ့၌ အရှင်မဟာနာမ်။
( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည်
အသီးသီး သောတာပန် တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီ အားလုံးပင်
❝ ဧဟိဘိက္ခု ❞ ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် ( ၅ )ရက်နေ့တွင်
မြတ်စွာဘုရားသည် ❝ အနတ္တလက္ခဏသုတ္တ ❞ ကို
ဟောကြား တော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး
ရဟန္တာ ဖြစ်တော်မူကြလေသည်။

ထိုနေ့ကိုလည်း ❝ ရဟန္တာနေ့ ❞ ဟု
ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆို လပြည့်နေ့ကိုမူ
တရားဦး ဓမ္မစကြ်ာ ဟောကြားသောနေ့ ဖြစ်၍
❝ ဓမ္မစကြာနေ့ ❞ ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

"ဝါဆိုလပြည့် ထူးခြားချက်များ"

( ၁ )။ ပဋိသန္ဓေတည်သည့်နေ့
မဟာသက္ကရာဇ် ၆၇ ၊ ဝါဆိုလပြည့်
( ကြာသပတေးနေ့ )။

( ၂ )။ တောထွက်သည့်နေ့
မဟာသက္ကရာဇ် ၉၇ ၊ ဝါဆိုလပြည့်
( တနင်္လာနေ့ )။

( ၃ )။ ဓမ္မစကြာတရားဦးဟောသည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ )။

( ၄ )။ သောတာပန်လူသား စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့
စတင်ကူးပြောင်းခွင့် ကြုံသောနေ့။

( ၅ )။ သံဃာရတနာ စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်။

( ၆ )။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင် ကြားရသော နေ့။

( ၇ )။ ရေမီး အစုံစုံတို့ဖြင့်
တန်ခိုးပြာဋိဟာကို ပြတော်မူသော နေ့
( ၇ ဝါမြောက်တွင် )။

"လယ်တီဆရာတော်ကြီး၏ကဗျာများ"
~~~~~~~~~~~~~~~~~~~~~~~~

သန္ဓေယူတော်မူသောနေ့ ( ကြာသာပတေးနေ့ )

သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊
သောင်းခွင် စကြာ၀ဠာ၊ နတ်ဗြဟ္မာတို့၊
ညီညာရုံးစု ၊ တောင်းပန်မူကြောင့်၊
ရတုနဂိုရ် ၊ ရွှန်းရွှန်းစိုသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့၀ယ်
ချမ်းမြေ့ကြည်ဖြူ သန္ဓေ ယူသည်
နတ်, လူ ငြိမ်းဖို့ ကိန်းပါကို...။
______________________________

တောထွက်တော်မူသောနေ့ ( တနင်္လာနေ့ )

ဖွားမြင်မြောက်သော်
ဆယ်ခြောက်နှစ် ရွယ် ပျိုမြစ်နုနယ်၌
သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်
ဆယ်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍
ရွယ်မူနုဖြိုး ၊ နှစ်ဆယ်ကိုး၀ယ်
လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့်
ရွှေစိတ်ငြင်ငြို ၊ သံဝေပိုက
၀ါဆိုလပြည့် ကျားမင်းနေ့၀ယ်
ချမ်းမြေ့ရဂုံ တော်ရပ်လှုံသည်
စုံမြိုင်ပင်ရိပ်ခမ်းမှာကို...။
______________________________

ဓမ္မစင်္ကြာဟောတော်မူသောနေ့ ( စနေနေ့ )

ဘုရားဖြစ်ကာ ၊ မိဂဒါသို့
စကြာရွှေဖဝါးဖြန့်ချီ သွား၍
ငါးပါး၀ဂ္ဂီစုံအညီိနှင့်
မဟီတစ်သောင်း တိုက်အပေါင်းမှ
ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား
၀ါဆိုလပြည့် ၊ စနေနေ့၀ယ် ၊ ကြွေ့ကြွေ့လျှံတက်
ဓမ္မစက်ကို မိန့်မြွတ်ထွေပြား
ဟောဖော်ကြားသည်
တရားနတ်စည်ရွှမ်းတယ်ကို...။
_____________________________________________
(မှတ်ချက်။ ။စာလုံးပေါင်းမှားများသည်းခံရန်။)

သတ္တဝါတွေအားလုံးအမှောင်ပျောက်၍ အလင်းရောက်နိုင်ကြပါစေ...။

#တရား #ဓမ္မ ❤️🙏🙏🙏
#မေတ္တာဖြင့် #ပြန်လည်မျှဝေသည်

19/07/2024

" အာဇာနည်နေ့".........
"19 July မမေ့နိုင်" ဇူလှိုင် တစ်ဆယ့်ကိုး "

၁၉ ဇူလိုင်"ကျဆုံ;လေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် သူရဲကောင်း အပေါင်းအား အလေးပြုအပ်ပါတယ်"

Org - crd

10/06/2024

မကြာခင်မှာ ဝါဝင်တော့မှာဆိုတော့
ဝါတွင်း (၃)လ ရက်ပေါင်း(၉၀)စိပ်တဲ့
ကိုးနဝင်းပုတီးစိပ်နည်းလေး
📿📿📿📿📿📿📿📿📿📿📿
စိပ်ရမဲ့ ရက်လေးတွေ သတ်မှတ်ပြီးပါပြီ
ဝါဆိုလပြည့်နေ့(ဓမ္မစင်္ကြာနေ့မှ
သီတင်းကျွတ်လပြည့်နေ့)ထိဖြစ်ပါတယ်။
သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်ရှင့်
စိပ်ရမဲ့ နေ့ရက်များ
__________________________
(၉)ပါးစလုံးကိုနေ့တိုင်းတစ်ပတ်စီ
အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်
20 . 7 . 2024 မှ
28 . 7 . 2024 အထိ
__________________________
အရဟံ သိဒ္ဓိ (၉)ပတ်
29 . 7. 2024 မှ
6 . 8 . 2024 အထိ
__________________________
သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်
7 . 8 . 2024 မှ
15 . 8 . 2024 အထိ
________________________
ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်
16 . 8 . 2024 မှ
24 . 8 . 2024 နေ့အထိ
________________________
သုဂတော သိဒ္ဓိ (၉)ပတ်
25 . 8 . 2024 မှ
2 . 9 . 2024 နေ့အထိ
__________________________
လောကဝိဒူ သိဒ္ဓိ (၉)ပတ်
3 . 9 . 2024 မှ
11 . 9 . 2024 နေ့အထိ
__________________________
အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်
12 . 9 . 2024 မှ
20 . 9 . 2024 နေ့အထိ
__________________________
သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်
21 . 9 . 2024 မှ
29 . 9 . 2024 အထိ
__________________________
ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်
30 . 10 . 2024 မှ
8 . 10 . 2024 အထိ
_________________________
ဘဂဝါ သိဒ္ဓိ (၉)ပတ်
9 . 10 . 2024 မှ
17 . 10 . 2024 အထိ
__________________________
🙏🙏🙏🙏🙏
#ဒီနှစ်လည်းအားလုံးတူတူစိပ်ကြရအောင်နော်။

Photos from Pot Landscape's post 30/05/2024

Clay pot မြေအိုး‌အသေး😍✨🪴
မြေပန်းအိုးချစ်သောကာကာလေးတွေအတွက် 😍 Indoor၊Outdoorစိုက ချစ်စရာ‌မြေလေးအိုးရှင့်😍🌹🪴✨

🪴🪴🪴🪴🪴✨✨✨✨🌹🌹🌹🌹
Size 3" ဝန်းကျင်လေးတွေပါရှင့် 😍

Price 1အိုး 1000 ks 😍🎁✨
10အိုး ဈေး 900ks 😍😍😍😍

🪴အိုး 100လက်ကားဈေး 😍😍😍😍😍🎁✨✨
850 ks

ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေပို့ပေးပြီး နယ်မြို့အစုံကားဂိတ်တင်ပေးပါတယ်ရှင့် ။ 🚚 🎁🎁
Phone 📱 095053412,09777436210

#မြေပန်းအိုး

27/05/2024

"သောခလောက်ပေါ်မီးထွန်းရသောယတြာ"🔱
*******************************
ဘဝမှာအပိတ်အဆို့အတားအစီးတွေများနေရင်
အဟန့်အတားတွေများနေရင် လာဘ်တွေပိတ်နေရင်
သော့ခလောက်လေးအသစ်လေးတစ်လုံးဝယ်ပြီး
မနက်တိုင်းဖွင့်လိုက်ပိတ်လိုက်လုပ်ရင်း
ဆုတောင်းပေးရပါတယ် ပြီးရင်ထိုပေါ်ဖယောင်းတိုင်
ထွန်းပြီးယခုသောခလောက်ပေါ်မှာအလင်းဓာတ်အား
သက်တော်ထင်ရှားမြတ်စွာဘုရားရှင်အားရည်မှန်းပြီးဆက်ကပ်လှူဒါန်းပါတယ်ဆိုပြီးမိမိဖြစ်လိုရာဆုတောင်းပေးပါ။အခက်အခဲကြီးရင်းကြီးသလိုရက်ကြာကြာပြုလုပ်ပေးပါ။
ပုံမှန်ဆိုရင်တော့ တပတ်လောက်ပြုလုပ်ပေးရင်ကို
အဆင်ပြေထိရောက်စေပါတယ်။
Crd

22/05/2024

ကဆုန်လပြည့်နေ့ ( ဗုဒ္ဓနေ့ )
--------------------------
ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ လို့ လူသိများကြတဲ့ ဒီနေ့ဟာဆိုရင်

(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

(၂) ဘုရားရှင်ဖွားမြင်တော်မူသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃) ဘဲဖြစ်ပါတယ်ခင်ဗျာ 🙏

ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပြီး တရားဘာဝနာများ ပွားများနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ 🙏

#ကဆုန်လပြည့်နေ့
Crd:

Photos from Pot Landscape's post 08/05/2024

မဂ်လာပါရှင့်
မြေပန်းအိုးဆိုဒ်သေးလေးတွေကြိုက်သူများအတွက်ပါရှင် 😍🪴🪴🪴🪴🪴🪴🪴

မြေသားထူထူလေးကို အိုးအနားတော်ရုံမပဲ့တော့ ပန်းချစ်သူတွေအကြိုက်ပေါ့
Size 4"

Price 1200 ks 🎁🌿💝

ရန်ကုန်မြို့အတွင်းအိမ်ရောက်ငွေချေ Delivery Service နှင့်ပို့ပေးပါတယ်ရှင့်။🛒🛒🛒🎁🎁
နယ်မြို့အစုံ ကားဂိတ်တင်ပေးပါသည်။ 🛒
📱095053412၊09777436210

13/04/2024

မြန်မာရိုးရာသက်ြန်

မြန်မာနှစ်သစ်ကူး အခါသမယမှာ 💦💦💦💦

မြန်မာပြည်သူများအပေါင်းကျန်းမာရွင်လန်းကြပါ
စေ Pot Landscape Pots & Plants Online Shop
မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်🙏🏻
#သက်ြန်

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Pot Landscape posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.