Perfect Teaching & Guide Service

Perfect Teaching & Guide Service

Share

We aim our students to get quality education.

16/09/2026

Tr ကိုင်ဖို့ဆိုပြီး ကြိုက်လွန်းလို့​ရွေးထားတာ ​လေး ၁ကတ်ထဲမှာကိုဘယ်နံပါတ်​တွေပါလဲဆိုရင်..
💎လုပ်ငန်းချဲ့ထွင်ဖို့၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေး ရှာဖွေမှုအတွက် စွမ်းအင် အလွန်ထက်ထက် ပြင်းပြင်းနဲ့ တိုက်ပွဲဝင်ပေးမယ့် ၄လုံးတွဲရယ်
💎​ငွေထုပ်ကြီးကြီးဆွဲငင်တဲ့ ငန်းနံပါတ်ရယ်
💎ဘုရင်မ နံပါတ်ရယ်
​​💎​နာမည်ကြီးငွေထုတ်စက်နံပါတ်ရယ် ပါတာကို ​ရောင်းရင်းနဲ့မှ ​ပေးလိုက်ပါမယ် ထိုက်သူစံပါ 120000
Age၂၀ ​အောက်မရ
ကိုယ်ပိုင်လုပ်ငန်းရှင် ​တွေအတွက် အရမ်း​ကောင်း
စ​နေနဲ့Wednesday သားသမီး ဆို ဒီcardမ​ရောင်း​ပေးဘူး​နော်
အခြားကတ်​ရွေး​ပေးပါမယ်
​ရောင်းမထွက်ရင်Trကိုင်မှာ
အခုက trဖုန်းထဲ ကတ်ထည့်ဖို့​နေရာမရှိ​တော့လို့😂

15/09/2026

ကိုယ်အသုံးပြုထားတဲ့ ဖုန်းနံပါတ်ထဲမှာ အခုမျှဝေပေးမယ့် နံပါတ်တွဲပါနေပြီလား။
​ဒီနံပါတ်တွဲ သုံးထားတဲ့သူဆိုရင် ဉာဏ်ထက်မြက်တဲ့သူ၊ ပြဿနာတစ်ခုခုဖြစ်ရင်လည်း ဖြေရှင်းနိုင်တဲ့သူနော်။ သူက စိတ်ကြီးတယ်၊ ဒေါသလည်း ကြီးစေတယ်။ အမှားကို အမှန်ထင်ပြီး လုပ်နေတတ်တယ်၊ ကိုယ့်စိတ်ကို အလိုလိုက်နေတတ်တယ်။
​သူက ဉာဏ်ရည်လည်တယ်၊ ဉာဏ်ရည်လည်သလောက် ကိုယ့်ထက်လည်တဲ့သူနဲ့ တွေ့ရတတ်တယ်။ ကိုယ်က ပြန်ပြီး လူလည်ကျခံရတတ်တယ်။ ဒီနံပါတ်တွဲ သုံးထားရင် ကိုယ်က အမြဲတမ်း နာကျင်စရာ၊ ဝမ်းနည်းစရာတွေ တွေ့တတ်တယ်။
နံပါတ်တွဲကတော့ ၅၈၊ ၈၅။
​ဒီနံပါတ်တွဲ သုံးထားတဲ့သူဆိုရင် ဥပဒေနဲ့ မကင်းတဲ့ အလုပ်တွေလည်း လုပ်မိတာမျိုး ဖြစ်စေတတ်တယ်၊ မတော်တဆလည်း ထိခိုက်ဒဏ်ရာ ရတတ်တယ်။ ကိုယ့်အတွက် အကျိုးမပေးဘူး၊ ဆိုးကျိုးများစေတတ်တဲ့ နံပါတ်တွဲပါ။၅ပါးသီလ မလုံ​အောင်တွန်းပို့​ပေးတဲ့နံပါတ်၊ ဒီနံပါတ်သုံးထားတဲ့သူရဲ့စကားဆို တစ်၀က်ပဲယုံပါ။
ဖုန်းနံပါတ်​frequencyရဲ့ လွှမ်းမိုးမှုကိုခံရပြီဆိုရင် ဖိနပ်ချွတ်​ပြေးလဲ မလွတ်ဘူး။
ဘ၀မှာကြိုးစားသ​လောက် အကျိုးရ​အောင် ကိုယ့်ဇာတာနဲ့ကိုက်တဲ့ Lucky နံပါတ်​ပြောင်းသုံးကြည့်ပါ။
၁ က ​နေ ၉ အထိနံပါတ်တိုင်းက ကိုယ့်အတွက်မဟုတ်​နေလို့။
ဖုန်းနံပါတ်အခမဲ့စစ်​ပေးပါတယ်။
နံပါတ်ပညာရှင်Tr K
09-695141456

13/09/2026

အကြွေး မကျေတဲ့ ဘဝမှာ မဖြတ်သန်းချင်တော့ဘူးဆိုရင် လက်ရှိ သုံးစွဲထားတဲ့ ဖုန်းနံပါတ်တွေမှာ ၂၇၊ ၃၇၊ ၅၇၊ ၆၇၊ ၇၇ ဒီလိုနံပါတ်လေးတွေ ပါ​နေမယ်ဆိုရင် စွန့်ဖို့လိုတယ်ပေါ့။
​၀၇ တို့၊ ၁၇ တို့ သုံးထားတဲ့လူတွေကလည်း ဘဝမှာ စိတ်ဖိစီးမှုတွေ များတယ်၊ အစွပ်စွဲခံရတဲ့ အပိုင်းလေးတွေ အများကြီးရှိတယ်။ ဒါကြောင့်မို့လို့ မသုံးကောင်းဘူး၊ အကြွေးဘဝကနေပြီးတော့ လွတ်မြောက်ချင်တယ်ဆိုရင် အဲ့ဒီနံပါတ်မျိုးလေးတွေ စွန့်ပစ်လိုက်ပါ။
​နောက်ပြီးတော့ ငွေ အမြဲတမ်း ပြတ်လတ်နေတဲ့ နံပါတ်တွေက ၀၃ တို့၊ ၁၃ တို့၊ ၁၁ တို့၊ ၀၁ တို့၊ ၀၈ တို့ ဒီလိုနံပါတ်မျိုးလေးတွေက ငွေပြတ်လတ်မှု အလွန်ပေါ်တယ်။ ငွေနဲ့ပတ်သက်ပြီးတော့ အလိမ်ခံရတတ်တယ်၊ ၄၈ ဆိုလဲ ရုံး​ရောက်ဂတ်​ရောက် အမှုအခင်း​တွေဖြစ်​စေတယ်။
​နောက်ပြီးတော့ အလိမ်ခံထိတဲ့ အထဲမှာ ထိပ်ဆုံးကပါတဲ့ နံပါတ်က ၀၂ တို့၊ ၁၂တို့
သူက ငွေလည်း အလိမ်ခံထိတယ်၊ အချစ်ရေးမှာလည်း အလိမ်ခံထိတယ်၊ ပြောရမယ်ဆို လူ​ပေါ် လူကျောခံရတဲ့ နံပါတ်မျိုးပေါ့။
​ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ ဖုန်းနံပါတ်မှာ အဲ့လိုနံပါတ်ပါနေပြီ ဆိုရင်တော့ မသုံးတာ အကောင်းဆုံးဖြစ်တယ်။
​'ဟာ မယုံဘူး၊ ဘာတွေပြောနေတာလဲ'၊ ဒါဆို ကျော်သွားလိုက်၊ မယုံနဲ့။ ကိုယ်ဖြစ်နေတယ်၊ ဟုတ်တယ်၊ ဒါ တိုက်ဆိုင်မှုမဟုတ်ဘူး၊ ဒါ တကယ်ဖြစ်နေတာ၊ သုတေသနနဲ့ကို သုံးသပ်ပြီးတော့ တီချယ်တို့ စာတွေ ထပ်ထပ် ဖတ်ပြီးတော့ပေါ့၊ ပညာရှင်တွေကလည်း ဒါလေးတွေ သေချာလေ့လာထားပြီးတော့မှ ပြောတာ။
​ဒီနံပါတ်တွေက လုံးဝမကိုင်သင့်တဲ့ နံပါတ်လေးတွေ ဖြစ်တယ်။ ရှိနေလို့ရှိရင်တော့ စွန့်တာ အကောင်းဆုံးဖြစ်တယ်။
​နောက်ပြီးတော့ ကိုယ့်အတွက် ထိထိမိမိ ဖြစ်စေမယ့်၊ အကျိုးပေးကောင်းမယ့် ဖုန်းနံပါတ်တစ်လုံးကို ပြောင်းကြည့်လိုက်ပါ။ဘဝက တကယ့်ကို​ပြောင်းလဲသွားမယ်။
​ပုံက လူကြီးမင်း၃​ယောက်အတွက်​ရွေး​ပေးထားတဲ့​ဇောတိက ဖုန်းcard
​နောက်အလုပ်အပ်ထားတဲ့၂​ယောက်အတွက်က မအားလို့ မ​ရွေးရ​သေး

12/09/2026

စာသင်ကြားရ လွယ်ကူချင်ရင် နည်းလမ်းတွေ အများကြီး မရှိဘူး။ ကိုယ့်သားသမီး သင်ကြားတဲ့ စာတွေ လွယ်ကူ တတ်မြောက်ချင်ရင် ဆရာသမား ဘယ်သူဖြစ်ဖြစ် ငွေကြေးတစ်ခုပေးပြီး သင်ရတဲ့အခါမှာ ကိုယ်က ကန်တော့ရမယ့် ငွေကြေးကြောင့်မို့ ဒီဆရာ စိတ်အနှောင့်အယှက် မဖြစ်သွားပါစေနဲ့။
​ဒီဆရာလည်းပဲ ဒီငွေကြေးပေါ်မှာ သူရဲ့ အသက်မွေးဝမ်းကျောင်း ရပ်တည်နေတာ။ တချို့တွေက လကုန်ရင် သူ့ဘာသာသူ လျာထားတာတွေ အများကြီးရှိတယ်။ ပေးစရာရှိတယ်ဆိုရင် ကိုယ့်လက်ထဲ ရှိရင်ပေါ့လေ၊ ရှိတယ်ဆိုရင် ဦးဆုံး ပေးနိုင်တဲ့သူဖြစ်အောင် လုပ်ပါ။မဟုတ်ရင်
respect ရှိရှိနဲ့ ပြောပါ။
​ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားမှုလေးတော့ ပြရမှာပေါ့။ ပြောလည်းမပြော၊ ပေးလည်းမပေး၊ ရက်တွေလည်းကျော်.. အဲတော့ ​ကျောင်းကြီး တွေက ဘာတုန်းဆိုတော့ နောက်ကျကြေး ကောက်တယ်။ နောက်ကျကြေး ကောက်တော့ ဘာပြောတုန်းဆိုတော့ မိဘတွေက မကြိုက်ဘူး။ မကြိုက်တော့ အတင်းတုတ်တယ်။ မိဘ အချင်းချင်းကြားထဲ အတင်းတုတ်တယ်။ အဲဒီ အတင်းတုတ်တဲ့ ကိစ္စနဲ့ မကြိုက်တဲ့ စိတ်နေစိတ်ထားတွေက ဘယ်သူ့ဆီ ရောက်လာတုန်း။ စာသင်သား လူငယ်တွေ၊ စာသင်ရ ခက်လာတယ်။ကိုယ်​တွေ့..

11/09/2026

ဒီနေ့ကိုယ့် ဖုန်းထဲဒီလိုနံပါတ်​တွေပါ​နေရင် ​ရောဂါနဲ့ဘယ်လိုဆက်စပ်​နေလဲ ပြောပြပါမယ်။
​၁၁ - ခေါင်းကိုက်ခြင်း ဝေဒနာ၊ အာရုံကြော အိပ်မပျော်၊ အလင်းမခံနိုင်တာမျိုးကို ဖြစ်ပေါ်စေတယ်။
​၂၁/၁၂ - စိတ်အတက်အကျကြမ်းတယ်၊ အာရုံကြော အားနည်းတယ်၊စိတ်ကျရောဂါ ဖြစ်ပေါ်စေတာပေါ့။
​၃၁/၁၃ - ပါးစပ်ကနေပြီးတော့ ဒီလည်ချောင်းတစ်လျှောက် errorလေးတွေ ဖြစ်စေတယ်။
​၁၈/၈၁ - နှလုံးအားနည်းတယ်၊ အသက်ရှူလမ်းကြောင်း၊ မူးတာ​တွေဖြစ်တတ်တယ်၊ မျက်လုံးတွေ မိုက်ခနဲ အဲလိုမျိုးဖြစ်တယ်၊ ဝက်ရူးပြန်ရောဂါကိုလည်း ဖြစ်ပေါ်စေတယ်။
​၂၇/၇၂ - လေထုညစ်ညမ်းရင်ဖြစ်သလိုမျိုး နေမကောင်းဖြစ်တာတို့၊ နှာစီးတာ၊ ချောင်းဆိုးတာ၊ ဓာတ်မတည့်တာပေါ့၊ ခွဲစိတ်ကုသမှုနဲ့ မကင်းဘူး၊ ခါးတို့ ​ကျောတို့ အားနည်းတာကို ဖြစ်စေတယ်။
​၃၄/၄၃ - အာရုံကြော ထိခိုက်တယ်၊ ခေါင်း ဖတ်ခနဲဖြစ်ပြီးတော့ တချို့ ဆုံးသွားတာလေ၊ ပါးစပ်၊ သွားဖုံးနာတယ်၊ ခွဲစိတ်ကုသမှုနဲ့ မကင်းတဲ့ ရောဂါကို ဖြစ်ပေါ်စေတယ်။
​၇၃/၃၇ - ခန္ဓာကိုယ် အောက်ပိုင်းကနေပြီးတော့ မတော်တဆ ထိခိုက်မှုတို့ ဖြစ်စေတယ်။
​၃၈/၈၃ - အစာအိမ်၊အူလမ်းကြောင်း၊ အစာအိမ်ထဲမှာ ဂတ်စ်များနေတာတို့ အူလမ်းကြောင်း တစ်လျှောက် အဲဒါလေးတွေ ဖြစ်စေတယ်။
​၇၄/၄၇ - အစာအိမ်ဘက်မှာပဲ ဝမ်းမမှန်တာလေးတွေ ဖြစ်စေတယ်၊ လိပ်ခေါင်းရောဂါ၊ ဆီးချို၊ သွေးချိုလေးတွေ ဖြစ်စေတယ်။
​၄၈/၈၄ - အာရုံကြော ခွဲစိတ်ကုသမှုနဲ့ သက်ဆိုင်တဲ့ ရောဂါမျိုး။
​၅၇/၇၅ - အရေပြားရောဂါ၊ စိတ်ဖိစီးမှုများတယ်၊ သွေးနဲ့ပတ်သက်တဲ့ သွေးတိုးတို့၊ နှလုံးအားနည်းတာကို ဖြစ်စေတယ်။
​၆၇/၇၆ - စိတ်ဖိစီးမှုများပြီးတော့ ဦး​​​နှောက်အာရုံကြော၊ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ရောဂါလေးတွေ (မိန်းကလေးဆိုရင် သားအိမ်၊ သားအိမ်ခေါင်းကင်ဆာ၊ ယောက်ျားလေးဆိုရင် ဆီးလမ်းကြောင်း)။
​၆၈/၈၆ - ဝမ်းနဲ့ပတ်သက်တာ ( ဗိုက်ထဲမှာမိန်းကလေးတွေ ဖြစ်တတ်တဲ့ ရောဂါနဲ့ ယောက်ျားလေးတွေ ဟော်မုန်းမမှန်တာ၊ ဆီးလမ်းကြောင်း)။
​၇၇ - အာရုံကြော၊ အရိုးနဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပေါ်စေတယ်။
​၈၈ - မူးယစ်ဆေးဝါးတို့၊ စွဲလမ်းတာတို့၊ ဦး​နှောက်အာရုံကြောနဲ့ ကျောက်ကပ်၊ အသည်း အဲဒါလေးတွေကို ဖြစ်စေတယ်။
လူကြီးမင်းတို့ဒီနံပါတ်​တွေသုံးထားရင် တိုက်ဆိုင်မှုရှိလား mentခဲ့လို့ရတယ်။
ထိုင်းနိုင်ငံဖုန်းနံပါတ်ပညာစာအုပ်က အ​ကြောင်းအရာတချို့ကိုပြောပြတာ။

Photos from Perfect Teaching & Guide Service's post 09/09/2026

တိုးတက်ကောင်းမွန်တဲ့ အနာဂတ်ဆီကို သွားမယ့် လူငယ်များ...
ဒီနေ့ ၉ရက်၉လ တစ်ရက်ထဲမှာ တီချယ် တတ်ကျွမ်းထားတဲ့ ပညာနဲ့ လူကြီးမင်းတို့—သားငယ်၊ သမီးငယ်တို့အတွက် ပံ့ပိုးပေးချင်ပါတယ်။
​တီချယ် အညံ့နံပါတ်တွေ မသုံးပါနဲ့လို့ ခဏခဏ ပြောနေကျမို့ ထပ်မပြောတော့ပါဘူး။ ပညာရေးမှာ ထွန်းထွန်းပေါက်ပေါက်၊ လျှမ်းလျှမ်းတောက်၊ ဒိတ်ဒိတ်ကြဲ အောင်မြင်တိုးတက်ပြီးတော့ မတူ ထူးခြားတဲ့ Bright ဖြစ်တဲ့ အကြံဉာဏ်တွေ၊ ထင်ပေါ်ကျော်ကြားတဲ့ လူငယ်တစ်ယောက် ဖြစ်လာစေဖို့အတွက် အကျိုးပေးကောင်းမယ့် ဖုန်းနံပါတ်ကောင်းတွေကို သေချာ ရွေးချယ်ပေးချင်လို့ပါ။
​ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ငါဟာ တိုးတက်တဲ့ အနာဂတ်ဆီသွားမယ့် ရည်ရွယ်ချက်ရှိတယ်ဆိုရင် တီချယ်က ကျောင်းသား/သူ လူငယ်တွေအတွက် သီးသန့် ၉​သောင်း နဲ့ လူကြီး​တွေအတွက်က ၉၉၉၀၀ ကျပ်ထဲနဲ့ promotion လက်​ဆောင်​ပေးသွားပါမယ်။ ၁နှစ်မှ၁ခါ ဒီရက်၁ရက်ထဲ ထိုက်သူမှရပါ​​စေ။

Photos from Perfect Teaching & Guide Service's post 08/09/2026

ဆုပေးခြင်း၊ အပြစ်ပေးခြင်းတွေ မလုပ်တာ ခေတ်မှီတာလား?
​ကလေးကို ဆုချတာတွေ၊ ဆုပေးတာတွေ ဒါမှမဟုတ်ရင် အပြစ်ပေးတာတွေ ရှိတယ်။
Tr က ​တော့ ​တဖြည်းဖြည်းနဲ့ လျှော့ပစ်သင့်တဲ့အရာလို့မြင်တယ်။
​ဘာဖြစ်လို့လဲဆိုတော့ ဆုပေးခြင်း၊ ဒဏ်ပေးခြင်းတွေ ရှိတယ်ဆိုရင် အဲဒီပေါ်မှာ မူတည်ပြီးတော့ ကလေးက လုပ်ကိုင်နေမှာ။
​နောက်တစ်မျိုးအနေနဲ့ စဉ်းစားရင် ခုနက အရာတွေ မရှိတော့ဘူးဆိုရင်..
သူရဲ့ ထူးချွန်မှု၊ သူရဲ့ ကြိုးစားမှုက ဆုပေးတဲ့သူ မရှိတော့ဘူးဆိုရင် သူ့အနေနဲ့က လုပ်မှာ မဟုတ်တော့ဘူးပေါ့။
​တကယ်တမ်း လိုချင်တာက ဘာလဲဆိုရင် သူ့ကို ခုနကလို ချီးမွမ်းမယ့်သူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ... ဆုပေးမယ့်သူ ရှိရှိ၊ မရှိရှိ... သူရဲ့တိုးတက်လာတဲ့အပေါ်၊ သူရဲ့ လုပ်ဆောင်မှုအပေါ် ကိုယ့်ဘာသာကိုယ် ကျေနပ်ပြီးတော့ သဘောကျနေတဲ့ ခံစားမှုမျိုး၊ အဲဒီ အကျင့်လေးကို ရစေချင်တာ။
​အဲဒါကြောင့် ခုနက အရာတွေက များလွန်းတယ်ဆိုရင်ကလေးအနေနဲ့ ခုနက အရာတွေ မရှိတာနဲ့ သူက မလုပ်တတ်သူ ဖြစ်သွားမယ်။
​အမြဲတမ်း အပြစ်ပေးခံရတယ်ဆိုရင် အပြစ်ပေးမယ့်သူ မရှိဘူးဆိုရင် သူ လွတ်ထွက်သွားမှာ၊ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့ဟာပေါ့နော်။
​ခုနက အရာတွေက ဘယ်အချိန်မှာ သုံးလဲဆိုရင် အတန်းတစ်ခုကို စပြီးတော့ ဝင်တဲ့အချိန်တို့၊ မရင်းနှီးသေးတဲ့အချိန်မှာ ရင်းနှီးမှု ယူတာတို့... နောက်ပြီး ကိုယ့်အနေနဲ့ Teaching Experience နည်းတဲ့အချိန်မှာသုံး​ကောင်းသုံးခဲ့မယ်​ပေါ့၊ အခု​တော့ Trက အဲဒါတွေကို မသုံးတော့တာ။
​ဟိုးအရင်တုန်းကတော့ သုံးခဲ့တာ မှန်တယ်၊ ဒါပေမဲ့ မှားနေတယ်၊ မှန်နေတယ်ဆိုတာထက် ဘာဖြစ်လို့ အဲဒါကို မသုံးသင့်တော့တာလဲဆိုရင် ကလေးအနေနဲ့ အဲဒီဟာပေါ်မှာ အရမ်းကြီး မှီခိုနေတာမျိုး မဟုတ်ဘဲနဲ့ အဲဒီဟာ မရှိဘဲနဲ့လည်း သူ့ကိုယ်သူ ထိန်းကျောင်းနိုင်တဲ့ စွမ်းရည်ကို ရစေချင်လို့။
​ကလေးအနေနဲ့ ကိစ္စမရှိဘူး၊ မပေးလည်း ဘာမှ မဖြစ်ဘူး... သူဘာသာသူ ဒါ ပြီးအောင် လုပ်မယ်၊ ရအောင် လုပ်မယ်။
​တခြားသူတစ်ယောက် ကြည့်နေမှ သူ့အနေနဲ့ ကောင်းအောင် ပြတာမျိုး မဟုတ်ဘဲနဲ့ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် သူ့ကိုယ်သူ တန်ဖိုးထားတဲ့သူ... ကိုယ်က အဖိုးတန်တဲ့ လူလေးပါလားဆိုပြီးတော့ သိမြင်ပြီးတော့ ခုနကလို မကောင်းတဲ့အရာတွေ မလုပ်တာ၊ အပြစ်ပေးမယ့်သူ မရှိလည်း သူ့ကိုယ်သူ ထိန်းကျောင်းသွားတယ်... အဲလိုမျိုး အခြေအနေကို ရစေချင်လို့ ဒါကို ခေတ်မှီတယ်လို့ ပြောတာပါ။
Grade 6 မှ 12 အထိ အ​ခြေခံခိုင်​ချင်၊ ထူးချွန်ချင်ရင် စိတ်ချရတဲ့ perfect နဲ့ဆက်သွယ်ပါ။
09 695 141 456

07/09/2026

အခုလက်ရှိ လုပ်နေတဲ့ လုပ်ငန်းက နေပြီးတော့ ဆယ်စုနှစ်တစ်ခုစာအထိ​ ရှေ့​ရောက်ချင်လို့ရှိရင် ကိုင်ဆောင်နေသော ဖုန်းနံပါတ်ထဲမှာ ဒီလို နံပါတ်အတွဲတွေ ပါဝင်နေသလားဆိုတာ စစ်ပေးပါ။
​၉ ၉ ၉ ဆိုတဲ့ ၉ ကြီးပဲ ၄ လုံးပါနေတာတွေ၊ ၅ လုံးပါနေတာတွေ
​၆ ၆ ၆ ဆိုတဲ့ ၆ သုံးလုံးပါနေတာတွေ၊ ၄ လုံးပါနေတာတွေ
​၀ ၀ ၀ ဆိုတဲ့ ၀ ကြီးပဲ ပါနေတာတွေ
၁ ကြီးပဲ ပါနေတာတွေ အစရှိသဖြင့် ၃လုံးပူး​တွေ ပါနေသလား။ ဒါတွေ ပါနေလို့ရှိရင်တော့ လူကြီးမင်းက နယ်ပယ်တစ်ခုကို ထိပ်ဆုံးကိုသွားဖို့က ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ဘူး။
​ကိုင်ဆောင်နေတဲ့ ဖုန်းနံပါတ်ကို သတိပြု​လေ့လာပါ။ လူကြီးမင်းရဲ့ဘဝ အောင်မြင်မှုကို ထိပ်ဆုံး ပို့ပေးနိုင်တဲ့ နံပါတ်တွေကို ကိုင်ဆောင်လိုက်ပါ။
​ဖုန်းနံပါတ်တစ်လုံး ပြောင်းလဲသုံးစွဲလိုက်တဲ့အခါမှာ ဧကန်မုချ သင့်ဘဝ ပြောင်းလဲမယ်ဆိုတာကိုပြောရဲတယ်!
Lucky ဖုန်းကိုင်ပြီးဘာမှမလုပ်ဘဲ ​နေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။
ကြိုးစား​နေတဲ့လူကြီးမင်းတို့အတွက် ​သေချာ​ပေါက်အကျိုးပြုတဲ့ ကံအ​ထောက်အပံ့ပါ။
လိုချင်တဲ့ရလဒ်ထွက်​အောင် ​နံပါတ်နေရာအထိုင်မှန်မှန်နဲ့​ရွေးချယ်​ပေး​နိုင်တဲ့ Tr.Kကိုဆက်သွယ်လိုက်ပါ။

05/09/2026

ဖုန်းနံပါတ်တွေကို သုံးစွဲရာမှာ တချို့က အပူးထပ်နံပါတ်တွေကို ကြိုက်နှစ်သက်ကြတယ်။ဒီအပူးထပ်နံပါတ်တွေထဲမှာမှ ဘဝမှာ အခက်ခဲဆုံး တိုက်ပွဲဝင်ရတတ်တဲ့ နံပါတ်ကတော့ ၇၇ နံပါတ်အတွဲနဲ့ ၇ သုံးလုံး နံပါတ်အတွဲ ဖြစ်ပါတယ်။
​ဒီနံပါတ်အတွဲကို ကိုင်ဆောင်တဲ့သူက ဘဝမှာ ခက်ခက်ခဲခဲ ရုန်းကန်ပြီးတော့မှ ဘဝကို တိုက်ပွဲဝင်ရတတ်ပါတယ်။ ဘဝက အေးချမ်းမှုဆိုတာ လုံးဝမရှိစေဘူး။ ဒါပေမဲ့ သူ့ရဲ့ကောင်းတဲ့အချက်ကလေး ရှိတယ်။ ကောင်းတဲ့အချက်က လုံ့လဝီရိယရှိတယ်၊ ကြိုးစားနိုင်တယ်၊ပင်ပန်းမှုကိုသည်းခံနိုင်စွမ်း သူ့မှာ ရှိတယ်။
​ဒါပေမဲ့ ဘဝက ခက်ခဲမှုကို ဒီဂဏန်းရဲ့စွမ်းအင်က ပေးလာတာဖြစ်တဲ့အတွက် သူက အမြဲတမ်း ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းပဲဖြစ်ဖြစ်၊ ကိုယ့်မိသားစုအရေးပဲဖြစ်ဖြစ် ဘဝကဏ္ဍအသီးသီးမှာ သူက ခက်ခက်ခဲခဲ ရုန်းကန်ပြီးမှ ထိုက်သင့်တဲ့ အရာတစ်ခုကို နည်းပါးစွာ ရစေတတ်ပါတယ်။ နည်းပါးစွာ ရစေတယ်ဆိုတာ အပြည့်အဝ မရတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
​အဲတော့ ဒီနံပါတ်အတွဲတွေကို ကိုင်ဆောင်တဲ့သူတွေက မိတ်ဆွေတို့ဘဝမှာ ဒီလိုအခက်အခဲတွေ ကြုံနေသလား၊ ပင်ပန်းမှုတွေ ရပြီးတော့ ကိုယ်နဲ့ ပင်ပန်းမှုတွေပါ ကြုံတွေ့ရပြီးတော့ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ ထိုက်တန်တဲ့ အကျိုးရလဒ်ကို ရရဲ့လားဆိုတာ စစ်ဆေးကြည့်ဖို့ လိုပါတယ်။
​ဒီနံပါတ်အတွဲ၇၇ နံပါတ်အတွဲ၊ ၇ သုံးလုံး နံပါတ်အတွဲ တွေကို ဂဏန်းလှလှလေးနဲ့ ကိုင်ချင်တယ်၊ ဒီလိုအကျိုးသက်ရောက်မှုတွေကိုလည်း ရတယ်၊ ဘာမှမဖြစ်ဘူး၊ ကိုယ်လည်း ကြိုးစားနေတဲ့သူတစ်ယောက်ပဲ၊ အဆင်ပြေပါတယ်ဆိုရင်တော့ ဆက်ကိုင်ပါ။ Trတို့ Lucky ဖုန်းနံပါတ်သမားတွေအနေနဲ့ကတော့ ဒီ ၇၇ နံပါတ်အတွဲ၊ ၇ သုံးလုံး နံပါတ်အတွဲတွေကို အင်မတန်မှ ကြောက်ပါတယ်။
​ဘဝက ခက်ခက်ခဲခဲ ပင်ပန်းမှ ငွေဆိုတာ ရတာမဟုတ်ပါဘူး။ ငွေကို သက်တောင့်သက်သာနဲ့ ကျန်းမာစွာ ချမ်းသာစွာ နေထိုင်ကြတဲ့သူတွေ များစွာရှိပါတယ်။ အလိုက်သင့်လေး နေထိုင်ရင်းနဲ့ ကံကောင်းခြင်းတွေ ရနေတဲ့သူတွေ ရှိပါတယ်။ ဒီဂဏန်းတွေရဲ့စွမ်းအင်ကလည်း များစွာ သက်ရောက်မှုရှိတဲ့အတွက် ကံကောင်းတဲ့ဂဏန်းကို ကိုင်ဆောင်တယ်ဆိုလို့ရှိရင် ကံက ပိုကောင်းပါ တယ်။
​ကိုယ့်ရဲ့ ဘဝမှာ ငွေရှာရလွယ်ကူတဲ့ဂဏန်း ကိုကိုင်မလား၊ ငွေရှာရတာ ခက်ခက်ခဲခဲ ပင်ပန်းမှုကို ယူမလားဆိုရင် အားလုံးကတော့ ငွေရှာရလွယ်တဲ့ နံပါတ်ကိုပဲ လိုချင်ကြမှာ ဖြစ်ပါတယ်။ ပြောင်းလဲဖို့ လိုအပ်တယ်ဆိုရင် ပြောင်းလဲပါလို့ အကြံပြုပါရစေ။Trကိုယ်တိုင် ၇၇ ကိုင်ခဲ့တာမို့ ​ကောင်း​ကောင်းကြီးသိပါတယ်။ ဘယ်အရာမဆို မဖြစ်ခင်ကြိုတင်ကာကွယ်တာက အ​ကောင်းဆုံးပါ။

Photos from Perfect Teaching & Guide Service's post 04/09/2026

အောင်မြင်နေတဲ့သူတစ်ယောက်/ ဆုံးရှုံးမှုကြီးကြီးမားမား မကြုံဖူးတဲ့သူတစ်ယောက်က လပ်ကီးဖုန်းနံပါတ်ကို အာရုံမရှိဘူး။Trရဲ့ လက်တွေ့ဘဝမှာလည်း အဲလိုမျိုး ကြုံခဲ့ဖူးတယ်။ Trကိုယ်တိုင်ကလည်း အရင်တုန်းက မယုံခဲ့ဖူးဘူး။ ဒါပေမဲ့ အလုပ်ကြိုးစားတယ်၊ လုပ်လေမြုပ်လေ ဖြစ်သွားတဲ့အချိန်မှာ ကိုယ့်အတွက် ထွက်ပေါက်ရှာလာတဲ့အချိန်မှာ ငါဒီ ဘာတွေလိုအပ်နေတယ်၊ ဘာတွေကို ပြုပြင်ရမလဲ၊ ဘာတွေကို ပြောင်းလဲရမလဲ၊ ဘာကို အထောက်အပံ့ယူပြီးမှပဲ အဆင်ပြေမလဲဆိုပြီးတော့ တွေးလာတဲ့အချိန်မှာမှ လပ်ကီးဖုန်းနံပါတ်ကို စတွေ့ပြီး စမ်းသုံးကြည့်ရာကနေ အကျိုးရှိလာတာ။
​ပြောချင်တာတစ်ခုက ဥပမာ-အရွယ်မရောက်သေးတဲ့သူတစ်ယောက်... အချိန်မတန်သေးတဲ့သူတစ်ယောက် တရားနာဖို့ ဘယ်လောက်ပဲ သွားပြီးတော့ ဟောပြောပြော သူဒီ စိတ်ထဲမှာ ရှိမှာမဟုတ်ဘူး၊ စိတ်လည်း ဝင်စားမှာမဟုတ်ဘူး။ ဘုန်းကြီးတစ်ပါး ကိုယ့်အိမ်ကို လာပြီးတော့ "ကျောင်းမှာ တရားလာနာပါ၊ လာနာပါ" ဆိုပြီးတော့ ဇွတ်အတင်း ဘယ်သူမှ မခေါ်ဘူး။ ကျောင်းကို သွားပြီးတော့ တရားနာတဲ့သူတွေကိုပဲသေသေချာချာ တရားလေး ဟောပေးလိုက်တယ်။
​အချိန်မတန်သေးရင် လူတွေကို ပြောင်းလဲလို့ မရဘူး။ လပ်ကီးဖုန်းနံပါတ်မှာလည်း အဲလိုမျိုးပဲ။ လပ်ကီးနံပါတ်ကို မယုံဘူးဆိုရင် trက ဇွတ်အတင်း မပြောဘူး။ trဆီမှာ ရောက်လာတဲ့ client၊ ဒီနံပါတ်ကို အယုံအကြည်ရှိတဲ့သူတိုင်းကိုတော့ အကောင်းဆုံး ပြောင်းလဲပေးတယ်။
ကိုယ့်ရဲ့ ကံကြွေး မကုန်သေးဘူးဆိုရင်လည်း လပ်ကီးဖုန်းနံပါတ်ကို ပြောင်းလဲ ကိုင်ဆောင်ဖို့ အခွင့်အရေးက အရမ်းကို ခက်ခဲတယ်။ လပ်ကီးနံပါတ်က နတ်ကြီးတယ်လို့လည်း ပြောလို့ရတယ်။ အစောင့်အရှောက်ကောင်းတွေ အများကြီးရှိတယ်။ ယုံပြီးတော့ အထောက်အပံ့ကောင်းကောင်း ယူတဲ့သူဆို တကယ် အကျိုးရလဒ် ထွက်စေတယ်။
​ဥပမာ အခက်အခဲ ကြုံလာတဲ့အချိန်မှာ ကိုယ်က ၁၀ နှစ်လောက် ကြိုးစားပြီးမှ အကြွေးကျေမယ့် အခြေအနေ ရောက်လာတဲ့အချိန်မှာ ကိုယ် လပ်ကီးနံပါတ်ကိုသုံးရင်းနဲ့ အကြွေးကျေသွားတယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက်က ကံကောင်းမှုတစ်ခုပဲ။ တစ်သက်လုံး ဘယ်သူမှ အကြွေးနဲ့ နေမသွားချင်ဘူးလေ။ တစ်သက်လုံး ဒုက္ခတွေနဲ့ နေမသွားချင်ဘူး။ အဲဒီအတွက်ကြောင့် အထောက်အပံ့ ရှာတယ်။ လပ်ကီးနံပါတ်သည် ဘဝအတွက် အထောက်အပံ့တစ်ခုလဲ ဖြစ်တယ်။
​လပ်ကီးဖုန်းနံပါတ်တွေကို ပြောင်းလဲကိုင်ဆောင်ချင်တယ်ဆိုရင် Trကို အသေးစိတ် ဆက်သွယ်မေးမြန်းလို့ ရပါတယ်။

Category

Telephone

Address


Yangon